“ဦးနိုင်လို ရင့်ကျက်တည်ငြိမ်တဲ့ သူမျိုးကိုလိုချင်မိသွားတယ် ဆိုတဲ့ သဇင်ထူးမြင့်”

သဇင်ထူးမြင့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဦးခင်လှိုင်ရဲ့သမီးချောလေးတစ်ဦးပဲဖြစ်ပါတယ်။(၂၀၁၉)ခုနှစ် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးမှာ အကယ်ဒမီရွှေကြိုတစ်ဦးအနေနဲ့လုပ်ကိုင်ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ မျိုးဆက်သစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းတွေမှာတော့ ကြော်ငြာတွေ၊ သီချင်း MTV တွေ၊Short Film လေးတွေကို ပါဝင် ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။လက်ရှိမှာလည်း သဇင်ထူးမြင့်ဟာ သူအတွက် ပထမဆုံး အနုပညာခြေလှမ်းအဖြစ် `ဆုံစည်းခွင့်´ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေတာပါ။

လတ်တလောမှာတော့ သဇင်ထူးမြင့်ဟာ နေတိုးနဲ့ နေခြည်ဦးတို့ ရိုက်ကူးထားတဲ့ ‘အခမ်းနားဆုံးမေတ္တာ’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Showပွဲကို တက်ရောက်ခဲ့ပြီး ဒီကားကြီးထဲမှာ နေတိုးရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ ဦးတက်လူနိုင်ရဲ့ ဇာတ်ရုပ်လို ရင့်ကျက်တည်ငြိမ်တဲ့ သူမျိုးကိုလိုချင်မိသွားတယ်ဆိုတဲ့အကြောင်းကို “‘အခမ်းနားဆုံးမေတ္တာ’ ကြည့်ပြီး ဦးနိုင်လို ရင့်ကျက်တည်ငြိမ်တဲ့ သူမျိုးကိုလိုချင်မိသွားတယ်”လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သဇင်ထူးမြင့်တစ်ယောက် ဦးနိုင်လို လူမျိုးကို လိုချင်တယ်လို့ပြောလာတဲ့အပေါ်ကို “ဦးနိုင်လိုလူမျိုးရပါစေ”ဆိုပြီး ဆုတောင်းပေးနေတာမျိုးတွေလည်း ရှိနေသလို ယောက်ျားလေးပရိသတ်တွေကတော့ အပြိုင်အဆိုင်ဈေးဗန်းခင်းမဲဆွယ်နေကြတာတွေလည်း တွေ့ရပါတယ်။ ပရိသတ်ကြီးတွေထဲမှာရော ဦးနိုင်လို ရင့်ကျက်တည်ငြိမ်တဲ့သူတွေကို သဘောကျတဲ့ သူတွေရှိလား ဖြေသွားပေးပါဦးနော်။

Source : Thazin Htoo Myint

admin

x