Category: Facebook သတင်းစုံ

မြန်မာ့စစ်တပ်ရဲ့ facebook group ကို hack နိုင်ပြီဟုကြွေးကြော်ခဲ့သော ဘင်္ဂလား hacker အုပ်စုရဲ့အဖြစ်မှန်

လက်ရှိ K-Popper တွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဘင်္ဂလား hacker တွေရဲ့ အကြောင်းပါပဲ..။ ဘင်္ဂလား hacker တွေနဲ့ K-Popper တွေဟာ ဘယ်လိုမှ ဆက်စပ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း အခုပြောပြမယ့် အကြောင်းအရာတစ်ခုကတော့ k-popper တွေနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက fandom တစ်ခုနဲ့ပေါ့…။ ဘယ်လိုတွေ ငိုအားထက် ရယ်အားသန်စေတဲ့အကြောင်းအရာဖြစ်မလဲဆိုတာာကိုတော့ အတူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။ မြန်မာနဲ့ ဘင်္ဂလားတို့ ဆိုက်ဘာစစ်ပွဲဖြစ်ပွားနေတာ အချိန်အတော်ကြာမြင့်ပြီလို့သိရပါတယ်။ မတ်လ ၁၉ ရက်နေ့ ညနေ ၁၀နာရီခွဲမှာပဲ ဘင်္ဂလားမြန်မာ နည်းပညာစစ်ပွဲအတွင်းမှ ဘင်္ဂလား hacker ဘက်မှ မြန်မာနိုင်ငံ စစ်တပ်ရဲ့ facebook group ကို hack နိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ ဒါဟာ အစပဲရှိသေးကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ hack...

ဆိုးဆိုးရွားရွားချောက်ထဲထိုးကျခဲ့တာကြောင့် သေဆုံးသူများပြားခဲ့တဲ့ အလောင်းတော်ကသပ ဘုရားဖူးယာဉ်တစ်စီး

နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းဆိုးကြီးတွေထဲမှာ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေက အများဆုံးပါဝင်နေပြီး နေရာအနှံ့အပြားမှာ နေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုတွေထဲမှာ သာမာန်ယာဉ်များနဲ့အတူ ဘုရားဖူးယာဉ်တွေလည်း မကြာခဏတိမ်းမှောက်လေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၁၈ရက်နေ့မှာလည်း ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုပြင်းထန်ခဲ့ကြောငး သိရပါတယ်။ အဆိုပါ ဘုရားဖူးယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ မတ်လ ၁၈ရက်နေ့ မကြာသေးမီအချိန်က ကနီမြို့နယ် အလောင်တော်ကသပ ချောင်းမကြီးအထက် မှာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၎င်းတိမ်းမှောက်ယာဉ်ပေါ်တွင် ဘုရားဖူးခရီးသည် ၄၀ နီးပါး ပါဝင်ခဲ့ပြီး သေဆုံးသူများပြားခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ အဆိုပါ ချောင်းမကြီးအထက်ချောက်ထဲ ထိုးကြခဲ့တဲ့ ဘုရားဖူးယာဉ်ကိုတော့ ချောင်းကမ်းနားမှာတွေ့ရှိခဲ့ရပြီး သေဆုံးသူတွေကို ရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ဘုရားဖူးယာဉ်တိမ်းမှောက်မှုပုံရိပ်တွေနဲ့အတူ ယာဉ်မောင်းညီအကိုတွေသတိပြုမောင်းနှင်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ Photos – TUN TUN WIN

တက်တူးထိုးတဲ့အပ်နဲ့ထိပြီး ဆီလီကွန်ရင်ဘတ်ကြီးထပေါက်ခဲ့တဲ့ အမျိုးသမီး

ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့တာကတော့ အချိန်အနည်းငယ်ကြာခဲ့ပြီဖြစ်ပေမယ့် လတ်တလောလူမှုကွန်ယက်ပေါ်မှာတော့ ဒီဖြစ်ရပ်လေးကို ပြန်လည် sharing လုပ်နေကြတာတွေ့ရပါတယ်။ ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့ပုံဟာဆိုရင်လည်း ခပ်ဟော့ဟော့နဲ့ ရင်သားကြီးကြီးမိန်းမလေးတစ်ယောက်ဟာ တက်တူးထိုးတဲ့ဆရာဆီမှာ တက်တူးလာထိုးရာကနေဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုထဲမှာဆိုရင်လည်း တက်တူးဆရာဟာ ၎င်းအမျိုးသမီးလေးရဲ့လက်မောင်းကို တက်တူးထိုးပေးနေတာတွေ့ရသလို အနားမှာလည်း လူအနည်းစုက ခပ်လန်းလန်းကောင်မလေးတစ်ယောက် တက်တူးလာထိုးနေတယ်ဆိုပြီး ဝိုင်းကြည့်နေခဲ့တာတွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ တက်တူးထိုးဆရာဟာ ၎င်းအမျိုးသမီးလေးကို တက်တူးထိုးပေးရင်း မထင်မှတ်ဘဲ အပ်နဲ့အမျိုးသမီးလေးရဲ့ ရင်ဘတ်ကို ထိမိလိုက်တဲ့အချိန်မှာ အမျိုးသမီးလေးရဲ့ရင်သားနေရာဟာ ဘုန်းခနဲထပေါက်ခဲ့တာတွေ့ရပါတယ်။ လူတချို့ကတော့ ဒီဖြစ်ရပ်ဟာ စနောက်ဖို့အတွက် တမင်တကာအကွက်ဆင်ပြီးပြုလုပ်ထားတာလို့ ပြောခဲ့ကြပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တက်တူးထိုးဆရာရယ် ဘေးနားကကြည့်နေတဲ့လူတွေကတော့ အင်မတန်ထိတ်လန့်သွားခဲ့တာကိုတွေ့ရပါတယ်။ admin ကတော့ ဟာသအနေလုပ်တယ်လို့ ထင်သလို ပရိသတ်တွေကို ကိုယ်တိုင်ကြည့်ရှုနိုင်စေဖို့အတွက်လည်း ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ပါတယ်။ SOURCE – VIRAL

အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီဆိုတဲ့ ၇၃ နှစ်အရွယ်တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ဦးစိုင်းအောင်ညွန့်

ပရိသတ်တွေကြားရေးပန်းစားနေတဲ့ ၇၃ နှစ်အရွယ် အဘိုးအိုတစ်ဦးရဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမှုကတော့ တကယ်ကို အားရစရာဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူတွေအတွက် အားဆေးတစ်ခုဖြစ်သလို ပြည်တွင်း ပရိသတ်တွေအတွက်လည်း အံ့အားသင့်စရာဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ အဘိုးရဲ့နာမည်ကတော့ ဦးစိုင်းအောင်ညွန့်ဖြစ်ပြီး အသက် ၇၃ နှစ်ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ အဘိုးအိုကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှာ သွားရောက်ဖြေဆိုခဲ့ရကြောင်း သိရပါတယ်။ အသက်အရွယ်ကြီးရင့်သူတစ်ယောက်ဖြစ်ပေမယ့် ပြည်သူများစွာရဲ့ ချီးကြူးဂုဏ်ပြုမှုတွေ ကိုယ်တိုင် ရဲရင့်တဲ့ သတ္တိရှိမှုတွေကြောင့် ဒီကနေ့ ၆ရက်မြောက်ဘာသာကိုလည်း အကောင်းဆုံးဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာဖြေဆိုတဲ့ ဘာသာကိုလည်းအခတ်အခဲမရှိဖြေဆိုနိုင်ခဲ့ပြီး အောင်မြင်မှုရရှိဖို့ယုံကြည်ကြောင်းသိရပါတယ်။ ပြီးဆုံးသွားပြီဖြစ်တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ခြောက်ဘာသာစလုံးကို ယုံယုံကြည်ကြည်ဖြင့် လာရောက်ဖြေဆိုခဲ့တဲ့ ၇၃ နှစ်အရွယ်အဘိုးအိုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ pHOTOS – TAR TAY

မွေးမြူရေး ဝန်ကြီးဌာနက အရေးကြီး ထုတ်ပြန်ကြေညာခဲ့တဲ့ ဝက်မှတဆင့်ကူးစက်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ ရောဂါတစ်မျိုး

ယခုနောက်ပိုင်းမှာ တိရစ္ဆာန်တွေကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေများစွာ ရှိလာတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် ကျွဲ နွား မြင်း ဝက် ကြက် စတဲ့ မွေးမြူရေး တိရစ္ဆာန်တွေမှာ ထူးဆန်းတဲ့ ဗိုင်းရိပ်စ် ရောဂါပိုး အသစ်တွေတွေ့ရှိလာရတာကြောင့် ကျန်းမာရေး ဌာနတွေက အထူး စစ်ဆေးကုသခြင်းတွေကို ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ မကြာသေးခင်အရ မြန်မာနိုင်ငံရဲ့ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်းမြောင်းဝန်ကြီး ဌာနတို့က တရားဝင်ထုတ်ပြန်ကြေညာခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုကတော့ ယခုလတ်တလောမှာ လူတွေ အထူးဂရုပြု သတိထားစရာဖြစ်လာပါတယ်။ ထိုရောဂါကတော့ African swine fever (ASF) လို့ ခေါ်တဲ့ အာဖရိကဝက်အပြင်းဖျားရောဂါတစ်မျိုးလို့ ခေါ်ပါတယ်။ ထိုရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို ၁၉၅၇ ခုနှစ်ကတည်းက ဥရောပတိုက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်လာသေးတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း...

ဆယ်တန်းအင်္ဂလိပ်စာဖြေမယ့်နေ့က စာအကျက်လွန်ပြီး အိပ်ပျော်သွားခဲ့တဲ့ ကျောင်းသားလေးအတွက် ၀မ်းမြောက်ဖွယ် အလှူရှင်

တက္ကသိုလ် ဝင်တန်း အင်္ဂလိပ်စာဖြေဆိုသည့်နေ့ကစာကျက်လွန်၍ အိမ်တွင်အိပ်ပျော်နေသောကျောင်းသားအား ကျပ်သုံးသိန်းလှူဒါန်း ဒေါပုံမြို့နယ် ယမုံနာ၂ရပ်ကွက် ကမ်းနားလမ်း မ၃၆၃ မှ ကျောင်းသားမောင်သန်းထွေးမှာ တက္ကသိုလ်တန်း ဝင်စာမေးပွဲဖြေဆိုသည်မှာမှန်ကန်ပါသည်။ မိဘ၂ပါးမရှိတော့သည်မှာလည်း မှန်ကန်ပါသဖြင့် ကလေးအား အားပေးစကားများပြောဆိုသည့်အပြင် တာချီလိတ်နေ ဦးဇော်လေး ဒေါ်ရှားရှား မိသားစုတို့မှကျောင်းသားလေး မောင်သန်းထွေး လိုအပ်ရာ သုံးစွဲနိုင်ရန် ငွေကျပ် သုံးသိန်း (၃၀၀၀၀၀)ကျပ် အား ဦးဇော်လေး ဒေါ်ရှားရှား မိသားစုကိုယ်စား လှူဒါန်းခဲ့ပါသည်။ (အားပေးစကားပြောချိန်နှင့်ငွေကျပ်လှူဒါန်းချိန်မှာ ကလေးငိုနေ၍ မချိအောင် ခံစားခဲ့ရပါတယ်ဗျာ) Credit to Aung Tin Win

စာမေးပွဲဖြေဆိုနေတဲ့ သားသမီးတွေအတွက် မိဘမေတ္တကိုဖော်ပြခဲ့တဲ့ လက်တလောပုံရိပ်လေးများ

ပြည်တွင်းအနာဂတ်ကလေးငယ်များစွာရဲ့ ဘဝလမ်းတစ်ခုရွေးချယ်နိုင်ဖို့ အဓိကကျတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ လက်ရှိဖြေဆိုလျှက်ရှိတာတွေ့ရပါတယ်။ အခြေပညာအထက်တန်းကျောင်းရဲ့ နောက်ဆုံးရက်တွေဖြစ်သလို အဖြူအစိမ်းနဲ့ ကျောင်းတက်ခဲ့တဲ့ ဘဝနောက်ဆုံးရက်တွေလည်းဖြစ်ပါတယ်။ အရေးကြီးတဲ့အချိန်ဖြစ်တဲ့ အဆိုပါစာမေးပွဲကို မိဘ ညီအကိုမောင်နှမများစွာက လိုက်ပါကြပြီး မိမိသားသမီးတွေအတွက် အကောင်းဆုံး ကူညီပေးလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သားသမီးအတွက် စိုးရိမ်စိတ်အပြည့်နဲ့ လိုက်ပါလာတဲ့ မိဘတွေထဲမှာ လက်ရှိဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေလည်း ပါရှိနေတာကိုတွေ့ရပါတယ်။ စာမေးပွဲဖြေဆိုရန်ထွက်ခွာသွားတဲ့ သားသမီးတွေအတွက် ဆုတောင်းပေးခြင်း ကျောင်းအထိလိုက်ပါစောင့်ဆိုင်းပေးခြင်းနဲ့ ဖြေဆိုနိုင်ရန် စိုးရိမ်းပေးမှုတွေကတော့ ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခါစေမယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ မိဘမေတ္တာကို ရိုးရှင်းတဲ့ ဘဝအစစ်အမှန်နဲ့ ရိုက်ကူးထားတဲ့ အဆိုပါ ပုံရိပ်လေးတွေကတော့ လက်ရှိဖြေဆိုနေတဲ့ တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရင်ထဲမှာ တစ်စံတစ်ခုကျန်ရှိနေမယ့် လက်ရှိတက္ကသိုလ်စာမေးပွဲဖြေဆိုချိန်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ PHOTOS – FB’S

ပြိုင်ဘက်ကို ပထမအချီမှာပင်အလဲထိုးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဖိုးသော်

မနေ့ညက သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့တဲ့ Region of Valor MMA ( One Championship) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဖိုးသော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖိုးသော်ဟာ အင်ဒိုနီးရှားနိုင်ငံမှ ယိုဟန်မူလီလီယာလက်ဂိုဝိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့တာပဲ ဖြစ်ပြီး ပထမအချီမှာတင် ပြိုင်ဘက်ကိုအလဲထိုးအနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဖိုးသော်ကတော့ဒီပြိုင်ပွဲမစခင်ကတည်းကနိုင်ပွဲယူဆောင်လာမှာဖြစ်ကြောင်းကြုံးဝါးခဲ့ပြီးခုမှာနိုင်ပွဲနဲ့သက်သေပြနိုင်ခဲ့ပါပြီ။အရပ်မောင်းမြင့်မြင့်နဲ့သူ့ရဲ့အားပြင်းတဲ့ထိုးချက်တွေကပြိုင်ဘက်ကစားသမားဘယ်လိုမှတောင့်မခံနိုင်ပဲအရှုံးပေးခဲ့ရတာပါ။ ဖိုးသော်ကတော့ဒီပြိုင်ပွဲမှာအနိုင်ရဖို့အတွက်လပေါင်းများစွာကြိုးစားလေ့ကျင့်ခဲ့တာပါ။MMAပြိုင်ပွဲတွေမှာမြန်မာကစားသမားတွေဟာအောင်မြင်မှုတွေရလာတာကတော့အားတက်စရာပဲဖြစ်ပါတယ်။အားပြင်းတဲ့ထိုးချက်တွေနဲ့အနိုင်ယူပြီးနိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ဖိုးသော်ရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပြီးချီးကျူးစကားတွေနဲ့ဂုဏ်ပြုပေးလိုက်ရအောင်နော်။ video ကြည့်ရန် Source – ONE Championship

ဆယ်တန်းဖြေဆိုမည့် သမီးဖြစ်သူထံ ထမင်းချိုင့်ပို့ပြီး အပြန်မှာ ကားနှင့်တိုက်မိလို့ မိခင်ဖြစ်သူ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ပြည်မြို့ ပြည် / အောင်လံကားလမ်းမိုင်တိုင် အမှတ် ၁၈၂/၇နှင့် ၁၈၃/၀ကြား၊ငါးရွာအုပ်စု၊ထန်းပေါက်ကျေးရွာ အနီး၌ မတ်(5)ရက်နေ့ နေ့လည်တွင် ယာဉ်တိုက်မှူဖြစ်ပွားကြောင်း၊သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် သီဟထွန်း၊တာဝန်မှူး ဒုရဲအုပ် အေးအေးမောင်နှင့်အဖွဲ့မှ အခင်း ဖြစ်ရပ်သို့သွားရောက်စစ်ဆေးခဲ့သည်ဆို၏။ ထိုသို့သွားရောက်စစ်ဆေးရာ အောင်လံဘက်မှပြည်ဘက်သို့ ဒေါ်မျိုးသီတာ(ဘ)ဦးတင်ထွန်း စက်ချူပ် ထန်းပေါက်ကျေးရွာ၊ငါးရွာအုပ်စု၊ပြည်မြို့နေသူ မာင်းနှင်လာသော ၁၇ယ/……၊Yinhiand-110 အနက်ရောင်ဆိုင်ကယ်အား လားရာတူနောက်မှ ကျော်ဇင်လတ်(၃၈)နှစ်၊(ဘ)ဦးတင်ရွှေ၊ယာဉ်မောင်း၊အမှတ်(၁၃)မြတ်လေးလမ်း၊တောင်မြို.ရပ်ကွက် သီပေါမြို့နေသူမောင်းနှင်လာသော 2K/……HYUNDAISTAREHMINI BUS(မီးခိုးရောင်)ခရီးသည်တင်ယာဉ်မှ နောက်မှဝင်တိုက်မိခဲ့ပါတယ် ဆိုင်ကယ်မှာတိမ်းမှောက်သွားခဲ့ပါပြီး လမ်းဝဲဘက်ခြမ်းလမ်းဘေးတွင် ချရပ်ထားသောကိုစိုးစိုးမင်း ယာဉ်မောင်း ဖုန်းမသိမ်ကျေးရွာ ကြာအင်းအုပ်စု ပြည်မြို့နေသူရပ်တန့်ထားသော၆ဌ/……၊ အပြာရောင် ထော်လာဂျီအား ထပ်မံတိုက်မိသဖြင့် ဒေါ်မျိုးသီတာတွင် ၀ဲခြေသလုံးပွန်းဝဲခြေမျက်စိပေါက်ပြဲ ယာပါးပွန်း ယာချိုးစောင်း ပေါက်ပြဲ ဒဏ်ရာများရရှိသောကြောင့် ပြည်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ရပါတယ်။ ဖြစ်စဉ်နှင့်ပက်သက်၍ယာဉ် မောင်းနှင်သူကျော်ဇင်လတ်အား ဥပဒေအရအရေးယူပေးပါရန် ရဲအုပ်သီဟထွန်း အမှတ်(၁၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ပြည်မြို့မှ တရားလိုပြုတိုင်တန်းသဖြင့်ပြည်(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၄ကဖြင့် အမှူဖွင့်ထားရှိကာ...

“နောက်ဘ၀မှပဲ ဘောလုံးကန်တော့မယ်” ဆိုတဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ကျော်မင်းဦး

လွန်ခဲ့တဲ့ သုံးနှစ်ခန့်က မြန်မာယူ-၂၀ အမျိုးသားဘောလုံးအသင်းကို နယူးဇီလန် ကမ္ဘာ့ဖလားထံ ပို့ဆောင်ပေးခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ ဒဏ်ရာကြောင့် ဘောလုံးသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့ပြီးနောက် သူအရမ်းချစ်တဲ့ မြက်ခင်းစိမ်းတွေကို မျက်ရည်များနဲ့ ကျောခိုင်းခဲ့ရပါတယ်။ ဘောလုံးလောကကို ရင်နာနာနဲ့ စွန့်လွှတ်ခဲ့ရပေမယ့် ပရိသတ်တွေကို စိတ်မဆင်းရဲစေချင်တဲ့ စေတနာကိုအရင်းခံပြီး လက်ရှိဘဝမှာ ပျော်သလိုနေနေတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ကျော်မင်းဦးကတော့ “ဘောလုံးကန်တဲ့ စိတ်ခံစားချက် ဘာမှ မရှိတော့ဘူး။ သူငယ်ချင်း အောင်သူ ကို အားကျတယ်။ သူ့ကို ပရီးမီးယားလိဂ် အထိ ရောက်စေချင်တယ်။ ကိုယ်တိုင်လည်း အဲ့ကို ရောက်ချင်တယ်။ ခြေထောက်မှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် (၃) နှစ်လောက် ဆေးကုသခဲ့ရတယ်။ မေ့ဆေးတွေ ထိုးတဲ့ ဒဏ်ကြောင့် မေ့တတ်လို့ ဆေး ဆက် မကုရဲတော့ဘူး။ လက်ရှိမှာ မိဘရဲ့ သဲမြေရောင်းတဲ့ လုပ်ငန်းမှာ လုပ်နေတယ်။...

error: Content is protected !!