Monthly Archive: April, 2019

တောင်ကြီးမြို့ လေးလောင်းပြိုင်လူသတ်မှုတွင် သေဆုံးခဲ့သူများ၏ နာရေးကို လူနှစ်ထောင်ကျော် လိုက်လံပို့ဆောင်

တောင်ကြီးမြို့၊ မြင်းဖြူနှစ်ကောင်ဆေးတိုက် လေးလောင်းပြိုင်လူသတ်မှုတွင် သေဆုံးခဲ့သူများ၏ နာရေးကို လူနှစ်ထောင်ကျော် လိုက်လံပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဧပြီ ၃၀ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲတွင် တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီး ရင်ခွဲရုံမှ အလောင်းများကို နာရေးကူညီမှုအသင်း ယာဉ်လေးစီးဖြင့် လာရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဆေးရုံတွင် လူဦးရေ ထောင်နှင့်ချီ၍ လာရောက်ကြည့်ရှုခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင်လည်း နာရေးကို ကြည့်ရှုသူများပြားခဲ့ပြီး၊ အချို့မှာ စိတ်မကောင်းသဖြင့် ငိုယိုသည့် ပြည်သူလူထုများကိုလည်း မြင်တွေ့ရသည်။ နေ့လည်ပိုင်း ၂ နာရီအချိန်တွင် တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ သုဿာန်ရောက်ရှိခဲ့ပြီး၊ အလောင်းများကို ပြင်ဆင်ပြီး၊ ဆရာတော် သံဃာတော် ၁၆ ပါး တို့ဖြင့် သရဏဂုံတင်ခြင်း၊ ဘုရားရှစ်ခိုးကန်တော့ခြင်းနှင့် အသုဘကမ္မဌာန်းရှုခဲ့ကြပြီး၊ တက်ရောက်လာသူများမှ အတူတကွ တရားတော်နာယူခဲ့ကြသည်။ ဧပြီ ၂၈ ရက်နံနက်တွင် မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် အလုပ်လုပ်ရန် လာရောက်သည့်အမျိုးသမီးတစ်ဦးမှ အသတ်ခံထားရသည့်...

မိခင်ရဲ့ မေတ္တာကို အရမ်းငတ်မွတ်နေတဲ့သူမရဲ့ ခံစားချက်တွေကို အမေမလိုချင်ခဲ့သောပိုပိုဆိုတဲ့ သီချင်းလေးအဖြစ်ပြောင်းလဲလိုက်တဲ့ ပိုပို

ချစ်ပရိတ်သတ်ကြီးရေ… ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရင်ထဲ တခုခုခံစားရအောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး ပိုပိုကို ပရိတ်သတ်တွေသိကြပြီးသားပါပဲနော်။ သူမဟာ ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းခွေလေးနဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သူလေးပါပဲနော်။ ဒါကြောင့် သူမဟာ အခုအချိန်မှာဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အခြေခိုင်ခိုင်နဲ့ လျှောက်လှမ်းနေနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် လည်း အချိန်တိုတိုလေးအတွင်းမှာ ကျော်ကြားလာခဲ့ရခြင်းပဲဖြစ်ပါတယ်နော်။ သူမဟာ အခုနောက်ပိုင်းမှာဆိုရင်လည်း အနုပညာခြေလှမ်းတွေစိပ်လာခဲ့ပြီးတော့ သူမနောက်ထပ်ထွက်ရှိမယ့် သီချင်းတွေ အခွေအတွက် ကြိုးစားနေပါတယ်နော်။ သူမဟာ ပရိတ်သတ်တွေသိကြတဲ့ အတိုင်းပဲ မိဘမရှိတဲ့ သူလေးတစ်ယောက်ဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာတော့ မိဘတွေရဲ့ မေတ္တာကိုအရမ်း ငတ်မွတ်တောင်းတမိတတ်ပါတယ်။အခုတစ်ခါမှာလည်း သူမတစ်ခါမှ မမြင်ခဲ့ဖူးသော မိခင်ဖြစ်သူရဲ့ မေတ္တာကိုအရမ်းလိုချင်မိနေတာကြောင့် အဲ့ဒီခံစားချက်တွေကို အမေမလိုချင်ခဲ့သောပိုပို ဆိုတဲ့ သီချင်းအသစ်လေးအဖြစ်ပြောင်းလဲပြီး ကြေကွဲစွာရေးစပ်ခဲ့ပြန်ပါတယ်နော်။ ကဲ… ဘယ်လိုပဲဖြစ်ဖြစ် မိဘရဲ့ အထောက်အပံ့တွေ မေတ္တာတွေမရဘဲနဲ့ ဒီလိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာကတော့ တကယ်ကို လေးစားစရာကောင်းတဲ့အချက်တစ်ခုပါပဲ...

နွေအပူကိုကာကွယ်ရင်း သနပ်ခါး ပါးကွက်ကြားလေးနဲ့ ရှုတင်မှာ မြင်တွေ့ရတဲ့ မြင့်မြတ်

နိုင်ငံကျော်မင်းသား မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကို မြို့ပရိသတ်တွေကသာမက နယ်ပရိသတ်တွေကပါ အားပေးချစ်ခင်ကြပါတယ်။ မြင့်မြတ်က အခုလက်ရှိမှာလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသားတစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ်။ မြင့်မြတ်က လက်ရှိမှာတော့ ခင်လှိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိချောပို၊ တိုင်ရွန်၊ ဂျိုကာ၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့ အတူတူ နောင်ချိုမြို့မှာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ထိုကားထဲမှာ မြင့်မြတ်ကို အိချောပိုနဲ့ အတွဲညီညီ သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မြင့်မြတ်ကို “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းမှာ သနပ်ခါးပါးကွက်ကြားနဲ့ တွေ့မြင်ရပါတယ်။ ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။...

အားတီရဲ့ ခေါက်ဆွဲအိမ်ဆိုင်လေးမှာ အားရပါးရ စားနေတဲ့ တီတီအူဝဲကို ဆေးထိုးလိုက်တဲ့ မေတိုးခိုင်

သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ တစ်နိုင်ငံက ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုများစွာကို သိမ်းပိုက်ရရှိထားတဲ့ အူဝဲက ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အူဝဲက အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နယ်ပယ်အားလုံးမှာ ထူးချွန်သလို ဖက်ရှင်ရေးရာနဲ့ ပတ်သက်ရင်လည်း အများက အံ့အားသင့်ရလောက်အောင် အမြင်ရှိသူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အူဝဲက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို သားနဲ့သမီးအပေါ်မှာလည်း အချိန်ပေးဂရုစိုက်နေတာ တွေ့ရပါတယ်။ အခုလည်း အူဝဲက တူမချောလေး မေတိုးခိုင်တို့နဲ့အတူ အဆိုတော် အားတီ ဖွင့်လှစ်ထားတဲ့ “ခေါက်ဆွဲအိမ်” ဆိုတဲ့ ဆိုင်လေးမှာ သွားရောက်အားပေးခဲ့ကြပါတယ်။ ဒီဆိုင်လေးမှာတော့ အူဝဲနဲ့ အစ်မဖြစ်သူ အိကျော်ဇင်တို့က ပျော်ပျော်ရွှင်ရွှင်နဲ့ အားရပါးရ စားနေကြတာလည်း တွေ့ရပါတယ်။ အခုလည်း တူမချောလေး မေတိုးခိုင်က အပီအပြင်စားနေတဲ့ တီတီအူဝဲကို ” ဘယ်နှစ်ပန်းကန်းစားလိုက်လဲ တီဝဲ”...

မြန်မာပလာဇာနားက ပဲမုန့်ရောင်းတဲ့ အဖိုးဆီသွားပြီး မုန့်ဝယ်ရင်း အလှူငွေလှူခဲ့တဲ့ စူးရှထက်

အရမ်းကိုမိုက်​တဲ့ ခန္ဓာကိုယ်​ ​ကောက်​​ကြောင်းအလှနဲ့ ဆွဲ​ဆောင်​မှုရှိတဲ့ မျက်​နှာ​လေးကို ပိုင်​ဆိုင်​ထားတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ​ပျော်​​ပျော်​​နေတတ်​သူ​လေးမို့ လက်​ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်​စားပုံရိပ်​​တွေကို ​ဝေမျှ​ပေး​လေ့ရှိတဲ့ စူးရှထက်​က လတ်​တ​လောမှာ မြန်မာပလာဇာနားက ပဲမုန့်ရောင်းတဲ့ အဖိုးဆီသွားပြီး ပဲမုန့်တွေအကုန်ဝယ်ပြီး အလှူငွေလှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ​ဝေမျှ​ပေးထားတာပါ။ ချစ်ပရိသတ်တွေအတွက် နွမ်းပါးလွန်းတဲ့ အဖိုးကို ကူညီခဲ့တဲ့ စူးရှထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ စူးရှထက်ကတော့ “မုန့်​​တွေလည်းအကုန်​ဝယ်​ခဲ့တယ်​ ကျန်းမာ​ရေး နဲ့လိုရာသုံးဖို့ တတ်​နိုင်​သ​လောက်​၁သိန်းလည်း လှူခဲ့တယ်​ ☺” ဆိုပြီး သူမရဲ့အလှူအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ စူးရှထက်ကတော့ အဖိုးဆီက ပဲမုန့်တွေဝယ်ပြီး နွမ်းပါးတဲ့သူတစ်ချို့ကို မုန့်တွေ ပြန်ဝေခဲ့တာပါ။ စူးရှထက်​က​တော့ ပြီးခဲ့တဲ့ သူမရဲ့ နာကျင်​စရာအတိတ်​​တွေကို​မေ့ထားပြီး​ လတ်​တ​လောမှာ အနုပညာအလုပ်​​တွေ အ​ကောင်းဆုံးလုပ်​ကိုင်​​နေတာပဲ ဖြစ်​ပါတယ်​။ သီချင်း ​MV​တွေမှာလည်း သရုပ်​​ဆောင်​​နေရပြီဖြစ်​တဲ့ သူမက​တော့ သရုပ်​​ဆောင်​ပိုင်းမှာလည်း...

ချစ်သူရဲ့အဝတ်ဗလာပုံကို ချစ်စနိုးစကားလေးနဲ့တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာဆိုရင် သိပ်မကြာခင်လပိုင်းတွေတုန်းက ချစ်သူမရှိပဲ တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ဘဝကို အေးချမ်းသာယာစွာဖြတ်သန်းနေခဲ့တာပါ။ ဒါပေမယ့် အခုတလောမှ ချစ်သူရသွားခဲ့တာလည်းဖြစ်ပါတယ်။ ဖူးစာလို့ခေါ်ရမလား နဖူးစာရွာလည်တယ်ပဲပြောရမလား အားလုံးသိကြတဲ့အတို်င်း သင်ဇာရဲ့ချစ်သူကတော့ ဆွစ်ဇာလန်နိုင်ငံသား Yannick ဆိုတဲ့ ကိုလူချော နိုင်ငံခြားသားပဲဖြစ်ပါတယ်။ သင်ဇာက အခုဆိုရင် ချစ်သူရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်မှာ အတိအလင်းဖော်ပြလိုက်ပါပြီ။ သင်ဇာက မကြာသေးမီက အင်တာဗျူးတွေမှာ သူ့ကိုကြွေနေတဲ့ နိုင်ငံခြားသားတစ်ဦးက Valentine’s Day မှာ ပန်းတွေပို့ပေးပြီး surprise လုပ်ပေးတဲ့အကြောင်းနဲ့ ရင်ခုန်သွားပေမယ့် သူဘယ်လိုလူမျိုးလဲဆိုတာသိဖို့လေ့လာနေဆဲပဲလို့ဖြေသွားခဲ့ဖူးပါတယ်။အခုတော့ Yannick က သင်ဇာရဲ့အချစ်စာမေးပွဲကို အမှတ်ပြည့်နဲ့အောင်မြင်သွားခဲ့ပုံပါပဲ။ သင်ဇာနဲ့ Yannick တို့နှစ်ယောက် Maldives ကို အပန်းဖြေခရီးထွက်ပြီးပျေုာ်ရွှင်နေကြပုံတွေက လူမှုကွန်ယက်တွေမှာပလူပျံလာခဲ့ပြီး ပရိသတ်တော်တော်များများကလည်း သင်ဇာတစ်ယောက်ချစ်သူရနေပြီဆိုတာကို ရိပ်ဖမ်းသံဖမ်းသိသွားကြပါတယ်။ အခုတော့ သင်ဇာက သူ့ချစ်သူလေးကို Instagram မှာ ဓာတ်ပုံတင်ပြီး ပရိသတ်တွေကို ချပြလိုက်ပါပြီ။ သင်ဇာရဲ့ Instagram...

ချစ်သူက မယူရသေးပဲ လူရှေ့သူရှေ့ ဆဲဆိုပြီး လက်ပါတာ ကြုံဖူးတဲ့အကြောင်း ဖွင့်ဟပြောပြလာတဲ့ ​ဘေ​ဘီ​မောင်

သူမရဲ့ ကောက်ကြောင်းအလှကြောင့် လူသိများလာတဲ့ သရုပ်ဆောင် ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦပါ။ ဘေဘီမောင်ပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ဇာတ်ကားများစွာ ရှိတာကြောင့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အနုပညာလောကကို ခက်ခဲကြမ်းတမ်းတဲ့ ဘဝနဲ့ ဝင်ရောက်လာပြီး ခုဆိုရင်သူမကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုအတိုင်းအတာတစ်ခုကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က အမိုက်စား Body ကို ပိုင်ဆိုင်ထားပြီး ခေတ်လူငယ် ပုံစံ လေးတွေနဲ့ လည်း လိုက်ဖက်သလို မြန်မာဝတ်စုံ လေး နဲ့ လည်း ကျက်သရေ ရှိရှိ လှသူလေးပါ။ ဘေဘီမောင်က ချစ်သူဘဝမှာတင် ကောင်မလေးကအရမ်းချစ်တာကို အခွင့်ကောင်းယူပြီး လူကြားထဲ ဆဲဆိုလက်ပါတာကို ကြုံခဲ့ရဖူးတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ ဘေဘီမောင်က “တစ်​ချိုကချစ်​သူဘဝထဲက​ကောင်​မ​လေးကအရမ်းချစ်​တာကိုအခွင့်​​ရေးယူပြီးလူ​ရှေ့သူ​ရှေ့ဆဲဆိုလက်​ပါတယ်​​မောင်​​လေးဒါ​တောင်​မယူရ​သေးဘူးအမကြုံဖူးလို့ပါ?” ရင်ဖွင့်ပြောပြထားတာပဲဖြစ်ပါတယ်။

V-KOOL ကားစတစ်ကာ ကြော်ငြာရိုက်ကွင်းပေါ်က အမိုက်စားပုံလေးတွေတင်လိုက်တဲ့ မတ်မတ်သင်ဇာ

ပရိသတ်​​တွေအရမ်းချစ်​ကြတဲ့ မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ သူမကိုယ်​သူမ အမြဲ ယုံကြည်​မှုရှိပြီး တက်​ကြွလန်းဆန်း​နေတတ်​တဲ့ ဆွဲ​ဆောင်​မှုရှိလွန်းသူ​လေး တစ်​ဦးပါ။ အမြဲလိုလို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ အမိုက်​စား ​ဖက်​ရှင်​​တွေနဲ့ ပွဲတက်​​လေ့ရှိတဲ့ သင်​ဇာ​လေးက​တော့ ပရိသတ်​​တွေရဲ့ စိတ်​အာရုံကို အမြဲဖမ်းစားထားနိုင်​သူ​လေးပဲ ဖြစ်​ပါတယ်​။ ပွဲအခမ်းအနားများစွာလည်း တောက်လျှောက်တက်နေရတဲ့ သူလေးတစ်ဦးဆိုရင်လည်းမမှားနိုင်ပါဘူး။ လတ်တလောမှာလည်း ခရီးတွေတောက်လျှောက်ဆိုသလိုထွက်နေရတာပါ။ သူမဟာ ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်နေရသော်လည်း ယုံကြည်မှုရှိရှိနဲ့ သူမရဲ့အနုပညာအလုပ်တွေကိုဆက်လက်ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာဝင့်ကျော်ဟာ “V-KOOL” ကားမှန် Stickers ကြော်ညာရိုက်ကွင်းပေါ်ကပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ Sexy ကျကျဆွဲဆောင်မှုရှိတဲ့ အမိုက်စားဖက်ရှင်လေးနဲ့ သင်ဇာကတော့ ကြော်ညာရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သင်ဇာရဲ့ ကြော်ညာရိုက်ကွင်းပေါ်ကပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သူလေးကိုလွမ်းလို့ မော်ဒိုက်မှာ အပြတ်ရိုခဲ့တဲ့ အမှတ်တရပုံလေးတွေကို သတိတရတင်လိုက်တဲ့ သင်ဇာရဲ့ချစ်သူ

ယောက်ျားလေး ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ တစ်နေ့တစ်ခြား ပိုတိုးလို့ လှလာတာကြောင့် ပုရိသတွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ သူမတူတဲ့ ဖက်ရှင်အလန်းစားတွေကို မရိုးနိုင်အောင် ဝတ်ဆင်လေ့ရှိတဲ့ သင်ဇာက ပြိုင်ဘက်ကင်းတဲ့ အလှဘုရင်မလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးနဲ့မဆို ဆွဲဆောင်မှုအပြည့်ရှိသူလည်း ဖြစ်ပါတယ်။ လတ်တလော ပရိသတ်တွေကြားမှာတော့ သင်ဇာရဲ့ ချစ်သူကောင်လေးကို အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က မော်ဒိုက်ကို အပန်းဖြေခရီးထွက်ခဲ့တဲ့ သင်ဇာက ဒီခရီးစဉ်လေးမှာ သူမရဲ့ချစ်သူကို အလင်းပြလိုက်တာ ဖြစ်ပါတယ်။ သင်ဇာရဲ့ချစ်သူကတော့ ဗလတောင့်ပြီး ရုပ်ဖြောင့်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး အခုလည်း သင်ဇာနဲ့အမှတ်တရပုံလေးတွေကို သူရဲ့ IG Account မှာ တင်ထားတာ တွေ့ရပါတယ်။ သင်ဇာရဲ့ချစ်သူက ” Give This World Good Energy ” ဆိုပြီး...

နေတိုးရဲ့ “မီမီ မီမီ ” သီချင်းကို နေတိုးနဲ့ တစ်ထပ်တည်း သရုပ်ဆောင်ပြသွားတဲ့ မင်းရွေရောင်တင် ရဲ့ Video File

ရွှေမန်းသဘင် ရဲ့ မျိုးဆက်သစ် လေးဖြစ်တဲ့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ဟာဆိုရင် ပြည်သူတွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦး ပါ။ မျိုးရိုး စဉ်ဆက်ထိန်းသိမ်းလာတဲ့ ရွှေမန်းသဘင်ကြီးကို အမွေဆက်ခံ ပြီး ပြောင်မြောက်တဲ့ အနုပညာပြကွက်တွေနဲ့ ပရိသတ်တွေ ကို ချပြလေ့ရှိတဲ့ တင်မောင်ဆန်းမင်းဝင်းမှာဆိုရင် ချစ်စရာကောင်းတဲ့ ညသားလေး မင်းရွှေရောင်တင်ကို ပိုင်ဆိုင်ထားတာပါ။ ငယ်ငယ်လေးတည်းက ဖခင် ပွဲတိုင်းမှာ မပါမဖြစ် ပရိသတ်တွေ ကို လည်း ဖျော်ဖြေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် မင်းရွှေရောင်တင် ရဲ့ mytel ကြော်ငြာ Video လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ မင်းရွှေရောင်တင်က နေတိုးရဲ့ နာမည်ကြီး ကြော်ငြာ တစ်ခုဖြစ်တဲ့ mytel မီမီ မီမီ သီချင်းကို နေတိုးနဲ့ တစ်ထပ်တည်း ကျအောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ပရိသတ်တွေ ကလည်း နေတိုးရဲ့...

error: Content is protected !!