သီတင်းကျွတ်ကျောင်းပိတ်ရက် ပြင်ဦးလွင်မှာ အနားယူနေကြတဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု

နိုင်ငံကျော်အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားရင်း ပျော်ပျော်ရွှင်ရွှင်နေကြသူတွေဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ တစ်ဦးချင်းဆီကို အားပေးသူ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အခိုင်အမာရှိနေတာပဲဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးက လတ်တလော သီတင်းကျွတ်ပိတ်ရက်မှာ အေးချမ်းတဲ့ ပြင်ဦးလွင်မြို့လေးမှာ အနားယူအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြေတီဦးတို့ မိသားစုရဲ့ ခရီးသွားပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

အိန္ဒြာကျော်ဇင်က “Precious family time💚💚💚ပြင်ဦးလွင်မှာ ခဏတာ အနားယူရတဲ့ အချိန်လေး ဘာနဲ့မှမလဲနိုင်ဘူးဆိုရင် ယုံမလား ယူ….😜😍” ဆိုပြီး မျှဝေထားပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ချစ်စရာကောင်းပြီး အနေအေးတဲ့ သမီးလေး ပြေသုဒြာနဲ့ စကားတတ်ပြီး အဖေတူ မျက်နှာချိုတဲ့ သားလေး ပြေဓီရတို့ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က သူတို့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကို သီတင်းကျွတ်ပိတ်ရက်မှာ အချိန်ပေး ဂရုစိုက်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

admin

x