Category: ကြားသိရသမျှ

စာမေးပွဲအခန်းစောင့်အပြီး Tik Tok လေးနဲ့ပျော်ရွှင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းဆရာမတစ်ဦး

ပြည်တွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝတက်လမ်းစာမေးပွဲဖြေဆိုမှုဟာဆိုရင်ဖြင့် ဒီကနေ့ ဟာနောက်ဆုံးနေ့လေးပဲဖြစ်ပါတယ်။ ဖြေဆိုနိုင်သူတွေကတော့ အပြုံးတွေဝေဝေဆာဆာနဲ့ ဖြတ်သန်းခဲ့ကြရပြီး အချို့သောသူတွေကတော့ တစ်စုံတရာလွှဲချော်မှုတွေကြောင့် ရင်တထိပ်ထိပ်နဲ့ဖြစ်နေကြတာတွေ့ရပါတယ်။ ဒီကနေ့ တက္ကသိုလ်ဝင်တန်းနောက်ဆုံးနေ့မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့တန်းတူပျော်ရွှင်ခဲ့တဲ့ အခန်းစောင့်ဆရာ၊ ဆရာမတွေရဲ့ ပုံရိပ်အချို့ကလည်း ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဆရာမတွေရဲ့ ထဲမှာ ဆရာမတစ်ဦးရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။

သေဆုံးသူနဲ့ အတူထည့်ပြီး မီးသဂြိုလ်ခဲ့ပေမယ့် မီးမလောင်ခဲ့တဲ့ မိုင်းဖုန်းဆရာတော်ကြီး ရဲ့ ပုတီး

မိုင်းဖုန်းဆရာတော်ဘုရား၏ ပုတီးကုန်းလေး ထူးခြားစွာမီးလောင်ကျွမ်းခြင်းမရှိ ၂၀၁၉ ခုနှစ် ဖေဖော်ဝလ(၃)ရက် ၊ မနက် (၀၇:၀၀ ) အချိန်တွင်ကွယ်လွန်သူ ဦးအားဖာ၏ မီးသဂြုင်္ိဟ်ပြီးကျန်ရစ်သောအရိုးပြာများအား မိသားစုနှင့်မိတ်ဆွေများ၊ တာချီလိတ်နာရေးကူညီမှုအသင်းသားများမှနွားနို့များသွန်းလောင်း ၍ ကောက်ယူခဲ့ကြပါသည်။ ထူးထူးခြားခြား ဦးအားဖာ၏လည်ပင်း၌ ဆွဲထားသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး ပေးထားသောသစ်သားပုတီးလေးမှာ မီးလောင်ကျွမ်းခြင်းမရှိဘဲ လည်ပင်းအရိုး ပြာကြသည့်နေရာ၌တွေ့မြင်ခဲ့ရပါသည်။ ထူးခြားမှုလေးကို မှတ်တမ်းဓာတ်ပုံလေးရိုက်ပြီးတင်ပေးလိုက်ပါသည်။ ပုတီးလေးအား ဦးအားဖာ၏ဇနီးဒေါ်နန်းခမ်းလီမှအမှတ်တရသိမ်းဆည်းထားပါသည်။ Photo Credit ကိုဖိုးစံ ( ဒူးယား )

မြို့တော်မီးလင်းရေးအတွက် လှူချင်လွန်းလို့ စုဗူးဖောက်ပြီး (၃၇) သိန်းလှူဒါန်းလိုက်တဲ့ အသက်အငယ်ဆုံးအလှူရှင်

ဒီနေ့ မန္တလေး မြို့တော်မီးလင်းရေး အတွက် အသက်ငယ်ဆုံး အလှူရှင် မောင်ပြည့်ဖြိုးဝင့် ( grade 3 ၊VEC ) (၇နှစ်) ၃၇သိန်း ၅သောင်း လှူဒါန်းပါသည်။ မန္တလေး စည်ပင်သာယာရေးကော်မတီကနေ မောင်ပြည့်ဖြိုးဝင့်ကို ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သတင်းစာ ဖတ်ရင်း အလှူရှင် စာရင်းတွေ တွေ့တော့ လှူချင်လို့ သူစုဗူးဖောက် လှူဒါန်းတာပါ။လေးစားစရာ ကလေးငယ်ပါ Credit-Saw Han’s Facebook

ငွေကျပ်​သိန်းပေါင်း ၁၆ဝဝဝ တစ်​​သောင်း​ခြောက်​​ထောင် အကုန်​အကျခံ၍ ရှင်​အပါးနှစ်​​ထောင်​​ (၂၆ဝဝ) ရှင်ပြုခဲ့သော အံ့သြစရာအလှူကြီး

ငွေကျပ်​သိန်းပေါင်း ၁၆ဝဝဝ (တစ်​​သောင်း​ခြောက်​​ထောင်​) အကုန်​အကျခံ၍ ၂ဝ၁၇ နှစ်​ကုန်​ရက်​၌ ကြီးကျယ်​ခမ်းနား ထူးခြားစွာ အလှူကြီး​ပေးခဲ့သည့်​ စစ်​ကိုင်းမြို့နယ်​ ​တောင်​ကြား​ကျေးရွာ အလှူ့ဒါယကာဦးကံဆင့်​+အလှူ့ဒါယိကာမ​ဒေါ်​ချောအိဝင်း မိသားစုတို့၏ ရှင်​အပါးနှစ်​​ထောင်​​ (၂၆ဝဝ) အလှူ​တော်​မင်္ဂလာနှင့်​ ​​ကျောင်းလွှတ်​ပူဇာ ဓမ္မာရုံ လျှပ်​စစ်​မီး ​ရေတွင်း​ ​ရေကန်​ ဘုရား သိမ်​ ​ကျောင်းအစရှိ​သော ကုသိုလ်​​တော်​များအပြင်​ ဆရာ​တော်​ကြီးများ၏ တရားပွဲကြီးများ ၇ ညတိတိ တစ်​ရွာလုံး မီးခိုးတိတ်​ (၁ဝ) ရက်​တိတိ ထမင်း​ကျွေး (ဆိုင်း) စိန်တင့်လွင် (ဘိသိတ်​) ဦးမိုးဒီနှင့်​ ဦးကောင်းစံခြင်းလုံးအလှပြ တစ်ကိုယ်တော်စာဥ(အမရပူရ) တက္ကသိုလ်​​အေး​စုကျော် စောင်းအဖွဲ့ (မန္တလေး) ညပိုင်းဖျော်ဖြေမှု ဖိုက်စတား အငြိမ့်​ရွှေမိုး ​ငွေမိုး ကျပ်​သိန်းတစ်​ရာ​ကျော်​ ဆင်​ မြင်း လှည်းယဉ်​​တော်​များဖြင့်​ အလှူ​တော်​လှည့်​မြင်​ကွင်းပုံရိပ်​များအား ကြည့်​ရှုခံစား ပီတိပွား​စေရန်​ ​ဇေယျာ​ရွှေ​မြေ စစ်​ကိုင်းအတွက်​ ဂုဏ်​ယူစွာဖြင့်​ ​ဖော်​ပြတင်​ဆက်​အပ်​ပါသည်​။ ရွှင်လန်းချမ်းမြေ့ ကြပါေ။...

ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဆရာနဲ့ ဆရာမ နှစ်ယောက်ရဲ့ `လှ​တောသားနဲ့​ရွှေမန်းသူ´´​​သီချင်း သရုပ်ဆောင်ချက်တွေ

ကောလင်းမြို့နယ် ​​အ.လ.က(ခွဲ)​အောက်​သီတရာ ပညာ​ရေးစုံညီပွဲ​တော်​တွင်​…`လှ​တောသားနဲ့​ရွှေမန်းသူ´´​​သီချင်းကို​တေးသရုပ်​​ဖော်​ကပြခဲ့​သော..ဆရာ နှင့် ​ဆရာမ..ရဲ့ သရုပ်ဆောင်မှုလေးပါ ပရိတ်သတ်တွေက သဘောကျလွန်းလို့ ဆုတွေချကြတာ များလွန်းလို့ စင်ပေါ်မှာ ပုံထားရတဲ့ အထိပါပဲ ဆရာ ဆရာမတွေ ဖြစ်ပေမယ့် ကလေးတွေလဲပျော် ပရိတ်သတ်တွေလဲ ပျော်စေဖို့ အကောင်းဆုံးသရုပ်ဆောင်သွားတာ အရမ်းတော်ပါတယ်နော် Video ကြည့်ရန်

စွန့်ပစ်ခဲ့တဲ့ မိခင်အတွက်ဝမ်းနည်းစွာသီချင်းသီဆိုခဲ့တဲ့ မိဘမဲ့ကျောင်းမှ ကလေးငယ်တစ်ဦး

လက်ရှိ ပြည်တွင်းတင်သာမက ပြည်ပနိုင်ငံများစွာတွင်လည်း စွန့်ပစ်ကလေးများစွာကို ထိန်ကျောင်းပေးနေတဲ့ မိဘမဲ့ကျောင်းများစွာရှိတာအားလုံးအသိပဲထင်ပါတယ်။ အဆိုပါ ပြည်တွင်းမိဘမဲ့ကျောင်းတွေထဲမှာ စွန့်ပစ်ကလေးငယ်တစ်ဦးဖြစ်ခဲ့တဲ့ မောင်ထွဋ်ထွဋ်အောင်ကတော့ မိခင်ဖြစ်သူအတွက်တေးသီချင်းတစ်ပုဒ်ကို ကြည့်ရှုသူတွေရင်ထဲကို ဆို့နစ်သွားအောင်သီဆိုခဲ့တာတွေ့ရပါတယ်။ ညီလေး ထွဋ်ထွဋ်အောင်သီဆိုခဲ့တဲ့ တေးသီချင်းလေးကတော့ အမေသီချင်းတစ်ပုဒ်ဖြစ်ပြီး ရေးစပ်ပေးသူနှင့်အတူ နိုင်ငံကျော်အဆိုတော်ကြီး ဂရေဟမ်တို့က ပါဝင်တီးခတ်ကူညီပေးခဲ့တာတွေ့ရပါတယ်။ ခံစားမှုအပြည့်နဲ့ သီဆိုခဲ့တာဖြစ်ပြီး နားထောင်သူတွေလည်း မျက်ရည်ကျစေလောက်မယ်ထင်ပါတယ်။ အဆိုပါ သီချင်းလေးကတော့ မိဘမဲ့ကလေးငယ်အချို့ရဲ့ ရင်တွင်းခံစားတွေကို ရေးသားဖော်စပ်ထားတာဖြစ်ပြီး နားထောင်သူပရိသတ်တွေနဲ့အတူ ဂရေဟမ်ရဲ့ ချီးကြူးသြဘာသံတွေကတော့ ပရိသတ်အမြင်ပဲဖြစ်ပါတယ်။ မိဘစွန့်ပစ်ခံကလေးတွေရဲ့ ဘဝကိုစာနာရင်း ညီလေး ထွဋ်ထွဋ်အောင်ရဲက အမေသီချင်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ video ကြည့်ရန် Photos – The Music Lover’s

ကလေးငယ်လေးကို အဓမ္မပြုကျင့်ခဲ့လို ထောင်ထဲမှာ အမျိုးသားအယောက် ၂၀ လောက် အဓမ္မပြုကျင့်တာကို ပြန်ခံခဲ့ရတဲ့ အမျိုးသား

ဒီအမျိုးသားကတော့ ဘရာဇီးနိုင်ငံက Jiu-jitsu ကစားသမားတစ်ဦးဖြစ်တဲ့ Daryell Dickson ပဲဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့လုပ်ရပ်ကတော့ အသက် တနှစ်အရွယ်သာရှိသေးတဲ့ မယားပါသားလေးကို အဓမ္မပြုကျင့်ခဲ့တာပဲဖြစ်သလို သူ့ရဲ့အဓမ္မပြုကျင့်မှုကြောင့် ထိုကလေးငယ်လေးဟာ အသက်ပါသေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသားကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး အမှုကိုစစ်ဆေးဖို့အတွက် ထောင်ထဲ ထည့်ထားခဲ့ကြပါတယ်။ ထောင်ထဲရောက်တဲ့အချိန်မှာတော့ ၎င်းအမျိုးသားဟာ ချက်ခြင်း ဝဋ်ပြန်လည်တယ်လို့ဆိုရလောက်အောင်ပင် ထောင်ထဲက အမျိုးသား အယောက် ၂၀ လောက်ရဲ့ ဝိုင်းဝန်း အဓမ္မပြုကျင့်တာကိုခံခဲ့ရပါတယ်။ သူ့အနေနဲ့ ဘယ်လောက်မချိမဆံ့ပြန်ခံစားခဲ့ရသလဲဆိုတာကတော့ ပုံထဲမှာမြင်ရတဲ့အတိုင်း ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့အထိပါပဲ။ ဒီအမျိုးသားအနေနဲ့လည်း ကလေးငယ်လေးတစ်ယောကို အဓမ္မပြုကျင့်ခဲ့လို ဒီဘဝမှာတင် ဒီလောက်ခံနေရတာ နောက်ဘဝတွေသာရောက်ရင် ဘယ်လောက်ခံစားရမလဲဆိုတာကြီးက မတွေးရဲစရာပါဘဲ။ SOURSE _ PULSE

လူတွေရဲ့လုပ်ရပ်ကြောင့် အရှင်လတ်လတ် ငရဲကြသလို ခံစားခဲ့ရတဲ့ မြည်းကလေးရဲ့ဗီဒီယိုဖိုင်

ဒီဖြစ်ရပ်လေးကတော့ တရုတ်နိုင်ငံအတွင်းက တိရိစ္ဆာန်ရုံတခုမှာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်လေးဟာ အရှင်လတ်လတ်မြည်းတစ်ကောင်ကို ကျားစာကျွေးခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်တာကြေင့် လူတော်တော်များများက ပြစ်တင်ဝေဖန်ခဲ့ကြတဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်လေးကိုရိုက်ကူးထားတဲ့ ဗီဒီယိုလေးထဲမှာဆိုရင်လည်း တာဝန်ရှိသူတွေဟာ မြည်းအရှင်တစ်ကောင်ကို ကားပေါ်ကနေ ကျားတွေနေတဲ့ ခြံဝန်းထဲကို ပစ်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျားတွေဟာ မြည်းရဲ့ဂုတ်ကို ရှိသမျှအားအကုန်သုံးပြီး ဝိုင်းဟဲထားထားကြတောကြောင့် မြည်းခင်ဗျာမှာ နာကျင်လွန်းလို့ အသံတောင်မထွက်နိုင်တော့တာတွေ့ရပါတယ်။ ကျားတွေကိုအစာကျွေးချင်ရင်လည်း သေဆုံးနေတဲ့ တိရိစ္ဆာန်လေးတွေရဲ့အသားကိုကျွေးလို့ရပေမယ့် အခုလိုအရှင်ရှင်လတ်လတ်မြည်းတစ်ကောင်ကို ချကျွေးခဲ့တာက လူမဆန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားနေကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေးကို မြင်တွေ့ခဲ့ရတဲ့ အွန်လိုင်းသုံးစွဲသူတွေဟာဆိုရင်လည်း မြည်းလေးခမျာ ဘယ်လောက်နာကျင်နေလိုက်မလဲ သူ့ခင်ဗျာ အရှင်လတ်လတ်ငရဲကြနေရသလိုပဲ လုပ်ရပ်လိုက်ကြတာ ဆိုပြီး စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ ပရိသတ်တွေရော ဒီဗီဒီယိုလေးကိုမြင်ပြီး ရင်ထဲမှာဘယ်လိုခံစားနေရလဲဆိုတာ ပြောပြခဲ့ကြဦးနော်။ source _ Stuff

ပေါင်၄၀၀လောက်ရှိတဲ့ ဂေါ်ရီလာမျောက်ဝံကြီးက လေးနှစ်သားကလေးလေးကို စိတ်ရှိလက်ရှိ တရွတ်တိုက်ဆွဲပြီးကစားနေတဲ့ ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ… ကလေးတွေဆိုတာဟာ ကစားပြီဆိုတာနဲ့ မျောက်ထက်ဆိုးတယ်လို့ပဲပြောရမလားမသိပါဘူးဗျာ။ မျောက်ရှုံးတယ်ဆိုတဲ့ စကားကိုလက်ခံရတော့မလိုပါပဲ။ ဒါပေမယ့် ပေါင်လေးရာလောက်ရှိတဲ့မျောက်နဲ့လည်းတွေ့ရော ပြေးပေါက်မှားကုန်တဲ့ အဖြစ်မျိုးကို ဒီ…လက်ကိုင်ဖုန်းကနေတစ်ဆင့်ရိုက်မိထားတဲ့ ဗီဒီယိုဖိုင်လေးကနေတစ်ဆင့်တွေ့မြင်ရမှာပါ။ဒီအဖြစ်ကတော့ US က ကလေးငယ်တစ်ဦးက မျောက်လောင်းကျပြီး တိရိစ္ဆာန်ရုံထဲ အဆော့လွန်ရာကနေ အနောက်ပိုင်းရဲ့ရှားပါးမျိုးစိတ်ဖြစ်တဲ့ မြေနိမ့် ဂေါ်ရီကြီးတစ်ကောင်ကိုမွေးထားတဲ့ ကျုံးကြီး ထဲကိုပြုတ်ကျခဲ့ရာကနေစခဲ့တာပါ။ ဂေါ်ရီလာရီအမည်ကတော့ ဟာရမ်ဘီ ပဲဖြစ်ပြီးတော့ ရှားပါးမျိုးစိတ်ဖြစ်တဲ့အတွက်တိရိစ္ဆာန်ရုံထဲမှာ သေချာမွေးမြူထားခဲ့တာပါ။ ဒါပေမယ့် အမေရိကန် ကလေးငယ်တစ်ဦးဟာ မိခင်အလစ်မှာ တိရိစ္ဆာန်ရုံထဲမှာ ဟိုဆော့ဒီဆော့လုပ်ရင်းကနေ ဒီဝင်ခွင့်မရှိတဲ့ ကျုံးကြီးထဲကို ပြုတ်ကျခဲ့တာပါ။ ဒီတိရိစ္ဆာန်ရုံစဖွင့်ခဲ့တဲ့ ၃၇နှစ်တာ သက်တမ်းမှာ ဒီအဖြစ်ကပထမဦးဆုံးပဲလို့ဆိုပါတယ်။ အဲ့လိုပြုတ်ကျသွားတဲ့နောက်မှာ ထိုကလေးဟာ ပေါင်လေးရာကျော်ဂေါ်ရီလာမျောက်ဝံကောင်ကြီးရဲ့ ကစားစရာအရုပ်ဖြစ်ခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဖြစ်နေတဲ့အချိန်မှာ အဆိုပါကလေးရဲ့မိခင်ဟာ ရေချိုးခန်းထဲမှာ အေးအေးလူလူဆေးလိပ်သောက်ကောင်းတုန်းပါတဲ့။ Videoထဲမှာဆိုရင် ဂေါ်ရီလာကြီးဟာ ကလေးလေးကိုစိတ်ရှိလက်ရှိတရွတ်တိုက်ဆွဲပြီးဆော့ကစားနေတာကိုတွေ့ရမှာပါ။ပြီးတော့ဒီအဖြစ်အပျက်ကြောင့် လူထုက အန္တရာယ်ရှိတဲ့ ဒီမျောက်ဝံကြီးကိုသတ်ပေးဖို့ လူမှုကွန်ယက်ကနေကော တိရိစ္ဆာန်ရုံရှေ့မှာပါ ကိုယ့်ထမင်းကိုယ်စားပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် နောက်ဆုံးမှာဂေါ်ရီလာကြီးဟာရမ်ဘီကို...

Master Chef Myanmar ပြိုင်​ပွဲမှ ဒိုင်​တစ်​ဦးဖြစ်​တဲ့ ပြင်​သစ်​လူမျိုး Michel ကွယ်​လွန်

လတ်​တ​လော ပရိသတ်​​တွေကြားမှာ ​ရေပန်းစား​နေတဲ့ အစီအစဉ်​တစ်​ခုဖြစ်​တဲ့ Master Chef ဟင်းချက်​အစီအစဉ်​ဟာ ​အ​​မေရိကန်​နိုင်​ငံမှာ နာမည်​ကြီး အစီအစဉ်​တစ်​ခုဖြစ်​​ပြီး မြန်​မာနိုင်​ငံကို​တော့ အခုမှ ​ရောက်​ရှိလာတာဖြစ်​ပါတယ်​။ အခုဆိုရင်​ Master Chef ပြိုင်​ပွဲကြီးက ပြီးဆုံးဖို့ နီးကပ်​​နေပြီဖြစ်​ပြီး အရှိန်​အဟုန်​ကလဲ ​တော်​​တော်​​လေးမြင့်​​နေပါပြီ။ ပြိုင်​ပွဲဝင်​​တွေကလဲ အ​ကောင်းဆုံးကြိုးစားပြီး ယှဉ်​ပြိုင်​ခဲ့တဲ့အတွက့်​ ပရိသတ်​​တွေအတွက်​ လက်​မလွတ်​နိုင်​တဲ့ အစီအစဉ်​တစ်​ခုဖြစ်​​နေတာပါ။ Master Chef ပြိုင်​ပွဲလို့ဆိုရင်​ ပြိုင်​ပွဲဝင်​​တွေသာမက အကဲဖြတ်​အမှတ်​​ပေးတဲ့ ဒိုင်​လူကြီး​တွေကိုလဲ ​မေ့ထားလို့မရပါဘူး။ သမာသမတ်​ကျကျနဲ့ အ​ကောင်းဆုံး​တွေကို သင်​ကြားပြသ​ပေး​နေတဲ့ ဒိုင်​သုံးဦးကိုလဲ ပရိသတ်​​တွေက နှစ်​ခြိုက်​သ​​ဘောကျကြပါတယ်​။ စိတ်​မ​ကောင်းစွာနဲ့ပဲ Master Chef Myanmar မှ ဒိုင်​တစ်​ဦးဖြစ်​တဲ့ Michel Louis Meca ဟာ ယ​နေ့(ဇန်​နဝါရီလ ၉)ရက်​​နေ့မှာပဲ ပြင်​သစ်​နိုင်​ငံမှာ ကွယ်​လွန်​အနိစ္စ​ရောက်​သွားပါပြီ။ Michel ဟာ ရုတ်​တရက်​ နှလုံးရပ်​ကာ ကွယ်​လွန်​သွားခဲ့တာလို့ သိရပါတယ်​။...

error: Content is protected !!