Category: အနုပညာ

ပိုင်တံခွန်ကို ချစ်တယ်လို့ဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အလှဆုံးမင်းသမီးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။သင်ဇာ့ကို ပိုင်တံခွန်နဲ့ မကြာခဏတွဲတွေ့ရပြီး ကြော်ငြာတွေ ရုပ်ရှင်တွေမှာလည်း လိုက်ဖက်ညီစွာသရုပ်ဆောင်ထားကြတာတွေ့ရတာကြောင့်ပရိသတ်တွေက ပိုင်တံခွန်နဲ့ သဘောတူတယ်လို့ စနောက်ခဲ့တဲ့အချိန်တွေလည်းရှိပေမယ့်ပိုင်တံခွန်နဲ့ သင်ဇာကတော့မောင်နှမတွေလိုမျိုးခင်တာလို့ပဲ အင်တာဗျူးတွေမှာဖြေခဲ့ကြပါတယ်။ မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ ပိုင်တံခွန်နဲ့ သင်ဇာနဲ့က တစ်ယောက်အပေါ်တစ်ယောက်အမြင်တွေနဲ့ ခံစားချက်တွေကိုပြောပြလာခဲ့တာကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖောက်သည်ချတင်ဆက်ပေးလိုက်ရပါတယ်။ သင်ဇာကတော့ ပိုင်တံခွန်အပေါ်အမြင်ကို “သူနဲ့စရိုက်တုန်းကလေ သူ့အသက်ကိုမေးဖြစ်တယ်။ သူ့ဟာသူ အသက်လေးကငယ်ငယ်လေးနဲ့ သူ့ဟာသူ control လုပ်နိုင်တယ်။အလုပ်ကြိုးစားတဲ့လူတစ်ယောက်လို့မြင်တယ်။ ဘာပဲဖြစ်ဖြစ်ကိုယ့်ထက်အသက်အများကြီးငယ်တယ်ဆိုပေမယ့်လည်း သူ့ကိုလေးစားတယ်။ သူ့ဟာသူ handle လုပ်နိုင်တယ်ပေါ့။ ပြီးတော့ သူကြိုးလည်းကြိုးစားတယ်။ဆက်ဆံရေးလည်းကောင်းတယ်။သဘောလေးလည်းကောင်းတယ်။စိတ်လေးလည်းကောင်းတယ်။ အလုပ်တွဲလုပ်လို့လည်းအဆင်ပြေတယ်”လို့ ပြောပြထားပါတယ်။ မမသင်ဇာက ပိုင်တံခွန်ကိုချစ်တာပေါ့လို့လည်း “သူက respect လည်းအရမ်းရှိတယ်။ အလုပ်လည်းအရမ်းကြိုးစားတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်သူ့ကိုအကုန်လုံးက ချစ်ကြတယ်။ သူနဲ့အလုပ်တွဲလုပ်ဖူးတဲ့လူတွေအကုန်လုံးကလည်းသူ့ကိုချစ်ကြတယ်။ ကိုယ်လည်းကိုယ့်မောင်လေးတစ်ယောက်လိုတော့ချစ်တာပေါ့”လို့ ရယ်မောရင်းဖြေထားပါတယ်။ ပိုင်တံခွန်က သင်ဇာနဲ့အလုပ်အတူတူလုပ်ရတဲ့ခံစားချက်ကို “ကျွန်တော်အစ်မနဲ့အများကြီးရိုက်ဖူးတယ်။ အစ်မနဲ့ရိုက်တဲ့ပုံစံကျတော့ ကိုယ်ငယ်ငယ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းနဲ့ရိုက်ရသလိုပဲပိုပြီး friendly...

ယောက်ျားဖြစ်သူ ပြောတဲ့ အချစ်အကြောင်းကို ကြည်နူးစွာနားထောင်နေတဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယို

အကယ်ဒမီ သရုပ်ဆောင် သက်မွန်မြင့်ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားပြီး သူမရဲ့ အနုပညာသက်တမ်းဟာ နှစ်(၂၀)ကျော်ခဲ့ပါပြီ။ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို အကောင်းဆုံးပုံဖော်နိုင်သူဖြစ်ပြီး သူရိုက်တဲ့ရုပ်ရှင်ကားတိုင်းကလဲ အတိုင်းအတာ တစ်ခုအထိအောင်မြင်မှုတွေ ရရှိခဲ့တာလဲဖြစ်ပါတယ်။ သူမက စိတ်ထားဖြူစင်တဲ့ ရိုးသားပွင့်လင်းတဲ့ တိုင်းရင်းသူလေးပါ။ လူချစ်လူခင် ပေါသလို သူမကို အရမ်းချစ်ပြီး အရမ်းအလိုလိုက်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဇရပ် TV ရဲ့ ခရီးသွားဟန်လွဲအစီအစဉ်မှာ ပါဝင်နေကြပြီး အဲ့ဒီအစီအစဉ်မှာ ပရိသတ်တွေ နဲ့ ဆုံတွေ့ပြီး ဗဟုသုတဖြစ်စရာတွေကို မျှဝေတဲ့နေရာမှာ ကိုစစ်နိုင်က အချစ်နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်လေးတစ်ခုကိုပြောပြလာပါတယ်။ သူပြောတဲ့ သူခံယူထားတဲ့ အချစ်က ဘာလဲဆိုတာကို ပြောပြခဲ့ပါတယ်။ ဒီလို စိတ်ရှည်ရှည်နဲ့ ပြောပြနေတဲ့ ခင်ပွန်းရဲ့မျက်နှာလေးကိုကြည့်ပြီး နားထောင်နေတဲ့ သက်မွန်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဗီဒီယိုထဲက ကိုစစ်နိုင်ပြောတဲ့ အချစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို...

ရောဂါသည် အမေကြီးကိုပြစ်ထားခဲ့တဲ့ သမီးအကြောင်းပြောပြလာတဲ့ ကစ်ကစ်

ကျောက်ကပ်ရောဂါကြောင့် နာတာရှည်ရောဂါသည်အဖြစ် ခံစားနေရတဲ့ ရုပ်ရှင်ဇာတ်ရံသရုပ်ဆောင် ကစ်ကစ်ဟာ ယခုနောက်ပိုင်းတော့ ကျန်းမာရေးအနည်းငယ်ပြန်ကောင်းနေပါပြီး သူမဟာ ကျောက်ကပ်အစားထိုးကုသမှ အကောင်းပြန်လည်နေထိုင်နိုင်ဖြစ်လို့ ကျောက်ကပ်လှူဒါန်း မယ့်သူတွေရှိပေမယ့် မတူညီနိုင်တဲ့အရာတွေရှိနေတာမို့ လှူဒါန်းခွင့်မရခဲ့ဘူးလို့လဲ သိရပါတယ်။ သူမဟာ အများပြည်သူ ၇ရက်သားသမီးတွေရဲ့ အလှူကြောင့် အရမ်းကို ခက်ခဲတဲ့ ကျန်းမာရေးအခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ သို့ပေမယ့်လဲ သူမ ရဲ့ သမီးကတော့ မိခင်နာမကျန်းဖြစ်နေတဲ့ အချိန်ထဲက မိခင်နားမှာမရှိဘဲ ထွက်သွားခဲ့တယ်လို့လဲ သိရပါတယ်။ ယခုအခါမှာတော့ ကစ်ကစ်ဟာ သမီးဖြစ်သူရဲ့ လမ်းမှားရောက်နေတဲ့ အကြောင်းအရာတွေကို ပြောပြလာပါတယ်။ အရမ်းကို လိမ္မာပြီးအမေချစ်တက်တဲ့ သမီးက အပေါင်းအသင်းမှားခဲ့ပြီး နေမကောင်းတဲ့ အမေကိုပြစ်ထားခဲ့ပါတယ်တဲ့ ။ ကစ်ကစ်ကတော့ သူမရဲ့ အသက်ရှင်နေထိုင်ဖို့အတွက် ရုန်းကုန်နေရင်း သမီးဖြစ်သူကိုလဲ စိတ်နာနေခဲ့ပါတယ်။ သူသမီးကို နောက်ဆုံပြောခဲ့တဲ့ စကားတွေကို နားထောင်ကြည့်ရင် သမီးအပေါ်တော်တော်လေးစိတ်နာနေပုံရပါတယ်။ သူမ ပြောခဲ့တာကတော့ “ “နင်လိမ်မာရင်နင့်ဖို့ပဲ။...

သမီးကို သေတဲ့ထိ မတွေ့ဘူးလို့ အပြတ်သားဆုံးပြောလိုက်တဲ့ သရုပ်ဆောင် ကစ်ကစ်

ကစ်ကစ်ဟာ ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်နေရပြီးဆေးရုံပေါ်မှအသည်းအသန်ဖြစ်နေတဲ့အချိန်တွေကိုလည်းကျော်ဖြတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ မင်းသမီးခင်သဇင်နဲ့ ပြုစုတဲ့လူတွေ အလှူရှင်တွေရဲ့အားနဲ့ ပြန်ပြီးရောဂါသက်သာလာခဲ့ပါတယ်။ ကစ်ကစ်က မကြာသေးမီက အကုန်သိမီဒီယာတွေနဲ့အင်တာဗျူးမှာ သမီးနဲ့ပတ်သက်ပြီး ခံစားရတာတွေနာကျင်ရတာတွေကိုရင်ဖွင့်လာခဲ့ပါတယ်။ ကစ်ကစ်က သမီးလေးဟာ အရင်တုန်းကအရမ်းလိမ်မာခဲ့ဖူးတဲ့အကြောင်း “အရမ်းလိမ္မာတာ။အမေကိုဆို ဖိနပ်စီးပေးတယ်။ ထမင်းခွံ့တယ်။ ရုပ်ရှင်လောကကလူတွေအကုန်လုံးသိတယ်။ ဒီကလေးလိမ်မာတာ။ သူမပြုစုလိုက်ရလို့ဆိုပြီး ငိုသေးတာ။ ကားတွေဘာတွေရိုက်လို့ ပုပ္ပါးတောင်ပေါ်တက်သွားတာလေ။ ချဉ်ပေါင်ခါး အရမ်းခါးတဲ့ဟာကိုလည်း တကယ်ကိုရိုးရိုးချဉ်ပေါင်လိုဖြစ်အောင် ကြော်ကျွေးတာ။ တကယ်ကိုကြော်တတ်တယ်။ အဲဒါလေးကတော့ အမှတ်တရပဲ။ အဲဒီသမိုင်း မုဒိတာအိမ်ရာကိုရောက်သွားပြီးကတည်းက အဲဒီတစ်ယောက်နဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်းပျက်စီးတော့တာပဲ။ ဒီနေ့အထိ သုံးစားလို့ကိုမရတော့ဘူး”လို့ပြောပြထားပါတယ်။ သမီးက ပတ်သက်နေတဲ့ Tomboy တစ်ယောက်ကြောင့် ကိုယ့်သမီးကိုယ်သေအောင်သတ်နေတယ်လို့အပြောခံရတယ်ဆိုတဲ့အကြောင်း ကစ်ကစ်က “ကိုယ့်ကိုကျောက်ကပ်တွေလှူပါ့မယ်ဆိုတဲ့အလှူရှင်တွေထွက်လာတယ်။ ဒါပေမယ့် တစ်ရှုးမတူတဲ့အတွက် ပြဿနာလေးတွေဖြစ်သွားတယ်။ အဲဒီပြဿနာပေါ်မူတည်ပြီး အိမ်ကသမီးကိုစမ်းသပ်တယ်။ သမီး နင်တို့ကအဆောင်မှာနေတယ်ဆိုတော့ သူရယ် သူ့သူငယ်ချင်း Tomboy နဲ့ အဆောင်မှာနေတယ်။ နင်တို့လည်းပိုက်ဆံလိုနေတာပဲလို့နင့်ဆီက ကျောက်ကပ်ကိုငါ သိန်းသုံးဆယ်နဲ့ဝယ်မယ်လေလို့။ အမှန်က...

အ၀တ်ဗလာနဲ့ ရေချိုးနေတဲ့ ပုံတွေတင်လိုက်တဲ့ မော်ဒယ်နန်းမွေစံ

Sexy ကျကျပုံရိပ်လေးတွေကြောင့်ယောက်ျားလေးပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များနေတာကတော့မော်ဒယ်နန်းမွေစံပဲဖြစ်ပါတယ်။သူကတော့အမိုက်စားခန္ဓာကိုယ်အလှတွေကြောင့်သူ့ပုံရိပ်တိုင်းကတော့ဆွဲဆောင်မှုရှိရှိနဲ့ရင်ခုန်စရာကောင်းနေတာဖြစ်ပါတယ်။သူကတော့အနုပညာလှုပ်ရှားမှုတွေကိုပရိသတ်တွေအတွက်ကြိုးစားလုပ်ကိုင်ရင်းဝေဖန်မှုတွေခံပေရပေမယ့်လည်းအကောင်းဆုံးရပ်တည်နေတာပါ။ သူကတော့ခုမှာSexy ဆန်ဆန်ဝတ်စားဆင်ယင်မှုတွေကြောင့် ဆရာဝန်လက်မှတ်ကိုသိမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။သူကိုပရိသတ်တွေကဝေဖန်မှုတွေရှိပေမယ့်အားပေးတဲ့ပရိသတ်တွေကတစ်ခဲနက်ပါ။ဆရာဝန်လက်မှတ်သိမ်းမယ်ဆိုတဲ့သတိပေးစာရောက်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့အရင်တုန်းကပုံတွေကလူမှုကွန်ရက်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းမွေစံဟာ အဝတ်ဗလာနဲ့ ရေချိုးနေတဲ့ ပုံလေးတွေတင်ခဲ့တာပဲဖြစ်ပါတယ်။ နနိးမွေစံက “wanna shower together wit u❤️” ဆိုပြီး ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နန်းမွေစံရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ခင်မင်မှုသက်တမ်း ၁၅ နှစ်ကြာခဲ့ပြီ ဖြစ်တဲ့ မယ်လိုဒီ၊ ရတနာပုံနဲ့ ဖူးဖူးတို့ သူငယ်ချင်းသုံးယောက်

ရုပ်ရှင်သရုပ်ဆောင်နိုင်ငံကျော်မင်းသားနိုင်းနိုင်းရဲ့ ညီမလေး သရုပ်ဆောင်ဖူးဖူက အနုပညာကို ကြိုးစားလုပ်ရင်း အောင်မြင်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာပါ။ သူမက သူငယ်ချင်းတွေ ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ၊ မော်ဒယ်သရုပ်ဆောင် ရတနာ ပုံ တို့နဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြထားပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖူးဖူး တို့ သူငယ်ချင်း သုံးယောက် ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖူးဖူးက ” ချစ်သက်တမ်း၁၅နှစ်ကြာပြီဖြစ်သောဟန်ဆောင်မှုကင်းသောအမြဲမတွေ့ဖြစ်ကြပါဘူး ဒါပေမဲ့ရင်ထဲမှာအမြဲ?” ဆိုပြီး ပြောထားပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် က အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ မယ်လိုဒီ၊ မော်ဒယ်သရုပ်ဆောင် ရတနာပုံ တို့နဲ့ ပြန်တွေ့ပြီး ပျော်နေတဲ့ အကြောင်းကို ဖူးဖူးက ပြောထားတာပါ။ သူငယ်ချင်း သုံးယောက် ပျော်နေကြတဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။ ဖူးဖူး က...

ဒီကနေ့ ချစ်ရသူလေးနဲ့ မင်္ဂလာပွဲ ဆင်နွှဲသွားပြီဖြစ်တဲ့ အဆိုတော်ဇွဲပြည့်

သီချင်းအေးအေးလေးတွေနဲ့ပရိသတ်တွေရဲ့ရင်ထဲထိဝင်နေရာယူထားတာကတော့ အဆိုတော်ဇွဲပြည့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အသံလေးဟာ လူတိုင်းရဲ့နားမှာ နားဝင်ချိုစေတာပဲ ဖြစ်ပါတယ်။ သူရဲ့သီချင်းလေးတွေကတော့လူငယ်တွေသာမကလူကြီးတွေပါနားဝင်ချိုစေတာကြောင့်တစ်နိုင်ငံလုံးကချစ်ရတဲ့အဆိုတော်ပဲဖြစ်ပါတယ်။သူ့ရဲ့သီချင်းတွေကလည်းလူငယ်ပရိသတ်တွေကြားမှာအမြဲရေပန်းစားနေတာဖြစ်ပါတယ်။ သူကတော့လက်ရှိမှာသီချင်းသစ်လေးတွေထွက်ဖို့ကြိုးစားနေတာဖြစ်ပြီးပရိသတ်တွေလည်းစောင့်မျှော်အားပေးနေကြတာပါ။Showပွဲတွေမှာလည်းပရိသတ်နဲ့အပေးအယူမျှစွာသီဆိုတတ်သူပါ။  ပရိသတ်ကြီးရဲ့အချစ်တော် အဆိုတော်ဇွဲပြည့်ကတော့ ဒီနေ့မှာချစ်ရတဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲသွားပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ပြင်ဦးလွင်မှာ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုဆင်နွှဲနေတာပါ။ ပရိသတ်တွေအတွက် သူ့ရဲ့မင်္ဂလာပွဲပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

အဝါ​ရောင်​ က​လေးဂါဝန်​​လေးနဲ့ ခင်​ပွန်းလက်​ကိုတွဲကာ ပွဲတက်​ခဲ့တဲ့ ပိုင်​ဖြိုးသု

အရမ်းချစ်​စရာ​ကောင်းပြီး စိတ်​ထား​ကောင်းတဲ့ မင်းသမီး​ချော​လေး ပိုင်​ဖြိုးသုက​တော့ ဝါသနာပါရာ အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာတဲ့ အိမ်​​ထောင်​​ရေးကို ပုံ​ဖော်​​နေ​တာပါ။ လတ်​တ​လောမှာ​တော့ ပိုင်​ဖြိုးသုက Cine & Forêt ရုပ်ရှင်ရုံဖွင့်ပွဲကို က​လေးဝတ်​ဂါဝန်​​လေးနဲ့ တက်​​ရောက်​ဖြစ်​ခဲ့တဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ အဝါ​ရောင်​ဂါဝန်​​လေးဝတ်​ပြီး ခင်​ပွန်းလက်​ကိုတွဲကာ ပွဲတက်​ခဲ့တဲ့ ပိုင်​ဖြိုးသုရဲ့ပုံရိပ်​​တွေက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းလွန်း​နေတာပါ​နော်​။ ချစ်​ပရိသတ်​​တွေအတွက်​ က​လေးဂါဝန်​​လေးနဲ့ ခင်​ပွန်းလက်​ကိုတွဲကာ ပွဲတက်​ခဲ့တဲ့ ပိုင်​ဖြိုးသုရဲ့ ချစ်​စဖွယ်​ပုံရိပ်​​လေး​တွေကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ ပိုင်​ဖြိုးသုက​တော့ “မနေ့ညက Cine & Forêt ရုပ်ရှင်ရုံဖွင့်ပွဲကိုသွားခဲ့တယ်?လုံးဝကိုဇိမ်အပြည့်နဲ့ကြည့်ရမယ့် ရုပ်ရှင်ရုံကြီးပါ ???ဖွင့်ပွဲကို အဲ့လောက်အကြီးကြီးလုပ်မယ်မှန်းမသိပဲ ဟိုနေ့ကသုသုaccount မှာပြောထားတဲ့ United Colors of Benettonက baby girl ဂါဝန်နဲ့ ရောက်သွားတာကတော့အမှတ်တရပေါ့နော် ?” ဆိုပြီး က​လေးဂါဝန်​​လေးနဲ့ ပွဲတက်​ခဲ့တဲ့ သူမရဲ့ပုံရိပ်​​တွေကို ဝေမျှ​ပေးထားတာပါ။ ခင်​ပွန်းကို...

ဖေဖေ့ရှုတင်လိုက်မလို့ စတိုင်လ်အမိုက်စားပြင်ဆင်ထားပြီး အရမ်းချစ်စရာကောင်းနေတဲ့ မြင့်မြတ်ရဲ့ သားလေး

ပရိသတ်ကြီးရေ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်အောင်သရုပ်ဆောင်ပြီး သဘာဝကျတယ်လို့ ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။မြင့်မြတ်ကတော့ အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။ မြင့်မြတ်ကတော့ အရမ်းချစ်စရာကောင်းတဲ့သားလေးကို မြတ်သူလို့နာမည်ပေးထားပြီး ပရိသတ်တွေကတော့ ဂျင်းကောင်လေး ဂျူနီယာမြင့်မြတ်လေးဆိုပြီး ချစ်စနိုးလေးနဲ့ခေါ်ဝေါ်ကြပါတယ်နော်။မြတ်သူလေးကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးနဲ့မပီကလာပီကလာလေးပြောတတ်လို့ ဖေဖေမြင့်မြတ်က ချစ်မဝဖြစ်နေရတာဖြစ်ပြီး သားလေးအတွက်အတတ်နိုင်ဆုံး အချိန်အများကြီးပေးဖြစ်ပါတယ်။ ဖေဖေမြင့်မြတ်ကတော့ သားလေးနဲ့အတူရှိချိန်တွေဆို လက်ပေါ်ကမချနိုင်လောက်အောင် ရင်ခွင်ထဲပိုက်ပြီး အရမ်းချစ်နေတာပါနော်။သားလေးမြတ်သူကလည်း မေမေ့ရဲ့အလှအပတွေရယ် ဖေဖေ့ရဲ့ယောက်ျားပီသတာတွေရယ် နှစ်မျိုးလုံးကိုရထားတာကြောင့် ကြီးလာရင် အရမ်းချောမယ့် ကလေးလေးပါနော်။အခုဆိုရင်တော့ မြတ်သူလေးက ဖေဖေနဲ့ ရှုတင်လိုက်ချင်လို့ စတိုင်လ်အမိုက်စားပြင်ဆင်ထားပြီး အရမ်းလန်းနေတဲ့ပုံရိက်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ

၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ ၇၂ နှစ်မြောက်အာဇာနည်နေ့ ဝန်ကြီးများရုံးသို့ လာရောက်အလေးပြုခဲ့ကြသော အနုပညာရှင်များ Photo Source : Cele Yatkwat

x