ဝတ်​မှုံ​ရွှေရည်​ ဗီဒီယိုရိုက်​​နေတုန်း ​ဘေးက​နေ ပဲများ​နေကြတဲ့ ​အိန္ဒြာ​ကျော်​ဇင်​နဲ့ ​ဖွေး​ဖွေး

နိုင်​ငံ​ကျော်​ အနုပညာရှင်​​တွေ ဖြစ်​ကြတဲ့ အိန္ဒြာ​ကျော်​ဇင်​၊ ဝတ်​မှုံ​ရွှေရည်​နဲ့ ​ဖွေး​ဖွေးတို့ သုံး​ယောက်​က​တော့ ဒီ​နေ့ညမှာ ကျင်းပပြုလုပ်​​နေတဲ့ LUSH ရဲ့ ပွဲ​လေးမှာ အတူဆုံ​နေကြတယ ​တွေ့ရပါတယ်​။ အမြဲလိုလို သူမရဲ့လှုပ်​ရှားမှု​လေး​တွေ တင်​​ပေး​လေ့ရှိတဲ့ ​ရွှေကစ်​​လေးက​တော့ သူမရဲ့ ထုံးစံအတိုင်း ဗီဒီယိုအတို​လေး​တွေ ရိုက်​ကူး​နေတာ ​တွေ့ရပါတယ်​။ အဆိုပါဗီဒီယိုထဲမှာ​တော့ ​ဖွေး​ဖွေးနဲ့ အိန္ဒြာ​ကျော်​ဇင်​တို့နှစ်​ဦးလည်း ပဲများပြီး ပိုစ့်​​တွေ​ပေးခဲ့ကြပါ​သေးတယ်​​နော်။

ချစ်​ပရိသတ်​​တွေ​အတွက်​ အရမ်းကိုချစ်​ဖို့​ကောင်းတဲ့ ဝတ်​မှုံ​ရွှေရည်​၊ အိန္ဒြာ​ကျော်​ဇင်​နဲ့ ​ဖွေး​ဖွေးတို့ရဲ့ ချစ်​စရာဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဝတ်​မှုံ​ရွှေရည်​က​တော့ “LUSH The Icon Evening” ဆိုပြီး သူမတို့သုံး​ယောက်​ရဲ့ ဗီဒီယို​လေးကို ​ဝေမျှ​ပေးထားတာပါ။

ဒိတ်​ဒိတ်​ကြဲ မင်းသမီး​သုံး​ယောက်​ အလှချင်းပြိုင်​​နေတဲ့ ဗီဒီယို

အနုပညာမှာ ထူးချွန်ကြတဲ့ ညီအမနှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ညီအမနှစ်ဦးကတော့ အကယ်ဒမီဆု နှစ်ခုစီကိုလည်း ရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အလှဆုံးပွဲတက်ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ညှို့ယူခဲ့တဲ့ အိန္ဒြာ​ကျော်​ဇင်​၊ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့သုံးဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

admin

x