Category: အနုပညာ

“ဖေဖေ၊မေမေတို့ မျက်ခုံးလှုပ်ကြရမယ့် အနုပညာလောကထဲက သမီးချောချောလေးများ”

အနုပညာလောကမှာတော့ အနုပညာမျိုးဆက်လေးတွေက ဖေဖေ၊ မေမေတို့ရဲ့ အနုပညာသွေးတွေကိုစီးဆင်းစေပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားတဲ့သူလေးတွေပေါ့နော်။ ဖေဖေ၊မေမေတို့ ခေတ်မှာ ကျော်ကြားခဲ့တဲ့ နာမည်တွေကို သားသမီးတွေကလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အနုပညာမျိုးဆက်သစ်လေးတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် ဖေဖေ၊မေမေတို့ရဲ့ အလှအပတွေနဲ့ပါ ပေါင်းစပ်ပြီး မွေးဖွားလာကြတော့ ပရိသတ်တွေကလည်း ငယ်ငယ်လေးတည်းက ချစ်ခင်နေခဲ့ကြရတာပါ။ ခုဖော်ပြပေးမှာကတော့ ဖေဖေ၊ မေမေတို့ စိတ်မချနိုင်လောက်အောင် အရမ်းချစ်စရာကောင်း၊ အရမ်းလည်းလှပြီး အရမ်းတော်ကြတဲ့ အနုပညာမျိုးဆက်သစ်လေးတွေပါ။ ယွန်းဝတီလွင်မိုး သူမကတော့ အကယ်ဒမီ မင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်ပြီးတော့ သူမရဲ့ ချစ်စရာကောင်းပြီး ပြုံးလိုက်တဲ့အပြုံးတွေက သူမရဲ့ပရိသတ်တွေကို အမှန်တကယ်ကြွေစေခဲ့ပါတယ်။ သူမကိုတော့ မြန်မာနိုင်ငံကယောက်ကျားလေးတော်တော်များများ နှစ်သက်ကြပြီး မိန်းကလေးတွေရဲ့ ချစ်ခင်အားကျမှုလေးတွေကိုလည်း ပိုင်ဆိုင်ထားရသူတစ်ယောက်ပါ။ လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းတက်လျှက်ရှိနေပြီး မကြာသေးခင်ကမှ အိမ်ထောင်ကျသွားခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖေဖေလွင်မိုးအနေနဲ့ကတော့ မျက်ခုံးလှုပ်ရမယ့် သမီးလေးမဟုတ်တော့ပါဘူးနော်။ #ပန်းရောင်ခြယ် သူမကတော့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တကိုယ်တော်ခွေတစ်ခွေထွက်ရှိထားပြီး ပရိသတ်များရဲ့ချစ်ခင်အားပေးမှုကို လက်ခံရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။ ဆံနွယ်ရှည်ရှည်လေးနဲ့ ရိုးသားတဲ့မျက်နှာလေးကတကြောင်း ချိုသာနူးညံ့တဲ့အသံလေးတွေကြောင့် ပရိသတ်ကို ညှို့ယူဖမ်းစားထားနိုင်သူလေးလည်းဖြစ်ပါတယ်။ မြူလင်းကိုကို သူမကတော့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့...

အကိုသာ မယူရင် Single Motherဖြစ်မှာပါလို့ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ ပရိသတ်များလေးစားအားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး အခုအချိန်မှာတော့ စမိုင်းလ်သူတို့ရဲ့ ငယ်ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ဘယ်လိုမျိုး ရုန်းကန်ခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို cele7အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ စမိုင်းလ်​က”အဲ့တုန်းကအစ်​မက အကိုရှိတဲ့အင်္ဂလန်​ကိုစလိုက်​သွားတာ​ပေါ့​နော်​။ပြောရမယ်​ဆိုရင်​ ဗိုက်​ကြီးသွားတာ​ပေါ့။ တကယ်​​တော့ သူထားခဲ့ရင်​လဲ အစ်​မက Single Mother ဖြစ်​မှာပဲ​ပေါ့​နော်​။ အဲ့​တော့သူကယူတယ်​။ ဒါ​ပေမယ့်​အဲ့မှာကျ​တော့ အစ်​မတို့က ယူတယ်​ဆိုလို့ရှိရင်​ ချက်ချင်းကြီးယူလို့ မရဘူး​ပေါ့​နော်​။ ​ကောင်​စယ်​ကိုသွားပြီး​တော့ registration လုပ်​တဲ့အခါမှာ လနဲ့ကိုချီပြီးကြာတယ်​။ အစ်​မတို့ ဗိုက်​စကြီးပြီးဆိုကထဲက သူကအစ်​မကိုယူမယ်​ဆိုပြီး​ပြောထားတာ​ပေါ့​နော်​။ ဒါ​ပေမယ့်​အစ်​မတို့ တကယ်​လက်​မှတ်​ထိုးတဲ့​နေ့ကကျ​တော့ အစ်​မဗိုက်​က​ခြောက်​လ​ကျော်​​လောက်​ဖြစ်​​နေပြီ။ ဘယ်​မိန်းက​လေးမဆို မင်္ဂလာ​ဆောင်​တဲ့အချိန်​မှာ​တော့ အလှဆုံး​ဆောင်​ချင်​တယ်​။ ပြီး​တော့ မင်္ဂလာ​ဝတ်​စုံ အထူးသဖြင့်​ အစ်​မတို့ မိန်းက​လေး​တွေက တစ်​သက်​မှတစ်​ခါပဲ​ဆောင်​ရတဲ့ မင်္ဂလာဝတ်​စုံ​လေးကို လှလှပပ​လေး ဝတ်​ချင်​တာ​ပေါ့​နော်​။ အစ်​မကျ​တော့ မင်္ဂလာဝတ်​စုံဆိုတာလဲ မဝတ်​လိုက်​ရဘူး။ ဆိုင်​မှာ​တွေ့တဲ့အင်္ကျီကိုနည်းနည်း​လေးပွလိုက်​ရတယ်​။ မင်္ဂလာဝတ်​စုံ​တွေကလဲ အဲ့တုန်းက ​ပေါင်​​လေးငါးရာ​လောက်​ရှိတယ်​ဆို​တော့ အစ်မတို့က​​မဝယ်​နိုင်​ဘူး။ ငှါးရ​အောင်​လဲ...

တစ်ရက်ထဲမွေးနေ့ကျရောက်တဲ့ ညီမလေးနဲ့ မောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စိုးမြတ်သူဇာ

စိုးမြတ်သူဇာဟာ စိုးမြတ်ကလျာ၊ စိုးသူရနိုင်(ခ) မောင်မောင် ၊ စိုးမြတ်နန္ဒာ ဆိုတဲ့မောင်နှမ ၄ ယောက်တည်းမှာ အကြီးဆုံး အစ်မဖြစ်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ညီမလေး စိုးမြတ်ကလျာနဲ့ မောင်လေး စိုးသူရနိုင်တို့အတွက် မွေးနေ့ ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါတယ်။ သရုပ်ဆောင်အကယ်ဒမီ စိုးမြတ်သူဇာ တစ်ယောက် သူ့ရဲ့ ချစ်ရတဲ့ ညီမလေး စိုးမြတ်ကလျာ နဲ့ မောင်လေး စိုးသူရနိုင်(ခ) မောင်မောင် တို့ အတွက် နိုဝင်ဘာ လ ၇ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ ဆုတောင်းစကားပြောပြထားပါတယ်။ လိမ္မာလွန်းကြတဲ့ မောင်လေး၊ ညီမလေး တွေကြောင့်လည်း စိတ်ချမ်းသာရတယ်လို့ ဆိုပါတယ်။ ”ဒီအမ ကြီး အိပ်ယာဝင်ကာနီးတိုင်း ( ကလေး ၂ ကောင် တက်သမ ထားတဲ့ ) အိပ်ယာကို သန့်...

ချစ်သူရဲ့မွေးနေ့မှာ ရန်အောင်ကို ခေါ်ပြီး surprise လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေးခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကိုကြိုးစားလုပ်ရင်းတစ်ဖက်ကလည်း ပရဟိတကိုလည်း ဦးဆောင် လုပ်ကိုင်နေသူလေးပါ။ ခိုင်နှင်းဝေ ပရဟိတလူငယ်အဖွဲ့လေးက အမြဲတမ်း ဒုက္ခရောက်နေတဲ့ သူတွေကိုလိုက်ကူညီနေတာပဲ ဖြစ်ပါတယ်။ သူမက ချစ်သူ JD နဲ့ အတူLGBT နဲ့ ပတ်သက်တဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါသေးတယ်။ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေ က ချစ်သူ ရဲ့မွေးနေ့မှာ ရန်အောင်ကိုခေါ်ပြီး Surprise လုပ်ပေးခဲ့တဲ့ အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေ က သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ် ” မနေ့ညက မောင်လေး ကျော်ဝေယံဌေးနဲ့ JD တို့ ရဲ့မွေးနေ့ပွဲမှာပေါ့…စပရိုက် အနေနဲ့ ဖိတ်ခေါ်ထားတဲ့ အကို ရန်အောင်အရမ်းချစ်ဖို့ကောင်းပြီး လာပေးလို့ကျေးဇူးအရမ်းတင်ပါတယ်.အကို့ကိုအမြဲလေးစားချစ်ခင်ရတဲ့အထဲ အဲဒါတွေလဲပါတယ်..ညီမလေး သွန်းဆက်နဲ့ ရတနာဘိုကိုလဲ ကျေးဇူးတင်ပါတယ်နော်.. 😘😘😘” လို့ပြောထားပါတယ်။ ချစ်သူက နိုင်ငံကျော် သရုပ်ဆောင်...

မင်္ဂလာမဆောင်ခင် သူတို့ရဲ့ ရိုဆန်တဲ့ ချစ်စရာပုံလေးတွေ တင်လိုက်တဲ့ ရွှေနှစ်ရွှေ

ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေအတူ ရိုက်ကူးရင်း အချစ်ပိုလာခဲ့ကာ ချစ်သူအဆင့်ကို ရောက်ရှိခဲ့တဲ့သူတို့နှစ်ဦးက ဝေဖန်မှုတွေကြားက အချစ်တွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့နှစ်ဦးကတော့ မကြာခဏဆိုသလို သူတို့ရဲ့My Day မှာ ပုံလေးတွေ တင်လေ့ရှိပါတယ်။ သူတို့နှစ်ယောက်က အမြဲလိုလို ချစ်တဲ့အကြောင်းလေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပြီး မကြာမီရက်ပိုင်းကတော့ စေ့စပ်ပွဲအခမ်းနားလေးကို နေပြည်တော်မှာ ပြုလုပ်ကျင်းပပြီးစီးခဲ့တာဖြစ်ပြီး ခုလာမဲ့ ၁၁.၁၁.၂၀၁၈ မှာ လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ့် သတင်းလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။လတ်တလောမှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်နေကြတဲ့ ချစ်စရာ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေထဲမှာ နှစ်ယောက်လုံး ချစ်စရာအရမ်းကောင်းပြီး ကြည်နူးစရာကောင်းနေတာပဲဖြစ်ပါတယ် အမြဲ အသစ်ဆန်းတွေဖန်တီးပြီး ရိုတက်တဲ့ သူတို့ အတွဲလေးကတော့ မကြာမှီ ပြုလုပ်မယ့် မင်္ဂလာပွဲလေးမှာလည်း ဘယ်လို အလန်းစား ပုံရိပ်တွေနဲ့ မိုက်နေမလည်းဆိုတာတော့...

အကြောင်းရင်းအမှန်မသိဘဲ မကောင်းပြောနေသူများအတွက် အမှန်တရားတစ်ခုကိုချပြလိုက်တဲ့ ယုန်လေး

ငါမုန်းတဲ့အက္ခရာဇာတ်ကားကို သရုပ်ဆောင် ရွှေမှုန်ရတီက လက်ခံရိုက်ကူးနေတာဖြစ်ပြီးတော့ ရွှေမှုန်ရတီ မင်္ဂလာဆောင်တော့မယ့်အကြောင်းအသိပေးပြီး ပျံ့နှံ့ခဲ့တဲ့နောက် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က မင်းသမီးအပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ ဆက်လက်ရိုက်ကူးမှုမပြုလုပ်တော့ဘဲ ခင်ဝင့်ဝါကိုအစားထိုးရိုက်ကူးဖို့စီစဉ်လိုက်တာကြောင့် ပရိသတ်တွေကြားဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ခင်ဝင့်ဝါကလည်း သူမကိုပေးလာတဲ့ ကာရိုက်တာအပေါ်မှာ အကောင်းဆုံးကြိုးစားသွားပါမယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း ရွှေမှုန်ရတီအနေနဲ့ သရုပ်ဆောင်မှုပိုမိုပီပြင်တယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်မှတ်ချက်တွေရေးသားနေပြီး ခင်ဝင့်ဝါအပေါ်မှာ တိုက်ခိုက်မှုတွေရှိလာတာကြောင့် ယုန်လေးက အမှန်တရားတစ်ခုကို ချပြလိုက်တာဖြစ်ပါတယ်။ ယုန်လေးက ဒီမှတ်ချက်ကိုတော့ Myanmar Celebrity ကခင်ဝင့်ဝါကိုအင်တာဗျူးထားတဲ့ ဗီဒီယိုအောက်မှာ မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။ “ဝင်ရေးဖို့ အစီစဉ်မရှိပါဘူး ဒါပေမယ့် ဘာကြောင့်လဲ ဘာလဲ အမှန်တရားတစ်ခု မသိပဲနဲ့ တစ်စိတ်ရှိရင် ဝင်ဆဲမယ် မကောင်းပြောမယ်ဆိုတာကြီးပဲ .ရွှေမှူံအိုက်တင် အရမ်းကောင်းတာပေါ့ ဒါပေမယ့် ရွှေထူးနဲ့ မင်္ဂလာဆောင်မယ်ဆိုပြီး ရုတ်တရက်ကြီး ရိုက်ရင်းတန်းလန်း မရိုက်ပဲ ဘယ်ရောက်သွားမှန်းမသိ အားလုံးကိုဒီတိုင်းထားခဲ့တာ ဒါရိုက်တာ ဦးညီ အောင်ရဲလင်း...

လိမ္မော်ခြံကြီးထဲမှာ ကိုယ်တိုင်အသီးတွေခူးကာ ပို့စ်ပေးကြမ်းနေတဲ့ ခေတ်လေးတို့မိသားစုရဲ့ ချစ်စရာပုံလေးများ

သရုပ်ဆောင်ချစ်သုဝေကတော့ပရိသတ်အချစ်တော်အနပညာရှင်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်နိုင်တဲ့စွယ်စုံရ အနပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာမိသားစုဘဝလေးတွေထဲမှာ ပရိသတ်အားကျနေရပြီး ပျော်ရွှင်စရာဘဝလေးကို တည်ဆောက်ထားတဲ့ လင်းလင်းနှင့် ချစ်သုဝေတို့မိသားစုဘဝလေးကိုတော့ အားလုံးလေးစားအားကျမိမယ်ထင်ပါတယ်။ ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကို မွေးဖွားထားပြီး ပရိသတ်တွေကြားရေပန်းစားမိသားစုတစ်စုလေးပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ခေတ်လေးတို့မိသားစုလေးဟာ ခရီးတွေဆက်တိုက်ထွက်ကာ ပျော်ရွှင်နေကြတာဖြစ်ပြီး လိမ္မော်ခြံထဲကိုအလည်သွားကာ ကိုယ်တိုင်လိမ္မော်သီးများဆွတ်ခူးနေတဲ့ မိသားစုအမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ ခေတ်လေးသစ်လေးတို့ရဲ့ ချစ်စရာဟန်ပန်လေးတွေကလည်း ပရိသတ်တွေ ချစ်ခင်နှစ်သက်ကြမှာအမှန်ပဲဖြစ်ပါတယ်။ကဲ……ချစ်ပရိသတ်တွေတွက် ချစ်သုဝေတို့ မိသားစုလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Source:Chit Thu Wai

သူများနဲ့မတူချင်လို့ သူများထက်ထူးခြားတဲ့ ဖက်ရှင်မျိုးတွေ ၀တ်ချင်လို့ ဒီလိုဖက်ရှင်မျိုးတွေ ၀တ်ဖြစ်တာပါ ဆိုတဲ့ သင်ဇာဝင့်ကျော်

သင်ဇာလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ ပုရိသပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ မင်းသမီးချောတစ်ဦးပါပဲ..။ သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းစကားပြောဟန်၊ အချိုးအစားကျပြီး ဆွဲအားပြင်းလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှနဲ့ မြင်သူတကာငေးရတဲ့ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေသူလေးပါ..။ အနုပညာအလုပ်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို TVကြော်ငြာ၊ ဓာတ်ပုံကြော်ငြာနဲ့ မဂ္ဂဇင်းတွေလည်း ရိုက်ကူးပေးဖြစ်နေတဲ့သူမက အခမ်းအနားပွဲတော်တော်များများကိုလည်း တတ်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။ ခပ်မိုက်မိုက်ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ ပရိသတ်တွေကို အမြဲရင်ခုန်အောင် ပြုစားတတ်တဲ့ သင်ဇာကတော့ နိုဝင်ဘာ(၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Launch Of Football team Jersey(Warrix) မိတ်ဆက်ပွဲ အခမ်းအနားလေးကိုလည်း အမိုက်စားဖက်ရှင်ဒီဇိုင်းလေးနဲ့ တတ်ရောက်လာပြန်ပါတယ်..။ ဆွဲဆောင်မှုရှိလွန်းလှတဲ့ သူမရဲ့ခန္ဓာကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ အနက်ရောင်ဖက်ရှင်လေးနဲ့ ယုံကြည်မှုရှိရှိ ပွဲတတ်လာတဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို လုံးဝအလွင့်ပါပဲ ပရိသတ်ကြီးရေ..။ ပွဲတက်ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့လဲ သင်ဇာက “သူများဝတ်တဲ့ဟာမျိုးတွေ သိပ်မ၀တ်ချင်ဘူး၊ သူများထက်ထူးခြားတဲ့ ဖက်ရှင်မျိုးတွေ...

တိတ်တဆိတ်လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းမမှန်ကန်ကြောင်း ဖြေရှင်းလိုက်တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ကောလဟာလတွေဟာ ဒီရက်ပိုင်းအတွင်းမှာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ တောင်ကြီးမှာ တိတ်တဆိတ်လက်ထပ်သွားပြီဆိုတဲ့ သတင်းတွေကြောင့် သူမရဲ့ပရိသတ်တွေလည်း စိတ်ပူပန်ခဲ့ရတာဖြစ်ပါတယ်။ အချိန်အတော်ကြာအနုပညာလောကကနေ ပျောက်ကွယ်နေတဲ့ ထက်ထက်မိုးဦးတစ်ယောက် တကယ်ပဲ အိမ်ထောင်ပြုလိုက်ပြီလားဆိုပြီး ပရိသတ်တွေက သံသယတွေဖြစ်နေခဲ့ကြတာပါ။ ဒီသံသယတွေကိုတော့ သရုပ်ဆောင်ထက်ထက်မိုးဦးက ဧရာဝတီသတင်းဌာနမှာ ဖြေကြားပြီး ဖြေရှင်းလိုက်ပါတယ်။ ထက်ထက်မိုးဦးကတော့ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးနေနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ တစ်ယောက်တည်း နေထိုင်နေပြီးအလုပ်တွေလုပ်ကိုင်နေတယ်လို့ပြောကြားထားပါတယ်။ ယခုလိုမျိုး သတင်းတွေထွက်ပေါ်လာတဲ့အပေါ်မှာလည်း ပရိသတ်တွေအနေနဲ့ မစိုးရိမ်ကြဖို့ကိုလည်း ထက်ထက်မိုးဦးက ပြန်လည်ပြောဆိုခဲ့ပါတယ်။ သူမအနေနဲ့ အသက် (၄၀) ကျော်ရှိနေပြီဖြစ်တာကြောင့် သေရင်ကိုယ့်နောက်ပါမယ့် အရာတွေကိုပဲ လုပ်ကိုင်တော့မှာဖြစ်ကြောင်းနဲ့ ပရိသတ်တွေမသိဘဲ ဘယ်ကိစ္စကိုမှ မလုပ်ကြောင်း သူမလုပ်တဲ့ကိစ္စမှန်သမျှကိုလည်း ပရိသတ်တွေကိုလျို့ဝှက်မထားဘူးလို့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။ Video ကြည့်ရန် Video Source : The Irrawaddy Lifestyle Source : We...

ပရိတ်သတ်တွေမျက်လုံးပြူးလောက်တဲ့ဖက်ရှင်နဲ့ ပွဲတက်လာတဲ့သဇာဝင့်ကျော် နှင့် သန္တာဗိုလ် တို့ရဲ့  အမိုက်စားပုံရိပ်များ

သရုပ်ဆောင် သင်ဇာဝင့်ကျော်က အနုပညာပိုင်းနဲ့ ပရိသတ်အခိုင်အမာရှိသူတစ်ဦးဖြစ်သလို ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလည်း ပရိသတ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အရွယ်တင်နုပျိုလှပပြီး ကျစ်လစ်တောင့်တင်းတဲ့ Body အလှကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ချိုသာတဲ့စကားပြောဟန်လေးတွေနဲ့အတူ ရင်ခုန်ချင်စရာကောင်းတဲ့ သူမရဲ့အလှတွေက ပုရိသတော်တော်များများရဲ့ အာရုံကိုညို့ယူထားတာလည်း ဖြစ်ပါတယ်၊၊ သင်ဇာက sexyကျတဲ့ အလှအပကြောင့် ချစ်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ပရိတ်သတ်တွေမျက်လုံးပြူးလောက်တဲ့ဖက်ရှင်နဲ့ Launch Of Football team Jersey(Warrix) မိတ်ဆက်ပွဲ ကိုတက်ရောက်ခဲ့ပါတယ်။ aunch Of Football team Jersey(Warrix) မိတ်ဆက်ပွဲ သို့ တတ်ရောက်ခဲ့တဲ့ သရုပ်ဆာင် သဇာဝင့်ကျော် နှင့် သရုပ်ဆောင် သန္တာဗိုလ် တို့ ရဲ့ဖက်ရှင်စတိုင် ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပ့တယ်နော် Myanmar Celebrity #ThinZarWintKyaw #ThanDarBo #MyanmarActress

error: Content is protected !!