Shwe FM ရဲ႕ ၁၀ႏွစ္ျပည့္ ဂီတဆုခ်ီးျမႇင့္ပြဲမွာ ျမန္မာသီခ်င္းေတာင္းဆိုခံရမႈအမ်ားဆုံးဆုကို ရရွိသြားတဲ့ မေနာ

ခ်မ္းေျမ့ပါေစ အေမ တဲ့
သီခ်င္းေတာင္းဆိုမႈ အမ်ားဆုံးဆုကိုေတာ့ မေနာက ရရွိသြားပါတယ္။

Shwe FM ရဲ႕ ၁၀ႏွစ္ျပည့္ ဂီတဆုခ်ီးျမႇင့္ပြဲမွာေတာ့ ၂၀၁၉ ခုႏွစ္အတြင္း သီခ်င္းေတာင္းဆိုမႈ အမ်ားဆုံး ဆုကိုေတာ့ အဆိုေတာ္ မေနာ ကဆုကို ရရွိသြားၿပီျဖစ္ပါတယ္။ သူကေတာ့ ခ်မ္းေျမ့ပါေစ သီခ်င္းနဲ႔ ဆုရရွိခဲ့တာျဖစ္ပါတယ္။

‘’ကြၽန္ေတာ့္ဘဝမွာ ဒီလို ဆုတက္ယူဖို႔အတြက္ မေမွ်ာ္လင့္မိပါဘူး။ အခုလိုမ်ိဳးတက္ယူခြင့္ေပးတဲ့ ေတးေရးဆရာမ်ားနဲ႔ အေကာင္းဆုံး တီးခတ္ေပးတဲ့ ဆရာေတြ၊ သီခ်င္းေတြအားလုံးကို ပုံေဖာ္႐ိုက္ကူးေပးတဲ့ ဒါ႐ိုက္တာေတြကို ေက်းဇူးတင္ပါတယ္။ ေတးခ်စ္သူ ပရိသတ္ႀကီးအားလုံးကို ေက်းဇူးတင္ရွိပါတယ္။ ဒီေန႔ ဆုယူရလိမ့္မယ္လို႔လည္း မထင္ပါဘူး။ ဝမ္းသာတယ္၊ အားရတယ္၊ ပီတိျဖစ္ေတာ္မူတယ္ဆိုတဲ့ စကားေလးပဲ လက္ေဆာင္ပါးခ်င္ပါတယ္’’ လို႔ ဆက္လက္ေျပာျပလာပါတယ္။

Shwe FM ၁၀ႏွစ္ျပည့္ ဂီတဆုေပးပြဲႀကီးကိုေတာ့ စက္တင္ဘာလ ၁၄ ရက္ေန႔က ေ႐ႊထြဋ္တင္ကြင္းမွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီပြဲကို အႏုပညာရွင္မ်ားစြာတို႔ကလည္း တက္ေရာက္အားေပးခ်ီးျမႇင့္ခဲ့ ၾကပါတယ္။ ဘယ္အႏုပညာရွင္ေတြက ဘယ္လို ဆုေတြ ဆြတ္ခူးသြားမလဲ ဆိုတာကိုလည္း တစ္ႏိုင္ငံလုံးက ပရိသတ္ေတြက စိတ္လႈပ္ရွားရင္း ေစာင့္ေမွ်ာ္ၾကည့္ရႈေနရတဲ့ ပြဲ တစ္ပြဲ ဆိုရင္လည္း မမွားပါဘူး။

Unicode ျဖင့္ဖတ္ရန္

ချမ်းမြေ့ပါစေ အမေ တဲ့
သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ မနောက ရရှိသွားပါတယ်။

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာတော့ ၂၀၁၉ ခုနှစ်အတွင်း သီချင်းတောင်းဆိုမှု အများဆုံး ဆုကိုတော့ အဆိုတော် မနော ကဆုကို ရရှိသွားပြီဖြစ်ပါတယ်။ သူကတော့ ချမ်းမြေ့ပါစေ သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

‘’ကျွန်တော့်ဘဝမှာ ဒီလို ဆုတက်ယူဖို့အတွက် မမျှော်လင့်မိပါဘူး။ အခုလိုမျိုးတက်ယူခွင့်ပေးတဲ့ တေးရေးဆရာများနဲ့ အကောင်းဆုံး တီးခတ်ပေးတဲ့ ဆရာတွေ၊ သီချင်းတွေအားလုံးကို ပုံဖော်ရိုက်ကူးပေးတဲ့ ဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ တေးချစ်သူ ပရိသတ်ကြီးအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ ဆုယူရလိမ့်မယ်လို့လည်း မထင်ပါဘူး။ ဝမ်းသာတယ်၊ အားရတယ်၊ ပီတိဖြစ်တော်မူတယ်ဆိုတဲ့ စကားလေးပဲ လက်ဆောင်ပါးချင်ပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

Source : Cele Yatkwat

admin

x