Monthly Archive: December, 2018

ကမ်းခြေကို အလည်ပတ်ရောက်ရှိနေတဲ့ စစ်လွန်းဝတီထက်တို့သားအဖရဲ့ ချစ်စရာပုံရိပ်လေးများ

အဆိုတော် စိုင်းလွှမ်းကတော့ ထက်ထက်မိုးဦးနဲ့အတူ ချစ်စရာကောင်းတဲ့ သမီးချောလေး စစ်လွန်းဝတီထက်ကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ အဆင်မပြေတဲ့မိသားစုအကြောင်းအရာတွေကြောင့် သားအဖ (၂) ဦးတည်းသာ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။ သမီးလေးကို ဖခင်လိုတစ်မျိုး၊ မိခင်လိုတစ်မျိုး စောင့်ရှောက်ပေးနေတဲ့ ဖခင်ဖြစ်သူရဲ့ မေတ္တာတရားတွေကိုလည်း ပုံလေးတွေထဲမှာ တွေ့မြင်နိုင်ပါသေးတယ်။ စစ်လွန်းဝတီထက်တို့ သားအဖ (၂) ယောက်လုံးကတော့ ကမ်းခြေကို အလည်အပတ်ရောက်ရှိနေကြတာဖြစ်ပါတယ်။ သားအဖ (၂) ယောက်ရဲ့ ကမ်းခြေရောက် ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ တစ်ဦးတည်းသော သမီးလေးကို ဂရုတစိုက်နဲ့ ပိုးမွေးသလို ချစ်နေတဲ့ဖေဖေ ကမ်းခြေမှာ ပျော်နေကြတဲ့ စစ်လွန်းဝတီထက်တို့ သားအဖ ဖခင်ရဲ့ ဂရုစိုက်မှုတွေနဲ့အတူ အပန်းဖြေနေတဲ့ စစ်လွန်းဝတီထက် စစ်လွန်းဝတီထက်တို့ သားအဖရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တာကြောင့် စစ်လွန်းလေးကို လွမ်းနေတဲ့ပရိသတ်ကြီးကတော့ အလွမ်းပြေမယ်လို့ထင်ပါတယ်နော်။We Love Cele Photos-Sai Hlwan

ရှုတင်​မှာ Sexy ကျကျမုန့်​စား​နေတဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ဗီဒီယိုဖိုင်

ပရိသတ်တွေအရမ်းချစ်ကြတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ရိုးရှင်းပွင့်လင်းလှတဲ့ သူမရဲ့အပြုအမူ အနေအထိုင်တွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပြီး အလုပ်တွေရှုပ်နေတာကြောင့် အစားအသောက်တွေတောင် မမှန်ပဲ ဖြစ်နေတာပါ။ သင်ဇာလေးကတော့ ရိုက်ကူးရေးလုပ်နေရင်း ဗိုက်ဆာလာတာကြောင့် အားလူးကြော်တွေစားနေတဲ့ သူမရဲ့အသည်းယားဖွယ် ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရေချိုးကန်ထဲမှာ ပန်းရောင်အကျီင်္လေးနဲ့ Sexy ကျကျမုန့်စားနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ သင်ဇာလေးကတော့ ရိုက်ကူးရေးလုပ်နေရင်း တန်းလန်းနဲ့ ဗိုက်ဆာလာတာကြောင့် အာလူးကြော်တွေ အားရပါးရစားနေတာပဲ ဖြစ်ပါတယ်။ အမြဲလိုလို အလန်းစားပွဲတက်ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ရင်ကို ဗလောင်ဆူစေတဲ့ သင်ဇာဝင့်ကျော်ကတော့ ၂၀၁၈ မကုန်ခင်အထိတော့ Sexy လေးတွေဝတ်ခွင့်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်နော်။ ရင်တစ်လှပ်လှပ်တုန်သွားမယ့် သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေကို ရိုးရိုးသားသားလုပ်ကိုင်ရင်းနဲ့ မိသားစုကို ထောက်ပံ့နေတဲ့...

စင်နောက်မရမကဝင်ပြီး လက်ဆောင်လာပေးသူတစ်ဦးကို တစ်သက်တာလုံးအမှတ်တရဖြစ်စေခဲ့တဲ့ ချစ်စမ်းမောင်

မြန်မာနိုင်ငံရဲ့ Pro Guitarist တစ်ဦးဖြစ်သူ ချစ်စမ်းမောင်ဟာ Iron Cross Band မှ လိဒ်ဂစ်တာသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဂစ်တာပညာရပ်ကို ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူလို့ တင်စားခေါ်ဝေါ်ရလောက်အောင်ကို ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ခြောက်ကြိုးကဝေ ဂီတပညာရှင်ကြီးဖြစ်တဲ့ ချစ်စမ်းမောင်ဆိုရင်တော့ မြန်မာနိုင်ငံက ဂီတပရိသတ်တွေ မသိသူမရှိလောက်အောင်ကို တော်လွန်းတဲ့ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ချစ်စမ်းမောင်လို ပညာရှင်မျိုးကို အရူးအမူး အားပေးတဲ့ ပရိသတ်တွေလည်း ရှိကြတာကိုမျက်မြင်ကိုယ်တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ မော်လမြိုင်ကပရိသတ်တစ်ဦးကတော့ သူရူးသွပ်စွာအားပေးတဲ့ချစ်စမ်းမောင်အတွက် အကြိမ်ကြိမ်ကြိုးစားပြုလုပ်ထားတဲ့ ဂစ်တာ Stand လေးကို စင်နောက် မရမကဝင်ခွင့်တောင်းပြီး လာပေးခဲ့တာဖြစ်ပါတယ်။ “မော်လမြိုင်က ပရိတ်သတ်တဦး စင်နောက်ကို မရမကဝင်ခွင့်တောင်းပြီး သူကိုယ်တိုင် လုပ်ခဲ့တဲ့ Guitar Stand လေးကို လက်ဆောင်လာပေးရင်း ဓါတ်ပုံရိုက်ချင်တယ်ဆိုလို့ ရပါတယ်ရိုက်ပါဆိုတော့ ဖုန်းမရှိဘူးတဲ့ သနားလို့ကျွန်တော့ဖုန်းနဲ့ရိုက်လိုက်တော့လည်း ဘယ်လိုပို့ရမှန်းမသိခဲ့ဘူး သိတဲ့သူတွေရှိရင်လည်း ပြပေးလိုက်ကြပါ သူကူးယူပါစေ။ သူ ၂ နှစ်လောက် ပျက်လိုက်ပြန်လုပ်လိုက်လုပ်ခဲ့ပေးတာဆို့လို့...

မမှတ်မိနိုင်တော့လောက်အောင် မိန်းမလျာဇာတ်ရုပ်တွေကို ဖန်တီးခဲ့ဖူးကြတဲ့ အနုပညာရှင် အယောက် (၂၀)

မြန်မာ့ရုပ်ရှင်လောကမှာ ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နေကြတဲ့ အနုပညာရှင်ပေါင်းများစွာရှိပါတယ်။ ပရိသတ်တွေ ဖျော်ဖြေမှုရသ အပြည့်အဝရရှိနိုင်ဖို့အတွက် ကျလာတဲ့ ဇာတ်ရုပ်တွေကို အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင် ဖျော်ဖြေနေကြရသူတွေပါ။ ယောက်ကျားစင်စစ်မှ ဇာတ်ဝင်ခန်းတွေအတွက် မိန်းမလျာဇာတ်ရုပ်တွေကို ပုံဖော်ဖန်တီးကြရာမှာ တချို့သော မင်းသားတွေဟာ ပရိသတ်တွေသဘောကျလောက်အောင် မိန်းမတစ်ဦးစစ်စစ်ကဲ့သို့ လှပကြပါတယ်။ အနုပညာလောကမှာ ဇာတ်ရုပ်တွေကို ပုံဖော်ဖန်တီးနိုင်ဖို့ မိန်းမလျာဇာတ်ရုပ်တွေကို ဖန်တီးခဲ့ကြတဲ့ သရုပ်ဆောင် မင်းသားတွေကို ဖော်ပြပေးလိုက်ပါတယ်။ နေတိုး ဒွေး ဇေရဲထက် ကျော်ရဲအောင် ရန်အောင် ပြေတီဦး ကျော်ကျော်ဗိုလ် စွမ်း နေဒွေး မိုးအောင်ရင် မြင့်မြတ် ရဲအောင် ရာဇာနေဝင်း ရဲလေး မင်းမော်ကွန်း ဝေလျှံ ညီထွဋ်ခေါင် စိုးရန်အောင် ဖိုးချစ် ထွန်းထွန်း အထက်ပါ ဖော်ပြထားတဲ့ မင်းသားအယောက် (၂၀)ကတော့ မိန်းမလျာဇာတ်ရုပ်တွေကို အပီပြင်ဆုံးဖော်ဆောင်နိုင်ခဲ့ကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ပရိသတ်တွေသိထားတဲ့အနုပညာရှင်တွေရှိရင်လည်းပြောပြခဲ့ပါဦးနော်။We Love Cele Photos-Smile Smile

ဒိန်း​ဒေါင်​ရဲ့ ​မွေး​နေ့ပွဲမှာ ​ဝေလသီချင်းနဲ့ ​ဖျော်​​ဖြေတင်​ဆက်​​ပေးခဲ့တဲ့ ခြိမ့်​​ကေကိုရဲ့ ဗီဒီယိုဖိုင်

Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲကနေမှတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့သူ ခြိမ့်ကေကိုဟာ အခုဆိုရင်တော့ သူ့ရဲ့ အရည်အချင်းစစ်တွေကို ထုတ်ပြခဲ့ပြီးနောက် အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲနေ့မှာ အကောင်းဆုံးပါ ယှဉ်ပြိုင်ခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှတာကြောင့် လူရွေးပွဲမှာကတည်းက ပြုတ်သွားခဲ့ရသူတစ်ဦးပါ။ ဒါ​ပေမယ့်​ ခြိမ့်​​ကေကိုရဲ့ ရိုးသားတဲ့ စိတ်​​နေစိတ်​ထားနဲ့ ပွင့်​ပွင့်​လင်းလင်းရှိတဲ့စရိုက်​တို့​ကြောင့်​ ပရိသတ်​​တွေက ချစ်​ခင်​အား​ပေးကြပါတယ်​။ အခုဆိုရင်​ ခြိမ့်​​ကေကိုကို အား​ပေးတဲ့ ပရိသတ်​​​တွေနဲ့ အ​နေအထားတစ်​ခုကို​ရောက်​ရှိ​နေပြီဖြစ်​ပါတယ်​။ ခြိမ့်ကေကိုက အခုဆိုရင်တော့ တစ်ကိုယ်တော်သီချင်းတွေကိုလဲ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခြိမ့်ကေကိုရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းဖြစ်တဲ့ “မမရေလွမ်းလို့” ဆိုတဲ့ သီချင်းကလဲ ပရိသတ်တွေကြားမှာသာမက အနုပညာလောကမှာပါ တုန်လှုပ်အောင်မြင်သွားစေတဲ့ သီချင်းလေးဖြစ်ပါတယ်။ ခြိမ့်​​ကေကိုက အနုပညာလုပ်​ငန်း​တွေကို လုပ်​ကိုင်​ပြီး သီချင်းအသစ်​​တွေကိုလဲ ဖန်​တီးလျက်​ရှိပါတယ်​။ ခြိမ့်​​ကေကိုက ဒီဇင်​ဘာလ(၂၈)ရက်​​နေ့က ကျ​ရောက်​ခဲ့တဲ့ ဒိန်း​ဒေါင်​ရဲ့ ​မွေး​နေ့ပွဲမှာ အမှတ်​တရ...

လိုက်ဖက်ညီတဲ့ မင်္ဂလာမောင်နှံလေးအဖြစ် မြင်တွေ့ရတဲ့ မိုးယံဇွန်နဲ့ ဇွန်သံစဉ်တို့စုံတွဲ

နာမည်ကျော် သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ မိုးယံဇွန်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာအောင် နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးနေရတဲ့ မိုးယံဇွန်က လက်ရှိမှာလည်း “အကြင်နာမြစ်ဖျား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေရပါတယ်။ ယောက်ျားပီသပြီး ချောမောပြေပြစ်တဲ့မျက်နှာပိုင်ရှင် မိုးယံဇွန်က သူနဲ့လိုက်ဖက်ညီတဲ့ ချစ်သူကောင်မလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားခြင်းမရှိတဲ့ မိုးယံဇွန်က အခုတော့ သူချစ်ရတဲ့ ချစ်သူကောင်မလေးကို အတိအလင်း ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ သူကတော့ Miss Universe Myanmar အလှမယ်ဟောင်းတစ်ဦးဖြစ်တဲ့ မော်ဒယ်ဇွန်သံစဉ်ပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးက အစပိုင်းမှာ ပရိသတ်တွေကို အသိမပေးဘဲတွဲခဲ့ကြပေမယ့် အားလုံးကတော့ သူတို့နှစ်ယောက် ချစ်ကြိုက်နေကြပြီဆိုတာ ရိပ်မိနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ မိုးယံဇွန်က ချစ်သူလေး ဇွန်သံစဉ်နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ မင်္ဂလာစုံတွဲပုံလေးတစ်ပုံကို ထုတ်ပြလိုက်ပါတယ်။ ဒီပုံလေးကိုတော့ မိုးယံဇွန်က ”...

တစ်ဦးတည်းသော သမီးချောလေး သစ်သစ်မင်းရာဇာကို ထုတ်ပြလိုက်တဲ့ သရုပ်ဆောင် မင်းရာဇာ

သရုပ်ဆောင်မင်းရာဇာကတော့ အနုပညာလောကမှာ အားပေးမှုတွေရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးတော့ နောက်ထပ်ရင်သွေးလေးတစ်ဦးကလည်း မင်းရာဇာတို့ မိသားစုဘဝထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ မင်းရာဇာကတော့ လက်ရှိမှာ ဇနီးသည် မဖူးပွင့်ငုံနဲ့ သမီးချောလေး သစ်သစ်မင်းရာဇာတို့နဲ့အတူ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ နောက်ထပ်ရင်သွေးလေးကတော့ (၅) လရှိနေပြီဖြစ်ပြီးတော့ သားလေးဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းရာဇာက သမီးချောလေးဖြစ်တဲ့ သစ်သစ်မင်းရာဇာရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ မိသားစုပုံရိပ်လေးတွေကို မကြာခဏ တင်လေ့ရှိတဲ့ မင်းရာဇာက တစ်ဦးတည်းသော သမီးလေးရဲ့ ချစ်စရာဟန်ပန်လေးတွေကို တင်ပြီး ပရိသတ်ကြီးကို မေးခွန်းထုတ်လိုက်ပါသေးတယ်။ “ချစ်ကြလားဗျာ” ဆိုပြီးတော့ သမီးလေး သစ်သစ်မင်းရာဇာရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးထားပါ။ သမီးလေး သစ်သစ်မင်းရာဇာကတော့၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ အသက် (၄) နှစ်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ ငယ်ရွယ်သေးပေမယ့် အိုက်တင်အပေးကောင်းတဲ့ သစ်သစ်မင်းရာဇာလေးရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။...

ပရိသတ်အချစ်တော် မြန်မာဆယ်လီတွေရဲ့ အတိတ်က ရည်းစားဟောင်းတွေ

လူဖြစ်လာတယ်ဆိုကတည်းကအချစ်နဲ့တော့မကင်းဘူးပေါ့။အချို့ကတော့ ပထမဆုံးအချစ်ဟာနောက်ဆုံးအချစ်ဖြစ်လာတာတွေလည်းရှိပေမယ့် များသောအားဖြင့်တော့ ရည်းစားဦးဆို မညားတတ်ဘူးပဲမဟုတ်လား။ ချစ်လျက်နဲ့အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာရတာတွေလည်းရှိတာပေါ့လေ။ ဆယ်လီတွေဟာလည်းလူတွေပဲဖြစ်တဲ့အလျောက် ပတ်သက်ဖူးခဲ့သူတွေရှိပါတယ်။ ပြောချင်လွန်းလို့ကနေ ဆယ်လီတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့ တစ်ချိန်ကဇာတ်လမ်းလေးတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ အောင်ရဲလင်းရဲ့ အတိတ်ခြေရာတွေ အောင်ရဲလင်းရဲ့ အတိတ်က ချစ်သူတွေကတော့ နည်းနည်းတော့များတယ်လို့ဆိုကြပါတယ်။ အောင်ရဲလင်းဟာ နန်းဆုဦးနဲ့လည်းချစ်ခဲ့ဖူးသလိုဖွေးဖွေးနဲ့လည်းချစ်ခဲ့ဖူးတယ်လို့ သတင်းတွေကြားသိရပါတယ်။ တကယ့်ခေါင်ဆိုတဲ့ မင်းသမီးတွေကိုချစ်ခဲ့တဲ့အောင်ရဲလင်းကနောက်ဆုံးမှာတော့ အေးအေးချမ်းချမ်း Beauty Blogger လေး နေခြည်ဦးကိုသွားကြိုက်ရာမှာ တည်မြဲတော့မှာပဲလို့ပရိသတ်တွေကထင်ခဲ့ကြပေမယ့် အကြောင်းကြောင်းကြောင့်အောင်ရဲလင်းနဲ့ နေခြည်ဦးပြတ်သွားပြီးတဲ့နောက်မှာ နေခြည်ဦးကလည်း နာမည်ကြီးမင်းသမီးဖြစ်လာပါတော့တယ်။ ခင်စန်းဝင်းနဲ့ ကောင်းပြည့် မကြီးစန်းနဲ့ ကောင်းပြည့်ရဲ့ကိစ္စကိုတော့ Facebook သုံးတာကြာပြီဖြစ်တဲ့လူတိုင်းသိကြမှာပါ။ “သားလိမ်မာပါ့မယ် သားကိုတစ်သက်လုံးချစ်ပါနော်” ဆိုတဲ့စကားလေးတောင်ခေတ်စားသွားပါသေးတယ်။ ကောင်းပြည့်အနုပညာလောကထဲဝင်ခါစက မကြီးစန်းကအစစအရာရာဖြည့်ဆည်းပေးပြီး ချစ်ပေးခဲ့တယ်လို့ဆိုပါတယ်။ ကောင်းပြည့်က နောက်ပိုင်းမှာ သန္တာဗိုလ်နဲ့ချစ်သူတွေဖြစ်သွားခဲ့ပြီး အခုထိလည်းမြဲနေဆဲပါပဲ။ လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ကောင်းပြည့်အတွက်နဲ့ သန္တာဗိုလ်နဲ့မကြီးစန်းတို့ Facebook ပေါ်မှာ Status တွေနဲ့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပါသေးတယ်။ ပြေတီဦးနဲ့ သက်မွန်မြင့် အခုအချိန်မှာ...

“သရဲသင်္ဘော” ဇာတ်ကားရဲ့ အထူးပွဲကိုတက်ရောက်လာတဲ့ သွန်းဆက်နဲ့ ဆုအိမ့်စံ တို့ရဲ့ ဖက်ရှင်

သရဲသဘောင်္ ရုပ်ရှင် ဇာတ်ကားရဲ့ အထူးပွဲကို ဒီဇင်ဘာ ၂၉ရက်နေ့ ညနေ ၄နာရီခွဲ က စံရိပ်ငြိမ် ဂမုန်းပွင့် ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့ မီဒီယာတွေ၊ အနုပညာအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တွေနဲ့ တခြား ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားကို အောင်သီရိထုတ်လုပ်ရေးမှ စီစဉ်ကာ ဇာတ်လမ်းနဲ့ ဒါရိုက်တာ ရာဇ၀င်ကို က ရိုက်ကူးထားပြီး ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်​၊ ဆုအိမ့်စံတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇန်န၀ါရီ ၁၈ရက်နေ့မှာ မြန်မာတနိုင်ငံလုံးမှာ ပြသသွားမှာဖြစ်ပါတယ်။ ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးပုံဖော်ထားတဲ့ “သရဲသင်္ဘော” Cele Show ကိုတက်ရောက်လာတဲ့ သရုပ်ဆောင် သွန်းဆက် နှင့် ဆုအိမ့်စံ တို့ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တွေကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ သူတို့နှစ်ဦးကိုချစ်ရင် share သွားဖို့မမေ့နဲ့နော်။ Photo Source :...

ပန်းသည်အဘွားရဲ့ Surprise လုပ်တာကိုခံလိုက်ရတဲ့ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ (ရုပ်/သံ)

ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကိုခံထားရတဲ့ မင်းသမီးလေး ခိုင်နှင်းဝေဟာ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေ၊ အရွယ်မရောက်သေးခင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ချို့တဲ့နေကြတဲ့ မိသားစုဘဝလေးတွေကို တစ်ဖက်တစ်လမ်းကနေပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေသူပါ။ ပရဟိတဆိုတာ လူတိုင်းမလုပ်နိုင်တဲ့အရာဖြစ်ပေမယ့် သူမကတော့ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုနိုင်ဖို့ အမြဲတစေ ပရဟိတအလုပ်လေးတွေနဲ့ ပျော်မွေ့နေသူဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက်က သူကိုယ်တိုင် Surprise လုပ်ပြီး ကူညီခဲ့ပေမယ့် သူကို့ Surprise ပြန်လုပ်ခဲ့တဲ့ အဘွားအိုတစ်ဦးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ဆိုင်ရှေ့ဖြတ်သွားတဲ့အဘွားအိုတစ်ဦးဆီက ပန်းတွေ ဝယ်ခဲ့တဲ့ ခိုင်နှင်းဝေတစ်ယောက် သူမ မျက်နှာကို Mask သေချာအုပ်ထားပေမယ့် သူမရဲ့ အသံလေးကိုနားထောင်ပြီး နာမည်ကို တပ်အပ်ပြောနိုင်လို့ ပီတိတွေဖြစ်နေခဲ့ရတာပါ။ “မလိုအပ်လည်း အားပေးလိုက်ပါ 🙏🙏🙏ကျွန်မက Surprise လုပ်ပြီး ကျွန်မ Surprise ဖြစ်သွားတဲ့အခိုက်အတန့်လေးတစ်ခု 😍😍 ကျွန်မ မုန့်စားနေတဲ့ဆိုင်ရှေ့က ဖြတ်သွားတဲ့ ပန်းသယ်အဘွားကိုခေါ်ပြီး...

error: Content is protected !!