Category: အနုပညာ

ခင်ပွန်းဖြစ်သူ ချစ်စနိုးနဲ့ ခေါ်ဝေါ်တဲ့နာမည်ကြောင့် ပီတိဖြစ်နေတဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ သားသားလေး လီယျံနဲ့အတူ သြစတြေးလျကနေပြန်ရောက်လာပြီး အနုပညာလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကြော်ငြာတချို့ကို လက်ခံရိုက်ကူးနေတဲ့ ယွန်းဝတီလွင်မိုးဟာ ခဏပြန်လာချိန်လေးမှာ အနုပညာအလုပ်လေးတွေကို အချိန်ရသမျှ လုပ်နေတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ သြစတြေးလျကို ပြန်သွားရတော့မှာမို့ သားလေး လီယျံကိုလည်း အချိန်တွေ ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည်ကတော့ သြစတြေးလျမှာ ကျန်ခဲ့တာဖြစ်ပြီးတော့ မကြာခဏဆိုသလို အလွမ်းပြေ ဗီဒီယိုကောလ်ပြေတဲ့ပုံရိပ်လေးတွေကိုလည်း ယွန်းဝတီလွင်မိုးက တင်လေ့ရှိပါတယ်။ ယွန်းဝတီလွင်မိုးကတော့ ယနေ့မှာသူတို့နှစ်ဦးရဲ့ ညစာစားပွဲပုံရိပ်လေးကို အမှတ်တရတင်ထားခဲ့ပြီးတော့ ခင်ပွန်းသည်က သူမကိုချစ်စနိုးနဲ့ ခေါ်တဲ့နာမည်လေးကို ပြောပြထားတာဖြစ်ပါတယ်။ ယွန်းလေးက ‘ he calls me princess, i call him my everything ‘ လို့ ခင်ပွန်းသည်ဖြစ်သူက Princess လို့ ခေါ်ခံရတဲ့အကြောင်းလေးကို ချစ်စနိုးနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ မင်းသမီးလေးတစ်ဦးဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးဟာ သူမအတွက်လည်း...

နာရီဝက်အတွင်း ကြည့်ရှုသူသောင်းကျော်သွားပြီး ပရိသတ်တွေကြား အရမ်းဟော့နေတဲ့ G Fatt ရဲ့ သီချင်းအသစ်

G Fatt ကတော့ သူ့ရဲ့သီချင်းအသစ်လေးဖြစ်တဲ့ မိုး သီချင်းကို ယနေ့မှာပဲမိတ်ဆက်ပေးလိုက်ပါပြီ။ မကြာသေးခင်ကမှ ဂျပန်ကို နန်းစုရတီစိုးနဲ့အတူ သွားရောက်ခဲ့ပါသေးတယ်။ ချစ်သူ အတွက် ရေးစပ်ဖော်ကျူးပေးတဲ့သီချင်းတွေဟာလည်း ပရိသတ်တွေကြားထဲ နာမည်ကြီးခဲ့သလို ခုတစ်ခေါက် မိုး သီချင်းဟာလည်းပရိသတ်တွေကြားထဲ နာမည်ကြီးလာဦးမယ့် သီချင်းတစ်ပုဒ်ဖြစ်နေပြန်ပါတယ်။ ကျောင်းသား/သူဘဝလေးနဲ့ အမှတ်တရဖြစ်စေမယ့် ပုံရိပ်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ မိုးသီချင်းမှာ အကယ်ဒမီ ပိုင်ဖြိုးသု နဲ့အတူ G Fatt ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အမိုက်စားပုံဖော်ဖန်တီးမှုတွေနဲ့ ဖန်တီးထားတဲ့ ဒီသီချင်းလေးကို ချစ်သူဖြစ်တဲ့ နန်းစုရတီစိုးကတင်ပေးခဲ့တာဖြစ်ပြီးတော့ ဂျီဖတ်ကို စနောက်ထားပါသေးတယ်။ ဂျပန်ကို ချစ်သူနဲ့အတူ ရောက်ရှိခဲ့တဲ့ အမှတ်တရပုံရိပ်များ ချစ်သူနန်းစုရတီစိုးက စနောက်ထားတဲ့ Story လေး မိုး သီချင်းထဲက ရိုက်ကွင်းပုံရိပ်များ မိုးသီချင်းလေးကို တင်ြပီး တစ်နာရီအတွင်းမှာ ကြည့်ရှုသူ သောင်းကျော်ရှိသွားပြီး ရှယ်လုပ်သူအရေအတွက်တွေ လွန်စွာမှ များပြားခဲ့တာဖြစ်ပါတယ်။ မိုးသီချင်းလေးဟာလည်း ပရိသတ်တွေကြားရေပန်းစားဦးမယ့်သီချင်းလေးဖြစ်လာမယ်ဆိုတာ...

တချိန်က မင်းသမီး ဆုရွှန်းလဲ့ရဲ့သားလေး Lucas မွေးနေ့ပွဲမှာအတူတွေ့လိုက်ရတဲ့ ပုလဲဝင်း

လွန်ခဲ့တဲ့နှစ်တွေက အနုပညာလောကရဲ့ နတ်မိမယ်လေးတွေဖြစ်ခဲ့ကြတဲ့ ဆုရွှန်းလဲ့နဲ့ ပုလဲဝင်းတို့သူငယ်ချင်းတွေကိုတော့ ပရိသတ်တွေက သတိရကြဦးမှာပါ။ ဇာတ်လမ်းတွေမှာလည်း အတူတကွသရုပ်ဆောင်လေ့ရှိတဲ့ သူတို့နှစ်ဦးကတော့ အပြင်လောကမှာလည်း အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပုလဲဝင်းက စင်ကာပူမှာရှိတဲ့ သူငယ်ချင်းဆုရွှန်းလဲ့တို့ဆီ အလည်ရောက်ရှိနေတာဖြစ်ပြီး သားသားလေး Lucas ရဲ့မွေးနေ့ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲနေကြတာပါ။ ချစ်ပရိသတ်တွေအတွက် ဆုရွှန်းလဲ့ရဲ့သားလေး Lucas ရဲ့မွေးနေ့ပွဲမှာ တွေ့ရတဲ့ ပုလဲဝင်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မွေးနေ့ရှင် သားသားလေး Lucas နဲ့ ပျော်ပျော်ပါးပါး Selfie ရိုက်ခဲ့ကြတဲ့ ဆုရွှန်းလဲ့တို့ သူငယ်ချင်းတွေ တကယ့် အပျိုမလေးတစ်ဦးလို လှသွေးကြွယ်နေဆဲဖြစ်တဲ့ မေမေဆုရွှန်းလဲ့ ပုလဲဝင်းကတော့ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေဆဲပါပဲနော်။ ဆုရွှန်းလဲ့ရဲ့ ချစ်မဝတဲ့ သားသားလေး Lucas ကတော့ အမေတူသားလေးမို့ အရမ်းကိုချစ်စရာကောင်းပါတယ်။ သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဆုရွှန်းလဲ့ကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့...

လွန်ခဲ့တဲ၂နှစ်ကစကားလေးနဲ့တိုက်ဆိုင်သွားခဲ့တဲ့ ရွှေမှုံရတီရဲ့လက်ရှိဖြစ်ရပ်

ပရိသတ်တွေကြားမှာရေပန်းစားတဲ့ ရွှေစုံတွဲလေးကတော့ ရွှေလက်တွဲဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါ ပြီ။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး မခွဲနိုင်မခွာရက်ဖြစ်ခဲ့ရတာမို့ နှစ်ယောက်သားက မင်္ဂလာ လက်မှတ်ရေးထိုးလိုက်ကြပြီပဲဖြစ်ပါတယ်။ လာမယ့် 11.11.2018 မှာတော့ နှစ်ယောက်သားရဲ့ မင်္ဂလာပွဲလေးကို ခမ်းခမ်းနားနားကျင်းပတော့မှာပဲဖြစ်ပါတယ်။ အသက်အရွယ်ကောင်းတုန်းမှာ အိမ်ထောင်ပြုကြတာဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့အနေအထားတစ်ခုပါပဲ။ နှစ်ယောက်သားရဲ့ မင်္ဂလာလက်မှတ်ရေး ထိုးတဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ Video လေးတွေကလည်း တကယ့်ကို Romantic ပါပဲ။ ပြီးခဲ့တဲ့ 2016 ခုနှစ်မှာ သဲတစ်ယောက် ပရိသတ်တွေကိုစနောက်ပြီး ” နောက်၂နှစ်နေရင် ယောက်ျးယူမယ် လို့မပြောပါဘူးဟယ် စတာပါနောက်တာပါအတည်ပါ ” ဆိုတဲ့ စာသားလေးကို လူမှုကွန်ယက်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒီစာသားလေးထဲကအတိုင်း အမှန်တကယ်ကိုဖြစ်လာတာကတော့ ကံတရားရဲ့ဆန်းကြယ်တဲ့တိုက်ဆိုင်မှုပါပဲ။ ရွှေစုံတွဲနှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။ Photo – Shwe Mhone Yati

မင်းသွေးတစ်လပြည့်မှာ မင်းသွေးနဲ့ နောက်ဆုံးဆက်သွယ်ခဲ့တဲ့ မက်ဆေ့ခ်ျလေးကို တင်လိုက်တဲ့ ညီမင်းခိုင်

နိုင်ငံကျော် တေးရေးတေး ဆိုညီမင်းခိုင်ဟာဆိုရင် သူဖန်တီတဲ့သီချင်းလေးတွေက ပရိသတ်တွေကြားမှာနာမည်ကြီးခဲ့တာကြောင့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ သူ့ရဲ့ ပထမဆုံးပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ သီချင်းလေးက နွယ်နီ သီချင်းလေးပဲ ဖြစ်ပါတယ်။ သူဖန်တီတဲ့ သူ့ရဲ့ပြောင်မြောင်တဲ့စာသားလေးတွေကြောင့် တေးရေးတေးဆို ညီမင်းခိုင်ဆိုပြီး နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ညီမင်းခိုင်က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးရဲ့ ကွယ်လွန်ပြီး၁လပြည့်တဲ့နေ့လေးမှာ မင်းသွေးနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့ Message လေးကို သတိတရဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ညီမင်းခိုင်နဲ့ မင်းသွေးတို့ပုံရိပ်ကလေးတွေကို ဖော်ပြပေးးလိုက်ပါတယ်နော်။ ညီမင်းခိုင်ရေးထားတဲ့ အကြောင်းအရာလေးကတော့ “ဒါကမင်းအတွက် လက်ဆောင်”,”ဒါကတော့ မင်းတို့တွေဆိုဖို့ ဘာအမျိုးအစားကြီးလဲတစ်ချက်ရှိုးလိုက် (#ရောက်လေရာဘုံဌာနမှာသူတော်ကောင်းသူမြတ်လောင်းဘဝကိုရရှိပါစေသူငယ်ချင်းကောင်းကြီး)…#NMK.(တစ်လဆိုတာကလဲ ခဏလိုပါပဲကွာ)” ဆိုပြီးသူနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့ Video call နဲ့နောက်ဆုံးသောအမှတ်တရ စကားလက်ဆုံပဲ ဖြစ်ပါတယ်။ မင်းသွေးနဲ့ အမှတ်တရပုံရိပ်ကလေးပါ ။ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးရဲ့ ၁လပြည့်နေ့လေးမှာ မင်းသွေး စင်္ကာပူကနေ Messager...

မင်းကွန်းအထိ သွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတဲ့ ချစ်သုဝေတို့မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးများ

အမြွှာသမီးချောလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတွေကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ အနုပညာရှင်နဲ့ ပရိသတ်တွေ အားလုံးက အားကျချစ်ခင်ရတဲ့ သူတို့မိသားစုလေးက အမြဲကိုကြည်နူးပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာလည်း ဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေတို့က အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်သလို ခေတ်နဲ့ သစ်တို့ညီအစ်မကလည်း အခုကတည်းက Cele လေးတွေဖြစ်နေကြတာပဲ ဖြစ်ပါတယ်၊၊ လတ်တလောမှာတော့ သူမတို့မိသားစုလေးက မင်းကွန်းကို သွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတာ တွေ့ရပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်ပြီး ရောက်ရှိလာတဲ့ အခုလို ကထိန်ရာသီအချိန်အခါမှာ သူတို့မိသားစုလေးက ချစ်ရတဲ့ မိတ်ဆွေတွေနဲ့အတူ မွန်မြတ်တဲ့ကထိန်အလှူကို ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ မင်းကွန်းအထိသွားရောက်ပြီး လှူဒါန်းကုသိုလ်ပြုခဲ့ကြတဲ့ သူတို့မိသားစုလေးက တကယ့်ကိုမွန်မြတ်တဲ့စိတ်ထားရှိသူတွေပဲ ဖြစ်ကြပါတယ်။ ချစ်သုဝေတို့ဇနီးမောင်နှံတင်မက သမီးချောလေးတွေကပါ ဖေဖေ၊မေမေတို့နဲ့အတူလိုက်ကာ ပါဝင်ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့ အောင်မြင်စွာ အလှူပြုနိုင်ခဲ့တဲ့ သူတို့က တကယ့်ကို ကြည်နူးပီတတွေ ဝေဖြာနေကြတာ...

အချစ်ရေးမှာ လေကြီးမိုးကြီးကျနေတဲ့ နေခြည်ဦး

Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးက သူမရဲ့ မနေ့ညက Live လွှင့်ခဲ့ပါတယ်။ သူမရဲ့ ချီလီပရိသတ်တွေနဲ့ စကားအတော်ကြာပြောဖြစ်ခဲ့တဲ့ နေခြည်ဦးဟာ အလုပ်တွေအများကြီးလုပ်ဖို့ရှိကြောင်းနဲ့ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဘယ်သူမှ မထင်ထားတဲ့ အရာတစ်ခု လုပ်ပြမှာဖြစ်တဲ့အကြောင်း ချီလီပရိသတ်တွေ ဝန်းရံပေးဖို့လိုကြောင်း ပြောခဲ့ပါတယ်။ ငပလီမှာ အောက်ဖဲမလှန်ကြေးရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးပြန်လာပြီးတဲ့နောက် နေခြည်ဦးတစ်ယောက် အရမ်းငြိမ်ကျသွားလို့ သူမရဲ့ ချီလီဖန်တွေက စိတ်ပူခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ အကောင့်မှာလည်းအချစ်ရေးနဲ့ပတ်သက်ပြီး Depress ဖြစ်နေကြောင်း တင်ခဲ့ပြီး မနေ့ည Live မှာတော့ သူမရဲ့အချစ်ရေးအကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နေခြည်ဦးက အားလုံးသိချင်နေတဲ့အချစ်ရေးအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့အချစ်ရေးက ခုလက်ရှိမှာတော့ လေကြီးမိုးကြီးကျနေတဲ့အနေအထားဖြစ်ပြီးတော့ မိုးအုံ့နေပါတယ်လို့ပြောပါတယ်။ ဒါပြီးရင်တော့ သက်တံ့တွေလည်းပေါ်ကောင်းပေါ်လာနိုင်သလို တစ်ယောက်တည်းလည်းဖြစ်သွားနိုင်ပါတယ်လို့ ပရိသတ်တွေကိုပြောခဲ့ပါတယ်။ သူမအနေနဲ့တော့ အိမ်ထောင်ပြုမှာမဟုတ်ကြောင်းနဲ့ သူမချစ်တဲ့ ကြောင်လေး၊ ခွေးလေးတွေနဲ့ပဲ တသက်လုံးနေသွားမယ့်အကြောင်းလေးကိုလည်း ပြောပြပါသေးတယ်။...

ရိုမန်တစ်ဆန်လွန်းလို့ ကြည့်ပြီးကြွေကျသွားလောက်မယ့် ရွှေနှစ်ရွှေရဲ့ စေ့စပ်ပွဲ ဗီဒီယို

နိုဝင်ဘာလ 11 ရက်နေ့မှာ မင်္ဂလာပွဲအခမ်းအနားကျင်းပတော့မယ့် ရွှေမှုန်ရတီနဲ့ ရွှေထူးဟာ မင်္ဂလာဧည့်ခံပွဲကို Inya Lake Hotel မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ဟာ သူတို့နှစ်ဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့ဖြစ်ပြီးတော့ နေပြည်တော်က Park Royal မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို အသိပေးထားခြင်းမရှိဘဲ သိုသိပ်စွာစီစဉ်ထားတဲ့ မင်္ဂလာသတင်းတွေကလည်း ပရိသတ်တွေကြား အံ့အားသင့်စရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်ချက်ကိုပြတ်သားစွာ ချလိုက်တဲ့အတွက် ပရိသတ်အချို့ရဲ့ အားပေးမှုနဲ့ ဂုဏ်ပြုမှုတွေကိုလည်းရရှိခဲ့ပြန်ပါတယ်။ ယနေ့မှာတော့ ရွှေမှုန်ရတီတစ်ယောက် သူမရဲ့အကောင့်ကနေပြီး စေ့စပ်ပွဲဗီဒီယိုလေးကို ချပြလိုက်ပြီဖြစ်ပါတယ်။ ရွှေနှစ်ရွှေရဲ့ ပုံရိပ်လေးတွေပါဝင်ထားတဲ့ ဗီဒီယိုကိုကြည့်ပြီးသဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ရွှေနှစ်ရွှေတို့ ချစ်သူနှစ်ဦး နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်သာယာစွာဖြတ်သန်းနိုင်ပါစေလို့ တောင်းဆုပြုလျက်…. Video ကြည့်ရန် Source : We Love Cele

အရမ်းဟော့ဖြစ်နေတဲ့ နီနီရဲ့ ခင့်မှာတမ်း သီချင်းလေးကို တစ်ပုံစံထဲတူအောင်လိုက်ဆိုပြီးအမိုက်စားသရုပ်ဆောင်ပြလိုက်တဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်

လတ်တလောမှာ ပရိသတ်တွေအပြင် အနုပညာရှင်တွေအားလုံးရဲ့ အချစ်တော်လေးနေရာကို ရရှိထားသူကတော့ မော်ဒယ်ပေါက်စလေး ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးက အသက် ၃နှစ်ကျော်ဝန်းကျင်သာရှိသေးတဲ့ ကလေးလေးဆိုပေမယ့် လူကြီးလေးလို စကားတတ်ပြီးလည်သလို သီချင်းလေးတွေကိုလည်း မရိုးနိုင်အောင် သီဆို၊သရုပ်ဆောင်ပြတတ်တာကြောင့် ခဏလေးအတွင်းမှာတင် အနုပညာရှင်တစ်ဦးအဖြစ် အားလုံးရဲ့အသိအမှတ်ပြု အားပေးခြင်းခံခဲ့ရပါတယ်။ ကလေးလေးဆိုပေမယ့် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့်တဲ့ထိပ်ထားလေးက အခုဆိုရင် မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်ထားက မီဒီယာနဲ့အနုပညာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး အရွယ်လေးနဲ့မလိုက်အောင် အလုပ်တွေကြိုးစားပြီး လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။လတ်တလောမှာလည်း နီနီရဲ့ ခင့်မှာတမ်း MTV လေးကို တစ်ပုံထဲတူအောင်သရုပ်ဆောင်ကာ သီဆိုပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ် ဗီဒီယိုလေးထဲမှာ ထိပ်ထားလေးကတော့ အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပြီ ပရိသတ်တွေ သဘောကျချစ်ခင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ်ကြီးတွက် ထိပ်ထားလေးရဲ့ ထိပ်မှာတမ်း အမိုက်စားဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။ Video ကြည့်ရန် Source:Htate Htar...

၂၄ နာရီမပြည့်မီ ကြည့်ရှုသူ တစ်သန်းကျော်ထိ အားပေးမှုရရှိခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်နမူနာဗီဒီယို

အားပေးကြမ်းချက်ပဲ။ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီအတွင်းမှာပဲ အားပေးကြည့် ရှုသူ တစ် သန်း ကျော်သွား ပြီလို့ သိရပါတယ်။ ဒီဇာတ်ကား ဖြစ်လာဖို့ ပါဝင်ထားကြတဲ့ အနုပညာရှင်တို့ရဲ့ စကားသံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီက မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး ဖေ့စ်ဘွတ်ပေ့ခ်ျ ကနေ တရားဝင်မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဇာတ်ကားထွေလာကို မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီ အတွင်းမှာပဲ စိတ်ဝင်တစားနဲ့ အားပေး ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်တည်း ပြသသွားမှာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက ဆိုရင်...

error: Content is protected !!