Category: အနုပညာ

မြင့်မြတ်ဆီက နာမည်ကျော် တန်ဖိုးကြီးလှတဲ့ လက်ဆောင်တစ်ခုကို ရလိုက်တဲ့ ဒိန်းဒေါင်

လူရွှင်တော် ဒိန်းဒေါင်ကတော့ယနေ့မှာ အပျော်ကြီးပျော်လို့နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက အနုပညာလောကမှာ အတူတူရုန်းကန်ခဲ့ကြဖူးတဲ့ အနုပညာညီအစ်ကိုတစ်ဦးဖြစ်တဲ့မြင့်မြတ်ဆီက တန်ဖိုးကြီးလက်ဆောင်လေးရရှိခဲ့လို့ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ယခုအချိန်မှာ သာယာတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီးယနေ့ဟာလည်း မြင့်မြတ်နဲ့ ဂျူနီယာမြင့်မြတ်လေးတို့ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ တနေ့တခြား ပိုပိုပြီးချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် မိသားစုတစ်ခုလုံးရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားတဲ့ ဂျူနီယာမြင့်မြတ်လေးက သိပ်ကိုကံကောင်းတဲ့သားလေးတစ်ဦးဖြစ်နေပါတယ်။ မြင့်မြတ်ကတော့ ယခုအချိန်မှာ ပရိသတ်ပေးတဲ့အကယ်ဒမီဆုကြီးကိုပါရရှိထားပြီးပါပြီ။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရုန်းကန်ခဲ့ကြဖူးတဲ့ စီနီယာဖြစ်သူ ကိုဒိန်းဒေါင်ကို မြင့်မြတ်ကတော့ တန်ဖိုးကြီးလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ မြင့်မြတ်ပေးလိုက်တဲ့ ဒိန်းဒေါင်အတွက်လက်ဆောင်ကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV အမှတ်တံဆိပ် ခါးပတ်ပဲဖြစ်ပါတယ်။ ယခုလိုမျိုးကမ္ဘာကျော်အမှတ်တံဆိပ်ကို လက်ဆောင်ရလိုက်လို့ ဒိန်းဒေါင်တစ်ယောက် ဝမ်းသာပျော်ရွှင်နေတဲ့အပြင် အနုပညာညီအကိုတစ်ဦးဖြစ်တဲ့ မြင့်မြတ်ဆီက ရရှိခဲ့လို့ ပိုပြီးပီတိတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်အတွက် မြင့်မြတ်ပေးလိုက်တဲ့ လက်ဆောင်ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ Source : We Love Cele Photos-Dain Daung

နှုတ်ခမ်းနီမလေးတွေကို အသည်းယားအောင်လုပ်လိုက်တဲ့ အောင်မင်းခန့်ရဲ့ ဗီဒီယိုဖိုင်

MRTV-4 ရဲ့ မြန်မာ ရုပ်သံဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ ထာဝရမန္တလေး၊ ဝိဉာဉ် ရှိုက်သံ၊ မနေ့က ဖြစ်သည် ၂ စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ စမတ်ကျပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ကိုကိုတစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ပြီးဆုံးသွားတဲ့ မနေ့က ဖြစ်သည် ၂ ဇာတ်လမ်းတွဲ မှာ လူသတ်သမား အဖြစ်သရုပ်ဆောင်ထားပင့်မယ့် အောင်မင်းခန့်ကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားရှိလို နေပါတယ်။ ပရိတ်သတ် မခိုင်အမာနဲ့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်နေပြီ ဖြစ်တဲ့ အောင်မင်းခန့်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမြဲတမ်း စမတ်ကျကျ ဒီဇိုင်းလေးတွေနဲ့ တွေ့ရတတ်တဲ့ အောင်မင်းခန့်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအောင်လုပ်လိုက်ပြန်ပါပြီ။ ပျော်ပျော်နေတတ်တဲ့ အောင်မင်းခန့်ရဲ့ ပုံစံလေးကို...

ပြောချင်တာတွေ ပြောလိုက်ရလို့ ကျေနပ်နေတဲ့ ရတနာဖြူဖြူအောင် ရဲ့ဗီဒီယိုဖိုင်

ရတနာဖြူဖြူအောင်ကတော့ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်သလိုဖြစ်နေခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ချစ်စရာမျက်နှာပေါက်လေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေ ရိုးသားတဲ့အကြည့်လေးတွေက သူမရဲ့ Trademark လို့ ခေါ်ဆိုရမှာပါ။ ရတနာဖြူဖြူအောင်တစ်ယောက် ပရိသတ်တွေနဲ့ ဝေးကွာနေတာမှန်ပေမယ့် သူမအမြဲသုံးနေတဲ့ ပေ့ခ်ျလေးမှာတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲလိုလိုတင်နေပါသေးတယ်။ နင်မရှိပဲငါမနေတတ်တော့ဘူးလေ…. ဆိုတဲ့တေးသီချင်းစာသားလေးနဲ့အတူ ရိုးသားတဲ့ ကျောင်းသူဘဝပုံရိပ်လေးတွေနဲ့ ပရိသတ်တွေ ရင်ထဲအရောက်ဝင်လာခဲ့သူလေးပါ။ အနုပညာအလုပ်တွေကိုတော့ အဆက်မပြတ်အောင်လုပ်ကိုင်နေပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာသလိုဖြစ်နေတဲ့ရတနာဖြူဖြူအောင်ကိုပရိသတ်ကြီးက မေ့မသွားအောင် သူမ တင်ထားခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်နော်။ ထို ဗီဒီယိုလေးမှာဆိုရင် သူမဟာချစ်စဖွယ်အမူအရာလေးနဲ့ သူမ ပြောချင်နေတာတွေကို ပြောလိုက်ရလို့ ကျေနပ်သွားတဲ့ပုံလေးကို ကလေးလေးတစ်ယောက်လို သရုပ်ဆောင်ပြထားတာဖြစ်ပါတယ်။ သူမပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်တင်ပေးဖို့ တောင်းဆိုနေကြတာလည်းတွေ့ရပါတယ်။ ယခုလိုမျိုးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ရတနာဖြူဖြူအောင်တစ်ယောက် သူမကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲတင်ပေးနိုင်ပါစေလို့ ဒါ့အပြင် သူမကို သတိရနေတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့...

ဝင့်ယမုံနိုင်ကို အနားမှာ တစိမ့်စိမ့်ကြည့်ရင်းအကြင်နာတွေပိုနေတဲ့ ကျော်ဆု

မြန်မာနိုင်ငံရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ ”The Sign Of Love” ဆိုတဲ့ အချစ်ဇာတ်လမ်းလေးမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့ကတော့ အခုဆိုရင် အနုပညာလောမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေတစ်ဆင့် လူသိများအောင်မြင်လာခဲ့တဲ့ သူတို့နှစ်ယောက်က အခုဆိုရင် ကြော်ငြာနဲ့ ဇာတ်ကားတွေများစွာ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သူတို့နှစ်ယောက်ကို အခုလည်း စုံတွဲလေးအဖြစ် တစ်ဖန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယမုံက ”ကျွန်မကမဟေသီ” ဆိုတဲ့ဇာတ်ကားလေးမှာ စံမြန်းဆိုတဲ့ကောင်မလေးအဖြစ် ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောက်က လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ကြည်နူးပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကျော်ဆုတစ်ယောက် ယမုံလေးကို ဘေးကနေတစ်ချိန်လုံး တစိမ့်စိမ့်ကြည့်ရင်း အကြင်နာပိုနေတဲ့ပုံရိပ်လေးတွေကို သူရဲ့ Facebook မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကိုတော့ သူငယ်ချင်း ဘုန်းရှိန်ထက်နဲ့ ကျော်ထက်ဇော်တို့က ရိုက်ကူးပေးထားတာ...

အနုပညာထက် စီးပွားရေးဘက်ပဲ ခြေဦးလှည့်ဖြစ်နေတဲ့ အနုပညာရှင်များ

အနုပညာလောကက အခုအချိန် မှာ အရာရာအားလုံး ပြောင်းလဲလို့ လာခဲ့ပါပြီ။ ခေတ်ရဲ့ပြောင်းလဲ မှုတွေနဲ့အတူ နည်းပညာတိုးတက် မှုတွေကအစ ပြောင်းလဲလို့လာခဲ့ တာပါ။ ဒါ့အပြင်အရင်တုန်းက သရုပ်ဆောင်တွေကတော့ အနုပညာ ကလွဲရင် တခြားစီးပွားရေးဘက်ကို မလှည့်ကြတာများပေမယ့် အခု ခေတ်မှာတော့ အနုပညာရှင်တော် တော်များများက အနုပညာအလုပ် အပြင် သူတို့ဝါသနာပါတဲ့ စီးပွား ရေးတွေကိုလည်း တစ်ဖက်တစ်လမ်း ကနေ လုပ်ဆောင်နေကြပါပြီ။တချို့ကလည်း ပိုးထည်ဆိုင်တွေဖွင့်၊ တချို့ကလည်းဖက်ရှင်ဆိုင်တွေဖွင့် ၊ တချို့ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး တွေ တည်ထောင်ပြီး ကိုယ်ဝါသနာ ပါရာ စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားကြပါတယ်။အနုပ ညာလောကမှာ သိပ်မတွေ့ရ တော့တဲ့ အနုပညာရှင်တွေဆိုရင် လည်း စီးပွားရေးတွေဘက်မှာ အခြေ ချလုပ်ကိုင်နေကြတာ အောင်မြင်တဲ့စီးပွားရေးသမားတွေတောင် ဖြစ်လို့ နေကြပါပြီ။ ဇာတ်ကားတွေသိပ်မ ရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ သရုပ် ဆောင်နေယံဆိုရင်လည်း ဖက်ရှင် ဆိုင်တွေဖွင့်လှစ်ထားပြီး နောက်ပိုင်း မှာ...

“ငါမုန်းတဲ့ အက္ခရာ”ရုပ်ရှင်အတွက် သိန်း ၁၀၀ကျော် လျော်ပေးခဲ့ရတယ်ဆိုတဲ့ ရွှေမှုန်ရတီ

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီကတော့ လတ်တလောမှာ ချစ်ရသူနဲ့ လက်ထပ်တော့မှာမို့ မင်္ဂလာကိစ္စတွေနဲ့ အလုပ်များနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုန်ရတီက ရိုက်ကွင်းဖျက်ခဲ့တာကြောင့် သူမနဲ့ ရိုက်ကူးမယ့် “ငါမုန်းတဲ့ အက္ခရာ” ဇာတ်ကား ကို မင်းသမီးပြောင်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ အဆိုပါသတင်းကိုတော့ ရွှေမှုန်ရတီက သူမရဲ့My Day မှာ ပြန်လည်ဖြေရှင်းထားခဲ့တာ တွေ့ရပါတယ်။ သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးက အင်တာဗျူးတစ်ခုရဲ့အောက်မှာ သူမရဲ့အကြောင်းကို ရေးသားထားတာကြောင့် ရွှေမှုန်ရတီက ချက်ခြင်းပြန်လည်ဖြေရှင်းခဲ့တာပါ။ ရွှေမှုန်ရတီကတော့ ကားရိုက်ကိစ္စက သူမဖျက်တာမဟုတ်ကြောင်း၊ အဆင်ပြေအောင် ညှိပေးခဲ့ပေမယ့် သူတို့ဘက်က လုံးဝမရိုက်တော့တဲ့အကြောင်း ပြောထားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ကုန်ကျစရိတ်တွေအားလုံးကို လျော်ပေးပါဆိုလို့ သိန်း ၁၀၀ ကျော် ဘာပြဿနာမှမရှာပဲ တောင်းသလောက်ပြန်လျော်ပေးလိုက်ပါတယ်လို့ သူမကဆိုထားပါသေးတယ်နော်။ ရွှေမှုန်လေးကတော့ သူမကို အခုလိုအထင်အမြင်လွဲနေတာတွေကို ပြတ်ပြတ်သားသား ပြန်လည်ဖြေရှင်းပြခဲ့တာပါ။ ချစ်ပရိသတ်တွေလည်း တာဝန်ယူမှုအပြည့်အဝရှိတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့...

အပြင်တွေ လျှောက်လည်နေပြီဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ ချစ်စရာပုံလေးများ

ပရိတ်သတ်တွေရဲ့ အချစ်တော် မြင့်မြတ်ကတော့ ဖခင်ရာထူးတိုးသွားပြီဖြစ်ပါတယ် ပရိတ်သတ်တွေက ဖေဖေကော သားသားလေးကိုပါ ယခင်ထက် ပိုမိုချစ်ခင်အားပေးလာတာလည်းတွေ့ရပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် နာမည်ကျော်ကြားလူကြိုက်များ အောင်မြင်လာခြင်းဖြစ်ပါတယ်။သူရဲ့ ဇာတ်ကားတွေမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ဟာလည်း ပရိတ်သတ်တွေကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။ မြင့်မြတ်ဟာ ချစ်ဇနီးလေး သားဦးလေးစမွေးထဲက ခုချိန်ထိကို အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က မခွာအောင် အချိန်တိုင်း ပွေ့ချီပြီးအချစ်တွေပိုနေတာ ပရိတ်သတ်တွေ အမြင်ပဲဖြစ်ပါတယ်။မြင့်မြတ်ကတော့ သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် သားသားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ သုံးလပြည့်ပြီဖြစ်တဲ့ သားလေးရဲ့ မေမေနဲ့ အပြင်လျှောက်လည်နေတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမှတ်တရ ချစ်ပရိတ်သတ်ကြီးတွက် ဂျင်းကောင်ပေါက်စလေးရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော် Source:May Thu Photo credit

မင်္ဂလာသက်တမ်း ၁၄နှစ်ပြည့်မှာ ချစ်ဇနီးလေးအတွက် နှလုံးသားဇာတ်ညွှန်းရေးပေးခဲ့တဲ့ လူမင်း

အနုပညာကို ချစ်မြတ်နိုးလွန်းတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ သရုပ်ဆောင်အလုပ်ကို အင်တိုက်အားတိုက်နဲ့ ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ အကယ်ဒမီ လူမင်းကတော့ မိသားစုကိုလည်း အသေးစိတ်ကအစ ဂရုတစိုက်ရှိလွန်းသူတစ်ဦးပါ။ လူမင်းကတော့ ဒီနေ့လေးမှာကျရောက်တဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့( ၁ ၄ ) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချစ်ဇနီးလေးအတွက် အမှတ်တရလေးလုပ်ပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အချိန်တွေဘယ်လောက်ကြာကြာ အချစ်တွေ လတ်ဆတ်နေဆဲဖြစ်တဲ့ လူမင်းတို့ဇနီးမောင်နှံနှစ်ဦးရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ လူမင်းကတော့ ” နှလုံးသား ဇာတ် ညွှန်း ” ဇာတ် ဆရာအလိုကျငိုဆိုငို ၊ ရယ်ဆိုရယ်ခဲ့ပြီ ။အနိမ့်အမြင့် ၊ အတက်အကျ အနှေးအမြန် ၊ ဇာတ်အရှိန်တွေလည်းစုံခဲ့ပြီ ။ဇနီးမယား ၊ သမီးသားနဲ့ ဂျုံးဂျုံးဂျက်ဂျက် ၊ ပေါ်ပေါ်ပူ ပူ သံသရာ ရထားကြီးလည်း မီးခိုးတွေအူလှပြီ ။ ပုဝါမကူ ၊ ရေမရှူဒိုင်မရှိ အနားသတ်မရှိ ဘဝဆိုတဲ့...

“ဖေဖေ၊မေမေတို့ မျက်ခုံးလှုပ်ကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ”

အနုပညာလောကမှာတော့ အနုပညာမျိုးဆက်လေးတွေက ဖေဖေ၊ မေမေတို့ရဲ့ အနုပညာသွေးတွေကိုစီးဆင်းစေပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားတဲ့သူလေးတွေပေါ့နော်။ ဖေဖေ၊မေမေတို့ ခေတ်မှာ ကျော်ကြားခဲ့တဲ့ နာမည်တွေကို သားသမီးတွေကလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ဖေဖေ၊မေမေတို့ရဲ့ အလှအပတွေနဲ့ပါ ပေါင်းစပ်ပြီး မွေးဖွားလာကြတော့ ပရိသတ်တွေကလည်း ငယ်ငယ်လေးတည်းက ချစ်ခင်နေခဲ့ကြရတာပါ။ ခုဖော်ပြပေးမှာကတော့ ဖေဖေ၊ မေမေတို့ စိတ်မချနိုင်လောက်အောင် အရမ်းချစ်စရာကောင်း၊ အရမ်းလည်းလှပြီး အရမ်းတော်ကြတဲ့ အနုပညာမျိုးဆက်သစ်လေးတွေပါ။ ယွန်းဝတီလွင်မိုး သူမကတော့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ ချစ်စရာကောင်းပြီး ပြုံးလိုက်တဲ့အပြုံးတွေက သူမရဲ့ပရိသတ်တွေကို အမှန်တကယ်ကြွေစေခဲ့ပါတယ်။ သူမကိုတော့ မြန်မာနိုင်ငံကယောက်ကျားလေးတော်တော်များများ နှစ်သက်ကြပြီး မိန်းကလေးတွေရဲ့ ချစ်ခင်အားကျမှုလေးတွေကိုလည်း ပိုင်ဆိုင်ထားရသူတစ်ယောက်ပါ။ လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းတက်လျှက်ရှိနေပြီး မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေဖေလွင်မိုးအနေနဲ့ကတော့ မျက်ခုံးလှုပ်ရမယ့် သမီးလေးမဟုတ်တော့ပါဘူးနော်။ #ပန်းရောင်ခြယ် သူမကတော့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တကိုယ်တော်ခွေတစ်ခွေထွက်ရှိထားပြီး ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို လက်ခံရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။ ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးသားတဲ့မျက်နှာလေးကတကြောင်း ချိုသာနူးညံ့တဲ့အသံလေးတွေကြောင့် ပရိသတ်ကို ညှို့ယူဖမ်းစားထားနိုင်သူလေးလည်းဖြစ်ပါတယ်။ မြူလင်းကိုကို သူမကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့...

အကိုသာ မယူရင် Single Motherဖြစ်မှာပါလို့ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ ပရိသတ်များလေးစားအားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး အခုအချိန်မှာတော့ စမိုင်းလ်သူတို့ရဲ့ ငယ်ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ဘယ်လိုမျိုး ရုန်းကန်ခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို cele7အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ စမိုင်းလ်​က”အဲ့တုန်းကအစ်​မက အကိုရှိတဲ့အင်္ဂလန်​ကိုစလိုက်​သွားတာ​ပေါ့​နော်​။ပြောရမယ်​ဆိုရင်​ ဗိုက်​ကြီးသွားတာ​ပေါ့။ တကယ်​​တော့ သူထားခဲ့ရင်​လဲ အစ်​မက Single Mother ဖြစ်​မှာပဲ​ပေါ့​နော်​။ အဲ့​တော့သူကယူတယ်​။ ဒါ​ပေမယ့်​အဲ့မှာကျ​တော့ အစ်​မတို့က ယူတယ်​ဆိုလို့ရှိရင်​ ချက်ချင်းကြီးယူလို့ မရဘူး​ပေါ့​နော်​။ ​ကောင်​စယ်​ကိုသွားပြီး​တော့ registration လုပ်​တဲ့အခါမှာ လနဲ့ကိုချီပြီးကြာတယ်​။ အစ်​မတို့ ဗိုက်​စကြီးပြီးဆိုကထဲက သူကအစ်​မကိုယူမယ်​ဆိုပြီး​ပြောထားတာ​ပေါ့​နော်​။ ဒါ​ပေမယ့်​အစ်​မတို့ တကယ်​လက်​မှတ်​ထိုးတဲ့​နေ့ကကျ​တော့ အစ်​မဗိုက်​က​ခြောက်​လ​ကျော်​​လောက်​ဖြစ်​​နေပြီ။ ဘယ်​မိန်းက​လေးမဆို မင်္ဂလာ​ဆောင်​တဲ့အချိန်​မှာ​တော့ အလှဆုံး​ဆောင်​ချင်​တယ်​။ ပြီး​တော့ မင်္ဂလာ​ဝတ်​စုံ အထူးသဖြင့်​ အစ်​မတို့ မိန်းက​လေး​တွေက တစ်​သက်​မှတစ်​ခါပဲ​ဆောင်​ရတဲ့ မင်္ဂလာဝတ်​စုံ​လေးကို လှလှပပ​လေး ဝတ်​ချင်​တာ​ပေါ့​နော်​။ အစ်​မကျ​တော့ မင်္ဂလာဝတ်​စုံဆိုတာလဲ မဝတ်​လိုက်​ရဘူး။ ဆိုင်​မှာ​တွေ့တဲ့အင်္ကျီကိုနည်းနည်း​လေးပွလိုက်​ရတယ်​။ မင်္ဂလာဝတ်​စုံ​တွေကလဲ အဲ့တုန်းက ​ပေါင်​​လေးငါးရာ​လောက်​ရှိတယ်​ဆို​တော့ အစ်မတို့က​​မဝယ်​နိုင်​ဘူး။ ငှါးရ​အောင်​လဲ...

error: Content is protected !!