Category: အနုပညာ

လမ်းခွဲသွားတဲ့ ချစ်သူကို ပြန်လည်သတိရပြီး ဖီးလ်လို့ကောင်းတဲ့ ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းအသစ်

နိုင်ငံကျော် သရုပ်ဆောင်နှင့် အဆိုတော် ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ ရဲလေးဟာ ရုပ်ရည်ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရပါတယ်။ ရဲလေးက သူ့ရဲ့ ဆယ်စုနှစ်တစ်ခုစာလောက်ရှိတဲ့ အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ သီချင်းကောင်းတွေကို ဖန်တီးရေးသားတတ်တဲ့ ရဲလေးက ဒီနေ့မှာတော့ သူ့ရဲ့ သီချင်းအသစ်စက်စက် တစ်ပုဒ်ကို ပရိသတ်တွေဆီ မျှဝေထားပါတယ်။ ထိုသီချင်းလေး နာမည်ကတော့ “အရူးကမ္ဘာ” လို့ အမည်ရပြီး လမ်းခွဲသွားတဲ့ ချစ်သူကောင်မလေးကို သတိရလွမ်းဆွတ်နေတဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ “အရူးကမ္ဘာ” သီချင်းလေးမှာ ရဲလေးနဲ့အတူတူ NJ ကလည်း ပါဝင်အားဖြည့်သီဆိုထားတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ရဲလေးရဲ့ သီချင်းအသစ်ဖြစ်တဲ့ “အရူးကမ္ဘာ” သီချင်းလေးကို ခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။ ရဲလေး – အရူးကမ္ဘာ ချစ်သူနဲ့...

လွမ်းဖျားဖျားတာကို လာမတွေ့လို့ ချစ်သူကို ဂျီကျနေတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ မိတ်ကပ်Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ုဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ခြည်ခြည်ရဲ့ အနုပညာပါရမီကတော့ အံ့ မခန်းပါပဲနော်။ အနုပညာဘက်တင်မဟုတ်ပဲ သူမရဲ့အချစ်ရေးကို အားကျ ပြီး အားပေးနေတဲ့သူတွေအများကြီးပါနော်။ ချစ်သူကောင်လေးနဲ့ LDRS ဘဝပေမယ့် ချစ်သူကောင်လေးရဲ့ သည်းသည်းလှုပ်အချစ်ခံရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်းချီချီဟာ သူရဲ့ ချစ်သူကောင်လေးကို ကလေးဆိုးလေးဆိုးနေကြောင်းကို သူမရဲ့ချစ်သူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ Story မှာ တင်ထားတာပဲဖြစ်ပါတယ်။”ဖျားတာကို လာမတွေ့လို့ ဂျီ ကျ ”...

ပဲခူးရိုးမ မှာရိုက်ကူးရေး လုပ်ရင်း မိုးသီးကြွေ တာနဲ့ ကြုံခဲ့တဲ့ မြင့်မြတ် ရဲ့ ဗီဒီယိုဖိုင်

နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ” ရိုးမပေါ်ကျတဲ့ မျက်ရည်”ရုပ်ရှင်ဇာတ်ကားကို ပဲခူးရိုးမပေါ်မှာ ရိုက်ကူးနေတာပါ။ ချစ်ပရိသတ်တွေအတွက်မိုးသီးကြွေတာ နဲ့ ကြုံခဲ့တဲ့ မြင့်မြတ် ရဲ့ Video File ကို ဖော်ပြပေးလိုက်ပါတယ်နော်။ လတ်တလော မှာ မြင့်မြတ်က ကျောင်းဆရာ ကာရိုက်တာနဲ့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ ” ပဲခူးရိုးမပေါ် ကျတဲ့မျက်ရည် “ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် တို့နဲ့ အတူ ပဲခူးရိုးမပေါ်မှာ ရိုက်ကူးရေးလုပ်နေတာပါ။ ပဲခူးရိုးမပေါ် ရိုက်ကူးရေး လုပ်ရင်း မြင့်မြတ်တို့ ရိုက်ကူးရေးအဖွဲ့ဟာ ပြင်းပြင်းထန်ထန် မိုးသီးကြွေတာနဲ့...

စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Event မှာ ပွဲလာပရိသတ်တွေရဲ့ အာရုံတွေကိုဖမ်းစားခဲ့တဲ့ သင်ဇာဝင့်ကျော်

Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိရှိလျောက်လှမ်း နေတဲ့ သင်ဇာဝင့်ကျော်တစ်ယောက် စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Event မှာ နေဗီပြာ ရောင်ဝတ်စုံနဲ့ အားလုံးရဲ့စိတ်အာရုံတွေကို အပြတ်အသတ်ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမရဲ့ Fashion တိုင်းဟာ လူစိတ်ဝင်စားမှု ရှိခဲ့ပြီး ပွဲတက်တိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ ခြေလှမ်း၊ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတွေနဲ့ အမြဲတမ်းတက်ရောက်ခဲ့ သူပါပဲ။ ဒီတစ်ခေါက်မှာလည်း လှချင်တိုင်းလှနေတဲ့သူမဟာ Event ရဲ့ မင်းသမီးလေး ပေါ့။ ချစ်သူနဲ့လည်း သာယာပျော်ရွှင်တဲ့ Relationship Life လေးမှာ သူမက အေးချမ်း တည်ငြိမ်စွာရှိနေပြီး ဂရုစိုက်တတ်တဲ့ချစ်သူကြောင့်အရမ်းကို ပျော်နေတဲ့ သင်ဇာရဲ့ပုံရိပ် လေးတွေက ကြည်နူးစရာပါပဲ။ သူမရဲ့အနုပညာသက်တမ်းဟာလည်း အတော်လေးကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အတော်များ များပါပဲ။ ဝေဖန်သူတွေရှိနေပေမယ့် သင်ဇာကတော့ အပြုံးမပျက် ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင်ဆက်လုပ်နေဆဲပါပဲ။ သူမရဲ့ပွဲတက်ပုံရိပ်တွေကို...

အိမ်ထောင်သက်၁၄နှစ်မှာ ပထမဆုံး ( ၉ )ရက်တောင်ခွဲခွာရမယ့်ခရီးမို့ မိန်းမကိုစိတ်မချဖြစ်နေတဲ့ ပိုင်ဇေရဲထွန်း

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့  လက်ရှိမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ဇနီးမောင်နှံဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အသက်၁၀နှစ်ဝန်းကျင်ကွာပေမယ့် စိတ်သဘောထားချင်းတွေ တိုက်ဆိုင်သလို အရမ်းရိုမတ်တစ်ဆန်တဲ့  ဇနီးမောင်နှံဆိုရင်လည်း မမှားပါဘူးနော်။အိမ်ထောင်စကျကတည်းက နားလည်မှု၊ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေ အပြည့် နဲ့ တည်ဆောက်ထားတဲ့ တို့  အိမ်ထောင်ရေးလေးမှာ ချစ်စရာကောင်းတဲ့  သားသားမီးမီး (၃) ယောက် ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး သမီးကြီးလေးကလည်းလိမ္မာရေးခြားရှိကာ သူမအတွက်အဖော်ရတဲ့ အပြင် သားလေးနှစ်ယောက်ကတော့ အရမ်းကိုချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ကလေးလေးတွေမို့ သားသမီးရေးမှာလည်းကံကောင်းတယ်လို့ ဆိုရမှာပါနော်။ လတ်တလောမှာတော့ ဇင်သဲနိုင်ကတော့Myanmar Women Ledars Program က အမျိုးသမီးစီးပွားရေးသမား (၁၅)ယောက်ရွေးချယ်တဲ့ထဲမှာ အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပြီး Europe (၄)နိုင်ငံ မြို့ (၅) မြို့ ...

သာသနာ့ဘောင်ဝင်နေတဲ့ ကင်ဆာရောဂါသည်မိခင်ကြီးကို စိတ်ကြည်နူးသွားစေမယ့် စည်သူမောင်ရဲ့မွေးနေ့ဆုတောင်း

သရုပ်ဆောင်စည်သူမောင်တစ်ယောက် မိခင်ကြီးရဲ့ မွေးနေ့လေးကို အမှတ်တရဖြစ် အောင် ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူမောင်ရဲ့ မိခင်က သာသနာ့ဘောင်ဝင်ရောက်နေတာဖြစ်ပြီး အေးချမ်းတဲ့အရိပ်အာဝါသအောက်မှာ သားဖြစ် သူရဲ့ဆုတောင်းကြောင့် ပိုပြီးတော့ ချမ်းမြေ့သွားလောက်ပါရဲ့။ ကင်ဆာဝေဒနာခံစားနေရပေ မယ့် ဘဝကြီးကို အကောင်းဆုံးနဲ့ အကြံ့ခိုင်ဆုံးဖြတ်သန်းနေပြီး တရားဓမ္မနဲ့ ပျော်မွေးနေပုံ က တကယ့်ကိုအတုယူချင်စရာပါပဲ။ စည်သူမောင်တစ်ယောက် မိခင်ကို ပြည့်စုံလွန်းတဲ့ မွေးနေ့ဆုတောင်းလေးနဲ့ ပိုချစ်အောင် လုပ်လိုက်ပြန်ပါပြီနော်။ သာသနာ့ဘောင်ဝင်နေတဲ့ မိခင်ဖြစ်သူအတွက် ” ” HAPPY BIRTHDAY ပါ ချစ်သော မေမေ ခင်ဗျား…” ဒီနေ့ May လ 22 ရက်နေ့ အမေ့မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အမေချစ်တဲ့ ခင်ပွန်း သားတွေ သမီးဖူးငုံ မြေးအသဲ ဗန်ဗန် တို့နဲ့အတူ ကျန်းမာ အသက်ရှည်ပြီး ချစ်ချစ်ခင်ခင် ပျော်ပျော် ရွှင်ရွှင်နဲ့...

ကိုရီးယားမင်းသား Rain နဲ့ ကင်ထယ်ဟီးတို့စုံတွဲဆီက လှလိုက်တာလို့ချီးကျူးခံလိုက်ရတဲ့ ချမ်းချမ်း

Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ “မ​နေ့က LA ​လေဆိပ်​မှာ ကိုရီးယား မင်းသမီး​တွေ အဆို​တော်​​တွေ နဲ့ တူတူ immigration ဖြတ်​​တော့...

Rain နဲ့ Kim Tae Hee တို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရတဲ့ ချမ်းချမ်း

Melody World သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများအောင်မြင်လာတဲ့ အဆိုတော် ချမ်းချမ်းကတော့ အဆိုပိုင်းမှာ ထူးချွန်ရုံသာမကပဲ မော်ဒယ်ပိုင်းမှာလည်း လူသိများအောင်မြင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Internation ဆန်တဲ့ ရုပ်ရည်နဲ့ မြင့်မားလှတဲ့ အရပ်ကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားမင်းသမီးတစ်ဦးနဲ့တောင် အထင်မှားရလောက်အောင် လှရက်လွန်းသူလေးပါ။ လတ်တလောမှာတော့ ချမ်းချမ်းက အမေရိကသို့ ခရီးသွားရင်းနဲ့ သူမအနေနဲ့ ဂုဏ်ယူစရာကောင်တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Rain နဲ့ မင်းသမီး Kim Tae Hee တို့ ဇနီးမောင်နှံတို့ဆီကနေ လှတယ်လို့ ချီးကျူးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ “မ​နေ့က LA ​လေဆိပ်​မှာ ကိုရီးယား မင်းသမီး​တွေ အဆို​တော်​​တွေ နဲ့ တူတူ immigration ဖြတ်​​တော့...

MRTV 4 ဇာတ်လမ်းတွဲများထဲမှ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသမီး (၁၀) ဦး

နိုင်ငံတကာရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေနဲ့ တန်းတူ နေရာယူနိုင်လာတာကတော့ TV Series(ရုပ်သံဇာတ်လမ်းတွဲ)တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ အာရှတိုက်မှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအားပေးလာကြတဲ့အထိ အောင်မြင်နေတာကြောင့် အခုနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာတာတွေ့ ရပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် တီဗီဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ မင်းသမီးးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ မေမြင့်မိုရ် မေမြင့်မိုရ်ကတော့ “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ သတိထားအားပေးခြင်းခံရပြီးတဲ့နောက် “အရိပ်”၊ “ပုဂံမြို့သူ” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့သူလေးတစ်ဦးပါ။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေအပြင် “အလျှံပယ်” ၊ “ဇာတ်လိုက်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင်သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ မေမြင့်မိုရ်က မကြာသေးခင်ကလဲ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Star Awards ရဲ့ Best Rising Star...

မိုးယံဇွန် နဲ့ ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ စံရတီမိုးမြင့်

သူကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ မင်းသမီးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ လတ်တလောမှာ ဆံပင်ဒီဇိုင်းအသစ်လေးနဲ့လှနေတဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်။ အရင်က ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာမသိခဲ့ဘူး ချစ်နည်းမမှန်ခဲ့ဘူး ။ အရင်က ကိုယ့်ကိုယ်ကို ထက်သူများကိုပဲ ပိုချစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲက တွေ့ ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ခုတော့ ကိုယ့်ကိုယ်ကိုချစ်တတ်လာတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုချစ်မှန်းလည်းမသိခဲ့ဘူး ။ ခုတော့ကိုယ့်ကိုယ်ကိုချစ်တဲ့နည်းမှန်လာတယ် ကိုယ့်ကိုယ်ကိုလှအောင်နေတယ်။ ကိုယ့်ဘဝကို အပျော်ဆုံးနေတယ်။ အရင်တုန်းကတော့ကိုယ့်ကိုယ်ကိုထက် သူများကိုပိုချစ်တယ် ခုတော့ကိုယ့်ကိုယ်ကိုပိုချစ်လာတာ။ အဲအချိန်ကိုတော့ပြန်မရောက်ချင်တော့ဘူး ။ ဖျက်ပစ်ချင်တာတော့မဟုတ်ဘူး ဖြစ်ခဲ့တဲ့ဟာအကုန်လုံးကိုတော့ ဘဝမှာအမှတ်တရတစ်ခုအနေနဲ့ ရင်ထဲမှာအမြဲသိမ်းထားတယ်။ ကိုယ်ကိုတိုင်ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက်ရလာတဲ့ ရလဒ်ကိုလည်း လက်ခံတယ် လို့ ပြောပြထားပြီးတော့ မိုးယံဇွန်ရဲ့ ချစ်သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလည်း“ လူအရမ်းမှားနေပါတယ် သဲသဲလည်းပြောရတယ် အကိုရေတူနေတယ်လို့ သူကောင်မလေးကလည်းတူနေတာ တိုက်ကိုတိုက်ဆိုင်နေတာ။ မထင်ပါနဲ့မဟုတ်ပါဘူး ဂျင် (GYM) မှာက ကိုယ်သွားတဲ့အချိန်သူကရှိနေတာ သူကောင်မလေးနဲ့ပုံတင်တော့လည်း သက်သည်းအရောင်ကတူနေတာ ဒါပေမယ့်သဲသဲက (၅)ချောင်းလုံးအပြာ သူကောင်မလေးက...

error: Content is protected !!