ဖြိုးပြည့်စုံတို့ ၃ ယောက်ကို ရိုက်နှက်ဖမ်းတဲ့သူကို အရေးယူပေးဖို့ တောင်းဆိုပါတယ် ဆိုတဲ့ ဦးအောင်ရင်

လတ်တလော အနုပညာလောကသာမက မြန်မာတစ်နိုင်ငံလုံးမှ ပရိသတ်တွေ ကြားမှာ နာမည်ကြီးသွားတဲ့ အဆိုတော် ဖြိုးပြည့်စုံ ဆေးအမှု့နဲ့ ဖမ်းဆီခံခဲ့ရတဲ့ သတင်းကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံ ဘန်ကောက်မှဝယ်လာတဲ့ ပူရှိန်းသကြားလုံးဘူးကို မှုးယစ်ဆေးလို့ ယူဆပြီး ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးကို မြန်မာပလာဇာ မှာ မှားယွင်းဖမ်းဆီခံခဲ့ရတာပဲ ဖြစ်ပါတယ်။ဖမ်းဆီတဲ့အခါမှာလည်း လူအများရှိမှာ ရိုက်နှက်ပြီး ဖမ်းဆီခဲ့တာပါ။ ၉.၁၀.၂၀၁၉ မှာတော့ အဆိုတော်ဖြိုးပြည့်စုံ တို့ သုံးဦး ကို အပြစ်မရှိတာကြောင့် လွတ်ငြိမ်းပေးလိုက်တာပါ။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြိုးပြည့် စုံတို့သုံးယောက်နဲ့ ပတ်သက်ပြီး ပြောလာတဲ့ အဆိုတော် ဦးအောင်ရင်တို့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးအောင်ရင် က “အပြစ်မရှိတဲ့ ဖြိုးပြည့်စုံတို့ ၃ ယောက်ကို မူးရစ်ရမ်းကား ရိုက်နှက်ဖမ်းတဲ့ကောင်တွေ အရေးယူပေးဖို့တောင်းဆိုပါတယ်တာဝန်ချိန်မှာအရက်နံ့တတထောင်းထောင်းနဲ့လူကြားထဲမှာအခွင့်မရှိရိုက်ဖမ်းပြီးသူ့ကိုမှတ်ထားပြောသေးတယ်ဆိုတော့ သိပ်လွန်သွားပြီ ဒီ လူမဆန်တဲ့ကောင်တွေကိုပြင်းထန်စွာအရေးယူပေးပါ ဒီလိုကောင်တွေရဲတပ်ဖွဲ့ထဲရှိနေရင် ပြည်သူတွေအတွက်အန္တရယ်ကြီးပါတယ် ရဲတပ်ဖွဲ့လည်းသိက္ခာကျပါတယ် 😡” ဆိုပြီးပြောထားပါတယ်။

၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ဖမ်းဆီတဲ့ အချိန်တုန်းကလည်း လူအများရှေ့မှောက်မှာ ရိုက်နှက်ပြီး ဖမ်းဆီခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုခဲ့ဲပီး ခုအချိန်မှာတော့ အပြစ်မှ လွတ်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဦးအောင်ရင်က မတရားခံခဲ့ရတဲ့ အဆိုတောိဖြိုးပြည့်စုံနဲ့ သူငယ်ချင်း တို့အတွက် သူတို့ကို မတရားအနိုင်ကျင့်တဲ့သူတွေကို အရေးယူဖို့ပြောထားတာပဲ ဖြစ်ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံ တို့ သုံးယောက်အတွက် ခံပြင်းနေတဲ့ အဆိုတော် ဦးအောင်ရင် ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;aung yin

admin

x