ကိုဖြိုး ဆေးမသုံးဘူးဆိုတာ တစ်ရာ ရာခိုင်နှုန်း ယုံကြည်တယ်လို့ ပြောလာတဲ့ တေးရေး ဝေကြီး

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဖြိုးပြည့်စုံ မူးယစ်အမှုဖြင့် ဖမ်းခံရတာနဲ့ပတ်သတ်ကြီး တေးရေးဆရာဝေကြီးက “ကျနော့် အစ်ကို ရဲ့ ကိုယ်ကျင့်တရား ၊ သိက္ခာ နဲ့ နေပုံထိုင်ပုံ ကို ယုံကြည်ပါတယ်။ သူ ဒီလို ဖြစ်သွားတဲ့ အတွက် အရမ်း ခံပြင်း ပါတယ်။ ကိုဖြိုး ဒါမျိုး ဆေးဝါးတွေ မသုံးဘူး ဆိုတာကို တစ်ရာ ရာခိုင်နှုန်း ယုံကြည်ပါတယ်” လို့ အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံခဲ့ရတဲ့ အပေါ် ပြောလာခဲ့ပါတယ်။

ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့က လက်ရှိမှာတော့ ဗဟန်းမြို့မစခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Video ကြည့်ရန်

Video Source : myanmar celebrity

admin

x