Category: အနုပညာ

အသည်းကွဲပြီးလှတာ အွန်စောပဲရှိတယ်လို့မြန်မာမိန်းကလေးတွေကို သတိပေးလိုက်တဲ့ ထွန်းထွန်း

ထွန်းထွန်းကတော့ အောင်မြင်နေတဲ့ အဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ R&B နဲ့ Hip Hop အမျိုးအစားတွေကို သီဆိုတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာကာရိုက်တာပိုင်းကို ပီပြင်အောင်သရုပ်ဆောင်ပြီးတော့ သူ့ရဲ့ပထမဆုံး အကောင်ဆုံးအကယ်ဒမီ ဇာတ်ပို့ဆုကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ ထွန်းထွန်းဟာဆိုရင် တစ်နေ့တာအဖြစ်အပျက်တွေကို လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်ပြီးတော့ အသည်းကွဲပြီးလှတာ အွန်စောသာ ဖြစ်ကြောင်း မြန်မာမိန်းကလေးထုကို သတိပေးလိုက်တာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာအနှံ့အပြားကတောင် နှစ်သက်သဘောကျပြီး အားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေဂျိုတို့ အတွဲဟာဆိုရင် စိတ်သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတာဖြစ်ပြီးတော့ ဒီသတင်းက ပရိသတ်တွေကို စိတ်မကောင်းဖြစ်စေပြီး လှုပ်ခတ်စေခဲ့တယ်။ အွန်စောက အသဲကွဲပြီးနောက်ပိုင်း အရင်ကထက်ပိုပြီးတော့ ချစ်စရာကောင်းလာပြီးတော့ နုပျိုလှနေတယ်ဆိုတာက ဖေ့စ်ဘွတ်မှာ ချီးကျူးစကားတွေ ပျံနှံနေတာဖြစ်ပါတယ်။ အွန်စော ခုလိုပိုပြီးလှလာတာကို ထွန်းထွန်းက “ဘဲနဲ့ပြတ်မှ လှတယ်ဆိုတာ ဟိုက အွန်စောလေ” လို့ သူ့ရဲ့...

Motiva Implants (ရင်သား ဆီလီကွန်) မိတ်ဆက်ပွဲကို အဖြူရောင်ဖက်ရှင်လေးနဲ့ တက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်

အမေရိကန် Silicon Brand တစ်ခု ဖြစ်တဲ့ “Motiva Implants / ရင်သား ဆီလီကွန်” ဖြင့် ရင်သား လှပအောင် ခွဲစိတ် ပြုပြင်နိုင်သည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ဇူလိုင်လ (၂၆) ရက်နေ့ က မန္တလေးမြို့ ရှိ Hilton Mandalay Hotel မှာ ပြုလုပ်ခဲ့ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော် က တက်ရောက် ခဲ့ပါတယ်။ FDA ထောက်ခံချက် ရရှိထားပြီး Patient Safety 100% အာမခံပေးနိုင်တဲ့ “Motiva Implants” ကို Global Aesthetics Company မှ အဓိက တင်သွင်းခြင်း ဖြစ်ပြီး ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ရှိ ပန်းလှိုင်စီလုံဆေးရုံ တို့မှာ ရင်သားခွဲစိတ်မှုများ ပြုလုပ်နိုင်တယ်လို...

သူမရဲ့ဖြူဖွေးဝင်းမွတ်တဲ့ အတွင်းသားလေးတွေကိုအထင်းသားမြင်ရစေမယ့် သင်ဇာရဲ့အမိုက်စား ဗီဒီယိုလေး

အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတာကြောင့်ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါအားကျနေရတာဖြစ်ပါတယ်။သူ့ရဲ့ရိုးသားပြီးဖြူစင်းတဲ့စိတ်ဓာတ်လေးတွေကြောင့်လည်းအနုပညာရှင်အသိုင်းအဝိုင်းရောပရိသတ်တွေကြားမှာပါချစ်ခင်နေရတာဖြစ်ပါတယ်။သူမရဲ့အလှတွေကလည်းပရိသတ်တွေကိုတစ်နေ့တစ်မျိုးမရိုးအောင်ဖမ်းစားနေတာပါ။ သူမရဲ့အလှတွေကြောင့်လည်းကြော်ငြာဓာတ်ပုံလေးတွေအများဆုံးရိုက်ကူးနေရပြီး ပစ္စည်းသစ်မိတ်ဆက်ပွဲလေးတွေမှာလည်းအမြဲတက်ရောက်ဖို့ဖိတ်ကြားခံနေရတာပါ။သူမရဲ့ပွဲတက်ပုံရိပ်တိုင်းဟာတစ်နိုင်ငံလုံးကပရိသတ်တွေကိုစိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တာပါ။ပွဲတက်ပုံရိပ်တိုင်းကလည်းတစ်ခြားသူတွေနဲ့မတူအောင်ထူးခြားနေတဲ့အလှတွေကြောင့် ပရိသတ်တွေအမြဲရင်ရင်ခုန်နေရတာဖြစ်ပါတယ်။သူ့ပုံရိပ်တွေကိုဝေဖန်မှုတွေရှိပေမယ့်လည်းအနုပညာအလုပ်တွေကိုအားပေးနေတဲ့ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားပေးနေတာဖြစ်ပါတယ်။ ခုမှာလည်းသူကမန္တလေးမြို့ကိုရောက်ရှိနေတာဖြစ်ပြီး ခုမှာလည်းအမိုက်စား ပွဲပုံရိပ်တွေကပရိသတ်တွေကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။အဖြူရောင်အမိုက်စားပွဲတက်ပုံရိပ်လေးက နတ်သမီးလေးတစ်ပါးဆင်းသက်သာသလိုအလှတွေဖြာထွက်နေတာဖြစ်ပါတယ်။ခန္ဓာကိုယ်အလှတွေကိုအထင်းသားပေါ်လွင်စေတဲ့ အမိုက်စားသင်ဇာရဲ့ပွဲတက်ပုံရိပ် videoလေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပြီး အားပေးကြပါဦးနော်။ Source- Thinzar Wint Kyaw

နှစ်စဉ်ရေကြီးတတ်တဲ့ရွာလေးမှာ ရေဘေးဒုက္ခကို အံတုပြီး မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ အံ့မင်းညို

ပရိသတ်ကြီးရေ အံ့မင်းညို ကတော့ ပရိသတ်တွေသိပြီးသား သရုပ်ဆောင်တစ်ယောင်လဲဖြစ်ပါတယ်။ ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်နဲ့အနေနဲ့ သိခဲ့ကြတာ မဟုတ်ပဲ လူကြမ်းသရုပ်ဆောင် မုဒိမ်းကောင်ဇာတ်ကောင်တွေအနေနဲ့လူသိများခဲ့ပါတယ်။ လူမုန်းများတဲ့ ဇာတ်ကောင်နဲ့ လူသိများခဲ့ပေမယ် အပြင်လက်တွေ့ဘဝနဲ့ကျတခြားစီပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ ဘဝဟာ အပြင်လောကနဲ့ အရမ်းကိုကွာခြားလွန်းပါတယ်။ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အံ့မင်းညိုရဲ့ ဘဝဟာလဲ မိသားစုလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ အံ့မင်းညိုဟာ မိသားစုအတွက်တော့ စစ်မှန်တဲ့ ယောကျာ်းကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ အံ့မင်းညိုဟာ အနုပညာလောက ကနေရပ်နားပြီး မိသားစုလေးနဲ့ မန်းလေးက ရှမ်းလေးကျွန်းဘက်မှာ အခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေရှေ့ကနေပျောက်ကွယ်နေပေမယ့် ပရိသတ်တွေကတော့ သတိတရရှိနေဆဲပဲဖြစ်ပါတယ်။ အံ့မင်းညိုရဲ့ သမီးအကြီးကတော့ မွေးရာပါ နှလုံးအပေါက်ပါတဲ့ ရောဂါခံစားနေရတာပဲဖြစ်ပါတယ်။ အံ့မင်းညိုဟာ သမီးလေးနှစ်ယောက်ရှိပြီး သမီးအကြီးလေးတော့ နှစ်တန်းတက်နေပြီး အငယ်လေးကတော့ KG တက်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ အံ့မင်ညိုးဟာ ရေဘေးဒုက္ခရောက်နေတာပဲဖြစ်ပါတယ်။မိုးရာသီမှာ နှစ်စဉ် နှစ်တိုင်း ရေကြီး လေ့ရှိတဲ့ မန္တလေးတိုင်း၊ အမရပူရ...

သိန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ အမိုက်စားကားကြီးကိုပိုင်ဆိုင်သွားတဲ့ နန်းမွေစံ

နန်းမွေစံကတော့ ဆရာဝန်တစ်ယောက်လည်းဖြစ်သလို Sexy မော်ဒယ်တစ်ယောက်အနေနဲ့ လည်း အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။Sexy မော်ဒယ်လ် တစ်ယောက်အနေနဲ့ သူမရဲ့ Sexy photo ၊ Video တွေကို လူမှုကွန်ရက်မှာ တင်ခဲ့တာနဲ့ပတ်သက်လို့ ဆေးကုသခွင့် လိုင်စင် သိမ်းခံခဲ့ရတာကြောင့် သူမကိုအားပေးတဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။ နန်းမွေစံရဲ့ ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့ ကိစ္စဟာလည်း လူမှုကွန်ရက်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့အပြင် နိုင်ငံတကာသတင်းဌာန တော်တော်များများမှာလည်းဖော်ပြခံရတဲ့ အထိဖြစ်ခဲ့ပြီး ကမ္ဘာကျော်သတင်း Website တစ်ခုဖြစ်တဲ့ New York Times အထိပါဖော်ပြခြင်းခံခဲ့ ရပါသေးတယ်။ လက်ရှိမှာတော့ နန်းမွေစံက သူမ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုမိုရရှိထားတာဖြစ်ပြီး Sexy Model တစ်ဦးအဖြစ်ဆက်လက် ရပ်တည်လျှက်ရှိပါတယ်။လတ်တလောမှာတော့ နန်းမွေစံက သိန်း(၄၀၀)ကျော်တန်ဖိုးရှိတဲ့ Chevrolet Sail Brand Newကားအသစ်ကြီးကို ၀ယ်လိုက်တာပဲဖြစ်ပါတယ်နော်။

ပရိသတ်တွေမမြင်ဖူးသေးတဲ့ ငယ်ဘဝအမှတ်တရပုံရိပ်လေးကိုဝေမျှလိုက်တဲ့ သက်မွန်မြင့်

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ဆယ်စုနှစ်ကျော်တိုင်အောင် ရပ်တည်လာနိုင်သူလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေး သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုအမူလေးတွေနဲ့ စကားသံဝဲဝဲလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေများနဲ့အတူ အသက် (၃၇) မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တာပါ။ ဒါ့အပြင် မွေးနေ့လေးမှာလည်း တရားစခန်းဝင်ကာ ယောဂီအဖြစ်တရားအားထုတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်သက်လေးရဲ့ လုပ်ရက်တိုင်းကို အားပေးချစ်ခင်နေကြတာပါ။ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ ဒီပုံရိပ်လေးတွေကတော့ သူမရဲ့ဇာတိမြေဖြစ်တဲ့ ချင်းပြည်နယ်တွင် နေထိုင်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်သက်လေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ Photo – Ei Thet Mon

တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းအဆန်းလေးတွေကိုဝတ်ဆင်ပြီး ပုဂံမြေမှာလျှောက်လည်ခဲ့တဲ့ ရွှေကစ်လေး

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဝါဂွမ်းလေးလို ဖြူဥတဲ့အသားအရေလေးနဲ့ နတ်သမီးလေးတစ်ပါးလို လှသွေးကြွယ်လွန်းသူလေး ဖြစ်ပါတယ်။ ကိုရီးယားမလေးလို့တောင် ထင်မှတ်ရတဲ့ ရွှေကစ်လေးက အလှအပရေးရာနဲ့ ပတ်သက်ရင် ပြိုင်ဘက်ကောင်းလောက်အောင် ထင်ပေါ်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်က သူမတူတဲ့ အခမ်းနားဆုံးဖက်ရှင်တွေကို ဝတ်ဆင်တတ်တာကြောင့် ဖက်ရှင်ဘုရင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေကစ်လေးက ဖြုံဘူးရွာဓလေ့တွေကို ကွင်းဆင်းလေ့လာခဲ့ပြီး ပုဂံမြေကို ဆက်လက်ခရီးထွက်ခဲ့ပါတယ်။ အလုပ်တွေပင်ပန်းခဲ့သမျှကို ပုဂံမြေမှာ စိတ်လွတ်ကိုယ်လွတ် အနားယူအပန်းဖြေနေတဲ့ ရွှေကစ်လေးက သူမရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ အခုလည်း ရွှေကစ်က မြန်မာတို့ရဲ့ပုဂံမြေပေါ်မှာ နတ်သက်ကြွေလာတဲ့ အလှမိမယ်လေးတစ်ဦးလို အလှတွေဖြာနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးက မတူညီတဲ့ဖက်ရှင်ဒီဇိုင်းလေးတွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ဝတ်ဆင်ပြီး ပုဂံမြေမှာ လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ နေရာဒေသနဲ့ကိုက်ညီအောင် ဝတ်စားဆင်ယင်တတ်ပြီး ဖက်ရှင်ကျလွန်းတဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာ...

ချစ်သူလက်ကိုဆွဲပြီး ပုဂံမြို့အနှံ့ လျှောက်လည်နေတဲ့ လွှမ်းပိုင်

ပရိသတ်တွေ အားကျချစ်ရတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့ ပြီးပြည့်စုံတဲ့ အချစ်ရေးကို ပုံဖော်ဖန်တီးနေကြတာပါ။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်း (၉)နှစ်ကျော်ကြာအထိ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ လက်တွဲနိုင်ခဲ့တာမို့ ပရိသတ်တွေချစ်တဲ့ စံပြအတွဲလေးဖြစ်ပါတယ်။ လတ်တလောမှာတော့ လွှမ်းပိုင်က ချစ်သူနဲ့အတူ ပုဂံမြေသို့ အလည်အပတ် ရောက်နေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ပုဂံမြေမှာ လျှောက်လည်ရင်း ပျော်ရွှင်ကြည်နူးနေတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ Bobby Soxer ကတော့ “Got my own personal local guide ? ” ဆိုပြီး အနီးကပ်စောင့်ရှောက်ပေးနေတဲ့...

ဗစ်​တိုးရီးယားပုံကို​တွေ့​အောင်​ရှာပြီး အွန်​လိုင်း​ပေါ် ဖြန့်​ပစ်​မယ်​ဆိုတဲ့သူက ​ကျောင်းဆရာတစ်​ဦးဖြစ်​​နေ

ဗစ်​တိုးရီးယား​လေးကို ရိုင်းပျ​အောက်​တန်းကျစွာ ​စော်​ကားပုတ်​ခတ်​ပြီး အရွယ်မရောက်သေးတဲ့ ကလေး ပုံကို ဖြန့်မယ်လို့ ခြိမ်းခြောက်စော်ကားတဲ့သူ​တစ်​​ယောက်​ရဲ့လုပ်​ရပ်​လဲ အွန်​လိုင်းမှာ​ပေါ်လာခဲ့ပြီး သမီး​လေးရဲ့အမှန်​တရားအတွက်​ Justice For Victoria အဖြစ်​ ရပ်​တည်​ခဲ့ကြတဲ့ ပြည်​သူအများ အင်​မတန်​စိတ်​မ​ကောင်းစရာဖြစ်​ခဲ့ရတာ အမှန်​ပါ။ဖြစ်​စဉ်​က ဒီလိုပါ။ သူဟာ ဗစ်​တိုးရီးယား​လေးအမှုကို လိုက်​ပါ​ဆောင်​ရွက်​​နေတဲ့ သက္ကမိုးညိုရဲ့​အ​ကောင့်​မှာ သမီး​လေးကို “ဒီက​လေးမလဲ မုဒိမ်းကျင့်​ခံရ​တော့မှ နာမည်​ကြီး​တော့တာပဲ” လို့ Kha Ma Moe ဆိုတဲ့ အ​ကောင့်​တုနဲ့ လာ​ရောက်​​စော်​ကား​ရေးသားသွားတဲ့အပြင်​ကို “ဗစ်​တိုးရီးယားပုံကို ရ​အောင်​ရှာပြီး လိုင်း​ပေါ်ဖြန့်​ပြမယ်​” လို့ ​ယုတ်​မာ​အောက်​တန်းကျပြီး ရုန့်​ရင်းကြမ်းတမ်းစွာ ​ပြောဆို​ရေးသားခဲ့တာဖြစ်​ပါတယ်​။ ပန်​ဆယ်​လိုရဲ့ ကွန်​မန့်​​ရေးသားချက်​အရ သမီး​လေးပုံတင်​ချိန်​ကလဲ ​” ​မွေးစားအ​ဖေ မုဒိမ်းကျင့်​တာ ခံရမယ့်​ရုပ်​”လို့ အခုလို အ​ကောင့်​တုနဲ့ပဲ ​ရေးသားခဲ့ဖူး​သေးတာပါလို့ သိရပါတယ်​။ ” သူကြီးလာရင်​ အပျိုဆိုပြီး ​ယောကျာင်္း​တွေကို ဂျင်းထည့်​​တော့မှာပဲ။ မသိတဲ့သူက အပျိုမှတ်​လို့ယူပြီးမှ ငယ်​ငယ်​ကတည်းက...

ဗစ်တိုးရီးယားလေး မေမေရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို မေးခွန်းထုတ်လိုက်တဲ့ ဂျွန်လွင်

ယခုအချိန်ထိ ရှင်းနေတဲ့ ပြဿနာတစ်ခုကို အမှုမှန်ပေါ်ပေါက်ဖို့ ကြန့်ကြာနေဆဲဖြစ်တဲ့ နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတစ်ခုရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး အများပြည်သူတွေ အရမ်းကို စိတ်ဝင်တစားရှိလှပါတယ်။ အဲ့ဒီအမှုကို အနုပညာရှင်တွေကလဲ ၀န်းရံနေကြသလို အခြားသော အဖွဲ့အစည်းတွေကလဲ ၀န်းရံနေကြတာရှိပါတယ်။ ဇူလိုင်လ (၂၄)ရက်နေ့ မှာတော့ ဒီနေ့နေပြည်တော်ဒက္ခိဏသီရိခရိုင်တရားရုံးမှာ စစ်ဆေးမှု တစ်ခုပြုလုပ်နေပြီး ဗစ်တိုးရီးယားလေးရဲ့ မိခင်ဖြစ်သူကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါစစ်ဆေးချက်မှာ တော့ “သမီးက သူ့ကို ကိုကိုလုပ်တဲ့အကြောင်း အမူအယာနဲ့ လုပ်ပြပါတယ်။ ကိုကိုက အပြင်ကလား၊ ကျောင်းကလားလို့ မေးမြန်းတဲ့အခါမှာတော့ အပြင်ကမဟုတ်ဘူးလို့ သမီးက ပြန်ပြောပါတယ်။ ဘယ်နေရာမှာလဲ မေးတဲ့ အခါ အခန်းကျယ်ထဲကို ကိုကို က ခေါ်သွားတယ်လို့ ပြောပြီး၊ ကိုကိုဘယ်နှစ်ယောက်လဲမေးတော့ Two လို့ အင်္ဂလိပ်လို ဖြေပါတယ်။ မြန်မာလိုလည်း နှစ်ယောက်လို့ ဖြေပါတယ်။ ဒါကို ဘယ်သူမှ...

x