Category: အနုပညာ

၂၄ နာရီမပြည့်မီ ကြည့်ရှုသူ တစ်သန်းကျော်ထိ အားပေးမှုရရှိခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်နမူနာဗီဒီယို

အားပေးကြမ်းချက်ပဲ။ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီအတွင်းမှာပဲ အားပေးကြည့် ရှုသူ တစ် သန်း ကျော်သွား ပြီလို့ သိရပါတယ်။ ဒီဇာတ်ကား ဖြစ်လာဖို့ ပါဝင်ထားကြတဲ့ အနုပညာရှင်တို့ရဲ့ စကားသံကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီက မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး ဖေ့စ်ဘွတ်ပေ့ခ်ျ ကနေ တရားဝင်မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဇာတ်ကားထွေလာကို မိတ်ဆက်ပေးလိုက်တဲ့ ၁၉ နာရီ အတွင်းမှာပဲ စိတ်ဝင်တစားနဲ့ အားပေး ကြည့်ရှုသူ တစ်သန်းကျော် ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီး စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်တည်း ပြသသွားမှာဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက ဆိုရင်...

ပရိတ်သတ်တွေသဘောကျနေကြတဲ့ မအိပ်ခင်လေးမှာ ဆော့ပြလိုက်တဲ့ နန်းစုရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး

အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှု ပန်းတိုင်တစ်ခုကို စိုက်ထူးထား နိုင်တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ အပြင် အရမ်းကို ချစ်ရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို အများအပြားသိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်။ အမိုက်စားသီချင်းလေးတွေကို ဖန်တီးသီဆိုတတ်တဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ g fatt နဲ့ အတူ သာယာပျော်ရွှင်စရာကောင်းပြီး အရမ်းကို လိုက်ဖက်တဲ့ အတွဲလေး အဖြစ် ပရိတ်တွေက အရမ်းကို အားကျရတဲ့ relationship လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ နန်းစုကတော့ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ ထိပ်ထားလေးရဲ့ မေမေ မဆူနဲ့ tiktok ဗီဒီယိုလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိထားတာ ဖြစ်ပါတယ်။ ယခု လည်း မအိပ်ခင်လေးမှာ ချစ်စရာ tiktokလေး ဆော့ပြထားတဲ့ နန်းစုရဲ့ videoလေးကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါပြီ နော်။ Video ကြည့်ရန်...

မြင်ရသူ ရင်အေးစေတဲ့ ရိုးရိုးယဉ်ယဉ် အလှလေးတွေကိုပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင် (၁၀) ဦး

အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ လူတစ်ကိုယ် အလှတစ်မျိုးစီနဲ့ လှနေကြတဲ့ မင်းသမီးတွေထဲမှာ အချို့အလှတွေကတော့ မြင်ရသူရင်ထဲ အေးသွားရလောက်အောင် တင်စားလို့ရတဲ့ အလှမျိုးတွေကို ပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ အလှတွေဟာလည်း အကြည့်ခံတဲ့ အလှမျိုးတွေဖြစ်ပြီးတော့ ရိုးသွားတယ်မရှိအောင် လှပမှုအပေါင်းကို ပိုင်ဆိုင်ထားကြတဲ့ အလှမျိုးတွေပါ။ အနုပညာရှင်တွေထဲမှာ ဒီလိုဂုဏ်ပုဒ်မျိုးနဲ့ ရိုးရိုးယဉ်ယဉ်အလှလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ မင်းသမီးလေးတွေရှိပါတယ်နော်။ ထိုမင်းသမီး (၁၀) ဦးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မယ်လိုဒီ အေးဝတ်ရည်သောင်း စိုးပြည့်သဇင် ခင်ဝင့်ဝါ မေ ယုသန္တာတင် နန်းစန္ဒာလှထွန်း ပိုးကြာဖြူခင် နော်ဖော်အယ်ထား Alice Ong ဒီအနုပညာရှင်တွေကတော့ Admin လက်လှမ်းမီသလောက် ဖော်ပြပေးထားတာဖြစ်ပြီး ယခုလိုအလှမျိုးနဲ့ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေရှိရင်လည်း ပြောပြပေးခဲ့ဖို့ မေတ္တာရပ်ခံပါရစေနော်။We Love Cele Photos-Facebook

ရွှေမှုန်ရတီ မင်္ဂလာဆောင်တော့မှာနဲ့ပတ်သက်ပြီးပြောပြလာကြတဲ့ နိုင်ငံကျော်မင်းသားကြီး (၄) ဦး

နေတိုး “အကိုတစ်ယောက်၊ ဆရာတစ်ယောက်အနေနဲ့ ပြောရရင် ကလေးတွေ ဘ၀တစ်ခုကို ထူတောင်တဲ့အချိန် နည်းနည်း စောလွန်းတယ်လို့ မြင်တယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာကို အိမ်ထောင်ပြုခြင်း၊ မပြုခြင်းက ရာခိုင်နှုန်းအများကြီးတော့ သက်ရောက်မှာ မဟုတ်ပါဘူး” လို့ပြောလာပါတယ်။ Video ကြည့်ရန် လူမင်း “လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကမှ အိမ်မှာလာကန်တော့သွားသေးတယ်၊ ဘာမှလည်းပြောမသွားဘူးဆိုတော့ သူလုပ်ချင်တာကို ဖြစ်အောင်လုပ်သွားတယ်လို့ပဲထင်ပါတယ်။ချစ်သူဘ၀နဲ့ အိမ်ထောင်သည်ဘ၀က မတူပါဘူး၊ အတွေ့အကြုံအသစ် ပြသနာအသစ်တွေကို အတူတူရင်ဆိုင် ကျော်ဖြတ်နိုင်ပါစေ” လို့ပြောလာခဲ့ပါတယ်။ Video ကြည့်ရန် ကျော်ကျော်ဗိုလ် “သူတို့လည်း ပုထုဇဉ်ပဲလေ ချစ်ကြမယ်ကြိုက်ကြမယ်၊ အဖိုနဲ့အမ သဘာဝအရ အိမ်ထောင်ပြုကြမယ်။ သူတို့ဘ၀နဲ့ သူတို့ဖြတ်သန်းတာကို ကျနော်တို့က နားလည်ပေးရမယ်။ ရွှေမှုံရဲ့ စိတ်က တစ်ဖက်သားအပေါ်မှာ မကောင်းတဲ့ စိတ်မရှိဘူး” လို့ပြောလာခဲ့ပါတယ် Video ကြည့်ရန် မြင့်မြတ် “သူယူတာလည်း ရွှေထူးနဲ့ အနုပညာသမား အချင်းချင်းဆိုတော့...

အနုပညာလောကကနေ လုံးဝပျောက်ကွယ်သွားဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ အိမ့်ထရက်ရှာ

မော်ဒယ်အိမ့်ထရက်ရှာကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့အပြင် မြန်မာအိုင်ဒေါ Season 3 မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ မကြာသေးခင်ကမှ Privacy ချိုးဖောက်ခံခဲ့ရတဲ့ အိမ့်ထရက်ရှာဟာ ကြုံနေရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ ချစ်သူကတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတာဖြစ်ပြီး ချစ်သူသက်တမ်း (၃) နှစ်အတွင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာတော့ သူမချစ်သူက မြန်မာနိုင်ငံသို့ပြန်လာမှာဖြစ်ပြီး စီစဉ်စရာရှိတဲ့အရာတွေကို စီစဉ်တော့မယ်လို့ အင်တာဗျူးမှာဖြေဆိုထားပါတယ်။ အိမ့်ထရက်ရှာကတော့ သူမကို အနုပညာလောကကနေ ပျောက်ကွယ်သွားဖို့ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖန်တီးတဲ့သူတွေစိတ်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ သူမဟာ သူမချစ်တဲ့ အနုပညာလောကမှာ အနုပညာအလုပ်တွေလုပ်နေရင်း ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ “ဖြစ်တာတွေကလည်းဖြစ်ပြီးသွားပြီလေ။ ဖြေရှင်းထားပါတယ်။ ပြီးတော့ ဒီဟာတွေကလည်း ဘယ်လိုမှ ပြန်ပြီးတော့ အဖက်ဆယ်လို့လည်းမရတော့ဘူး ဒါပေမယ့် အိမ့်ဘယ်လိုမှ ပျောက်ကွယ်သွားဖို့လည်းစိတ်ကူးမရှိဘူး...

ကွယ်လွန်သူ မင်းသွေးရဲ့ အပြင်စိတ်နေစိတ်ထားကိုပါ ခန့်မှန်းနိုင်တဲ့ ”မုန်းစွဲ” ဇာတ်ကားရိုက်ကွင်းမှ အမှတ်တရပုံရိပ်တစ်ချို့

အဆိုတော် ၊ သရုပ်ဆောင် မင်းသွေးတစ်ယောက် ကွယ်လွန်သွားခဲ့တာ ယနေ့နိုဝင်ဘာလ ၃ရက်နေ့မှာတော့ (၁) လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘောလုံးကစားရင်း အမောဖောက်ကာ အသက်ဆုံးရှုံးသွားခဲ့တဲ့ မင်းသွေးကို အနုပညာသားတွေနဲ့အတူ ပရိသတ်တွေအားလုံးက အမှတ်တရရှိနေဆဲ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ဇာတ်ကားတွေက မကြာမီမှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် မင်းသွေးကွယ်လွန်သွားခြင်းကို အားလုံးကနှမြောတသ ယူကြုံးမရဖြစ်နေရတာ ဖြစ်ပါတယ်၊ နေတိုးနဲ့ မင်းသွေးတို့ညီအစ်ကို ပါဝင်သရုပ်ဆောင်ထားတဲ့ ”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ စင်ကာပူ နှစ်နိုင်ငံလုံးမှာ တစ်ချိန်တည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးဖြစ်သလို ရုပ်ရှင်လောကအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသွေးတစ်ယောက် ကိုယ်ရောစိတ်ပါ နှစ်ပြီး သဘာဝကျကျ အကောင်းဆုံး သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ ယနေ့မင်းသွေးရဲ့ တစ်လပြည့်အထိမ်းအမှတ်အဖြစ် နေတိုးတို့မိသားစုက အိမ်မှာပဲ ဆွမ်းကပ်အလှူပြုခဲ့ကြပါတယ်။ ဒါ့အပြင်...

အမြတ်တနိုးတန်ဖိုးထားခဲ့ရတဲ့ ဆံပင်တွေကို ဖြတ်ပြီး လှူဒါန်းလိုက်တဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်း

အရိပ်ဇာတ်ကားလေးနဲ့ ပရိသတ်တွေကြားထဲ တရှိန်ထိုးဝင်ရောက်နိုင်ခဲ့တဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းလေးဟာယခုဆိုရင်တော့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်နေတဲ့ မင်းသမီးတစ်ဦးအဖြစ် ရှိနေခဲ့ပါပြီ။ အရိပ်ဇာတ်လမ်းတွဲထဲမှာလည်း သူနာပြုလေးအဖြစ် ရိုးရိုးလေးသရုပ်ဆောင်ထားတဲ့ သက်သက် ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားခဲ့ပါတယ်။ အပြုံးယဉ်ယဉ်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းကို ရယူနိုင်ခဲ့တဲ့ မင်းသမီးလေးနန်းစန္ဒာလှထွန်းဟာ ယနေ့မှာတော့မွန်မြတ်လွန်းလှတဲ့ လှူဒါန်းမှုကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ လှူဒါန်းမှုလေးကတော့ အမြတ်တနိုးတန်ဖိုးထားခဲ့တဲ့ ဆံပင်လေးတွေကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိတဲ့ အလောင်းတော်ကသပ ပင်မလမ်းဖြစ်သော ရွှေပင်တံတားလမ်းအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူမကတော့ “ကိုယ်တတ်နိုင်တဲ့ အလှူလေးတစ်ခု ☺ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ဝမ်းသာပီတိ ☺?” ဖြစ်ခဲ့ရတယ်ဆိုပြီး လှူဒါန်းမှုအစုစုပုံရိပ်လေးတွေနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ တကယ်ကို မွန်မြတ်လှတဲ့ လှူဒါန်းမှုလေးပဲဖြစ်ပါတယ်။ ယခုဘဝမှာလည်း ရုပ်ရည်ရူပကာနဲ့ ပြည့်စုံလွန်းလှတဲ့ နန်းစန္ဒာလှထွန်းတစ်ယောက် စိတ်ထားလေးလည်းမွန်မြတ်လွန်းလှတာတွေ့ရပါတယ်။ နန်းစန္ဒာလှထွန်းရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်အတွက်...

အစ်ကိုဖြစ်သူ နေတိုး Viber ကနေ ပို့တဲ့နောက်ဆုံးစာကို ဖတ်မသွားလိုက်ရတဲ့ မင်းသွေး

နေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင်မင်းသွေးဆုံးတာ တစ်လပြည့်ပြီဆိုပေမယ့် မနေ့တစ်နေ့ကလိုပါပဲ။ ပြီးတော့ သေသောသူကြာရင်မေ့ဆိုပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဒီလထဲမှာ အမှတ်တရတွေပိုများနေတာလည်း ဖြစ်ပါတယ်။ သူစင်ကာပူမသွားခင် ထမင်းစားခန်းမှာ မနက်စာစားရင်းဆုံတယ်၊ ကျွန်တော်တို့ညီအစ်ကိုက ရှုတင်သွားတဲ့အချိန်တွေက တူနေတော့ မနက်စာစားတာနဲ့ ဘုရားခန်းတက်တဲ့အချိန်တူတာများတယ်။ သူစင်ကာပူသွားပြီး စတူရီယိုအတွက် Audio ပစ္စည်းတွေဝယ်ဖို့ လိုအပ်တဲ့ဘတ်ဂျက်တွေ ညှိနှိုင်းဖြစ်တယ်။ အဲဒါက သူနဲ့နောက်ဆုံးဆုံဖြစ်တာပေါ့။ စင်ကာပူကိုရောက်တော့ Viber ကနေ သူဘာတွေဘာတွေဝယ်ထားတယ်ဆိုတာလေးတွေ Voice Message လေးပေးထားတာပေါ့။ ကျွန်တော်ပြန်ပို့တာတောင် သူပြန်မကြည့်သွားပါဘူး။ ပြီးတော့ ဒီနှစ်ထဲမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေဖြစ်တဲ့ မုန်းစွဲတို့၊ သတ်ကွင်းတို့လိုမျိုးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာဖို့ရှိနေပါတယ်တဲ့။ အစ်ကိုဖြစ်သူနေတိုးက မျက်ရည်မကျဘူးလားဆိုရင် ကျမယ်ဆို ကျလို့ရတယ်၊ ကျမယ်ဆိုတဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်မှုမျိုးနဲ့ ဒီလိုဝမ်းနည်းပူဆွေးမှုတွေကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ အသိနဲ့ စိတ်ကိုပြန်ပြီး ထိန်းချုပ်နိုင်လိုက်တယ်...

ရွှေမှုန်အိပ်ရင် ဘေးနားမှာ ဘယ်သူရှိစေချင်လဲဆိုတဲ့ အပေါ်မူတည်တယ်ဆိုတဲ့ ဂျွန်လွင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်း event organizerတစ်ဦးဖြစ်ပြီး eventကောင်းပေါင်းများစွာကို စီစဉ်နိုင်ခဲ့တဲ့ ရွှေမှုန်ရတီရဲ့ ဆရာဖြစ်သူ ဂျွန်လွင်ကတော့ မကြာခင်မှာ လက်ထပ်တော့ မယ့်တပည့်ဖြစ်သူ ရွှေမှုန်ရတီအတွက် အိမ်ထောင်သည် ဘဝကိုရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံကို ပိုက်ဆံနဲ့ တူအောင်ရှာဖို့အတွက် အကြံပေးစကားကို Sunday journalရဲ့ အင်တာဗျူးကတစ်ဆင့် ပြောသွားခဲ့ပါတယ်။ ဂျွန်လွင်က “ကျွန်တော် မနေ့ညကမှ စသိတာ ကျွန်တော်ဆို မယုံဘူးလို့ မဟုတ်ဘူးလို့ပဲ အမြဲတမ်းပြောတယ် ဒါပေမဲ့ ဒီနေ့မနက်ကတော့ သူကိုယ်တိုင်လည်း ဖိတ်စာတင်လိုက်တယ်ပေါ့နော် တင်လိုက်ပြီးတော့ သူကိုယ်တိုင်လည်း ကျွန်တော်ဆီဆက်လာတယ် ဆရာတဲ့ သမီးမင်္ဂလာဆောင်တော့မယ်တဲ့ အဲ့လိုကြတော့ ကျွန်တော်ကတော့ စဉ်းစားတယ် ဟယ်အဲ့လိုဆိုရင်တော့လို့ ငါနင့်ကို တစ်ခုပဲ မှာလိုက်မယ်လို့ နင်အင်တာဗျူးတွေ ဖြေတဲ့အချိန်ပေါ့နော် ကျွန်မအလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပါတော့မယ် ကျွန်မတစ်ချိန်က ဖြစ်ပျက်ခဲ့တာတွေ ဆိုးခဲ့တာတွေအကုန်လုံးကို မေ့ပျောက်ပြီးတော့ နော် ကျွန်မလူကြီးဖြစ်ပါပြီ တကယ်အလုပ်ကိုလည်း အလုပ်နဲ့...

မင်္ဂလာပွဲမတိုင်ခင် ပိုပိုပြီးအလှသွေးကြွယ်လာတဲ့ သတို့သမီးလောင်းလေး ရွှေမှုန်ရတီရဲ့ ကြွေလောက်စရာ ပုံရိပ်များ

ရွှေမှုန်ရတီလေးဟာ လာမယ့် ၁၁ ရက်နေ့မှာတော့ သူမရဲ့ မင်္ဂလာပွဲကို အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ရွှေနှစ်ရွှေရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရက်ဆိုသလိုဖြစ်ခဲ့ပေမယ့် သူမတို့နှစ်ဦးရဲ့ ပရိသတ်တွေကတော့ အားပေးကြိုဆိုမှုတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ အနုပညာရှင်တွေရဲ့ ဂုဏ်ပြုမှုတွေနဲ့အတူ မကြာမီရက်ပိုင်းအတွင်းမှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပတော့မှာဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် သတို့သမီးလောင်းလေးတွေဟာ ပိုပိုပြီးအလှသွေးကြွယ်လာတတ်ကြပါတယ်။ Huawei ပွဲကို တက်ရောက်လာတဲ့ သတို့သမီးလောင်းလေးရွှေမှုန်ရတီရဲ့ အနက်ရောင် Dress နဲ့ပုံရိပ်တွေဟာ မြင်ရသူအဖို့ ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ မကြာခင်မှာ အိမ်ထောင်ပြုတော့မယ့် ရွှေမှုန်ရတီရဲ့ အလှအပတွေကို ခံစားကြည့်ရှုနိုင်ဖို့ အလန်းစားပုံရိပ်တွေနဲ့အတူ ဖော်ပြလိုက်ပါတယ်။ ရွှေမှုန်ရဲ့အလှမှာ နစ်မျောနေပြီလား ပရိသတ်ကြီးရေ ပုံလေးတွေ ကျန်သေးတယ်နော်။ တကယ့်ကို လှသွေးကြွယ်နေတဲ့ ရွှေမှုန်လေး ရွှေထူးနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ source : We Love Cele Photos-Nay Min Tun

error: Content is protected !!