Monthly Archive: December, 2018

ရဲရင့်တဲ့ ဘုရင်မအသွင်နဲ့ နိုင်ငံတကာစင်မြင့်ထက်မှာ ရဲဝံ့စွာ ယှဉ်ပြိုင်မယ့် ရွှေအိမ်စည်

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ လှပကြော့ရှင်းတဲ့ မြန်မာမလေးတွေရဲ့ အလှကို နိုင်ငံတကာ အလယ်မှာ ထုတ်ဖော်ပြသယှဉ်ပြိုင်မယ့်သူတစ်ဦး ပဲ ဖြစ်ပါတယ်။ အမိုက်စား ခန္ဓာကိုယ်နဲ့ ကမ္ဘာအလယ်မှာ မြန်မာအဖြစ် ရဲဝံ့စွာနဲ့ အနုပညာလျှောက်လှမ်းထက်ကို ရောက်ရှိနေသူတစ်ဦး ပဲ ဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာတော့ မြန်မာအမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိ နဲ့ အလှကို ဖော်ကျူး ထားတဲ့အိမ်စည်ရဲ့ National costume ဒီဇိုင်းပုံရိပ်တွေကို ပရိတ်သတ်တွေ အတွက် ပထမဦး စွာ ဖော်ကြူးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားရတဲ့ ရွှေနဲ့ ပတ္တမြား ကိုပေါင်းစပ်ပြီး ခန်းနားထည်ဝါစွာ ချုပ်လုပ်ထားတဲ့ ဝတ်စုံ နဲ့အတူ ဝင်ပြိုင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရွှေရောင်တွေ တဖိန်ဖိန် လွှမ်းနေတဲ့ အိမ်စည်ရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်းနာ မပုံ့က အကောင်းဆုံးဖန်းတီးချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘုရင်မတစ်ပါးအဖြစ် နိုင်ငံတကာ စင်မြင့်ထက်မှာ အလှဆုံးနဲ့ အရဲဝံ့ဆုံး...

မြစ်သားမြို့ရဲ့တန်ဆောင်တိုင်ပွဲမှာ လက်သရမ်းခံလိုက်ရတာနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ စန္ဒီမြင့်လွင် (ရုပ်/သံ)

မြန်မာနိုင်ငံ ရဲ့ Rapper အဆိုတော်မလေးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာကတော့ အမတွေရဲ့ ခြေရာကို နင်းတဲ့ ညီမဆိုပြီး ထပ်မံအောင်မြင်ခဲ့ပြန်ပါတယ်။ သူမသီချင်းတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲကို အမှန်တကယ်ထိမှန်ခဲ့တဲ့ သီချင်းတွေဖြစ်ပြီး လူငယ်တွေရဲ့ ခံစားချက်တွေနဲ့လဲ ကိုက်ညီတဲ့ သီချင်းတွေဖြစ်လို့ သူမရဲ့ပရိသတ်တွေဟာ များပြားလို့နေပါတယ်။ သူမဟာ မတ်လမှာ အိမ်ထောင်ပြုခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ သူမသွားသမျှ ပွဲတွေမှာ ခင်ပွန်းဖြစ်သူနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တာလဲ ဖြစ်ပါတယ်။ ကုန်ဆုံးခဲ့ပြီးဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်ရက်မှာလဲ အဆိုတော် သရုပ်ဆောင်စန္ဒီမြင့်လွင်ဟာ မန္တလေးတိုင်းဒေသကြီး ၊မြစ်သားမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး အဆိုပါဖျော်ဖြေပွဲသွားရောက်ချိန်မှာ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကို ပရိသတ်တစ်ဦးက ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ထားမိခြဲ့ပီး အဆိုပါ ပရိသတ်တွေ ထံမှ အွန်လိုင်းစာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုလေးမှာ ပွဲသီဆိုဖို့အတွက် သွားရောက်တဲ့နေရာမှာ သီဆိုမယ့် နေရာကို လှေခါးဖြင့်တက်ရပြီး အဲ့ဒီလို တက်ရတဲ့...

သမီးအရင်းတစ်ယောက်လိုပါပဲ အန်တီကလည်း ချွေးမလေးကိုသိပ်ချစ်တယ် လို့ပြောလာတဲ့ သရုပ်ဆောင်ပြေတီဦး ရဲ့မိခင်ဒေါ်တီတီ

ဇာတ်ကားကောင်းမြောက်များစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်နေပြီး အားပေးမှုများစွာကိုခံထားရတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနှီးမောင်နှံဟာ မြန်မာနိုင်ငံရဲ့ အားကျခံရလောက်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။ ပြေတီဦးရဲ့ မိခင်ဖြစ်သူကတော့ အိန္ဒြာကျော်ဇင်ကို သမီးအရင်းလေးလို့ချစ်လို့ ချွေးမအဖြစ်ရွေးချယ်ခဲ့ကြောင့် MC ရဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ ပြေတီဦးဟာ သူ့ရဲ့ အသက်၄၀ပြည့်မွေးနေ့မှာတော့ ဘုန်းကြီးဝတ်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့ပါတယ်။ ပြေတီဦးရဟန်းဝတ်တာနဲ့ ပတ်သက်ပြီး ပြေတီဦးရဲ့မိခင်က “သားလေးရဲ့၄၀ပြည့်မွေးနေ့မှာ သူကဘုန်းကြီးဝတ်တော့ အန်တီက အရမ်းဝမ်းသာတာပေါ့။ ဒီထက်ဝမ်းသာစရာကောင်းတာက ဘာရှိအုန်းမလဲ။ မိဘအပေါ်လည်း သူအောင်မြင်အောင် သူ့လုပ်ငန်းတွေအကုန်လုံးကြိုစားတယ်။ အောင်မြင်တယ် အခုလိုမျိုး ကောင်းတာ လေးတွေလည်း လုပ်တယ် လမ်းမှားကို မရောက်ဘူး။ အားကစားကို လုပ်တယ်ဆိုတော့ အန်တီက အရမ်းကျေးဇူးတင်တာပေါ့ သားလေးကို ဘယ်ပီတိမှနဲ့မတူအောင်ပျော်ရွှင်တဲ့ ပီတီကိုရပါတယ်။ ပြေတီဦးက ငယ်ငယ်တုန်းက အားကစားလုပ်တယ် သူ့အဖေနဲ့အတူတူ Tennisရိုက်တယ် ၁၄နှစ်သားထဲက အဖေရဲ့ သူငယ်ချင်းတွေနဲ့ Tennisရိုက်ခဲ့တာသူက...

“ပိတ်စမလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်(ရုပ်/သံ)

ပရိသတ်တွေကြား နာမည်တစ်ခုနဲ့ ရပ်တည်လာခဲ့တဲ့မင်းသမီးလေး သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေရရှိနေပြန်ပါတယ်။ သူမရဲ့သူမတူတဲ့ ထိုးဖောက်ချင်တဲ့စိတ်ဓာတ်တွေကလည်းသူမကို ပရိသတ်တွေကြား ပိုမိုရေပန်းစားစေခဲ့တာပါ။ သူမရဲ့ ဝတ်စားဆင်ယင်မှုတွေဟာ နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်ပေါ်မှာ ပြောစရာခေါင်းစဉ်တစ်ခုအဖြစ် ရှိနေတာလည်း သူမရဲ့အောင်မြင်မှုတစ်ခုဖြစ်နေပါတယ်။ မကြာသေးခင်ကမှ နေရွှေသွေးအောင်ရဲ့ အမိုက်စား MTV မှာ အကြမ်းစားသရုပ်ဆောင်ခဲ့တဲ့ပုံရိပ်တွေကလည်း ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခုဖြစ်နေပြန်ပါတယ်။ သင်ဇာဝင့်ကျော်ဟာမရိုးနိုင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဆင်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ မနေ့ကလဲလည်းသူမရဲ့ 119 ဆိုင်သစ်ဖွင့်ပွဲကို ကိုတက်ရောက်လာခဲ့တဲ့ဖက်ပုံရှင်ရိပ်လေးတွေဟာ အရမ်းကိုဟော့ဖြစ်နေတာတွေ့ရပါတယ်။ ထိုပွဲလေးမှာလည်း သင်ဇာဝင့်ကျော်ရဲ့ သူမတူတဲ့ ဝတ်စားဆင်ယင်မှုပုံရိပ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုဖက်ရှင်နဲ့ပက်သက်ပြီး သင်ဇာက “ပိတ်စ မလောက်လို့ အောက်ပိုင်းက ပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ (ရယ်လျက်)။ သင်ဇာ ဘယ်လိုရူးရူး လိုက်ပြီး ရူးပေးကြလို့ ပရိသတ်ကို ကျေးဇူး အများကြီးတင်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ အလန်းစားပုံရိပ်တွေနဲ့ တက်ရောက်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသိတ်ကြီးအတွက်...

error: Content is protected !!