Monthly Archive: December, 2018

မတ်မတ်နန်းစုကို အသည်းတွေကြွေဆင်းသွားအောင် ကဗျားလေးရေးပို့ပြီး ချုပ်လိုက်တဲ့ ကွီး G Fatt

G Fatt တစ်ယောက်ကတော့ အင်မတန်မှ ရိုမန်တစ်ဆန်တဲ့ ကဗျာလေးတစ်ပုဒ်ကို ချစ်သူ နန်းစုရတီစိုးအတွက်ရေးသားပေးခဲ့တာဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ကျင်လည်နေကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့အလျှောက် ရှိုးပွဲတွေ တော်တော်များများမှာလည်း အတွဲလိုက်သီဆိုဖျော်ဖြေမှုတွေကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အတွဲညီညီနဲ့ ပါရမီဖြည့်ဖက်တွေအဖြစ် တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ G Fatt ကတော့ မကြာသေးခင်က Shwe FM ရဲ့ ပရိသတ်တောင်းဆိုမှုအများဆုံးဆုကို ရရှိခဲ့တာကြောင့်လည်း ချစ်သူ နန်းစုရတီစိုးတစ်ယောက် ဝမ်းသာပီတိတွေနဲ့ ပျော်ရွှင်ခဲ့ရပါသေးတယ်။ ချစ်သူ ၂ ဦးပျော်ရွှင်စွာနဲ့ ခရီးတွေအတော်များများကိုလည်း ထွက်ခဲ့ကြတာပါ။ G Fatt နဲ့ နန်းစုရတီစိုးတို့ရဲ့ ခရီးသွားပုံရိပ်လေးတွေကလည်း သူမတို့ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ တဖန်ဖြစ်စေခဲ့တာပါ။ မကြာသေးခင်က လမ်းခွဲခဲ့ပြီဆိုတဲ့စကားလေးတစ်ခွန်းကြောင့်လည်း ပရိသတ်တွေ စိတ်ပူပန်ခဲ့ကြတာဖြစ်ပြီးတော့ G Fatt က ပြန်အဆင်ပြေသွားပြီဖြစ်တဲ့အကြောင်းကို ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နှစ်ယောက်တွဲပြီး မင်္ဂလာပွဲလေးကို...

ချစ်​သူနဲ့ ပြန်​လည်​သင့်​မြတ်​ပြီး​နောက် ​​ပျော်​ရွှင်​​နေတဲ့ ​နေခြည်​ဦးရဲ့ ဗီဒီယိုဖိုင်

Beauty Blogger ဘဝက​နေစပြီး လူသိများလာရပြီး လူမှုကွန်​ယက်​မှာ နာမည်​ကြီးလာခဲ့တဲ့ ​နေခြည်​ဦးက အခုဆိုရင်​ ရုပ်​ရှင်​ဇာတ်​ကားအများအပြားကိုလဲ လက်​ခံရိုက်​ကူး​နေပြီပဲဖြစ်​ပါတယ်​​။ ​နေခြည်​ဦးရဲ့ ပထမဆုံး ရုပ်​ရှင်​ဇာတ်​ကားဖြစ်​တဲ့ “ရန်​သူ” ရုပ်​ရှင်​ဇာတ်​ကားမှာ ​နေခြည်​ဦးရဲ့ သရုပ်​​ဆောင်​မှု​တွေက အသစ်​တစ်​​ယောက်​လို့ မထင်​ရ​အောင်​ကို ပီပြင်​လွန်းတာကိုလဲ ​တွေ့ရပါတယ်​။ နာမည်​ကြီးလာတာနဲ့အမျှ ​နေခြည်​ဦးရဲ့ ​နေထိုင်​မှုပုံစံနဲ့ ပတ်​ဝန်းကျင်​အ​နေအထားကို ပရိသတ်​​တွေက စိတ်​ဝင်​စားလာကြပါတယ်​။ အထူးသဖြင့်​ ပရိသတ်​​တွေက ​နေခြည်​ဦးရဲ့ အချစ်​​ရေးကို စိတ်​ဝင်​စားကြပါတယ်​။ ​နေခြည်​ဦးက သူမရဲ့ချစ်​သူ မန္တ​လေးသား​လေးနဲ့ လမ်းခွဲလိုက်​ပြီလို့ ပရိသတ်​​တွေကို တရားဝင်​​ပြောပြထားပါတယ်​။ သူတို့နှစ်​ဦးက အ​နေ​ဝေးတာ​ကြောင့်​ လမ်းခွဲခဲ့တယ်​လို့ သိရပါတယ်​။လမ်းခွဲခဲ့​ပေမယ့်​ ​နေခြည်​ဦးတို့ စုံတွဲက အ​ခေါ်အ​ပြောမပျက်​ပဲ ရင်းနှီးစွာ​နေထိုင်​လျက်​ရှိ​နေဆဲပါ။ ပြီးခဲ့တဲ့ ခရစ်​စမတ်​​နေ့ကလဲ ​နေခြည်​ဦးနဲ့ သူမရဲ့ချစ်​သူက အတူတကွဆုံ​တွေ့ခဲ့ကြပြီး ဖက်​လဲတကင်းနဲ့ ဓာတ်​ပုံ​တွေရိုက်​ပြီး တင်​ခဲ့ပါ​သေးတယ်​။ အဲ့ဒီ ခရစ်​စမတ်​​နေ့မှာပဲ လမ်းခွဲလိုက်​ပါပြီဆိုတဲ့ ​နေခြည်​ဦးတို့စုံတွဲက ​Relationship ပြန်​ချိတ်​ခဲ့ပါတယ်​။ပရိသတ်​​တွေကလဲ...

ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် မင်းသမီးလေး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ Pre Wedding ပုံရိပ်များ

အကယ်ဒမီဆုရှင် မင်းသမီးလေးပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ကတော့ 2019 ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှာ မင်္ဂလာဧည့်ခံပွဲကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ အနုပညာပျိုးခင်းကနေတဆင့် တက်လာခဲ့တဲ့ မင်းသမီးလေးပိုင်ဖြိုးသုဟာ လက်ရှိမှာဆိုရင် အနုပညာပျိုးခင်းရဲ့စင်တင်မင်းသမီးတွေထဲမှာ အကယ်ဒမီဆုကို ပထမဦးဆုံး ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မင်းသမီးဖြစ်နေပါတယ်။ သူမကတော့ အခြားသော ရုပ်ရှင်ဇာတ်ကားတွေအပြင် ခင်ပွန်းလောင်းဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့အတူ ဖန်တီးထားတဲ့ မီ ရုပ်ရှင်ဇာတ်ကားနဲ့ပါ အောင်မြင်မှုတွေရရှိထားတာဖြစ်ပါတယ်။ သူမတို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ ဇန်နဝါရီလ ၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူးနေ့လေးမှာ Inya Lake Hotel မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယနေ့မှာတော့ သူမတို့ရဲ့ ချစ်စဖွယ် ကြည်နူးမှုရနံ့တွေ သင်းပျံ့နေတဲ့ Pre Wedding ပုံရိပ်လေးများကို ပိုင်ဖြိုးသု ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ (၂) ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေလို့ ပရိသတ်ကြီးနှင့်တကွ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ Source :...

ယွန်းယွန်းကိုကြိုက်တယ်လို့ဝန်ခံလိုက်တဲ့ အုပ်စိုးခန့်

အုပ်စိုးခန့်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ပရိသတ်လူငယ်တွေကြား ရေပန်းစားစပြုနေပြီဖြစ်တဲ့ ငယ်ရွယ်တဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ အုပ်စိုးခန့်ကမကြာသေးမီကပဲ သူ့ရဲ့တစ်ကိုယ်တော်အခွေ Number 1 ဆိုတဲ့ အခွေလေးထွက်ရှိထားပါတယ်။အုပ်စိုးခန့်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ အကယ်ဒမီမင်းသမီးတစ်ယောက်နဲ့ထွက်နေတဲ့သတင်းတွေကို ဖြေရှင်းထားပြီး သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်းလည်းပြောပြထားပါတယ်။ အုပ်စိုးခန့်က သူ့ရဲ့အခွေနာမည်ကို နံပါတ်ဝမ်းလို့ ပေးဖြစ်ပုံကို “The Number One လို့ပေးဖြစ်တာကတော့ ကျွန်တော်အသက်ဆယ့်ခြောက်ဆယ့်ခုနစ်နှစ်မှာ ဘဝမှတ်တိုင်ပေါ့နော် ပထမဆုံးထွက်တဲ့အခွေမို့လို့ နံပါတ်ဝမ်းဆိုတဲ့နာမည်လေးကိုပေးဖြစ်ခဲ့ပါတယ်။ ပြီးတော့ နမိတ်လေးလည်းကောက်လိုက်သေးတယ်ခင်ဗျ။ ဒီအခွေလေးကတစ်ဖြစ်ရမယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။ အခွေထွက်သွားပြီဆိုပြီး မာန်တက်သွားတာမျိုးတွေမရှိပါဘူးလို့လည်းအုပ်စိုးခန့်က “အဆိုပျော်ပေါ့နော်။ အဲ့လိုပဲပြောချင်ပါသေးတယ်။ ကျွန်တော်က ဟာ…ငါအခွေထွက်သွားပြီပေါ့နော်။ ငါ ဒီလိုဖြစ်သွားပြီ..အယ်.. အဲ့လိုမျိုးမာန်တက်တာတွေ ဖြစ်သွားမယ်လို့မထင်ပါဘူး။အဲ့လိုဖြစ်ခွင့်မရှိပါဘူး။ ကျွန်တော်အများကြီးဝမ်းစာတွေဖြည့်ရဦးမယ် သင်ယူရဦးမယ်ပေါ့”လို့ ဖြေကြားထားပါတယ်။ အုပ်စိုးခန့်နဲ့ ယွန်းယွန်းနဲ့ကိုပရိသတ်တွေက ခိုင်လုံတဲ့အထောက်အထားတွေ MyDay က ဓာတ်ပုံတွေ၊ ပွဲတက်ဝတ်စုံတွေအတူတူဝတ်ကြတာတွေနဲ့ပတ်သက်ပြီးချစ်သူတွေဖြစ်နေကြပြီလို့ ကောက်ချက်ချနေတဲ့အပေါ်မှာလည်း အုပ်စိုးခန့်က ဖြေရှင်းထားပါတယ်။ အုပ်စိုးခန့်က ယွန်းယွန်းနဲ့ ပွဲတက်ဝတ်စုံတူသွားတဲ့ကိစ္စကို “တိုက်ဆိုင်တာနေမှာပါ။ တိုက်ဆိုင်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့နော်။...

သင်ဇာဝင့်ကျော်ကို ခန္ဓာကိုယ် အတွင်းအပြင် လှလို့ ကြိုက်တယ်ဆိုတဲ့ ပွင့်နဒီမောင်

ကိုရီးယား ပလတ်စတစ်ဆာဂျရီ ရေစီးကြောင်းက မြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့လာချိန်မှာတော့ အနုပညာရှင်တွေကြား ခွဲစိပ်ပြုပြင်မှုတွေက ရေပန်းစားလို့ လာပါတယ်။ဖေ့စ်ဘွတ်ပေါ်မှာ ကောက်ကြောင်းပေါ်တဲ့ ဓာတ်ပုံအလှတွေ တင်နိုင်အောင် မိန်းကလေးတွေက ကြိုးစားလာကြသလို ကိုယ်လုံးလှသူတွေမြင်ရင် အချင်းချင်း ငမ်းရလောက်တဲ့ ခေတ်ကြီး ဖြစ်လာပါတယ်။ အနုပညာလောကမှာ ရေပန်းအစားဆုံး ခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ သင်ဇာဝင့်ကျော် နဲ့ စုလှိုင်ဝင်းတို့ ဖြစ်ပါတယ်။ မီဒီယာလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးရုပ်ရှင်အစည်းအရုံးက ခေါ်ယူဆုံးမရတဲ့ထိ ဖြစ်သွားခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အမှတ်မထင် body အလှကို အားကျနေသူကတော့ မင်းသမီး ပွင့်နဒီမောင်ပဲ ဖြစ်ပါတယ်။ဘယ်လိုအကြောင်းရင်းတွေကြောင့် သင်ဇာဝင့်ကျော်ကို အားကျရတယ် ဆိုတာကို cele 7 နဲ့ အင်တာဗျူးမှာ ခုလိုမျိုး ဖြေကြားသွားပါတယ်။ “အမရဲ့ခန္ဓာကိုယ်မှာမှ အဖြစ်ချင်ဆုံး ခွဲစိတ်ရမယ် ဆိုရင်တော့ မျက်ကွင်းညိုတာကို ခွဲစိတ်ချင်တယ်။ ခန္ဓာကိုယ်မှာ တင်ပါးကိုတော့ ထည့်တာ ကြိုက်တယ်။ တစ်ချို့တွေ ထည့်ထားတာ...

Diamond KTV ဖွင့်ပွဲသို့တက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်နှင့်အခြားသော အနုပညာရှင်များ

မနေ့ည ဒီဇင်ဘာ ၂၈ ရက်နေ့က Diamond Entertainment ရဲ့ ဖွင့်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီဖွင့်ပွဲလေးကိုတော့ သင်ဇာဝင့်ကျော်နဲ့ အခြားသော အနုပညာရှင်ပေါင်းများစွာ တက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။ သင်ဇာဝင့်ကျော်ဟာ ဖွင့်ပွဲတော်တော်များများကို ဖိတ်ကြားခံထားရတဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး ထိုပွဲတက်တွေမှာ ဝတ်ဆင်ခဲ့တဲ့သူမရဲ့ ဝတ်စားဆင်ယင်မှုဟာလည်း ပရိသတ်တွေကြားအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ Balance Fitness Center ဖွင့်ပွဲကစလို့ ယနေ့အချိန်ထိ တက်ရောက်လာခဲ့တဲ့ပွဲတက်ဖက်ရှင်တွေအားလုံးဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ဒီနှစ်ကုန်ပိုင်းထိ ပွဲတက်တွေ လက်ခံထားတာကြောင့် ဒီလိုဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုတွေကိုတော့ နှစ်မကုန်ခင်အထိ မြင်တွေ့နေရဦးမှာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က သူမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အနည်းငယ်များသွားရင် ပရိသတ်တွေကို တောင်းပန်ပါတယ်လို့ တောင်းဆိုထားပါတယ်။ သို့သော်လည်း ဒီလိုဝတ်စားဆင်ယင်ပြီးပွဲတက်ပေးရခြင်းဟာ သူမရဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် သူမရဲ့ ဖက်ရှင်ဟာလည်း ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိဘူးလို့ ဆိုပါသေးတယ်။ မနေ့က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ...

သူမ ဖက်ရှင်က ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။ အောင်သီရိစိန်တိုက်ဖွင့်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သူမဖက်ရှင်ပေါ်မှာလည်း ဝေဖန်မှုတွေရှိပြီးတဲ့နောက် သူမက ဒီနှစ်ကုန်အထိ ပွဲတွေလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်လွန်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။ ဒီလိုမေတ္တာရပ်ခံခဲ့တဲ့နေရာမှာလည်း သူမအနေနဲ့ အရမ်းကြီး ခပ်ဟော့ဟော့ ဝတ်ဆင်တော့မှာမဟုတ်ဘဲနဲ့ လုံးဝမဝတ်တော့ဘူးလို့ ပြောဆိုတာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ သူမအနေနဲ့ ပွဲတက်ဝတ်စားမှုတွေကိုတော့ ဝတ်ဆင်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။ “အရမ်းကြီးမဝတ်တော့ဘူးလို့ သင်ဇာပြောတာပါ။ လုံးဝမဝတ်တော့ဘူးလို့ သင်ဇာပြောတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပွဲနဲ့လိုက်တဲ့ဟာလေးတွေကတော့ ဝတ်နေရဦးမှာပဲလေ။ ဒါက ကိုယ့်အလုပ်ဆိုတော့လဲ။ သင်ဇာက ဆက်စီဘက်သွားတာမျိုးကြိုက်တာဆိုတော့ မှာတော့မယ်ဆို ကြည့်လိုက်တယ်။ ကိုယ်ဝတ်လို့အဆင်ပြေနိုင်မလား အဆင်ပြေတယ်ဆို မှာတယ် ဝတ်တယ်ပေါ့နော်။ အဓိကကတော့ Online Shopping ကဝယ်ဖြစ်တာများတယ်။ ပွဲအကြီးဆိုရင်တော့ ဒီဇိုင်နာနဲ့ သေချာတိုင်ပင်ပြီး ချုပ်ဖြစ်တယ်။” သင်ဇာဝင့်ကျော်ကတော့ Balance...

ချစ်သူမြန်မာမလေးကို အလင်းပြလိုက်ပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ ဂျာမနီနိုင်ငံသား သရုပ်ဆောင် မီကီ

သရုပ်ဆောင်မစ်ကီကတော့ ဂျာမန်လူမျိုးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလည်းဖြစ်တဲ့ မစ်ကီတစ်ယောက်ကတော့ အားပေးတဲ့ပရိသတ်တွေ ရရှိထားပြီးဖြစ်ပါတယ်။ မစ်ကီဟာ မြန်မာစာ၊ မြန်မာစကားကိုစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီးတော့ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ပေမယ့် သူ့ရဲ့ မြန်မာစကားပြောဆိုမှုကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ Relationship ကိုလည်း သူကိုယ်တိုင်ရွေးချယ်မှာဖြစ်တယ်လို့ အစောတည်းက အင်တာဗျူးတွေမှာဖြေထားခဲ့တဲ့ မစ်ကီတစ်ယောက်ကတော့ ချစ်သူ မြန်မာမလေးကို အလင်းပြလိုက်ပါပြီနော်။ မစ်ကီတို့စုံတွဲကတော့ နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ Relationship ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မြန်မာမိန်းကလေးနဲ့ ဂျာမန်မိန်းကလေးတွေရဲ့ ကွာခြားချက်ကိုလည်း သရုပ်ဆောင် မစ်ကီက ပြောပြထားပါသေးတယ်။ “မြန်မာမိန်းကလေးတွေနဲ့ ဂျာမဏီမိန်းကလေးတွေ လုံးဝနှိုင်းယှဉ်လို့မရဘူး။ ဂျာမန်မိန်းကလေးတွေက ယဉ်ကျေးမှုမရှိဘူး။ တကယ်ပြောတာ (ကန်တော့ ကန်တော့) ယဉ်ကျေးမှုမရှိဘူး။ သစ္စာမရှိဘူး။ လိမ်ပြောတယ်။ ပါတီသွားတာများတယ် အဲလိုမျိုးပုံစံ ဒါတွေကတော့ ကွာခြားချက်တွေပေါ့။ သူက အရမ်းလိမ္မာတယ်။ ချစ်တတ်တယ်။...

ထူးခြားမှုပေါင်းများစွာနဲ့ အားကျရလောက်အောင် ဖန်တီးစီစဉ်ထားတဲ့ မောင်မောင်အေးရဲ့ ခမ်းနားလှတဲ့ မင်္ဂလာပွဲ ဗီဒီယို

အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ အားလင်တို့ရဲ့ မင်္ဂလာပွဲကြီးကိုတော့ သုဝဏဘုမ္မိကွင်းမှာ ဒီဇင်ဘာ ၅ ရက်နေ့က ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပါတယ်။ လူပျိုကြီးဘဝအဖြစ် နှစ်ပေါင်းအတော်ကြာ နေထိုင်လာခဲ့တဲ့ ကိုမောင်မောင်အေးရဲ့ မင်္ဂလာသတင်းဟာ ပရိသတ်တွေကြား အတော်လေးကို အံ့အားသင့်စေခဲ့ပါတယ်။ Dreamboat ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုမောင်မောင်အေးဟာ ပဟေဠိနန်းတော်ရဲ့အစီအစဉ်နဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့က ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ ကိုမောင်မောင်အေးတို့ မင်္ဂလာပွဲကို အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အပေါင်းအသင်း၊ မိတ်ဆွေတွေများပြားလှတာကြောင့်လည်း ဟိုတယ်၊ခန်းမတို့ကို မရွေးချယ်ဘဲ ယခုလိုမျိုး သုဝဏ္ဏဘုမ္မိကွင်းကို ရွေးချယ်ပြီး မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မောင်မောင်အေးတို့ရဲ့ မင်္ဂလာပွဲဟာ ခမ်းနားသိုက်မြိုက်ခဲ့ပြီးတော့ မင်္ဂလာပွဲကို တမူထူးခြားတဲ့ပုံစံသစ်တစ်မျိုးနဲ့ပွဲထွက်လာခဲ့တာကိုလည်း တွေ့ရပါတယ်။ သတို့သမီးလောင်းလေးက ကားနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ဟာလေဆိုင်ကယ်တွေပါ ပါဝင်ခဲ့တဲ့ ဒီမင်္ဂလာပွဲကို ဘယ်လိုခမ်းနားအောင် စီစဉ်ထားလဲဆိုတာ ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele တမူထူးခြားစွာနဲ့ ကျင်းပထားတဲ့ ကိုမောင်မောင်အေးတို့ရဲ့ မင်္ဂလာပွဲ Video...

လက်ရှိသင်ဇာဝင့်ကျော် ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး အရေးယူရန်ရှိမရှိကို ရုပ်ရှင်အစည်းအရုံး မှ ဦးအေးကြူလေးပြောပြီ

သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ပွဲတက် ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်သာ ပြောနိုင်မည်ဖြစ်သောကြောင့် လက်ရှိတွင် မဆုံးဖြတ်ရသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက်က လသာမြို့နယ်တွင် ကျင်းပခဲ့သော အောင်သီရိစိန်တိုက် ၄ နှစ်ပြည့်အခမ်းအနားတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ ပွဲတက် အ၀တ်အစားနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသည့်အပေါ် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ မနေ့က တက်လာတဲ့ပုံ တွေ့လိုက်ပါတယ်။ ဒါက တစ်ယောက်တည်း ပြောလို့မရပါဘူး။ သူ့ကို တစ်ခါခေါ်ပြောပြီးပါပြီ။ ဒီကိစ္စပြောဖို့က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့မှ ပြောလို့ရတာပါ။ အခုကျွန်တော်တို့ဘာမှ မဆုံးဖြတ်ရသေးပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး က ပြောသည်။ သင့်ဇာဝင့်ကျော်၏ ၀တ်စားဆင်ယင်မှု နှင့်ပတ်သက်၍ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှလည်း...

error: Content is protected !!