Category: အနုပညာ

သူငယ်ချင်းဖြစ်သူ မင်းသားတစ်ယောက်အတွက် ယူကြုံးမရဖြစ်နေတဲ့ မိုးမိုး

အဆိုတော်၊သရုပ်ဆောင် မိုးမိုးဟာ သီချင်းအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး သူက ယခုနောက်ပိုင်းမှာတော့ ပွဲတွေမှာလဲ MC အဖြစ် လုပ်ဆောင်လာတာကိုလဲ တွေ့မြင်ရမှာပါ။ သူ့ရဲ့ အသက်(၄၀)၊ ပြန်တွေးကြည့်၊ ယောက္ခမ စတဲ့ သီချင်းတွေက ဒီနေ့ချိန်ထိ လူတွေပါးစပ်ဖျားမှာ နာမည်ကြီးနေဆဲဖြစ်ပါတယ်။ မိုးမိုးက လက်ရှိမှာ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ် ကနေ ပြောပြလာပါတယ်။ သူပြောထားတာကတော့ “ သူငယ်ချင်းရေ အခွင့်အရေးဆိုတာ နှစ်ခါပြန်မရဘူးဆိုပေမယ့် မင်းက နှစ်ခါတိတိပြန်ရတာတောင် ကိုယ့်ဘဝကိုယ် ဖျက်ဆီးရက်တယ်ကွာ ? ပရိုဂျူဆာက ငွေထုပ်ပိုက် မင်းနောက်လိုက်နေတာတောင် ကိုယ့်ကိုကိုယ် တန်ဖိုးမထားလေတော့ ဆုံးရှုံးရတာ မင်းကိုယ်တိုင်နဲ့ အနုပညာတင်မဟုတ်တော့ဘူး ပရိတ်သတ်ကပါ မင်းကိုဆုံးရှုံးရတာ စိတ်တွေတောင်ညစ်သွားတယ်ကွာ အမြန်ဆုံးအမြင်မှန်ရပြီး လမ်းမှန်ပေါ်ပြန်ရောက်ပါစေကွာ ??” လို့ဆိုကာ သူငယ်ချင်းအတွက် ယူကြုံးမရဖြစ်နေပါတယ်။ မိုးမိုးက သူ့သူငယ်ချင်းဘယ်သူဘယ်ဝါလို့မပြောထားပေမယ့်...

ဝတ်မှုံရွှေရည်ရဲ့ စနောက်မှုကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်အောင်ကို လန့်သွားခဲ့တဲ့ နေတိုး

ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ပြီး အတွဲညီလွန်းတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလဲ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ သရုပ်ဆောင်ထားတဲ့ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်တလော ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ကို ချစ်စရာကောင်းပြီး ရယ်ရတဲ့ ကာရိုက်တာတွေနဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးစဉ်က အမှတ်တရတွေကို ပြောပြခဲ့ကြပါတယ်။ နေတိုးတစ်ယောက် အမှတ်တရတွေကို ပြောပြနေစဉ်...

အဆင်မပြေတဲ့ ဇာတ်ပို့သရုပ်ဆောင်ဦးဇော်ကြီးကို အိချောပိုကိုယ်စား အလှူငွေပေးအပ်ခဲ့တဲ့ ယုန်လေး

ပရိသတ်အချစ်တော် မင်းသမီးချောလေး အိချောပိုဟာ ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးရဲ့ စားဝတ်နေရေးအခက်အခဲတွေအတွက် ငွေကျပ် ၃ သိန်းကို လှူခဲ့တယ်လို့ သိရပါတယ်။ ကျူးကျော်တဲမှာနေထိုင်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးဇော်ကြီးအတွက် အိချောပိုက ငွေကျပ် ၃ သိန်းလှူခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ ယုန်လေးက ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့တာပါတဲ့။ ‘’ညီမလေးရေ လှူပေးလိုက်ပြီနော်။ ရှုတင်မှာဆုံလို့ ညီမလေး အိချောပို မှ ဦးဇော်ကြီးအတွက် ကူချင်တယ်ဆိုလို့ ဦးဇော်ကြီးလက်ထဲကို၃သိန်း လှူပေးခဲ့ပြီးပါပြီ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ဦးဇော်ကြီးဟာ ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ MAFIA City ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း ယုန်လေး ၊ မြင့်မြတ် နဲ့...

အေးမြဖြူ သီဆိုတဲ့” အလေးပြုပါတယ် ” သီချင်းကြောင့် ဘဘဗိုကလေးတင့်အောင် မျက်ရည်ကျခဲ့ရတဲ့ Video File

ကလေးသရုပ်ဆောင် လုပ်ရင်း အနုပညာလောကထဲရောက်ရှိလာသူလေး မြန်မာသံ အဆိုတော်မလေး အေးမြဖြူဟာဆိုရင် ဂီတတံခါးလေး သီချင်းဆိုပြိုင်ပွဲတွေလည်း ၀င်ပြိုင်ခဲ့ပြီး ဧပရယ် Queen ကလေး သင်္ကြန်အခွေထဲမှာ တိုင်ပြောမယ် သီချင်းနဲ့ ပရိသတ်အားပေးမှုများစွာရရှိထားသူလေးပါ။ ရုပ်ရှင်ဇာတ်ကားများစွာနဲ့ ဗွီဒီယို ဇာတ်ကားများစွာ တို့မှာလည်း ကလေးသရုပ်ဆောင်အနေနဲ့ ရိုက်ကူးခဲ့တဲ့ အေးမြဖြူ က ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းမှာ လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် အေးမြဖြူ သီဆိုတဲ့ အလေးပြုပါတယ် သီချင်းကြောင့် ဘဘ ဗိုလ်ကလေးတင့်အောင် ၀မ်းနည်းမျက်ရည်ကျခဲ့ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ အေးမြဖြူ နဲ့ အဖွဲ့မှ အာဇာနည်နေ့ အမှတ်တရ အစီအစဉ်ရိုက်ကူးရနအတွက် ဘဘဗိုလ်ကလေးတင့်အောင် ရဲ့ အိမ်မှာ ရိုက်ကူးရေးပြုလုပ်ခဲ့ကြတာပါ။းအေးမြဖြူနဲ့ အေးအေးအောင်တို့ကစန္ဒရား ရဲမင်းဟန်နဲ့အတူ ဘဘရေးခဲ့တဲ့သီချင်းတွေဆိုပြခဲ့ကြပြီး ဘဘ က အရမ်းဝမ်းသာနေခဲ့တယ်လို့ သိရပါတယ်။ အေးမြဖြူ က အလေးပြုပါတယ် သီချင်းဆိုတော့ ဘဘ...

သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခမောက်လေးဆောင်းကာ တစ်ရွာလုံးကိုလျှောက်လည်နေတဲ့ ရွှေကစ်လေး

ပရိသတ်ကြီးရဲ့အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာ အသားအရည်ကောင်းရုံသာမကပဲ သူမရဲ့ဖက်ရှင်လေးများဟာလည်း လူတိုင်းငေးမောရလောက်အောင်လှရက်နိုင်လွန်းသူပါ။ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်နေရတာပါ။ ဒါ့အပြင် ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။   ရွှေကစ်လေးဟာ လတ်တလောမှာလည်း ဆရာမခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ” ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ” ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ကားကြီးမရိုက်ကူးခင် သရုပ်ဆောင်မယ့် ကာရိုက်တာကိုအံဝင်ခွင်ကျဖြစ်ရန် အတွက်ကြိုတင်သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ရွှေကစ်ဟာ ကျေးတောသူလေး ခင်နှောင်းအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်များဖြစ်ကြတဲ့ မို့မို့မြင့်အောင်၊ အေးဝတ်ရည်သောင်း၊ ဒေါင်းနဲ့ ထူးအောင် တို့လည်း ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။  အခုတစ်ခေါက်မှာလည်း ရွှေကစ်လေးက သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခါးမောက်လေးဆောင်းကာ ရွာထဲကိုသွားရောက်လည်ပတ်နေတာပါ။ သူမရဲ့ လှုပ်ရှားမှုတေကိုလည်း ရွှေကစ်ရဲ့ပရိသတ်တွေက အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာပဲ...

စိတ်ဓာတ်တွေအောက်ဆုံးထိကျနေရတဲ့ အခက်အခဲတွေအကြောင်းပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ဇာတ်ပို့၊ ဇာတ်ရံအဖြစ်နဲ့ အောင်မြင်တဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာအခန်းနေရာကနေ သရုပ်ဆောင်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်က ခေတ်ပျက်နေတဲ့ အနုပညာလောကကြီးမှာ ရှင်သန်ရပ်တည်ဖို့ ခက်ခဲနေတဲ့အကြောင်းတွေပြောပြလာပါတယ်။ ဇာတ်ဆောင်မင်းသား၊ မင်းသမီးတွေကလွဲပြီး ဇာတ်ပို့ဇာတ်ရံတွေနဲ့ လူကြမ်းသရုပ်ဆောင်အတော်များများ အနုပညာအလုပ်တွေ ရှားပါးနေခဲ့ကြတာ အချိန်အတော်လေးကြာခဲ့ပြီဖြစ်ပါတယ်။ အနုပညာသမားတွေဖြစ်တဲ့အလျှောက် အနုပညာအလုပ်ပေါ်မှာပဲ မှီခိုပြီး ရပ်တည်တတ်ကြပေမယ့် အချိန်အတော်ကြာ ယိုယွင်းလာမှုဒဏ်ကြောင့် အချို့အနုပညာသမားတွေဟာ ရရာအလုပ်ကို လုပ်ကိုင်ပြီး ဘဝရပ်တည်ရေးအတွက် ကြိုးပမ်းနေကြရပြန်တာကိုလည်း တွေ့မြင်နိုင်ဦးမှာပါ။ ဇာတ်ပို့မင်းသမီးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်အတွက်တော့ အခုချိန်ဟာ စိတ်ဓာတ်တွေအောက်ဆုံးထိကို ရောက်နေတဲ့အချိန်တွေဖြစ်တယ်လို့ဆိုပါတယ်။ သို့ပေမယ့်လည်း ဒီလိုအချိန်မှာ သရုပ်ဆောင်နေထူးနိုင်ရဲ့ လက်တွဲခေါ်ဆောင်မှုဟာ သူမအတွက်တော့ အလင်းတစ်စဖြစ်စေခဲ့ပါတယ်။ “ကိုနေထူးနိုင်ကိုပြောတယ် သမီးတို့ပိုက်ဆံရသည်ဖြစ်စေမရသည်ဖြစ်စေ ပိုက်ဆံကတော့သမီးတို့လိုတယ်။ သမီးတို့အတွက်ပိုက်ဆံတကယ်လိုတာပါတယ်။ ဒါပေမဲ့အခုအချိန်မှာပိုက်ဆံထက် အလုပ်လုပ်ချင်နေတဲ့စိတ်ကပိုလိုအပ်နေတယ်။ သမီးတို့အိမ်မှာငုတ်တုတ်ကြီးထိုင်နေပြီး ဘာကိုမှန်းမသိစောင့်နေရတဲ့ဟာကိုသမီးတို့မဖြစ်ချင်ဘူး။ အခုချိန်မှာ ရိုက်မယ်ဟေ့လို့သာတစ်ခွန်းပြောလိုက် သမီးတို့အထုတ်ဆွဲပြီးတော့ လာရိုက်ချင်တဲ့စိတ် အလုပ်လုပ်ချင်တဲ့စိတ်ပဲဖြစ်နေတယ် အဲ့ဒါမှ သမီးတို့ကျနေတဲ့စိတ်ဓါတ်တွေအရင်ဆုံးပြန်တင်လို့ရမှာ အကုန်လုံးစိတ်ကအောက်ဆုံးထိကျနေကြတာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ကြဘူး။” “တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြဘူး...

အလှူလုပ်နေရင်း သဒ္ဒါကြည်ညိုစိတ်ဖြစ်မိလို့ အမြဲဆွဲနေကျဆွဲကြိုးက လော့ကတ်သီးကို ထပ်မံလှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်

အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေရင်ထဲမှာ ထာဝရကျန်ခဲ့တဲ့ နာမည်ကျော် မင်းသမီး နန္ဒာလှိုင်ဟာဆိုရင် လက်ရှိမှာ ပျော်ရွှင်စရာမိသားစုဘဝ လေးကိုပိုင်ဆိုင်ထားပြီး ချစ်စဖွယ်သမီးလေး သုံးယောက်နဲ့အတူ ကြည်နူးပျော်ရွှင်စရာ အချိန်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါ တယ်။ အေးချမ်းသာယာတဲ့ဘဝလေးမှာ ခင်ပွန်းဖြစ်သူလည်း သူမကိုဂရုစိုက်ပြီး ချစ်ပေးတာကြောင့် အရမ်းကိုပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက်ဆယ်နှစ်ကျော်အတွင်းမှာ သူမကိုအမြဲတမ်းဂရုတစိုက်နဲ့ချစ်ပေးပြီး မိသားစုကိုလည်း သိပ်ချစ်တဲ့ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ထားတဲ့ နန္ဒာကတော့ တကယ့်ကို ကံကောင်းသူလေးပါပဲ။ မိသားစုလိုက် မကြာခဏဆိုသလို အလှူကြီးတွေပေးတတ်ပြီး တကယ့်ကိုအလှူရေစက်လက်နဲ့မကွာ ဆိုတဲ့စကားလေးနဲ့ ညီနိုင်လွန်းသူတွေပါ။ ဒီတစ်ခေါက်မှာလည်း စန္တွကူး နံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ လှူဒါန်းမှုတွေပြုနေစဉ်မှာပဲ နန္ဒာတစ်ယောက် သူမအမြဲဆွဲနေကျ ဆွဲကြိုးရဲ့ လော့ကတ် သီးကိုဖြုတ်ပြီးလှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။ လှူချင်တဲ့အချိန်မှာ လှူနိုင်တဲ့သူဖြစ်ရ တာလည်း တကယ့်ကိုကုသိုလ်ထူးပဲနော်။ စေတနာသဒ္ဒါတရားထက်သက်လွန်းတဲ့ နန္ဒာ့ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။ Photo – Zay Thiha

“ချစ်ရပါသောနွေ ” ဇာတ်လမ်းရဲ့ ၀မ်းနည်းစရာဇာတ်သိမ်းကြောင့် ပရိသတ်အန်တီကြီးတစ်ယောက် ဖုန်းဆက်ပြီးငိုတယ် ဆိုပြီးပြောလာတဲ့ ခြူးလေး

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး က ချစ်ရပါသောနွေ ဇာတ်လမ်း ရဲ့ ၀မ်းနည်းဖွယ် ဇာတ်သိမ်းကြောင့် ပရိသတ်တစ်ဦးက သူမကို ဖုန်းခေါ်ပြီး ငိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခြူးလေး ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကတော့ ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်၊ တို့နဲ့ အတူ သရုပ်ဆောင်ထားပြီး ကြယ်ကြွေချိန်မှာ နင်နဲ့ငါ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အလင်းရောင် တို့နဲ့ အတူ ရိုက်ကူးထားပါတယ် ။ခြူးလေးရဲ့...

ရေစကြိုသားတွေနဲ့အပြိုင် ခြင်းခတ်ရင်း ပညာစွမ်းပြခဲ့တဲ့ ဒေါင်းရဲ့ ဗီဒီယို

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ဒေါင်းက အခုချိန်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ပုဂံမြို့သူ” ၊ “လိပ်ပြာစံအိမ်” စတဲ့ ဇာတ်လမ်းတွေ ပြသပြီးတဲ့နောက်မှာတော့ ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဒေါင်းက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။ ဒေါင်းက လက်ရှိမှာတော့ ရေစကြိုမြို့နယ်​ ဖြုံဘူးရွာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ သူသရုပ်ဆောင်ရတော့မယ့် “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အခုကတည်းက ဖြုံဘူးရွာလေးမှာ နေထိုင်ရင်း ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ရွာသူရွာသားတွေရဲ့ နေထိုင်ပုံ ဓလေ့စရိုက်တွေကို လေ့လာရင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒေါင်းက အားလပ်ချိန်မှာတော့ ရေစကြိုမြို့သားတွေနဲ့အတူတူ ခြင်းလုံးခပ်ရင်း ပညာစွမ်းပြခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဒေါင်းရဲ့ ခြင်းလုံးစွမ်းရည်ကို ဗီဒီယိုလေးနဲ့တကွ...

လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ နီလန်း ရဲ့”ရူးတော့မယ်”MV

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် နီလန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ပြိုင်ပွဲဝင်ခဲ့ စဉ်က သူမ ရဲ့ကောင်းလွန်းလှတဲ့ အသံပါဝါနဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားပြီပဲဖြစ်ပါတယ်။ သူမက ပြိုင်ပွဲပြီးဆုံချိန်မှစပြီး နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ နီလန်းရဲ့သီချင်း Video လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ နီလန်းက ” ပျော်ပါတော့ ” ဆိုတဲ့ သီချင်း MV လေးကို ထွက်ရှိထားတာ ဖြစ်ပြီး သူမရဲ့အသဲကွဲ သီချင်းလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။ဒီတစ်ခါမှာလည်း လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ ” ရူးတော့မယ် ” MV လေးကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။ နီလန်းက ”...

x