ခ်စ္ရတဲ့ သားနဲ႔ သမီးနာမည္ကို အသားမွာ တက္တူးထိုးခဲ့တဲ့ ေမေမ ေခ်ာရတနာ

Unicode ဖြင့်ဖတ်ရန်
ပရိသတ်တွေကို အပြုံးလေးနဲ့ အေးချမ်းစေတဲ့ ချစ်စရာမင်းသမီးလေး ချောရတနာကတော့ ချစ်ရသူနဲ့ လက်ထပ်ပြီး အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတဲ့သူမကတော့ ချစ်ရတဲ့ သားသား၊ မီးမီးလေးနှစ်ဦးနဲ့အတူ အပူပင်ကင်းစွာ ပျော်ရွှင်လို့ နေတာပါ။ လတ်တလောမှာတော့ ချောရတနာက ချစ်ရတဲ့ သားနဲ့ သမီးရဲ့နာမည်လေးတွေကို အသားမှာ တက်တူးထိုးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချောရတနာကတော့ သားနဲ့သမီးကို အရမ်းချစ်တာကြောင့် အမှတ်တရလေးတစ်ခုအနေနဲ့ တက်တူးထိုးခဲ့တာပါ။

ချစ်ပရိသတ်တွေအတွက် သူမရဲ့အသွေးအသားထဲက ဖြစ်တည်လာတဲ့ သားနဲ့ သမီးရဲ့အမှတ်တရနာမည်လေးတွေကို တက်တူးထိုးခဲ့တဲ့ ချောရတနာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချောရတနာကတော့ “Thanks a lot Ka Gee” ဆိုပြီး သူမကို တက်တူးထိုးပေးတဲ့ ဆရာကို ကျေးဇူးတင်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ချောရတနာကတော့ သားနဲ့သမီးရဲ့အိမ်ခေါ်နာမည်လေးတွေဖြစ်တဲ့ Thar Thar နဲ့ CoCo ဆိုပြီး ကလေးနှစ်ယောက်ကို ရင်ထဲထွေးပွေ့ထားတဲ့ ပုံစံလေးကို သူမရဲ့ဂုတ်ပေါ်မှာ တက်တူးရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။

ချောရတနာရဲ့သားအကြီးလေးကတော့ အရမ်းကို အနေအေးပြီး၊ သမီးငယ်လေး Co Co ကတော့ စကားအရမ်းတတ်ပြီး သွက်လက်လွန်းတယ်လို့ ချောရတနာက အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိပါတယ်။

ချောရတနာကတော့ ချစ်ရသူနဲ့ ၂၀၁၂ခုနှစ်တုန်းက လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက်တမ်း ၆နှစ်နီးပါး ရှိပြီပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ ချောရတနာတို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ ချစ်ပရိသတ်တွေလည်း ဆည်းလည်းလေးနှစ်ခုနဲ့ သာယာနေတဲ့ ချောရတနာရဲ့မိသားစုလေးကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Zawgyi ျဖင့္ဖတ္ရန္

ပရိသတ္ေတြကို အျပဳံးေလးနဲ႔ ေအးခ်မ္းေစတဲ့ ခ်စ္စရာမင္းသမီးေလး ေခ်ာရတနာကေတာ့ ခ်စ္ရသူနဲ႔ လက္ထပ္ၿပီး ေအးခ်မ္းသာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနတဲ့သူမကေတာ့ ခ်စ္ရတဲ့ သားသား၊ မီးမီးေလးႏွစ္ဦးနဲ႔အတူ အပူပင္ကင္းစြာ ေပ်ာ္ရႊင္လို့ ေနတာပါ။ လတ္တေလာမွာေတာ့ ေခ်ာရတနာက ခ်စ္ရတဲ့ သားနဲ႔ သမီးရဲ့နာမည္ေလးေတြကို အသားမွာ တက္တူးထိုးခဲ့တဲ့အေၾကာင္း လူမွုကြန္ယက္မွာ ေဝမၽွေပးထားတာ ေတြ႕ရပါတယ္။ ေခ်ာရတနာကေတာ့ သားနဲ႔သမီးကို အရမ္းခ်စ္တာေၾကာင့္ အမွတ္တရေလးတစ္ခုအေနနဲ႔ တက္တူးထိုးခဲ့တာပါ။

ခ်စ္ပရိသတ္ေတြအတြက္ သူမရဲ့အေသြးအသားထဲက ျဖစ္တည္လာတဲ့ သားနဲ႔ သမီးရဲ့အမွတ္တရနာမည္ေလးေတြကို တက္တူးထိုးခဲ့တဲ့ ေခ်ာရတနာရဲ့အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေခ်ာရတနာကေတာ့ “Thanks a lot Ka Gee” ဆိုၿပီး သူမကို တက္တူးထိုးေပးတဲ့ ဆရာကို ေက်းဇူးတင္တဲ့အေၾကာင္း လူမွုကြန္ယက္မွာ ေဝမၽွေပးထားတာပဲ ျဖစ္ပါတယ္။ ေခ်ာရတနာကေတာ့ သားနဲ႔သမီးရဲ့အိမ္ေခၚနာမည္ေလးေတြျဖစ္တဲ့ Thar Thar နဲ႔ CoCo ဆိုၿပီး ကေလးႏွစ္ေယာက္ကို ရင္ထဲေထြးေပြ႕ထားတဲ့ ပုံစံေလးကို သူမရဲ့ဂုတ္ေပၚမွာ တက္တူးေရးထိုးခဲ့တာပဲ ျဖစ္ပါတယ္။

ေခ်ာရတနာရဲ့သားအႀကီးေလးကေတာ့ အရမ္းကို အေနေအးၿပီး၊ သမီးငယ္ေလး Co Co ကေတာ့ စကားအရမ္းတတ္ၿပီး သြက္လက္လြန္းတယ္လို့ ေခ်ာရတနာက အင္တာဗ်ဴးေတြမွာ ေျဖဆိုေလ့ရွိပါတယ္။

ေခ်ာရတနာကေတာ့ ခ်စ္ရသူနဲ႔ ၂၀၁၂ခုႏွစ္တုန္းက လက္ထပ္ခဲ့တာျဖစ္ၿပီး အိမ္ေထာင္သက္တမ္း ၆ႏွစ္နီးပါး ရွိၿပီပဲ ျဖစ္ပါတယ္။ အလွူအတန္းဆိုလည္း လက္မေႏွးတဲ့ ေခ်ာရတနာတို့ ဇနီးေမာင္ႏွံကေတာ့ မၾကာခဏဆိုသလို အလွူအတန္းေတြ လုပ္ေလ့ရွိပါတယ္။ ခ်စ္ပရိသတ္ေတြလည္း ဆည္းလည္းေလးႏွစ္ခုနဲ႔ သာယာေနတဲ့ ေခ်ာရတနာရဲ့မိသားစုေလးကို သေဘာက်တယ္ဆိုရင္ Share သြားၾကဖို့ မေမ့ပါနဲ႔ေနာ္။

Source :Momolay

admin

x