သွေးကင်ဆာဝေဒနာရှင်ပရိသတ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကြီးကြီး၊ ငယ်ငယ်မရွေး ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို လေးစားတန်ဖိုးထားလို့ နာမည်ကောင်းနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း စိုင်းစိုင်းခမ်းလှိုင်က သွေးကင်ဆာ ဝေဒနာ ခံစားနေရတဲ့ ပရိသတ်တစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းပေးခဲ့ကြောင်း အခုလိုပဲ ကောင်မလေးရဲ့ မိသားစုတွေကတဆင့် အခုလိုပဲ သိရပါတယ်။

“ကျေးဇူးပါစိုင်းစိုင်း…ကျမတို့မျိုးဆက်ကအလွန်နဲပါတယ်..ကျမသားနဲ့သူတို့မောင်နှမ ၃ ယောက်စုစုပေါင်း ၄ယောက်ဘဲရှိတာပါ။ သူကအငယ်ဆုံးသမီးလေးပေါ့။ အစစအရာရာပြည့်စုံခြင်း..ချစ်ခြင်းခံရတဲ့သမီးလေး ( ၁၀)တန်းစာမေးပွဲဖြေမဲ့အချိန်မှာ ကျမတို့အားလုံးမျှော်လင့်မထားတဲ့ကြမ္မာဆိုးကသမီးလေးချစ်စုဆီကိုမဖိတ်ခေါ်ဘဲဝင်လာခဲ့တာပါ။”

“စာမေးပွဲနားနီးနေတုန်း နေမကောင်းဖြစ်တော့ စိုးရိမ်ပြီး ဆရာဝန်က လိုအပ်တဲ့ပိုးသတ်ဆေးတွေပေးပြီး မိသားစုက ဂရုတစ်စိုက်နဲ့ပြုစုခဲ့ကြရင်း..မြန်မာစာဖြေအပြီး ကျောင်းကအပြန် အန်ချင်တယ်ဆိုပြီးအန်ချလိုက်တာသွေးတွေ..အဆက်မပြတ်အန်ခဲ့တာ။ ဝိတိုရိယဆေးရုံပြေးတော့ လုပ်သင့်တာလုပ်ပေးပြီးရန်ကုန်ဆေးရုံကြီးကိုပို့ခိုင်းတော့သားကိုမျိုးဟိန်းကိုလှမ်းအကူအညီတောင်းပြီးဆေးရုံကိုပြေးခဲ့ကြတာ။ ကိုမျိုးဟိန်းကလဲလိုအပ်တာ အကုန်လုံး အစအဆုံးလုပ်ပေးခဲ့တယ်။”

“ညတွင်းခြင်းသွေး ၆ ပုလင်းသွင်းနိုင်ဖို့သားကိုတေဇာကကူညီပေးခဲ့လို့ win win ရဲ့သား၂ယောက်ကိုဒီနေ့အထိကျေးဇူးအထူးတင်လျှက်ပါ၊ သွေးကင်ဆာ…တဲ့။ သူ့ရောဂါကိုသိလိုက်ရတော့ တစ်မိသားစုလုံး ကမ္ဘာပျက်သလိုခံစားကြရတယ်၊ သူ့အဖေနဲ့အမေက သူ့အတွက် ဘာဘဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပေးဖို့ ဆုံးဖြတ်ကြတယ်။”

“လေးစားစရာအကောင်းဆုံးက သူ့အဖေမောင်ကျော်ရွှေပါ။ ကျမတို့အားလုံး အရူးမီးဝိုင်းလိုဖြစ်နေချိန်မှာ သူကသမီးချစ်စုအတွက် ဘယ်လိုအကောင်းဆုံးကုသရမလဲလို့ ခေါင်းအေးအေးနဲ့စဉ်းစားပြီး မြန်မာနိုင်ငံက သွေးရောဂါနဲ့ပတ်သက်တဲ့ အတော်ဆုံးဆရာဝန်ကြီးတွေနဲ့တွေ့ပြီး ဆွေးနွေးအကြံညာဏ်တွေရယူပြီး အကောင်းဆုံးကုသပေးခဲ့တယ်။ နိုင်ငံခြားက ဆေးရုံတွေကိုလဲ ဆက်သွယ်ပြီးလုပ်နိုင်တာ အကုန်ကြိုးစားခဲ့ပါတယ်၊”

“ရှင်သန်ချင်တဲ့သူ့သမီးငယ်လေးကို သူ့ရဲ့အစွမ်းရှိတာထက် ပိုကြိုးစားပြီးရှင်သန်ခွင့်ရအောင် အားထုတ်ခဲ့တယ်။ မျှော်လင့်ချက်မရှိတော့တော့ဘူးဆိုတာကို အံတုပြီး သမီးအတွက်အကောင်းဆုံးနေနိုင်အောင်..နေရမဲ့အချိန်ထက် ၃ နှစ်လောက်ပိုနေနိုင်အောင်ကြိုးစားပေးခဲ့တဲ့ဖခင်ပါ၊”

“ကျမရဲ့ညီမ မိငယ်က ဆေးရုံဆေးခန်းအလွန်ကြောက်တတ်ပေမဲ့ သမီးဇောနဲ့ဘာမှကြောက်ရမှန်းမသိတော့ဘဲ ဆေးရုံမှာ သမီးမွေးစငယ်စဉ်ထဲက အမရင်းလိုထိမ်းကြောင်းပြုစုခဲ့တဲ့မမ သူနဲ့အတူနေ့နေ့.ညညပြုစုခဲ့တာပါ၊ ရှင်သန်ချင်တဲ့စိတ်ပြင်းထန်တဲ့သမီးလေးကလည်း ရောဂါကိုအံတုနိုင်ဖို့ မိဘတွေကိုစိတ်မဆင်းရဲစေချင်လို့ အမြဲပြုံးနေတတ်တာပါ။”

“သမီးလေးကသတ္တိကောင်းပြီးစိတ်ဓာတ်ကမာတယ်။ ကျမတို့အားလုံးရှေ့မှာ ကီမိုဒါဏ်ကြောင့် အိပ်ရာထဲလဲနေတာတောင် တစ်ချက်မငြီးဘူး။ ဆေးဒဏ်ကြောင့် ဆံပင်တွေကျွတ်ပြီးဂတုန်းတုန်းရတော့ စိတ်ဓာတ်မကျဘဲ မေကြီးကလည်း ဆံပင်ပုံစံဒီဇိုင်းအစုံရတာပေါ့ဆိုပြီး ဆံပင်တုတွေပုံစံအစုံစွတ်ပြီး အပြုံးမပျက်တဲ့စိတ်ဓါတ်ကြံခိုင်တဲ့ကလေး..ရောဂါကိုကြံ့ကြံ့ခံနေရင်းက ရိုးတွင်းချင်ဆီလဲဖို့နိုင်ငံခြားကိုသွားရတော့မယ်..အောင်မြင်မှာလား..ဆုံးရှုံးမှာလားမသေချာတဲ့အခြေအနေ…”

“သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့ပြီးမှသွားကြမယ်..သူစိတ်ချမ်းသာဖို့မွေးနေ့ပွဲလေးလုပ်ပေးချင်ပေမဲ့သူ့ရောဂါကလူများများနဲ့ပေးမတွေ့ရဘူးရောဂါကူးစက်ရင်ပိုဆိုးနိုင်တယ်ဆိုတော့…သူ့အမေ..အဖေနဲ့အဒေါ်တွေကသမီးကြိုက်တာလုပ်ပေးမယ်..ပြောဆိုတော့…သူ့ရဲ့တောင်းဆိုမှုက..သူအလွန်ကြိုက်တဲ့အဆိုတော်..စိုင်းစိုင်းခမ်းလှိုင်ကိုဖိတ်ပြီးမွေးနေ့ပွဲလေးလုပ်ပေးပါတဲ့။ သူကနာမည်ကြီးဆိုတော့အချိန်ပေးပါ့မလားပေါ့..”

“ကျမညီမအငယ်ဆုံးလေးရဲ့သူငယ်ချင်းနဲ့တူတော်တော့အကျိုးအကြောင်းပြောပြပြီးဖိတ်လိုက်တယ်။ စိုင်းစိုင်းကသမီးကို သူ့ညီမလေးအရင်းအချာလိုေ နွေးနွေးထွေးထွေးနဲ့ မွေးနေ့လက်ဆောင်တွေဝယ်ခဲ့ပေးပြီး တစ်နေ့လုံးနီးပါး အချိန်ပေးပြီး မိသားစုနဲ့အတူ သမီးအတွက်ပျော်ရွှင်မှုတွေရစေခဲ့တယ်။ ထင်မထားဘူး။”

“သမီးလေးကလဲ သူချစ်တဲ့အဆိုတော်ဦးလေးကြီးက သူ့မွေးနေ့မှာ လက်ဆောင်တွေဝယ်လာလို့ ကျမတို့ကိုကြွားမဆုံးပေါ့။ သမီးလေးတော်တော်ပျော်ရွှင်တာကြည့်ပြီး မိသားစုတွေအတူကြည်နူးမိကြပါတယ်။ ဒီဝေဒနာဆိုးကြီးကို ပြည်ပမှာ သွားလိုက်ပြန်လိုက်နဲ့ ကုသခဲ့တာ..၄နှစ်နီးပါး..ခံစားတွန်းလှန်ရင်းဒီနေ့သူ့အသက် ၂၀ တင်းတင်းပြည့်တဲ့နေ့မှာသူချစ်တဲ့မြန်မာပြည်ရဲ့အဝေးတစ်နေရာကဆေးရုံမှာ..သူ့ကိုချစ်တဲ့သူအားလုံးကိုထားသွားခဲ့ပါပြီ။ သွေးကင်ဆာဝေဒနာရှင် သမီးလေးအတွက် စာနာစိတ်နဲ့ပျော်ရွှင်အောင်ကူညီပေးခဲ့တဲ့.စိုင်းစိုင်းရေ..ကျေးဇူးအထူးတင်ပါတယ်သားစိုင်း..” ဆိုပြီး ကောင်မလေးရဲ့ မိသားစုတွေက ပြောပြထားပါတယ်။

စိုင်းစိုင်းကလည်း သူ့ရဲ့ ပရိသတ်မိန်းကလေး ကွယ်လွန်သွားတဲ့အတွက် သူ့ရံ ဖေ့စ်ဘုတ် စာမျက်နှာမှာ profile အမည်းတွေပြောင်းပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ ကောင်မလေးလည်း သူမရဲ့ လိုအင်ဆန္ဒတွေပြည့်ဝပြီး အခုဆို ကောင်းမွန်တဲ့ဘုံဘဝမှာ အနားယူနေပြီ ထင်ပါတယ်နော်။

Rowena
Source: Kay Thi Win’s fb

admin

x