Category: အနုပညာ

ရွှေထူးကိုစတွေ့တဲ့နေ့က ဒီကောင်က အချိုးတော့ပြေပုံမရဘူး ငါနဲ့တော့တွေ့ပြီပေါ့ လို့ထင်မိတဲ့ ဖြိုးငွေစိုး

ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖြိုးငွေစိုးကိုဆိုရင် ပရိသတ်တွေက သူပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားလေးတွေကို ကြည့်ပြီး အားပေးချစ်ခင်လာခဲ့တာဖြစ်ပါတယ်။ဖြိုးငွေစိုးက ဟာသဆိုရင် ပိုင်နိုင်ပီပြင်ပြီး ပရိသတ်တွေရဲ့ အမောတွေဖြေဖျောက်နိုင်စွမ်းရှိပါတယ်နော်။ဖြိုးငွေစိုးက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖြိုးငွေစိုးက သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သူနဲ့တူတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားလို့ မိသားစု၃ယောက် စိုစိုပြေပြေပါပဲနော်။ဖြိုးငွေစိုးက အားကစားလည်းလိုက်စားပြီး မိသားစုကိုလည်း အချိန်ပေးဂရုစိုက်နေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင် ဖြိုးငွေစိုးကတော့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ထားပါတယ်နော်။ ပရိသတ်တွေကတော့ ဖြိုးငွေစိုးကို ဟာသဇာတ်ကားတွေနဲ့သာ ကြည့်နေကျဖြစ်လို့ အခုဧည့်သည်ဇာတ်ကားထဲမှာတော့ ဇာတ်ရုပ်တစ်မျိုးလေးနဲ့ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာပါနော်။ဖြိုးငွေစိုးက အတူတူပါဝင်သရုပ်ဆောင်တဲ့ ရွှေထူးကို”စတွေ့တဲ့နေ့က ဒီကောင်ကတော့ အချိုးတော့ပြေပုံမရဘူး ငါနဲ့တော့တွေ့ပြီပေါ့ တကယ့်တကယ်တမ်းက အဲ့လိုမဟုတ်ရှာဘူး”ဆိုပြီးရွှေထူးနဲ့ပက်သက်ပြီး အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်နော်။ Source:Myanmarload TV

အရမ်းလှနေတဲ့ ရွှေမင်းသမီးချောလေး ဝင့်ယမုံနိုင်ကို တစိမ့်စိမ့်ကြည့်ကာ မလွှတ်တမ်းဖက်ထားတဲ့အောင်ရေချမ်း

သရုပ်ဆောင် အောင်ရေချမ်းနဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်တို့နှစ်ယောက်ကတော့ ” ကျွန်မက မဟေသီ ” ဇာတ်လမ်းတွဲလေးမှာ ပရိသတ်တွေရဲ့အချစ်ကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ သူတို့နှစ်ယောက်က မင်းမျိုးနွယ်နဲ့ စံမြန်းဆိုတဲ့ ဇနီးမောင်နှံလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာတဲ့ သူတို့နှစ်ယောက်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ယောက်က မဂ္ဂဇင်းမျက်နှာဖုံးနဲ့ ကြော်ငြာတွေကို နှစ်ယောက်အတူ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုလည်း အောင်ရေချမ်းနဲ့ ယမုံတို့နှစ်ယောက်က ” စိန်နန်းတော် ” ရတနာဆိုင်အတွက် ခမ်းနားလှပတဲ့ ဝတ်စုံတွေနဲ့ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးပေးခဲ့ရပါတယ်။ တော်ဝင်ဆန်ဆန် ခမ်းနားမှုတွေနဲ့ မြင်တွေ့ရမယ့် သူတို့နှစ်ယောက်ကတော့ အရမ်းကို လိုက်ဖက်ညီပြီး ကြည့်ကောင်းနေကြတာ ဖြစ်ပါတယ်။ အခုလည်း အောင်ရေချမ်းနဲ့ ဝင့်ယမုံနိုင်တို့က အသစ်ထွက်ရှိလာတဲ့ စိန်နန်းတော်ကပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ပေးထားတာ တွေ့ရပါတယ်။...

ကိုရီးယားရောက်မြန်မာပရိသတ်တွေကိုယ်စား ကင်ဆာရောဂါခံစားနေရတဲ့ မနွယ်နီကို ထောက်ပံ့ငွေပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေက ကင်ဆာဝေဒနာခံစားနေရတဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီအတွက် ကိုရီးယားရောက် မြန်မာပရိသတ်များကိုယ်စား ငွေကျပ် ၆သိန်း ၈သောင်းကျော် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ စွမ်းစွမ်းတမံဆောင်ရွက်လေ့ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ဇာတ်ပို့သရုပ်ဆောင် နွယ်နီအတွက် ကိုရီးယားနိုင်ငံမှာရှိတဲ့ ပရိသတ်တွေရဲ့ အလှူငွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ‘’ရှေ့တစ်ပတ်က ဇာတ်ပို့ သရုပ်ဆောင် မနွယ်နီကို ကျွန်မ သွားရောက် လှူဒါန်းခဲ့သော အလှူလေးကိုမြင်ပြီး ကိုရီးယားနိုင်ငံရောက် ကြယ်စင်ကိုနှင့်သူငယ်များ အဖွဲ့မှ အလှူငွေကျပ် ၆၈၄၅၀၀ ကျပ်တိတိကို ယနေ့ ညနေတွင် ကျွန်မ သွားရောက်လှူဒါန်းပေးရင်း အားပေးစကားများလည်းပြောကြားပေးခဲ့ပါတယ်ရှင်’’ အဲဒီနောက် ကင်ဆာရောဂါ ခံစားနေရတဲ့ မနွယ်နီကလည်း ကျန်းမာရေးသက်သာတာကို တွေ့ရပြီး တုတ်ထိုးအကင်လေးတွေ ရောင်းချနေတာကို တွေ့ရပါတယ်။ ‘’မနွယ်နီက အခုဆို ကင်ဆာဆေး တစ်ကြိမ် သွင်းပြီးသွားပြီဖြစ်ပြီး ကျွန်မ သွားရောက်လှူဒါန်းထားသော အလှူငွေများကိုလည်း ဘဏ်အကောင့်ဖွင့် စုထားကာ ကျွန်မ...

ချစ်သူကို ချစ်ရဲ့ နဲ့လမ်းခွဲခဲ့ရတာပါ ဆိုတဲ့အောင်ရေချမ်း

ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ကိုတင်ဖေလို့ခေါ်တဲ့ အောင်ရေချမ်းကိုတော့ အထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူကတော့ ချစ်သူနဲ့(၃)နှစ် ကြာလက်တွဲခဲ့ပြီးတော့ အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ ချစ်ရဲ့ နဲ့လမ်းခွဲခဲ့ရတာပါဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ ”ပြဿနာဖြစ်တာတော့ခုမှမဟုတ်ပါဘူး။ ဟိုးအရင်တည်းကပါ သူက ကလေးစိတ်ရှိတော့ အရင်တည်းက အချစ်ရေးပြဿနာလေးတွေရှိတယ်။ကျွန်တော်ကအနုပညာရှင်တစ်ယောက်ဖြစ်တယ်။ အဲတော့ကျွန်တော်နဲ့တွဲလုပ်တဲ့အနုပညာရှင် ညီအကိုမောင်နှမတွေက မောင်နှမတွေပဲ ကျွန်တော်လည်းသစ္စာတရားနဲ့ အလုပ်လုပ်တယ် အချိန်တန်ရင်အိမ်ပြန်တယ်။ ပြီးရင်ချစ်သူနဲ့တွေ့ ဒါပဲကျွန်တော်လုပ်ခဲ့တာ ဒါပေမယ့် အလုပ်တွေများလာတဲ့အချိန်မှာတစ်ယောက်နဲ့ တစ်ယောက်က အချိန်မပေးနိုင်လို့ မတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရတာပါ ။ ချစ်ရဲ့နဲ့ လမ်းခွဲလိုက်တာလို့လည်းပြောလို့ရပါတယ်လို့ ပြောပြထားပြီးတော့ အနုပညာရှင်နဲ့ အပြင်လူကွာခြားတယ်ဆိုတာကိုလည်း “ကျွန်တော်အနုပညာရှင်တွေက တခြားစီပွားရေးသမား၊ ကျောင်းသား၊ ဝန်ထမ်းတွေနဲ့တော့မတူဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အနုပညာရှင်တွေက မင်းသမီးတွေနဲ့ ဖက်ရမယ် ကြင်နာရမယ် အဲလိုမျိုးအများကြီးရှိတော့ ဘယ်သူမဆို ကိုယ့်ရည်းစားတစ်ယောက်ကို တခြားကောင်မလေးရဲ့ရင်ခွင်မှာ ရုတ်တရက်မြင်နေရင်တော့ အပြင်မိန်းကလေးတစ်ယောက်အနေနဲ့ ခံစားရမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့အနုပညာရှင်တွေကိုနားလည်ပေးကြပါလို့ပြောချင်ပါတယ်။ နောက်ထပ်အချစ်ရေးကတော့ နောက်ဆိုဘယ်တော့မှရှိလာတော့မှာမဟုတ်ပါဘူး။ အနုပညာကိုပဲပိုချစ်တယ်...

LGBT ကလေးငယ်များကို မိဘတွေအနေနဲ့ နားလည်ပေးဖို့ တောင်ဆိုလိုက်တဲ့ မေဦး

မနေ့က မေလ(၂၃) ရက်နေ့မှာတော့ အသက်(၁၇) နှစ်အရွယ် လူငယ်လေး ကိုယ့်ကိုကိုယ် သေကြောင်းကြံပြီး သေဆုံးသွားတဲ့ အဖြစ်အပျက်က အားလုံးကို ထိတ်လန့်တကြား ဖြစ်စေခဲ့ပါတယ်။ သေဆုံးသွားတဲ့ လူငယ်လေးက လိင်တူချစ်သူတစ်ဦးဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို မခံနိုင်တော့တဲ့အဆုံးမှာ သူ့ကိုယ်သူ ထွက်ပေါက်ရှာတဲ့ အနေနဲ့ အခုလို အဖြစ်ဆိုးကြီးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိုလူငယ်လေး သေဆုံးသွားတဲ့ အဖြစ်ဆိုးကြီးက LGBT လောက တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး မိတ်ကပ်မေဦးကလည်း အခုလို စိတ်မကောင်းစကား ဆိုထားပါသေးတယ်။ “ကလေးရေ ငြိမ်းချမ်းစွာ အနားယူပါတော့။ ကိုယ်မွေးထားတဲ့သားသမီး ယောက်ကျားအစစ် ဖြစ်ခြင်း၊ မိန်းမအစစ်ဖြစ်ခြင်း ဆိုတာထက် မိဘအပေါ်ကိုနားလည်သိတတ်တဲ့သားကောင်းရတနာ သမီးကောင်းရတနာဖြစ်ဖို့ပဲအရေးကြီးတာပါ။ လူတစ်ယောက်ရဲ့မွေးရာပါဖြစ်တည်မှုကို ဇွတ်အတင်းလုပ်ယူခြင်းဖြင့်ပြောင်းမလဲကြပါနဲ့ မိဘများ 🙏🏻 လူ့အသိုင်းအဝိုင်းများ ခဗျာ။ လူ့အသက်တစ်ချောင်းတန်ဖိုးထားကောင်းပါတယ်” ” လူ့အသက်တစ်ချောင်းတန်ဖိုးထားကောင်းပါတယ်။ ဒီလိုကိစ္စတွေမကြာမကြာမြင်တွေ့နေရတာစိတ်မကောင်းဘူး...

ရုပ်ရှင်အစည်းအရုံးအမှုဆောင်တစ်ချို့နဲ့ ကစ်ကစ်ထံသွားရောက်အားပေးခဲ့တဲ့ ဦးဝင်းမြိုင်

အဖေဇာတ်ဝင်ခန်းတွေကနေ ခန့်ခန့်ညားညား သရုပ်ဆောင်ပေးလေ့ရှိတဲ့ ဦးဝင်းမြိုင်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူ မရှိလောက်အောင် အရမ်းကို ရှားပါးလွန်းလှပါတယ်နော်။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့ဇာတ်ဝင်ခန်းတွေကို အပီအပြင် သရုပ်ဆောင်ပြသပေးလေ့ရှိတဲ့ ဦးဝင်မြိုင်ကတော့ ကစ်ကစ်သေဆုံးပြီဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စုံစမ်းလိုက်တော့ သေချာမသိခဲ့ရတဲ့အတွက် ရုပ်ရှင်အစည်းအရုံး အမှုဆောင်တစ်ချို့နဲ့ ကစ်ကစ် ဆေးရုံတင်ထားရတဲ့ ကုတင် (၅၀၀)ကိုသွားပြီး လန်းဆန်းစွာရှိနေဆဲဖြစ်တဲ့ သူမကို ဆေးကုသစရိတ် ထောက်ပံ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ်ထံသွားရောက်ပြီး ဆေးကုသမှုစရိတ်ထောက်ပံ့ပေးခဲ့တဲ့ ဦးဝင်မြိုင်ကတော့ ကစ်ကစ်တစ်ယောက် သက်ရှိထင်ရှားရှိနေပြီး လန်းဆန်းစွာရှိနေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ သတင်းကောင်းပါးထားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုသို့ သတင်းကောင်း ပါးထားခဲ့တဲ့ ဦးဝင်းမြိုင်ကတော့ ” “တုံးကျော်​မ ကစ်​ကစ်​” ဒီ​နေ့မနက်​​စော​စော fb သတင်း​တွေတက်​လာတယ်​ ကစ်​ကစ်​ ဆုံးပြီတဲ့ သတင်း​တွေလိုက်​စုံစမ်း​တော့ တိတိကျကျ မသိရတာနဲ့ ရုပ်​ရှင်​အစည်းအရုံး အမှု​ဆောင်​ အချို့နဲ့ မင်းရဲ​ကျော်​စွာလမ်း၊...

သူမနဲ့တစ်ထေရာတည်းတူတဲ့ ကလေးမလေးကို ကြည့်ပြီး အရမ်းချစ်နေတဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမနဲ့ တစ်ထေရာတည်းတူတဲ့ ကလေးမလေးပုံကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ် ချစ်စရာလေးနော် ကလေးမလေးက သင်ဇာနဲ့ တော်တော်ကို တူတာပဲနော်။ အဲ့ဒီကလေးမလေးကတော့ သင်ဇာဝင့်ကျော် ကိုယ်တိုင်ပဲ ဖြစ်ပြီး ဖုန်းမှ Snapchat Filter နဲ့ ရိုက်ကူးထားတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကလည်း သူမရဲ့ ကလေးပုံစံလေးကိုကြည့်ပြီး “ဒီတစ်ခါပဲ ကိုယ့်ကိုကိုယ် ချစ်ဖူးသေးတယ်” ဆိုပြီးလည်း ရေးထားပါသေးတယ်။ သင်ဇာ့ကို အခုလို ကလေးပုံစံလေးနဲ့ တွေ့ရတာ တော်တော်လေး ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဘေဘီသင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ကြည့်ပြီး...

ခင်ပွန်းဖြစ်သူက လန်ဒန်ကိုမလိုက်ဘဲ သူကိုတစ်ယောက်ထဲ စိတ်ချလက်ချလွှတ်လိုက်လို့စိတ်ကောက်နေတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသုတို့စုံတွဲလေးကတော့ အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေကြတဲ့ ပြည်သူချစ်အနပညာစုံတွဲလေးပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုတို့စုံတွဲလေးကတော့ ချစ်သူသက်တမ်း ၅ နှစ်အကျော်မှာ အိမ်ထောင်သည်ဘဝကို စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်တဲ့ အနပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အနပညာအလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်ရင်း ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ခေးလေး ပိုင်ဖြိုးသုတစ်ယောက်ဟာ ကလေးငယ်လို ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စရာကောင်းနေပြီး လန်ဒန်ကို ရောက်ရှိနေခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ ” သုသုတို့ ဒီနေ့ ASEAN Film Festival London 2019, “မီ” Premiere အတွက် London ကိုထွက်လာပါပြီ။SOAS, University of London 25 May, 2019 နေ့၊ 1 pm မှာ ဆုံကြမယ်နော်ဦးရေခဲက ဇာတ်ညွှန်းရေးနေလို့တဲ့ မလိုက်ဘူး ဒေါ်သုကိုတစ်ယောက်ထဲစိတ်ချလက်ချလွှတ်လိုက်လေရဲ့ Team...

အိမ်ထောင်သက်(၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ F4 မင်းသမီးလေး ဂင်ဂျန်ဒီ နဲ့သူမရဲ့ခင်ပွန်း မင်းသား အမ်ဂျယ်ဟွန်း

F4 လို့ မြန်မာပရိသတ်တွေ အသိများခဲ့ကြတဲ့ (၂၀၀၉) ခုနှစ်ရဲ့ အ အောင်မြင်ဆုံးသော ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Boys Over Flowers (2009) ရဲ့ အဓိက ဇာတ်ဆောင် မင်းသမီးလေးဖြစ်တဲ့ ဂင်ဂျန်ဒီ ခေါ် ခူဟေဆန် ကတော့ လက်ရှိမှာ အသက် (၃၄) နှစ်ရှိပြီဖြစ်ပြီး သူမ နောက်ဆုံးရိုက်ကူးထွက်ရှိခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲကတော့ Blood (2015) ဖြစ်ပြီး ဒီရုပ်သံဇာတ်လမ်းတွဲကတော့ သူမ ရဲ့ ဘ၀တစ်ခုလုံးကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုရမှာပါ။ အကြောင်းကတော့ ဒီ Blood (2015) ဇာတ်ကားမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အမ်ဂျယ်ဟွန် နဲ့ ချစ်ကြိုးသွယ်ကာ ချစ်သူတွေ ဘ၀ကို ရောက်ရှိခဲ့ကြပြီး တစ်သက်တာ လက်တွဲဖော် ၀ိညာဉ်ဖက်တွေ အဖြစ် တစ်ယောက်နဲ့ တစ်ယောက်ရွေးချယ်ခဲ့ကြတဲ့ထိ ချစ်မိသွားစေခဲ့လို့ပဲဖြစ်ပါတယ်။ မမ နဲ့ မောင်လေး...

အပြာမင်းသမီးပါလို့ အပုပ်​ချခံနေရတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေမတွက် သင်ဇာဝင့်ကျော် က အပြာမင်းသမီးပါလို့ အပြောခံလိုက်ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ သင်ဇာဝင့်ကျော်က မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးချောလေး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။ ဒီတစ်ခါမှာတော့ သင်ဇာ စိတ်ဆိုးနေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော် ။ အကြောင်းအရင်းကတော့ သင်ဇာ့က အပြာမင်းသမီးပါလို့ သင်ဇာ့ရဲ့ ချစ်သူကို သွားပြောထားတာပဲဖြစ်ပါတယ်။ လာပြောတဲ့ သူကို အပြာမင်းသမီးဆိုရင် video ပြပါလို့ ပြန်ပြောလိုက်တဲ့အခါမှာ တစ်ဖက်က ဂျပန်ကတုံးနဲ့ တွဲပြီးဖော်ပြထားတဲ့ ပုံတွေပို့ပေးလိုက်တယ် လို့ပြောထားတာပဲဖြစ်ပါတယ်။ သင်ဇာကလည်း သူ့ချစ်သူကို...

error: Content is protected !!