သီတင်းကျွတ်မှာ ဝန်ထမ်းတွေကို ရွှေလက်စွပ်၊ ဖုန်းနဲ့ အဖိုးတန်ပစ္စည်းတွေ မဲဖောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေက လူလေးလှရုံသာမက စိတ်ထားလေးပါ လှပမွန်မြတ်သူလေး ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း သူမ အသွေးအသားက ဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခိုင်နှင်းဝေကို ပရဟိတမင်းသမီးလေးလို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေက “ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း” နဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” ကို တည်ထောင်ထားပြီး သူမကိုယ်တိုင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ဂေဟာမှ ဝန်ထမ်းတွေကို သီတင်းကျွတ်အမှတ်တရအဖြစ် ဗလာမပါ ကံစမ်းမဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခိုင်နှင်းဝေနဲ့ ဝန်ထမ်းတွေရဲ့ ပျော်ရွှင်စရာ မြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

မဲဖောက်ပေးနေကြတာ ပျော်စရာကြီးနော် 😍

ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေကို ရွှေသားလက်စွပ်၊ ဟန်းဖုန်း၊ စက်ဘီးနဲ့ တန်ဖိုးကြီး ပစ္စည်းတွေ မဲဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ရဲ့ ပျော်ရွှင်ဖွယ် ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

admin

x