Category: အနုပညာ

ရှာဖွေစုဆောင်းထားတဲ့ငွေကြေးတွေနဲ့ ပြင်ဦးလွင်မှာအိမ်ဆောက်ဖို့ ခြံအကျယ်ကြီးဝယ်လိုက်တဲ့ ဆုပန်ထွာ

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ တစ်ခေတ်တစ်ခါကတည်းက ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဆုပန်ထွာက သားလေးတစ်ယောက်ပိုင်ဆိုင်ထားရပြီး မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆုပန်ထွာတို့မိသားစုလေးက ပြင်ဦးလွင်မှာအိမ်ဆောက်ပြီးနေထိုင်ဖို့ ခြံအကျယ်ကြီးတစ်ခြံကို ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ဝယ်ယူလိုက်ပြီပဲ ဖြစ်ပါတယ်။ ပေ၆၀၊ ပေ၁၂၀ရှိတဲ့ခြံကြီးကို ဝယ်ယူဖြစ်ခဲ့ပုံကိုတော့ ဆုပန်ထွာက ”ကိုယ်မိသားစုလေး ဒီခြံလေးဝယ်ဖို့တော်တော်ကြိုးစားရပါတယ်။ အသက်ကြီးလာတဲ့အခါ သားတော်မောင်နဲ့ အဖိုးကြီး၊အဖွားကြီးနှစ်ယောက် အေးအေးလူလူပြင်ဦးလွင်မှာနေချင်တာရယ် တစ်ထပ်အိမ်လှလှလေးဆောက်ဖို့ရယ်ကကိုယ့်စိတ်ကူး။ ကိုယ်ချစ်ရသောသူများကိုလည်း အသက်ကြီးလာတဲ့အခါအတူတူနေချင်လို့ လိုက်လိုက်ဝယ်ပေးရတာအမော၊ လုပ်ပေးရင်းစိတ်ကူးနဲ့ကိုယ်ကပျော်နေမိတာလေ။ ဒီနေ့ပြင်ဦးလွင်မှာ ဘယ်သူမှမသွားရဲမလာရဲကြ။ပြဿနာပေါင်းစုံဖြစ်နေလည်း ကိုယ်ကတော့အသွားမပျက် ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေ မကြောက်မလန့်လျောက်သွားပစ်လုပ်ပစ်ရတာပဲ။ တချို့သူငယ်ချင်းတွေစိတ်ပူပြီး အခုချက်ချင်းရန်ကုန်ပြန်ဆင်းတော့ဆိုတာချည်းပဲ။ စိတ်ပူပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကျေးဇူးပါ။နောက်တစ်ရက်ပြင်ဦးလွင်ထပ်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒီတော့ဒီနေ့ပီးအောင်လုပ်မှဖြစ်မှာလေ။ Roar Roar လေးကျောင်းတက်နေရတာမို့ သူ့နားလည်းနေပေးရဦးမှာမို့။၂ရက်လောက်ထားခဲ့ရတာ၊ မနက်ကအိပ်မက်ထဲကိုယ့်မှာငိုလိုက်ရတာလေ။ အခုလည်း ခမည်းခမက်အတွက်သူတို့ခြံကြီးငွေချေစာချုပ်ချုပ်တာ ကိုယ်ကိုယ်တိုင်လုပ်ပေးရမှ။ ကိုယ်လည်းနေဖို့ဝယ်တာမို့ မြေခိုင်ခိုင်မာမာရှိဖို့ရယ်၊အိမ်ဆောက်ဖို့ဖြစ်ရယ်အဓိကပါ။ အခုတော့အားလုံးကိစ္စတွေပြီးပြီမို့စိတ်အေးရပါပြီ။ ” ဆိုပြီးပြောပြထားတာပဲ ဖြစ်ပါတယ်။ ဒီခြံကြီးကိုတော့...

သူမကိုယ်တိုင် အပြင်းအထန် ခံစားလိုက်ရတဲ့ ဆင်တုပ်ကွေးအကြောင်း ဝေမျှလိုက်တဲ့ မေသက်ခိုင်😨

သွက်လက်တဲ့ အမူအယာလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ ထူးခြားပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ရော၊ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေသက်ခိုင်က သူမကိုယ်တိုင် ခံစားနေရတဲ့ ဆင်တုပ်ကွေးအကြောင်း ဗဟုသုတအနေနဲ့ ပရိသတ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆင်တုပ်ကွေးရောဂါကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့တဲ့ မေသက်ခိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ မေသက်ခိုင်ကတော့ “ဆင်တုပ်ကွေး စာနည်းနည်းရှည်ပါမယ် မေကြီးက ၅ ကြိမ်လောက်မူးလဲလို့ ဘာဖြစ်မှန်းမသိ ဆေးရုံတင်လိုက်ရပါတယ် ၆ လတစ်ခါ medical check-up လည်းလုပ်ထားတော့ ဘာရောဂါမှလည်းထွေထွေထူးထူးမရှိပါခြေဆစ်တွေ လက်ဆစ်တွေယောင်ပြီးလှုပ်မရတော့တာ လက်ဆစ်တွေဖောင်းပြီးကြီးလာတာ အထိမခံနိုင်အောင်နာတာ လက်ကဘာမှကိုင်မရတာ ခြေထောက်တွေယောင်တာပါ ဆင်တုပ်ကွေး / သွေးလေးဖက်နာနဲ့ဆင်တူပေမဲ့ လေးဖက်နာပိုးစစ်ထားပြီးသားမှာလည်းမရှိ ထပ်စစ်တော့လည်းမတွေ့ပါ ခေါင်းအစခြေအဆုံးရောဂါရှာပေမဲ့ ဘာမှလည်းဖြစ်မနေပါ ဆေးရုံ ၅ ရက်လောက်တက်ရပြီး နည်းနည်းသက်သာလာတော့ အိမ်ပြန်ရောက်ပါပြီ...

ချွေးနည်းစာနဲ့ စုဆောင်းထားတဲ့ ရံပုံငွေနဲ့ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့တဲ့ လူကြမ်းသရုပ်ဆောင်များ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေသလို အနုပညာရှင်များကလည်း သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီနေကြတာ ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်များစုစည်းထားတဲ့ ကိုလူချောအဖွဲ့ကလည်း ရေဘေးသင့်ပြည်သူများကို သူတို့တတ်နိုင်တဲ့ ငွေအား၊ လူအားနဲ့ တက်နိုင်သလောက်လေး ကူညီပေးနေတာကို တွေ့ရပါတယ်။ ကိုလူကြမ်းအဖွဲ့သားတွေက လှိုင်သာယာမြို့နယ် အောင်ချမ်းသာရွာ ရေမြှပ်၍ချက်ပြုတ်မစားနိုင်သောကြောင့် ကိုလူချောအဖွဲ့သားများချွေးနည်းစာဖြင့်စုဆောင်းထားသော ကိုလူချောအဖွဲ့ပိုင် ရံပုံငွေဖြင့် ဆန် နှင့် ငွေသားများ သွားရောက်လှူဒါန်းခဲ့တယ်လို့  သိရပါတယ်။ ဒါ့အပြင် ကိုလူကြမ်းအဖွဲ့သားတွေက မွန်ပြည်နယ် မော်လမြိုင်မြို့က ရေဘေးဒုက္ခသည်တွေအတွက် ရန်ကုန် နာရေးကူညီမှုအသင်းနဲ့အတူတူ လိုက်လံကူညီဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ လူကြမ်းမင်းသားကြီးတွေကတော့ သူတို့ရဲ့ ချွေးနည်းစာလေးတွေ စုဆောင်းပြီး ထမင်းရှင် ပြည်သူတွေရဲ့ အခက်အခဲကို ကူညီပေးနေတာပဲ...

မင်းဦးနဲ့ ၁၀ နှစ်တွဲပြီး ကျန်တဲ့အချစ်တွေက ဘာမှမဟုတ်ဘူးဆိုတဲ့ ထက်ထက်မိုးဦး

တချိန်တုန်းက ပြိုင်ဖက်ကင်း မင်းသမီး တယောက်ဖြစ်ခဲ့ပြီး မြန်မာတနိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ အချစ်ရေးဖက်မှာတော့ သူ့အနေနဲ့ ကံမကောင်းခဲ့ပါဘူး။ သူ့အနေနဲ့ အချစ်ရေးကို ကံမကောင်းတာများလာတော့ လက်ရှိမှာ တယောက်ထဲရပ်တည်နေပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ အချစ်ရေးတွေနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။ထက်ထက်မိုးဦးကတော့ အချစ်ရေး ကံမကောင်းခဲ့တာနဲ့ ပတ်သက်ပြီး “ငယ်ငယ်တုန်းကတော့ ကိုမင်းဦးနဲ့ ၁၀ နှစ်ကျော်တွဲခဲ့တယ်။ အရမ်းချစ်ခဲ့တာပဲလေ။ အဲ့ဒါတွေ ပြီးသွားတဲ့နောက်ပိုင်းမှာတော့ အကြာကြီးချစ်ခဲ့ပြီးမှ ကျန်တဲ့ အချစ်တွေကတော့ ဘာမှမဟုတ်သလိုပဲ။ ပထမဦးဆုံးကတော့ ရင်ခုန်တာပေါ့။ ဒါတွေကလည်း ပြီးခဲ့ပါပြီ” မထက် အချစ်ရေး ကိစ္စအပေါ် ဘယ်လောက်ထိ ခံစားရလဲဆိုတဲ့ မေးခွန်းကိုတော့ “အသက်တွေ ပြောင်းလဲလာတာနဲ့ အမျှ အချစ်ဆိုတာထက် ဘဝတခုကို ဘယ်လိုကောင်းအောင် တည်ဆောက်ရမလဲပေါ့။ အဲ့လိုပဲ ရပ်တည်ရတာပေါ့။...

ပိုင်တံခွန်မျက်နှာနဲ့ ရေဘေးအတွက် သိန်း(၇၀) ကျော် လာရောက်လှူဒါန်းကြတဲ့ ထိုင်းပရိသတ်များ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေသလို အနုပညာရှင်များကလည်း သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီနေကြတာ ဖြစ်ပါတယ်။ မင်းသားချောပိုင်တံခွန်ရဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေကလည်း မြန်မာနိုင်ငံရဲ့ ရေဘေးဒုက္ခအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေနဲ့ မြန်မာပရိသတ်တွေ စုပေါင်းပြီး မွန်ပြည်နယ် ကျိုက်မျော်မြို့ မယ်သရိုရက်ကွက်က ရေဘေးသင့်ပြည်သူတွေအတွက် အလှူပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေက စုပေါင်းပြီး အလှူခံကြရာ (ထိုင်းဘတ်(၁၄၀,၀၀၀) ) မြန်မာငွေ (၇,၀၀၀,၀၀၀) တိတိအထိ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့ကြတဲ့ ပိုင်တံခွန်ရဲ့...

ပရဟိတလုပ်ရင်း မော်လမြိုင်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေလျက် ရှိပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အခုဆိုရင် ရေကြီးရေလျှံမှုနဲ့ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့် ပြည်လင်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေရလျက် ရှိပါတယ်။ ပရဟိတ မင်းသား ဝေဠုကျော်ကလည်း ရေကြီးမှုစတင်ဖြစ်ပွားစဉ်ကတည်းက မော်လမြိုင်နဲ့ ရေးမြို့တွေမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝေဠုကျော်က မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုတွေ လာရောက်ပြုလုပ်တဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းနဲ့ မော်လမြိုင်မြို့မှာ အမှတ်မထင် ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းကလည်း မော်လမြိုင်က ရေဘေးသင့်ပြည်သူတွေကို လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးဖို့အတွက် သူမရဲ့ ဖခင်နဲ့အတူတူ ဒီကနေ့ပဲ မော်လမြိုင်ကို...

အဒေါ်ဖြစ်သူစိုးမြတ်သူဇာရဲ့ Mobile Legends Profile ပုံလေးကိုဆေးထိုးလိုက်တဲ့ တူလေးမြတ်သောမောင်

အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေထဲတွင် စိုးမြတ်နန္ဒာလည်းတစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့တာပဲဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုတွေပါ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ မြန်မာဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာလည်း ဖြစ်ပါတယ်။ သူမဟာ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို သိပ်လုပ်တာမတွေ့တော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါဒါဟာ စိုးညီအစ်မများနဲ့အတူ မင်းသမီး ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒါဒါရဲ့ သားလေးမြတ်သောမောင်ကတော့ သူ့ရဲ့ အဒေါ်ဖြစ်သူကို ပုံရိပ်လေးတစ်ပုံနဲ့ ဆေးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကတော့ Mobile Legends ထဲက မကြီးစိုးရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ ဒီပုံရိပ်လေးကိုတော့ မေမေစိုးမြတ်နန္ဒာက သူမရဲ့ Instagram မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သူတို့တူအရီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်စကြ နောက်ကြနဲ့ သိပ်ကိုကြည်နူးစရာကောင်းတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်...

မီးမီးကို လုပ်တာ” ကိုကို နဲ့ ညီညီ “လို့ ဓာတ်ပုံရွေးပြီး ဗစ်တိုးရီးယား ထုတ်ပြောပြီ(ရုပ်/သံ)

နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ် လိင်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူဟာ ဆရာမ ဒေါ်ဥမ္မာလှိုင်ရဲ့သား ၂ ယောက်ဖြစ်တဲ့ ကိုကိုနဲ့ ညီညီ ဖြစ်တယ်ဆိုတာကို ကာယကံရှင် ဗစ်တိုးရီးယား ထုတ်ဖော်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တခုကို တရားလိုတွေက ဒီနေ့ ပြုလုပ်တဲ့ ဒက္ခိဏခရိုင် တရားရုံးက တင်ပြလိုက်ပါပြီ။ ဗီဒီယိုဖိုင်ထဲမှာ တီချယ်နှင်းနု၊ ကိုကို၊ ညီညီ၊ တရားခံလို့ စွပ်စွဲခံရထားရတဲ့ ကိုအောင်ကြီးနဲ့ ကိုကိုရော ညီညီပါ ပါတဲ့ ဓါတ်ပုံ ၅ ပုံကို ချပြလိုက်တဲ့အခါ ကိုကိုနဲ့ ညီညီပုံကို ဆွဲထုတ်ပြပြီး မီးမီးကို လုပ်တာ ဒီကိုကိုနဲ့ ညီညီလို့ ဗစ်တိုးရီးယားလေးက ပြောခဲ့တယ်လို့ သိရပါတယ် Video ကြည့်ရန် Source : Irrawaddy

လူရွှင်တော်ကြီး မန်းဝင်းရဲ့မျက်လုံးတွေ ပြန်လည်ကောင်းမွန်လာအောင် ခွဲစိတ်ကုသပေးမယ့် ရဲအောင်

အပြုံးချိုချိုနဲ့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတဲ့ မင်းသားချော အကယ်ဒမီ ရဲအောင်က ငယ်စဉ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ရာမှ အခုချိန်ထိတိုင် အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေတဲ့ မင်းသားကြီးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိ ကွက်တိသရုပ်ဆောင်နိုင်တဲ့ ရဲအောင်က အခုချိန်ထိတိုင် ရုပ်ရှင် ဇာတ်လမ်းတွေကို လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်စေတနာလည်း ကောင်းမွန်တဲ့ မင်းသားချောရဲအောင်က လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီး မန်းဝင်းအတွက် မျက်လုံးခွဲစိတ်ကုသပေးတော့မယ်လို့ သိရပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းအတွက် ရဲအောင်က မျက်စိခွဲစိတ်ကုသပေးဖို့ အစစအရာရာ ကူညီခဲ့တာကြောင့် “grand hantha ဆေးရုံကြီးမှာ အကယ်ဒမီကိုရဲအောင်၏ အကူအညီဖြင့် မျက်စိခွဲစိပ်ရန် မျက်စိအထူးကုဆရာဝန်ကြီးဖြင့် ပြသ။ စိတ်ရောလူရော အပင်ပန်းခံကူညီပေးပါသော အကယ်ဒမီကိုရဲအောင်ကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဆိုပြီး မန်းဝင်းက ကျေးဇူးတင်စကားဆိုထားပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းက ကျောက်ကပ်ရောဂါဝေဒနာကို...

တစ်အိမ်ကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ အိမ်ခြေ ၃၆ အိမ်အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ဖြိုးမြတ်အောင်

သထုံမြို့ နယ်အတွင်းရှိ လေဘေးသင့်ပြီးအိမ်ပြိုသွား သောအိမ်ရှင်များအတွက် အဆိုတော် ဖြိုးမြတ်အောင်မှအလှူ ငွေလာရောက်လှူ ဒါန်း 14 : 8 : 2019 နေ့ မွန်ပြည်နယ် သထုံမြို့ နယ် မဲဆန္ဒနယ် အမှတ်( ၁ )နယ်မြေတာဝန်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့နှင့်ချိပ့်ဆက်၍ အဆိုတော်ဖြိုးမြတ်အောင်နှင့်အဖွဲ့ သထုံမြို့ နယ်တွင်းလေဘေးသင့်ပြီးအိမ်ပြိုသွားသောအိမ်ရှင်များအားတစ်အိမ်ကို(၅၀၀၀၀) ကျပ်တိတိ ( အိမ်ခြေ ၃၆ အိမ် ) ဘုန်းတော်ကြီးကျောင်း( ၄ )ကျောင်း စုစုပေါင်းလေဘေးသင့် ပြည်သူအတွက်( ၂၀ )သိန်းကျပ်တိတိ လှူ ဒါန်းခဲ့ပြီး သထုံမြို့ နယ်ရေဘေးစခန်း ( ၄ )နေရာအတွက် ဆန်ဘိုး ( ၁၃၇၅၀၀၀ )ကျပ်တိတိ တစ်ဆယ်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်တိတိကိုရေဘေး အတွက်လှူ ဒါန်းပေးခဲ့ပါသည်။ သထုံမြို့ နယ်အတွက်အလှူ ငွေစုစုပေါင်း (၃၃၇၅၀၀၀ ) ကျပ်တိတိကို အဆိုတော်ဖြိုးမြတ်အောင်ကိုယ်တိုင်လာရောက် လှူ...

error: Content is protected !!