Monthly Archive: December, 2018

အိန္ဒြာကျော်ဇင်ဆီကနေ မြန်မာငွေ (၁၅) သိန်းကျော် တန်ဖိုးရှိတဲ့ လက်ကိုင်အိတ်တစ်လုံး လက်ဆောင်ရရှိခဲ့တဲ့ အောန်ဆိုင်း

ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ မော်ဒယ်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေတဲ့ ဒိတ်ဒိတ်ကြဲ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။အမိုက်စားခန္ဓာကိုယ်လေးနဲ့နိုင်ငံခြားသူလေးတစ်ယောက်လိုအထင်မှားရလောက်တဲ့အောန်ဆိုင်းကဖက်ရှင်ရှိုးပွဲပေါင်းများစွာမှာပါဝင်လျှောက်လှမ်းနေရသူဖြစ်ပါတယ်။အခုတော့အောန်ဆိုင်းကမင်းသမီးချောအိန္ဒြာကျော်ဇင်ဆီကနေ (၁၅) သိန်းကျော် တန်ဖိုးရှိတဲ့ အီတလီအမှတ်တံဆိပ် လက်ကိုင်အိတ်တစ်လုံးကို လက်ဆောင်အဖြစ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၃ရက်နေ့ကNovotelဟိုတယ်မှာမင်းသမီးအူဝဲကိုယ်တိုင်တာဝန်ယူကျင်းပပြုလုပ်ခဲ့တဲ့အီတလီနိုင်ငံထုတ် ” The Bridge ” လက်ကိုင်အိတ်ကို မိတ်ဆက်တဲ့ ရှိုးပွဲကြီးမှာ အောန်ဆိုင်းက မော်ဒယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီပွဲလေးမှာအောန်ဆိုင်းက”GAUCHOBAG”အမည်ရှိတဲ့LEATHERလက်ကိုင်အိတ်နဲ့စင်မြင့်ထက်မှာအမိုက်စားလျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအိတ်ရဲ့တန်ဖိုးကတော့ Us ဒေါ်လာ 987 ( မြန်မာငွေ ၁၅သိန်း ၃သောင်းကျော်ခန့် ) အထိ တန်ကြေးရှိတာ ဖြစ်ပါတယ်။ အခုလိုတန်ဖိုးကြီးတဲ့”GAUCHOMEDIUM”လက်ကိုင်အိတ်လေးကိုအောန်ဆိုင်းကမင်းသမီးအူဝဲဆီကနေလက်ဆောင်အဖြစ် ရရှိလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် အောန်ဆိုင်းက ” Off to where I can see wildlife . Thank you MaEainDraKyawZin”ဆိုပြီးကျေးဇူးတင်စကားဆိုထားပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အမိုက်စားလက်ကိုင်အိတ်လေးနဲ့ မြင်တွေ့ရတဲ့ အူဝဲနဲ့ အောန်ဆိုင်းတို့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။...

မေမေချစ်သုဝေရဲ့ လေ့ကျင့်ခန်းမှာ ပုံစံမျိုးစုံနဲ့ ဝင်နှောင့်ယှက်ခဲ့ကြတဲ့ ခေတ်နဲ့သစ်လေး

မေမေချစ်သုဝေတစ်ယောက်ကတော့ ခေတ်နဲ့သစ်လေး အမြွှာ (၂) ယောက်နဲ့ လေ့ကျင့်ခန်းကို ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခေတ်နဲ့သစ်ဆိုပြီး ပရိသတ်တွေကိုပါ အချစ်တွေတိုးစေဖို့ ချစ်သုဝေကတော့ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ချစ်သုဝေကတော့ သမီးလေး (၂) ယောက်ကို အင်မတန်မှ ဂရုစိုက်ပြီး ကောင်းမွန်စွာထိန်းကျောင်းပြုပြင်နေတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေပြီးတော့ အမြဲတင်ပေးထားတာ တွေ့ရမှာပါ။ မေမေထရီဇာတစ်ယောက် လေ့ကျင့်ခန်းလုပ်ချင်လို့ သန္တာလှိုင်ရဲ့ Personal Trainer နဲ့ တစ်ပတ် ၃ ရက်လေးလုပ်ခဲ့ပါတယ်တဲ့။ လေ့ကျင့်ခန်းလုပ်ချိန် တစ်နာရီအတွင်းမှာ ခေတ်လေးနဲ့ သစ်လေးရဲ့ အမျိုးမျိုးသောနှောင့်ယှက်မှုလေးတွေကို မေမေချစ်သုဝေက ခုလိုပဲ တင်ပြထားတာပါနော်။ စ ကစားနေပါပြီ…၁၂၃၄…မှမဆုံးသေး တဲ့အချိန်မှာ treza ဗိုက်ကိုအားစိုက်ထားလို့ ဆရာမ ခမျာ ပြောလို့ပြင်ပေးလို့မှမဆုံးခင်….ဟော… ဟော လာပါပြီ ခင်မျာ….. ခေတ်နဲ့သစ် ၂ ယောက်ကတော့ မေမေ့ဆီကို တက်ဖို့ အပြေးလာခဲ့ကြတာပါနော်...

ဒီကနေ့ Diamond Entertainment ဖွင့်ပ္ပွဲကို သင်ဇာဝင့်ကျော်နဲ့အတူ တက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်များ

သင်ဇာဝင့်ကျော်ကတော့ ဒီနှစ်ကုန်ပိုင်းထိ ပွဲတက်အခမ်းအနားတွေ ဖိတ်ကြား လက်ခံထားရတာမို့ ဆက်စီဆန်ဆန် ဝတ်စားဆင်ယင်မှုတွေအပေါ် နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲ ကျင်းပသွားခဲ့တဲ့ အောင်သီရိစိန်တိုက်ဖွင့်ပွဲမှာ သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုဟာ ပရိသတ်တွေကြား ဝေဖန်မှုတွေ မြင့်တက်စေခဲ့ပြန်တာလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ထိုဝတ်စားဆင်ယင်မှုအပေါ်မှာတော့ အနည်းငယ်များသွားရင် တောင်းပန်ပါတယ်ဆိုပြီး ပရိသတ်တွေကို နားလည်ပေးဖို့ ပြောထားပါတယ်။ သင်ဇာဝင့်ကျော်ကတော့ဆက်စီဆန်ဆန်ဝတ်စားဆင်ယင်မှုတွေနဲ့အမြဲလိုလို တွေ့မြင်ရလေ့ရှိပြီး ပွဲတက်ဖို့ ဖိတ်ကြားထားသူတွေရဲ့ တောင်းဆိုမှုကြောင့် ယခုလို ဝတ်ဆင်ရတာလို့ သူမက အင်တာဗျူးတွေမှာဖြေဆိုဖူးပါတယ်။ ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ “Diamond Entertainment” ဖွင့်ပွဲသို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အတူ M ဆိုင်းလု၊ မေ နှင့် အလှမယ် ရွှေအိမ်စည် တို့က တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ Diamond Entertainment ဖွင့်ပွဲကိုတက်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ပုံရိပ်တွေကိုပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ Photo Source...

ဒီကနေ့ Diamond KTV ဖွင့်ပဲကို အမိုက်စားဖက်ရှင်တစ်မျိုးနဲ့ တက်ရောက်လာခဲ့ပြန်တဲ့ သင်ဇာဝင့်ကျော်

နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်က မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပြီး ဆွဲ​ဆောင်​မှုရှိလွန်းတဲ့ မင်းသမီးချောတစ်ဦးပါ။ သင်​ဇာဝင့်​​ကျော်​က အမြဲလိုလို တက်ကြွလန်းဆန်းနေသူတစ်ဦးဖြစ်ပြီး လူတကာငေးရလောက်တဲ့ အလှပိုင်ရှင်လေးလို့ဆိုလဲ မမှားပါဘူး။ လတ်​တ​လောမှာ​တော့ သူမက​ အချစ်​​ရေးကို စိတ်​မဝင်​စား​သေးပဲ ချစ်​ရတဲ့ မိသားစုရယ်​ သူငယ်​ချင်း​တွေရယ်​နဲ့အတူ ဘဝကို ​ပျော်​​ပျော်​ကြီး ဖြတ်​သန်း​နေတာပဲ ဖြစ်​ပါတယ်​။ သင်ဇာဝင့်ကျော်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကိုလဲ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေလျက်ရှိပါတယ်။ အမြဲလိုလိုဖက်​ရှင်​ကျ​နေတဲ့ သင်​ဇာက​တော့ ပွဲ​အခမ်းအနားတွေမှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဖက်​ရှင်​​တွေနဲ့ တက်​​ရောက်​​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ပါးစပ်​ဖျားမှာ နာမည်​ကြီး​နေသူ​လေးပဲ ဖြစ်​ပါတယ်​။ ဒီကနေ့၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်၊ ဦးဝိစာရလမ်းမှာ ဖွင့်လှစ်လိုက်တဲ့ “Diamond KTV” ဖွင့်ပွဲကို သင်ဇာဝင့်ကျော်ကအမိုက်စားဖက်ရှင်နဲ့တက်ရောက်လာခဲ့ပြန်ပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ပွဲတက်ဖက်ရှင် ဟာ အရမ်းကို Sexy ကျတာကြောင့်ပရိသတ်တွေကြားလူပြောများနေပါတယ်။ Diamond...

ရင်းနှီးသူတွေလက်ထဲရောက်နေပြီဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်​ဖြိုးသုတို့ရဲ့မင်္ဂလာဆောင်ဖိတ်စာ

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ချစ်သူနှစ်ဦးကတော့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။ မကြာခင်မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မှာဖြစ်တဲ့ သူတို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် မင်္ဂလာဆောင်ဖိတ်စာတွေကို ရင်းနှီးသူတွေဆီ ဖိတ်နေကြပြီပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဏကြီးနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဖိတ်စာလေးကတော့ အရင်ခေတ်ကပုံစံမျိုးလေးနဲ့ ရိုက်နှိပ်ထားတာပါနော်။ လွန်ခဲ့တဲ့ ၁၉ရာစုက မင်္ဂလာဖိတ်စာပုံစံမျိုးလေးနဲ့ ရိုက်နှိပ်ထားတဲ့ သူတို့နှစ်ဦးရဲ့ ဖိတ်စာလေးကတော့ အရမ်းကို ရိုးရှင်းပြီး ချစ်စရာကောင်းနေတာပါ။ ဒါရိုက်တာဏကြီးလို့ ပရိသတ်တွေကသိထားကြတဲ့ ကိုဥာဏတင်ဦးနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့လက်ထပ်မင်္ဂလာပွဲကိုတော့ လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့ အဂါင်္နေ့မှာ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ အလန်းစား Pre Wedding ပုံတွေကိုလည်း အတူပုံဖော်ဖန်တီးထားကြပါသေးတယ်။ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့...

ကိုကို ပေးတဲ့လက်ဆောင်လေးတွေကို ပရိတ်သတ်တွေကို ထုတ်ကြွားလိုက်တဲ့ သင်ဇာ

ပရိတ်သတ်ကြီးရေ… အမြဲတမ်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ခေတ်နဲ့အညီ ပိုပိုပြီး မိုက်တဲ့ sexy ဖက်ရှင်လေးတွေကို ဝတ်တတ်တဲ့ နာမည်ကြီး မင်းသမီးချောလေး သင်ဇာကိုပရိတ်သတ်ကြီးသိမှာပါနော်။ အရမ်းမိုက်တဲ့ ခန္တာကိုယ်အချိုးအစားတွေနဲ့ ကောက်ကြောင်းအလှတွေပေါ်တဲ့ အဝတ်စားတွေကြောင့် နိုင်ငံခြားသူလေးအလား အရမ်းကိုလှပြီး ဆွဲဆောင်မှုရှိ သူလေးပဲဖြစ်ပါတယ်နော်။ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပုံဖော်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာပါရမီရှိတဲ့သူတစ်ယောက်လို့ပဲဆိုရမှာပါနော် ။ ခေတ်ဆန်တဲ့သူမရဲ့ ဖက်ရှင်တွေကြောင့်သာ ခနခနအဝေဖန်ခံနေရပေမယ့် သူမကိုယ်သူမ ယုံကြည်ချက်ရှိရှိပဲ အနုပညာလမ်းကြောင်းပေါ်မှာခေါင်းမော့ရင်ကော့ပြီး ဆက်လက်လျှောက်လှမ်းနေပါတယ်နော်။ သင်ဇာဟာဒီလထဲမှာဆိုရင် ခရစ်စမတ်လက်ဆောင်အများကြီးကိုလည်းရရှိခဲ့ပါတယ်နော်။ ဒါပေမယ့်ဒီလက်ဆောင်တွေထဲကမှ အခုနောက်ဆုံးရခဲ့တဲ့ Ko Ko Soy Candleကပေးတဲ့ Giftလေးတွေကို ပရိတ်သတ်တွေကိုထုတ်ကြွားထားပါတယ်နော်။ ချစ်ဖို့ကောင်းတဲ့ သင်ဇာလေးဟာ သူရခဲ့တဲ့လက်ဆောင်လေးတွေကို ကြွားတဲ့နေရာမှာ ရေးသားထားတဲ့ captionလေးက ပရိတ်သတ်တွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ သူမရေးသားထားခဲ့တာကတော့ “Thx alot ကိုကို” တဲ့ ပရိတ်သတ်ကြီးရေ။ Source : Thin...

ကိုယ်ပိုင်ရုံးခန်းကြီးကိုဝယ်ယူပြီး ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်တဲ့ နေခြည်ဦး

Beauty Blogger ဘဝကနေစပြီး ဆိုရှယ်မီဒီယာမှာ နာမည်ကြီးလာခဲ့သူ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်နေပြီပဲဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ပွင့်ပွင့်လင်းလင်းရှိပြီး ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့ပုံစံကလဲ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတာဖြစ်ပါတယ်။ နေခြည်ဦးဟာ အခုဆိုရင် အနုပညာလုပ်ငန်းတွေကိုပါ တွဲဖက်လုပ်ကိုင်နေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာအမြောက်အများကိုလဲ လက်ခံရိုက်ကူးနေရပါပြီ။ နေခြည်ဦးဟာ အချိန်တိုခဏလေးအတွင်းမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုဆိုရင် သူမရဲ့ ကိုယ်ပိုင်ထုတ်ကုန်ဖြစ်တဲ့ Year Planner စာအုပ်လေးကလည်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ပရိသတ်တွေကြားထဲမှာ တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ ပရိသတ်တွေအတွက် စေတနာထားပြီး ထုတ်လုပ်ခဲ့တဲ့ သူမရဲ့ ထုတ်ကုန်လေးက မြန်မာပြည်အနှံ့မှာ ရောင်းမလောက်အောင်ဖြစ်ခဲ့ပါတယ်။ နေခြည်ဦးက နောက်ပိုင်းမှာ သူမရဲ့ Blogger အလုပ်၊ အနုပညာအလုပ်တွေနဲ့ သူမရဲ့ထုတ်ကုန်အလုပ်တွေကြောင့် တော်တော်လေး အလုပ်ရှုပ်နေတာပဲဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ များပြားလှတဲ့ အလုပ်တွေကို တစ်စုတစ်စည်းတည်းဖြစ်စေဖို့အတွက် ရုံးခန်းကြီးတစ်ခန်းဝယ်ယူလိုက်ကြောင်း...

မြင်သူတကာ ငေးမောအားကျရလောက်အောင် တင့်တယ်လိုက်ဖက်လွန်းစွာပွ္ပဲတက်လာတဲ့ တီတီနဲ့ အူဝဲတို့စုံတွဲ

အနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု တစ်ခဲနက်ရရှိထားတဲ့ စုံတွဲကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံစုံတွဲလေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ သူတို့နှစ်ယောက်က အကယ်ဒမီဆုတွေများစွာ သိမ်းပိုက်ထားကြသလို သာယာတဲ့ အိမ်ထောင်သည်ဘဝလေးကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ပျော်ရွှင်မှုတွေနဲ့ အစဉ်အမြဲပြည့်နက်နေတဲ့ သူတို့စုံတွဲရဲ့သာယာချမ်းမြေ့တဲ့ ဘဝလေးကိုတော့ ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ တီတီတို့စုံတွဲလေးက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေရပေမယ့်လည်း သား၊သမီးတွေအပေါ်မှာတော့ အချိန်ပြည့်ဂရုစိုက်ပေးကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “Realme” Launch Event ပွဲလေးကိုတော့ တီတီနဲ့ အူဝဲတို့စုံတွဲက တက်ရောက်ခဲ့ကြပါတယ်။ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ ဖက်ရှင်ကိုယ်စီနဲ့ ပွဲတက်လာခဲ့တဲ့ သူတို့စုံတွဲလေးကိုတော့ အားလုံးက ငေးမောခဲ့ရပါတယ်။ နေနဲ့လ ၊ ရွှေနဲ့မြလို လိုက်ဖက်ညီကြတဲ့ တီတီတို့စုံတွဲလေးကတော့ တကယ့်ကို နတ်ဖတ်တဲ့ဖူးစာလို့တောင်...

နေမကောင်းလို့ အမုန်းချွဲနေတဲ့ ချစ်ဇနီးလေးရဲ့ ချစ်စရာဟန်ပန် ပုံလေးတွေတင်လိုက်တဲ့ ရွှေထူး

မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ အခုဆိုရင် အိမ်ထောင်ရှင်မလေးအဖြစ် ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ ရွှေမှုန်က သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ကြင်စဦးဇနီးမောင်နှံဘဝလေးမှာ ပျော်ရွှင်လို့နေပါတယ်။ ခင်ပွန်းနဲ့အတူ ဥရောပဘက်ကို ဟန်းနီးမွန်းခရီးနှင်ပြီးတဲ့နောက်မှာတော့ ရွှေမှုန်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မင်းသမီးလေး ရွှေမှုန်ရတီကတော့ ချစ်ရတဲ့ ခင်ပွန်းသည် ရွှေထူးအပေါ် အမြဲလိုလို ကလေးဆိုးလေးဆိုးနေတတ်သူလေးလည်း ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက အမြဲစိတ်ကောက်နေတတ်တဲ့ ရွှေမှုန်လေးကို အခုဇနီးမောင်နှံဘဝအထိတိုင်အောင် ရွှေထူးက အစဉ်အလာမပျက် ချော့နေဆဲပဲ ဖြစ်ပါတယ်။ ဝေဖန်မှု အခက်အခဲတွေကြားက တွဲလက်မဖြုတ်ဘဲ သတ္တိရှိရှိ ရင်ဆိုင်ပြီး တစ်ယောက်ပေါ်တစ်ယောက် အရမ်းချစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း နေမကောင်းလို့ ချစ်ခင်ပွန်းကို ဂျီကျကာ နွဲ့ဆိုးဆိုးနေတဲ့ ရွှေမှုန်လေးရဲ့ ချစ်စရာပုံလေးတွေကို သူရဲ့ ဖေ့ဘွတ် မိုင်ဒေးလေးမှာ အတူဖော်ပြထားတာတွေ့ရပါတယ်။ရွှေထူးတို့ ရွှေမှုန်လေးကို ချစ်ချက်ကတော့ အားကျဖို့ကောင်းလိုက်တာအရမ်းပဲနော်….။ကဲ..ချစ်ပရိသတ်ကြီးတွက်...

ဒီကနေ့ မန္တလေးခရိုင်တရားရုံးက အဆိုတော် ရသကို ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ

စိတ်ကြွမူးယစ်ဆေးပြား ၁၆၀၀ ကျော်နဲ့အတူဖမ်းဆီးရမိခဲ့လို့ မန္တလေးမြို့မှာ တရားစွဲဆိုခံထားရတဲ့ အဆိုတော်ရသ(ခ)ရဲမင်းသိန်းအပါအ၀င် ၃ ယောက်ကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီ ဒီကနေ့ အပြီးသတ်အမိန့်ချလိုက်ပါတယ်။ သူတို့ ၃ ယောက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က တည်းခိုခန်းတစ်ခုမှာစိတ်ကြွမူးယစ်ဆေးပြား ၁၆၅၅ပြားနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၇ရက်က ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးပြီးတဲ့နောက် ဒီကနေ့အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ “ကျွန်တော့်အတွက်တော့ အယူခံမ၀င်ချင်တော့ပါဘူး။ ကိုယ်သုံးစွဲလို့ ကိုယ်ခံရတာ ခံရဲတယ်။ ဒါပေမယ့် သုံးစွဲသူကို ခုလောက် ပြစ်ဒဏ်မျိုး ချမှတ်လိုက်တဲ့အတွက် ဘ၀င်တော့မကျပါဘူး”လို့ အဆိုတော် ရသကပြောပါတယ်။ သူတို့ ၃ ဦးကို အာင်ပင်လယ်ရဲစခန်းက (ပ)၁၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ပြီးနောက် မန္တလေးခရိုင်တရားရုံးမှာ စွဲချက်တင်စစ်ဆေးခဲ့တာပါ။ Source : Popular Journal

error: Content is protected !!