Monthly Archive: December, 2018

သိန်း​ပေါင်းများစွာတန်​ဖိုးရှိတဲ့ အလှကုန်​​ပစ္စည်းတွေကို ရင်​နာနာနဲ့လွှင့်​ပစ်​ခဲ့တဲ့​ နေခြည်​ဦး

ချစ်​စရာ​ကောင်းတဲ့ မိန်းက​လေး ​နေခြည်​ဦးက Beauty Blogger တစ်​ဦးအဖြစ်​​ ​အောင်​မြင်​စွာ ရပ်​တည်​​နေသူတစ်​ဦးပါ။ ​​မိတ်​ကပ်​ပြင်​ဆင်​ခြယ်​သပုံ​တွေသာမက အလှအပ​ရေးရာဆိုင်​ရာ အကြံဥာဏ်​များကိုလဲ မျှ​ဝေ​ပေးတဲ့ ​နေခြည်​ဦးက မိန်းက​လေး​တွေကြားမှာ အလွန်​​ရေပန်းစားလှပါတယ်​။ ​မြန်​မာတစ်​နိုင်​ငံလုံးမှာလဲ ​နေခြည်​ဦးရဲ့ အမာခံပရိသတ်​​တွေက အများအပြားရှိ​နေပါတယ်​။ ​နေခြည်​ဦးက အခုဆိုရင်​ Beauty Blogger အလုပ်​အပြင်​ သရုပ်​​ဆောင်​တစ်​ဦးအဖြစ်​ပါ ရပ်​တည်​​နေပြီပဲဖြစ်​ပါတယ်​။ ​နေခြည်​ဦးက သရုပ်​​ဆောင်​အသစ်​တစ်​​ယောက်​ဖြစ်​​ပေမယ့်​ ကင်​မရာနဲ့မစိမ်းတဲ့သူမို့ ကျရာဇာတ်​ရုပ်​ကို ပီပီပြင်​ပြင်​နဲ့ အ​ကောင်းဆုံးလုပ်​ပြနိုင်​သူပါ။ အလှအပ​တွေကို မျှ​ဝေ​ပေးတဲ့ Beauty Blogger တစ်​ဦးမို့ အ​ကောင်းဆုံးဆိုတဲ့ အရာ​တွေကိုသာ ပရိသတ်​​တွေဆီချပြရတာပါ။ ​အခုလဲ ​နေခြည်​ဦးက သူမဆီမှာရှိတဲ့ အလှကုန်​​တွေဟာ သက်မှတ်ထားတဲ့​​သက်​တမ်းကုန်​​နေပြီမို့ ရင်​နာနာနဲ့ပဲ စွန့်​လွှတ်​ဖယ်​ထုတ်​ခဲ့ရပါတယ်​။ ဘယ်​​လောက်​​ဈေးကြီးပြီး အရည်​အ​သွေး​ကောင်းတဲ့ အလှကုန်​ပစ္စည်းပဲဖြစ်​ဖြစ်​ အသုံးပြုဖို့ သက်​မှတ်​ထားတဲ့ သတ်​တမ်း​ကျော်​လွန်​သွားပြီဆိုတာနဲ့ အဆိပ်​အ​တောက်​ဖြစ်​​စေမှာပါ။ ထိုသို့​သောအ​ကြောင်းအရာ​တွေ​ကြောင့်​ ​နေခြည်​ဦးကလဲ သူမဆီမှာရှိ​နေတဲ့ အလှကုန်​အချို့ကို ရင်​နာနာနဲ့ပဲ စွန့်​လွှတ်​ခဲ့ရပါတယ်​။...

ပုဂံမှာ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံလေးကို ဝေမျှပေးခဲ့တဲ့ နေရွှေသွေးအောင်

ဖိုးလပြည့်​လို့ ပရိသတ်​​တွေသိကြတဲ့ ​နေ​ရွှေ​သွေး​အောင်​ဟာ ​တစ်​ချိန်​က နိုင်​ငံအကြီးအကဲ ဦးသန်း​ရွှေရဲ့ အချစ်​ဆုံး​မြေး​လေးပဲဖြစ်​ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​ဟာ ​စီးပွား​ရေးလုပ်​ငန်း​တွေအပြင်​ အခုဆိုရင်​ အနုပညာလုပ်​ငန်း​ကိုလဲ သူ့ရဲ့ ဝါသနာအ​လျောက်​ အနည်းငယ်​လုပ်​ကိုင်​​နေပါပြီ။ ​နေ​ရွှေ​သွေး​အောင်​ဟာ နာမည်​ကြီးသီချင်း​တွေကို ပြန်​လည်​သီဆိုပြီး အမိုက်​စား MV ​တွေရိုက်​ကူး​လေ့ရှိပါတယ်​။ ဖိုးလပြည့်​ဟာ သူ့ရဲ့​နောက်​ဆုံးထွက်​ရှိထားတဲ့ Cover Song တစ်​ပုဒ်​ဖြစ်​တဲ့ Hero သီချင်းမှာလဲ နာမည်​ကြီးမင်းသမီး ​ရွှေမှုံရတီနဲ့ တွဲဖက်​သရုပ်​​ဆောင်​ထားလို့ ပရိသတ်​​တွေရဲ့ စိတ်​ဝင်​စားမှုကို များစွာရရှိခဲ့ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​နဲ့ ​ရွှေမှုံရတီက ထိုသီချင်း MV ​လေးမှာ အတွဲညီညီ လိုက်​ဖက်​စွာ သရုပ်​​ဆောင်​ထားတာကို ပရိသတ်​ကြီး ​တွေ့မြင်​ရမှာပါ။ နေ​ရွှေ​သွေး​အောင်​ဟာ ထိုသီချင်း​လေးကို ပုဂံမြို့မှာ ရိုက်​ကူးထားပြီး ​ရွှေမှုံရတီအပြင်​ ဝါရင့်​သရုပ်​​ဆောင်​ကြီးဖြစ်​တဲ့ ဦး​နေ​အောင်​လဲ ပါဝင်သရုပ်​​ဆောင်​​ပေးခဲ့ပါတယ်​။ ​နေ​ရွှေ​သွေး​အောင်​က Hero သီချင်း MV ​လေးရိုက်​ကူးစဉ်​က အမှတ်​တရပုံ​လေးကို ပရိသတ်​​တွေအတွက်​ ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ ပုဂံမြို့မှာအတူတူ​တွေ့ရတဲ့...

ချစ်သူနဲ့ မန္တလေးမှာ အတိုင်အဖောက်ညီညီ ကဲနေတဲ့ ​နေခြည်​ဦးရဲ့ဗီဒီယို

သူမရဲ့စိတ်ထဲမှာရှိတာတွေကို ပွင့်ပွင့်လင်းလင်းထုတ်ပြောပြီး လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ လတ်တလောမှာ “ခရီးသွားကောက်ကြောင်း”ဆိုတဲ့ Documentary ဇာတ်လမ်းတွဲလေးကို မန္တလေးနဲ့ စစ်ကိုင်းမှာရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ရှုတင်တွေဆက်တိုက်ရှိနေတာကြောင့်ရော၊ သူမရဲ့Blog အသစ်တွေအတွက်ပါ လုပ်နေရတဲ့ ချီချီလေးကတော့ အလုပ်တွေပင်ပန်းနေတာကြောင့် ချစ်သူလေးနဲ့ မန္တလေးမှာ အေးအေးဆေးဆေး Date ခဲ့ကြတာပါ။ သူမနဲ့ စိတ်တူကိုယ်တူရှိလှတဲ့ ချစ်သူလေးနဲ့ ကဲနေတဲ့ ချီချီလေးကတော့ တော်တော်လေးကို ပျော်ရွှင်နေပုံပါပဲနော်။ ချစ်ပရိသတ်တွေအတွက် အလုပ်တွေပိနေတဲ့ ချီချီလေးတစ်ယောက် Vape တွေသောက်ရင်း ချစ်သူလေးရဲ့ရင်ခွင်မှာ ပျော်ပျော်ကြီးအနားယူနေတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေခြည်ဦးကတော့ “Partners in Crime ” ဆိုပြီး စိတ်တူကိုယ်တူချစ်သူလေးနဲ့ ကဲနေတဲ့အကြောင်း ချစ်စဖွယ်လေး ရေးသားထားပါသေးတယ်။ နှစ်ယောက်လုံးက ဂေါ်ချက်ပဲနော်… Vape သောက်ရင်းဂေါ်နေတဲ့ ​နေခြည်​ဦးရဲ့ဗီဒီယို ချစ်သူနဲ့အတူ ပျော်နေတဲ့ ​နေခြည်​ဦး နေခြည်ဦးနဲ့ သူမရဲ့ချစ်သူတို့နှစ်ဦးကတော့...

လူလည်းလှသလို အသံလေးလည်းကောင်းကြောင်း သက်သေပြလိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ခံစားချက်အပြည့်နဲ့သီချင်း

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေလျက်ရှိပါတယ်။ အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ ပွဲ​အခမ်းအနားတွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။ သင်​ဇာဝင့်​​ကျော်​က အိမ်​​ထောင်​မပြု​သေးပဲ ချစ်​ရတဲ့ သူငယ်​ချင်း​တွေနဲ့ ​ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းခဲ့ပါတယ်​။ သင်​ဇာဝင့်​​ကျော်​က အားလပ်​ချိန်​​လေးမှာ သူမရဲ့ သူငယ်​ချင်း​တွေနဲ့အတူတူ ဘားတစ်​ခုမှာထိုင်​ရင်း လွတ်​လွတ်​လပ်​လပ်​ သီချင်းဆိုခဲ့ပါတယ်​။ သင်​ဇာဝင့်​​ကျော်​က ​ဇော်​ဝင်းထွဋ်​ရဲ့ နာမည်​ကြီးသီချင်းတစ်​ပုဒ်​ဖြစ်​တဲ့ အနှိုင်းမဲ့သီချင်းကို ခံစားချက်​အပြည့်​နဲ့ သီဆိုခဲ့တာပဲဖြစ်​ပါတယ်​။ ပရိသတ်​ကြီးအတွက်​ သင်​ဇာဝင့်​​ကျော်​ရဲ့...

မိုးသည်းညရဲ့ထမင်းကြော်ကိစ္စအတွက် မီဒီယာတွေကို Live လွှင့်ပြီး ဒဲ့ပြန်ချဲလိုက်တဲ့သင်းသင်းရဲ့ ဗီဒီယိုဖိုင်

သင်းသင်းတစ်ယောက် ကတော့ သတင်းတွေတင်တဲ့အခါ ၊ အမှန်တင်ဖို့ မီဒီယာတွေကို သတိပေးလိုက်ပါတယ် ။ သင်းသင်းကတော့ သူ့သတင်းတွေကို ခုတုံးလုပ်ပြီးစီးပွားမရှာကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ မကြာသေးခင်က သင်းသင်း ရဲ့ မိုးသည်းညရဲ့ ထမင်းကြော် ဆိုတဲ့ သတင်း ဟာ လူမှုကွန်ရက်ပေါ်မှာ သင်းသင်းကို ဝေဖန်တိုက်ခိုက်သူတွေ အများအပြားထွက်ပေါ်စေခဲ့ပါတယ်။သင်းသင်းကတော့ ထမင်းကြော်ကိုကြိုက်ပေမယ့် မိုးသည်းညရဲ့ ထမင်းကြော်ကိစ္စဟာလုပ်ကြံမှုဖြစ်ကြောင်း ပြန်လည်ချေပလိုက်ပါတယ်။ သင်းသင်းကတော့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်က စာတွေကို ရေးသားနေကြတဲ့ မီဒီယာတွေကြောင့် တစ်နေ့တခြားတိုးပွားနေတဲ့ ဝေဖန်တိုက်ခိုက်သူတွေကို သနားပါကြောင်း ။ အခုလိုရေးသားတဲ့အတွက် သင်းသင်းလို့ ရေးသားလိုက်ရင်ကို ဆဲမယ့် ပရိသတ် တွေကအဆင်သင့်ဖြစ်နေတဲ့အတွက် ၀ဋ်လည်မှာစိုးပါကြောင်း ။ “နာမည်အလောက်ကြီးချင်နေရင် ကိုယ့်အိမ်က လူတစ်ယောက်ယောက်ကို သင်းသင်းလို ရေးသားပြီးတင်လိုက်ပါ” လို့ပြတ်ပြတ်သားသားပြောဆိုထားတာကိုတွေ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အဆဲခံရလို့ အသားပဲ့ပါမသွားပါဘူးဆိုတဲ့ သင်းသင်းရဲ့ စိတ်ထားအတွက် အားပေးစကားလေးပြောပေးခဲ့ကြပါဦးနော်။ Video ကြည့်ရန်...

ထွန်းထွန်းပေးတဲ့ အသည်းကွဲဝေဒနာပျောက်ဆေး ရှာတွေ့သွားပြီဖြစ်တဲ့ ဆုစန္ဒီဦး

မကြာသေးခင်ကမှ ချစ်ရသူ ထွန်းထွန်း ရဲ့ စွန့်ခွာခြင်း ကို ခံစားခဲ့ရတဲ့ ဆုစန္ဒီဦးတစ်ယောက် ရက်ပိုင်းနဲ့ အသည်းကွဲရောဂါကို ပျောက်ကင်းအောင်ကုသနိုင်ခဲ့ပါတယ် ။ ဒီလိုကုသနိုင်ဖိုကဆိုတာ ကလည်း လွယ်တဲ့လုပ်ရပ်တော့ မဟုတ်ပေမယ့် သူ့မှာလည်း အသည်းကွဲရောဂါကိုရက်ပိုင်းနဲ့ ပျောက်ကင်းစေတတ်တဲ့ ဆေးတစ်မျိုးရှိနေပါတယ်။ ဆုစန္ဒီဦးတစ်ယောက် အသည်းကွဲရောဂါ ကို ပျောက်ကင်းစေတဲ့ ဆေး ကတော့ ကောင်းမွန်တဲ့ နှလုံးသွင်းခြင်း နဲ့ မိဘကိုချစ်တဲ့ မေတ္တာတရားတွေပဲဖြစ်ပါတယ်တဲ့ ။ လူမှုကွန်ရက်မှာ ဆု တစ်ယောက်”ကိုယ့်ကိုကိုယ်အရမ်းအပြစ်မတင်မိဖို့ကြိုးစားပါ… လူတွေက တစ်ခါမှားတာနဲ့တင် အခါ ၁၀၀ ကောင်းခဲ့ဖူးတာကို လွယ်လွယ်မေ့တတ်ကြတယ်… တချို့အရာတွေက ကို့အတွက်ဘဝတခုလို့ဖြစ်ခဲ့ပေမဲ့..သူတို့အတွက်တော့မဟုတ်ပါဘူး.. သူတို့ကတော့အရာအားလုံးပုံမှန်လည်ပတ်နေကြဆဲပါ.. အချိန်အတိုင်းအတာတခုထိပဲပြိုလဲပါ… ဘယ်သူမှကိုယ့်လိုအိမ်ထဲအောင်းပြီးငိုနေမှာမဟုတ်လို့ပါ… အဆိုးတွေပြီးရင်အကောင်းဆုံးတွေကစောင့်နေစမြဲပါ..ကိုယ့်ကိုဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ..ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လက်ခံပေးသည့်.. မိဘ ၂ ပါးအတွက်ကြိုးစားပြီး ရပ်တည်ပါ.”ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးရေ အသည်းကွဲလို့ လူဖြစ်ရှုံးနေတဲ့ သူတွေကို ဆု ရဲ့ စာလေးကို...

မွေးနေ့အလှူအဖြစ် လမ်းသူ/လမ်းသားတွေကို ဒံပေါက် နှင့်ရေခဲမုန့် ကျွေးမွေးလှူဒါန်းခဲ့တဲ့ ခင်လှိုင်ရဲ့သမီးလေး သဇင်ထူးမြင့်

သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့လေးမှာ အသက် (၁၉) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ချောမောလွန်းလှတဲ့ သူမကတော့ ကျောင်းမှာလည်း Queen အလှပိုင်ရှင်ဆုကို ရရှိထားပါသေးတယ်။ ဖေဖေခင်လှိုင်ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ သဇင်ထူးမြင့်ဟာ ဖခင်ရဲ့ အချစ်တွေကိုပါ ရရှိပိုင်ဆိုင်ထားသူပါ။ ဖေဖေ မေမေတို့နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးတွေကို ဖြတ်သန်းနေဆဲဖြစ်တဲ့ သမီးလေး သဇင်ထူးမြင့်ကတော့ ယနေ့ကျရောက်တဲ့ (၁၉) နှစ်ပြည့်မွေးနေ့လေးမှာ ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ခဲ့ပါတယ်။ သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီး သဇင်ထူးမြင့် ရဲ့ အသက် (၁၉) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့က ရန်ကုန် ၊ သုဝဏ္ဏမြို့နယ်၊ အမှတ်- ၁၃/ ၆ ပေါ်ဆန်းမွှေး (၁) လမ်း ရှိ လမ်းသူ...

ဒီနှစ်အတွက် နောက်ဆုံးဖြစ်တဲ့ အလန်းစားဖက်ရှင်ကို ထပ်မံချပြလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော် ကတော့ ၂၀၁၈ ခုနှစ်အတွက် နောက်ဆုံးသော ဖက်ရှင်ကို ဒီကနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့လေးမှာ ချပြလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တစ်ခုလုံးဟာ သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်တွေကို စောင့်ကြည့်ခဲ့ရဆုံးနှစ်လို့ ပြောရင် မမှားလောက်ပါဘူး။ ပွဲပေါင်းများစွာကို တက်ရောက်ခဲ့ပြီးတော့ အလန်းစား ဝတ်စားဆင်ယင်မှုတွေနဲ့ ပရိသတ်တွေကို ဟာခနဲဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ ဖက်ရှင်မျိုးတွေကို ရွေးချယ်ဝတ်ဆင်ခဲ့သူပါ။ သင်ဇာဝင့်ကျော်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ပွဲတစ်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကြောင့်ပဲ ရုပ်ရှင်အစည်းအရုံးဥက္ကဌရဲ့ ခေါ်ယူသတိပေးခြင်းခံခဲ့ရတဲ့ နှစ်လည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူမရဲ့ အလုပ်ဖြစ်တဲ့ ဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုနဲ့အတူ ပွဲဖိတ်ကြားသူတွေရဲ့တောင်းဆိုမှုတွေကြောင့် သူမဟာ ပရိသတ်တွေကို မရိုးနိုင်အောင် ဖက်ရှင်တွေနဲ့ တင်ဆက်ပြသနိုင်ခဲ့သူပါ။ သူမရဲ့ ဝတ်စားဆင်ယင်မှုဟာ အနည်းငယ်လွန်သွားခဲ့ရင် နားလည်ပေးဖို့ တောင်းဆိုပြီးတော့ ဒီတစ်နှစ်မှာ ပွဲလက်ခံထားမှုတွေရှိတာကြောင့် ၂၀၁၉ ခုနှစ်ကျရင်တော့ အရမ်းဟော့အောင် ဝတ်ဖြစ်မှာမဟုတ်တော့ဘူးလို့ သင်ဇာဝင့်ကျော်က ဆိုထားပါသေးတယ်။ ဒီနေ့လေးဟာ ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်ပြီးတော့ သင်ဇာ ဒီနေ့ချပြလိုက်တဲ့ ဖက်ရှင်ဟာလည်း ၂၀၁၈...

301.2 ပေါင်ကနေ 159.4ထိ ချပြီး Winner ဆုရရှိသွားတဲ့ မိုးယုစံမောင်လေး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ မိုးယုစံ ရဲ့ မောင်လေး ဖြစ်သူ ဆန်းလင်း ထွန်းက အရမ်းကိုဝလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ အဝလွန်သူများ ယှဉ်ပြိုင်ရတဲ့ Lose2Win with Andy ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ပြီး ဝိတ်ချခဲ့ရာမှ ယခုအခါမှာတော့ ဝိတ်အချနိုင်ဆုံး Winner ဆုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မိုးယုစံ ရဲ့ မောင်လေး ဆန်းလင်းထွန်းရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆန်းလင်းထွန်း ရဲ့ ဝိတ်က 301. 2 ပေါင်ရှိခဲ့ပြီး လူငယ်ပီပီ Fashion ကျကျဝတ်စားရတာကို သဘောကျတဲ့ ဆန်းလင်းထွန်းက သူရဲ့ အ၀လွန်နေတဲ့ ခန္ဓာကိုယ်ကြောင့် အခက်ကြုံနေရသူပါ။ ဒါ့အပြင် ဆန်းလင်းထွန်းရဲ့နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက သူ့ကို Lose2Win with Andy ပြိုင်ပွဲမှာလာရောက်ယှဉ်ပြိုင်ဖြစ်ဖို့ တွန်းအားတွေ...

ဒီကနေ့ အသက် (၂၆) နှစ်ပြည့်မွေးနေ့ကိုကျရောက်လာတဲ့ ပရိသတ်အချစ်တော် အဆိုတော် G Fatt

အမိုက်စားသီချင်းတွေနဲ့ပရိတ်သတ်တွေရဲ့အသည်းတစ်ခုလုံးကိုဖမ်းစားနိုင်တဲ့အဆိုတော်ကတော့ပျော်ရွှင်စရာအချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ပြည်သူ့အချစ်တော်G Fattပဲဖြစ်ပါတယ်။အချိန်တိုတွင်းမှာအောင်မြင်တဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ G Fatt ကတော့ မ နဲ့မောင် အချစ်ရေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီး သူနဲ့ နန်းဆုတို့စုံတွဲလေးဟာလဲ ပရိသတ်တွေအားကျရတဲ့ ဆယ်လီစုံတွဲလေးပဲဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကတော့ အဆိုတော် G Fatt ရဲ့ အသက် (၂၆)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ G Fatt ကတော့ မွေးနေ့အကြို Show ပွဲကို ဒီဇင်ဘာ ၂၉ ရက်နေ့က မန္တလေးမှာ သွားရောက်ပြုလုပ်ခဲ့ပါတယ်။မန်းလေးမှာပြုလုပ်ခဲ့တဲ့ Gfatt Birthday In Mandalay ပွဲကိုဒီကနေ့ ညနေ ၅နာရီမှာ G Fatt Page နှင့် Samsung Myanmar Page မှ ပြန်လည် ထုတ်လွှင့်ပြသမည် ဖြစ်ပါတယ်။ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကျရောက်တဲ့ G Fatt ရဲ့မွေးနေ့မှာ ခင်မင်ရသူတွေနဲ့အတူတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ …မြတ်နိုးတဲ့ အနုပညာအလုပ်တွေမှာလည်း...

error: Content is protected !!