မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကိုကြွေနေပြီဆိုတဲ့ ရှိန်းတင့်ထူး

” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ ရှိန်ထူးကတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်သမီးချောလေး ဝတ်မှုံရွှေရည်ကို ကြွေနေတယ်လို့ ပရိသတ်တွေကြားလူပြောများနေပါတယ်။ ရှိန်းရဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နာဖြစ်တဲ့ Sheintin Htoo -ရှိန်းတင့်ထူး Page ရဲ့ My Dayမှာ “Yes ကျွန်တော်ကြွေနေတဲ့ ကောင်မလေးဓာတ်ပုံက ကျွန်တော့် Personal my Day မှာပါ ” လို့ တင်ထားပြီး သူရဲ့ Personal My Day မှာတော့ နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ပုံသာတင်ထားပါတယ်။

(၂၀၁၆)ခုနစ်က အကယ်ဒမီရွှေကြို တစ်ယောက်ဖြစ်ခဲ့ပြီး “tik Tok” Video လေးတွေနဲ့ စတင် လူသိများလာခဲ့သူ အပြုံးချိုချို ပိုင်ရှင် လူချောလေး ရှိန်းတင့်ထူးကတော့ လက်ရှိမှာ မော်ဒယ်လ်တစ်ယောက် ၊ မျက်နာသစ် မင်းသားတစ်ယောက် အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ရှိန်း လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဆိုကြပြီး လက်ရှိမှာ မျက်နာသစ် သရုပ်ဆောင်သစ်တစ်ယောက်အနေနဲ့ “သူစိမ်းအိမ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ ဝါရင့် အကယ်ဒမီဆုရ သရုပ်ဆောင်တွေဖြစ်တဲ့ လွင်မိုး ၊ ထွန်းအိန္ဒြာဗိုလ် ၊ ဖွေးဖွေးတို့ နဲ့ အတူ တွဲဖက်သရုပ်ဆောင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ ယောက်ျားလေးပရိသတ်တွေသာမက အမျိုးသားအနုပညာရှင်တွေရဲ့ စိတ်ကူးထဲကမိန်းကလေးပုံစံလို့ပြောရလောက်အောင် သူရဲ့အလှကပြီးပြည့်စုံလွန်းပါတယ်။သူကတော့အလှတရားသာမက စိတ်နေသဘောထားလည်း ပြည့်ဝသူတစ်ယောက်ဖြစ်တာမို့ အခုလို့ ချစ်သူခင်သူတွေပေါများနေပြီး မင်းသားချောလေးရှိန်တင့်ထူးကလည်းတစ်ယောက်အပါအဝင်ဖြစ်နေပြီ ထင်ပါရဲ့။ ပရိသတ်ကြီးရေ ရှိန်တင့်ထူးက ဝတ်မှုံရွှေရည်ကို တကယ်ကြီးကြွေနေပြီလားနော်။

Source : cele gabar

admin

x