ဖြိုးပြည့်စုံတို့က ဥပဒေနဲ့အညီ အပြစ်မရှိလို့လွတ်သွားတာပါလို့ ဗဟန်းမြို့နယ်မှုးပြော

Last modified date

အဆိုတော်ဖြိုးပြည့်နှင့် သူငယ်ချင်းနှစ်ဦးကို ယနေ့ ညနေ ၃နာရီခွဲ အချိန်က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးသိန်းဝင်းက အတည်ပြုသည်။

“လွတ်ပေးလိုက်တာထက် အပြစ်မရှိလွတ်သွားတာပါဗျာ။ ၃ နာရီခွဲလောက်က လွတ်ပေးလိုက်တာပါ။ ဥပဒေအရ လွှတ်ရမယ့်ကိစ္စရှိလို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် အဲလောက်ပဲဖြေပါရစေ။ ကျွန်တော်ချည်းပဲ လွှတ်တာမဟုတ်ဘူး။ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေနဲ့ အညီလွှတ်တာနော်။ ဗရမ်းဗတာလွှတ်တာမဟုတ်ပါဘူး”ဟု ရဲမှုးသိန်းဝင်းက ပြောသည်။

အောက်တိုဘာ ၇ ရက် ညနေက မြန်မာပလာဇာတွင် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်- ငြိမ်းချမ်း

admin

x