
Zawgyi ဖြင့်ဖတ်ရန်




Unicode ဖြင်ဖတ်ရန်

ကမ်းခြေမှာ ခရုလေးတွေကိုင်ကြည့်ပြီး အသည်းတွေယားနေတဲ့ Liam လေးရဲ့ Video လေး

ယွန်းဝတီလွင်မိုးဟာ ငယ်စဉ်ကတည်းက ကြော်ငြာများရိုက်ကူးလာသူဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပါ။ လတ်တလောမှာတော့ ခင်ပွန်းနဲ့အတူ သြစတေးလျနိုင်ငံတွင် ကျောင်းသွားတက်နေတာပါ။ ပရိသတ်တွေကလည်း ခေးလေးကိုသာမကပဲ သူမရဲ့သားလေးကိုလည်း ချစ်မဝဖြစ်နေတာပါ။

Liam လေးဟာလည်း အသက်တစ်နှစ်ပြည့်ပြီပဲဖြစ်ပြီး ဖိုးဖိုး၊ဖွားဖွားရဲ့ အသက်ရှည်လေးဖြစ်နေတာပါ။ သားလေးဟာ လမ်းစလျှောက်တတ်နေပြီဖြဟစ်ပြီး အင်္ဂလိပ်အက္ခရာလေးတွေကိုလည်းအော်ဆိုတတ်နေတတ်ပါပြီ။ မြေးလးရဲ့ ဗီဒီယိုလေးတွေကိုလည်း လွင်မိုးနဲ့သူ့ရဲ့ဇနီးမေသူတို့ရဲ့ လူမှုကွန်ယက်တွင် တင်လေ့ရှိတာပါ။

လီလီလုံးလေးဟာ မကြာသေးခင်က ဖိုးဖိုး၊ဖွားဖွားနဲ့အတူ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်ခဲ့တာပါ။ ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကြည့်ရှုနိုင်ရန် တင်ထားတာပါ။ အခုမှာလည်း ကမ်းစပ်မှာ ခရုလေးတွေကို ကိုင်ကြည့်ပြီး အသည်းယားနေတဲ့ ဗီဒီယိုလေးကို ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ” မေမေ့သဲလေးကိုလွမ်း ” ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source – Yun Waddy Lwin Moe’s Facebook

admin

x