နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့တာ စိတ်နာမိကြောင်း BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ပြော

ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ ဆောင်ရွက်မှုအပေါ် နိုင်ငံတော်ငွေကြေးဆုံးရှုံးသည်ဟုဆိုကာ ဖိအားပေး တရားစွဲဆိုမှုကြောင့် နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့သည်ကို စိတ်နာမိကြောင်း အင်းစိန်ဆေးဝါး(BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်က ယနေ့အောက်တိုဘာ ၁၀ ရက်နေ့ ရုံးချိန်းအပြီးတွင် ဧရာဝတီသို့ ပြောသည်။ဒေါက်တာ အောင်ဇော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ယနေ့ရုံးချိန်းအပြီး အမှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာန၏ မေးမြန်မှုအား စာရေးသားကာ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျနော့်ကို တရားစွဲချင်လို့ တမင်တကာ နိုင်ငံတော်ငွေကြေးဆုံးရှုံးတယ်ဖြစ်အောင် ဖိအားပေးဆောင်ရွက်ခဲ့တယ်လို့ပဲ ပြောချင်တယ်၊ ထုတ်လုပ်ခဲ့တဲ့သွေးကြောသွင်းဘူး ၆ သိန်းကျော်က ကျနော့် အကျိုးစီးပွားအတွက်မဟုတ်ဘူး၊ စက်ရုံဝင်ငွေ တိုးအောင်ဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်ခဲ့တာတောင် တရားစွဲဖို့ ဖိအားပေးဆောင်ရွက်ခဲ့တာ တွေ့ရတဲ့အတွက် နိုင်ငံ့ ဝန်ထမ်း လုပ်ခဲ့ ရတာ စိတ်နာတယ်ပဲပြောချင်ပါတယ်”ဟု ဆိုသည်။ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့က ဒေါက်တာအောင်ဇော်အား တင်ဒါအောင်မြင်ထားသည့် LG Cham ကော်စေ့အစား Lotte ကော်စေ့ ၂၆ တန်အား အစားထိုးသုံးစွဲခဲ့သည့်အတွက် တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီဟုဆိုကာ အင်းစိန် မြို့မရဲစခန်း၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACC)မှ ဒုတိယညွန်ကြားရေးမှူး ဦးမိုးနိုင် အား စစ်ဆေးရာ အစားထိုး Lotte တံဆိပ်ကော်စေ့များအား သုံးကြိမ်ခွဲကာ ရယူသုံးစွဲခဲ့ေ ကြာင်း စစ်ဆေးတွေ့ရှိချက်များ အား ထွက်ဆိုခဲ့သည်။တရားခွင်အတွင်း ဒေါက်တာအောင်ဇော်၏ ရှေ့နေဦးမျိုးသိမ်းကြီးက အမှုဖွင့်တိုင်ချက်နှင့် တရားစွဲတင်စဉ်တင် ပြချက်များ ကွဲလွဲမှုရှိနေသည့်အပြင် အမှုမှာ နည်းပညာပိုင်းဆိုင်ရာ ပြသနာသာ ဖြစ်သည့်အတွက် အမှုအား ပိတ်သိမ်းသင့်ကြောင်းနှင့် တရားသူကြီးထံတင်ပြခဲ့သည်။

ယင်းသို့တင်ပြချက်အား တရားလိုရှေ့နေမှ သက်သေများစစ်ဆေးရခြင်းမရှိသေးသည့်အတွက် ကန့်ကွက်ခဲ့ပြီး အမှုပိတ် သင့်/မသင့်အား အောက်တိုဘာ ၃၀ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် တင်သွင်းမည်ဖြစ်ကာ နိုဝင်ဘာ ၇ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ရုံးချိန်းခဲ့သည်။ဒေါက်တာအောင်ဇော်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(ACC ) အနေဖြင့် ရဲစခန်၌ စက်တင်ဘာ ၆ ရက်နေ့ အမှုဖွင့်စဉ်က ဆေးဘူး ၆၆၂၀၀၀ (တန်ဖိုးကျပ်သန်း ၄၉၇.၇၂၂ ) ဆုံးရှုံး ဟုဆိုကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာ ၁ ရက်နေ့ တရားစွဲတင်ရာတွင် ဆေးဘူး ၁၆၀၈၉၅ (တန်းဖိုး ကျပ်သန်း ၁၂၃.၅၁၆) ဟု ပြင်ဆင်ပြောင်းလဲကာ တရားစွဲတင်ခဲ့သည်ကို ကွဲလွဲချက်အဖြစ် တွေ့ရကြောင်း ထောက်ပြ သည်။

ဒေါက်တာအောင်ဇော်၏ ဧရာဝတီသို့ ပြောဆိုသည့် စာတွင် “ဆိုလိုတာက သွေးကြောသွင်းဘူး ၅ သိန်းကျော်က သုံးပြီးပြီး ဘေးဥပါဒ်မရှိဘူး၊ ကျန် တာ ဘူးတသိန်းကျော်က ကျန်းမာရေးကသုံးရင် တလ၊ နှစ်လနဲ့ကုန်တယ်၊ ဘယ်ဆေးဝါးကိုမှ လည်း မြင့်မားတဲ့ အပူချိန်မှာ မသိမ်းဘူး၊ တကယ်သုံးရင် နှစ်လနဲ့ကုန်တဲ့အတွက် ကာလကြာရှည်သိမ်းရန်လည်း မလိုအပ်ဘူး”ဟု ရှင်းပြထားသည်။စက်မှုဝန်ကြီးဌာနမှ မြန်မာ့ဆေးဝါးလုပ်ငန်းအတွက် ကုန်ကြမ်းကော်စေ့များကို ဆေးဝါးစက်ရုံ(အင်းစိန်)အတွက် တန် ၂၅၀ နှင့် ဆေးဝါးစက်ရုံ (အင်ယောင်း) အတွက် ၁၁၅ တန်၊ စုစုပေါင်း ၃၆၅ တန်အား တင်သွင်းရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် တင်ဒါခေါ်ယူခဲ့ရာ Suntec ကုမ္ပဏီက LG Cham တံဆိပ်ကော်စေ့များ တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ခြင်းဖြစ် သည်။

တင်ဒါခေါ်ယူပြီးနောက် BPI စက်ရုံတွင် လက်ကျန်ကော်စေ့မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလခန့်အထိသာ သုံးစွဲနိုင်မည်ဖြစ်၍ ၂၀၁၈ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကုန်ကြမ်းအမြန်ရလိုကြောင်း ဆေးဝါးလုပ်ငန်းရုံးချုပ်သို့ တင်ပြခဲ့ရာ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် ဆေးဝါးလုပ်ငန်း၊ ပြည်ပဝယ်ယူရေးတာဝန်ရှိသူ နည်းပ ညာဖွံ့ဖြိုးရေးဌာန အထွေထွေ မန်နေဂျာ ဦးအောင်ဝင်းလတ် ကိုယ်တိုင် ရန်ကုန်သို့လာရောက်ကာ ကုန်ကြမ်း တင်သွင်းရန် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သည်။

Image result for ဒေါက်တာအောင်ဇော်

ထိုဆွေးနွေးပွဲတွင် ဒေါက်တာအောင်ဇော်လည်း ပါဝင်ခဲ့ပြီး တင်ဒါအောင်ထားသည့် Suntec ကုမ္ပဏီကိုယ်စားလှယ်မှ သွေးကြောသွင်း ဆေးရည်ဘူး ထုတ်လုပ်ရန် ကုန်ကြမ်း ကော်စေ့များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ခန့်မှသာ ပေးသွင်းနိုင်မည်ဟု ပြောကြားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု တရားလို ဦးမိုးနိုင်က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။ထို့အတွက် လက်ကျန်ကုန်ကြမ်း ပြတ်လပ်မည့် အချိန်နှင့် ကုမ္ပဏီမှ ကော်စေ့ပေးသွင့်မည့် အချိန် ကွာဟချက် အကြား စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းအစား Lotte တံဆိပ်ကော်စေ့များအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နှင့် ၁၄ ရက် တို့တွင် ကော်စေ့အိတ် ၂၈၀(၇၀၀၀ ကီလိုဂရမ်)၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကော်စေ့အိတ် ၁၀၀(၂၅၀၀ ကီလိုဂရမ်)၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကော်စေ့အိတ် ၆၆၀(၁၆၅၀၀ ကီလိုဂရမ်) တို့ကို တလခန့်အတွင်း ၃ ကြိမ်ခွဲကာ Suntec ထံမှပင် ရယူသုံးစွဲခဲ့ကြောင်း ကော်မရှင်က ထွက်ဆိုခဲ့သည့် အချက်အလက်များအရ သိရသည်။

ယင်း Lotte တံဆိပ်အား သုံးစွဲခြင်းမပြုမီ Suntec ကုမ္ပဏီထံမှ ကော်စေ့နမူနာ နှစ်အိတ်ရယူကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ရလဒ်များကောင်းမွန်သည့်အတွက် ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး ကြိုတင်ရယူသုံးစွဲခဲ့ခြင်းဖြစ် ကြောင်းလည်း ဒေါက်တာအောင်ဇော်က သူ၏ ရှင်းလင်းထားသည်။ယင်း Lotte တံဆိပ်ကော်စေ့ဖြင့် သွေးကြောသွင်းဆေးရည်ဘူး ၆ သိန်းကျော်အား BPI က ထုတ်လုပ်ခဲ့ပြီး ယင်းဆေးဘူး များအား အများပြည်သူ ကျန်းမာရေးအတွက် အသုံးပြုရန်မသင့်ဟုဆိုကာ ကျန်းမာရေးဝန်ကြီးက အသုံး ပြုမှုရပ်ဆိုင်းထား မှု ကြောင့် နိုင်ငံတော်ငွေကြေး ကျပ်သန်း ၅၀၀ ခန့် နစ်နာဆုံးရှုံးခဲ့ရသည့်အတွက် အမှုဖွင့်ရခြင်း ဖြစ်ကြောင်းလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက အမှုဖွင့်စဉ်က ပြောထားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကိုကိုအောင်အနေဖြင့် အဂတိ လိုက်စား မှုနှင့် ပတ်သက်မှုမရှိသော်လည်း တာဝန်ပျက်ကွက်သည်ဟုဆိုကာ ရာထူးက ထုတ်ပယ်ခဲ့သည်။အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ပါက ၁၀ နှစ်ထက်မပို သည့် ထောင်ဒဏ်ချမှတ်ရ မည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Credit-ဧရာဝတီ

admin

x