“အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါ” ဆိုပြီး အမှန်တရားကို ပြောပြလာတဲ့ ဖြိုးပြည့်စုံ

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။
ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။

အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… 😢😢😢

ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး…
ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့… အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့… အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်… အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… 😢😢😢

ဖြစ်တာက သတင်းပေးသူက… အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့… လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန်… ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့… ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ တဲ့ 😢😢😢

သတင်းပေးသူကိုရော… ဖမ်းတဲ့သူတွေကိုပါ… တကယ် အကောင်းဖက်က လှည့်တွေးပေးကြရှာတယ်…

နောက်တစ်ချက် လေးစားသွားတာက… ၃ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သံသယမဝင်ဘူး… မင်းကြောင့်. ငါ့ကြောင့်ဆိုပြီး အပြစ်ပုံမချကြဘူး… အချင်းချင်း မဟုတ်တာမလုပ်ဘူးဆိုတာ ယုံကြည်မှုရှိနေကြတယ်…

ဖြိုးပြည့်စုံကတော့ ပြောရှာတယ်… နေမကောင်းလို့အလုပ်တွေ ခဏနားမယ်ပြောထားတာ… ပါးစပ်စီးသွားတာလားမသိဘူး တဲ့… အခု ဒီလိုပုံစံနဲ့ ဒီမှာ လာနားရတယ်လို့ပဲ သူ့စိတ်မှာ မှတ်ပါတယ်တဲ့… 😢😢😢

ဝဋ်ရှိရင်တော့ ရှောင်လို့ ဘယ်ရမလဲ အစ်မရယ်တဲ့… 😢😢😢

အားလုံးဝိုင်းပြီး ဆုတောင်းပေးနေပါတယ် မောင်လေးရေ… 🙏🏻🙏🏻🙏🏻

အမှန်တရားအစစ်အတိုင်း ဖြစ်ပါစေ🙏🏻🙏🏻🙏🏻

မူရင်း post တင်သူ

Credit : Nang Tin Moe Thu

admin

x