Monthly Archive: May, 2019

မွေးနေ့ မွေးလ တစ်ထပ်တည်းကျတဲ့ သားနဲ့ သမီးလေးကို ခမ်းနားတဲ့ မွေးနေ့ပွဲလေး ပြုလုပ်ပေးခဲ့တဲ့ ဆုန်သင်းပါ

ပရိသတ်ကြီးရေ.. အမိုက်စား အသံပါပါကောင်းကောင်းနဲ့ တေးသီချင်းကောင်းတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော် ဆုန်သင်းပါကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။ သူ့ရဲ့အမိုက်စားအသံပါဝါနဲ့ တေးသီချင်းကောင်းလေးတွေကလည်း ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များခဲ့ပြီး လူကြိုက်များခဲ့ပေမယ့် လတ်တလောမှာတော့ အနုပညာအလုပ်တွေ နည်းပါးသွားတာ တွေ့ရပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆုန်သင်းပါကတော့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။ ဆုန်သင်းရဲ့ သားလေးကတော့ မေလ(၃၀)ရက်နေ့လေးမှာ အသက်(၆)နှစ်ပြည့် သွားခဲ့ပြီုဖစ်ပြီး မွေးနေ့ မွေးလ တစ်ထပ်တည်းကျရောက်ခဲ့တဲ့ သားလေးနဲ့ သမီးလေးရဲ့ မွေးနေ့လေးကို ခမ်းနားစွာ ပြုလုပ်ပေးခဲ့တာလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။ သားသားလေးနဲ့ မီးမီးလေးတို့ရဲ့ မွေးနေ့ပွဲလေးကိုတော့ မေလ(၃၀)ရက်နေ့မှာပဲ Oriental House Yangon မှာ ကျင်းပပြုလုပ်ခဲ့ပြီး မိသားစုတွေအပြင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြတာ...

ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်ဆိုတဲ့ ခင်လှိုင့်သမီးလေး သဇင်ထူးမြင့်

ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင့်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ ၂၀၁၈ ခုနှစ်၊ အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေနဲ့ စတင်ပြီး ရင်းနှီးမှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ အပျိုပေါက်လေးအရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ သဇင်ထူးမြင့်လေးက အရမ်းကို ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း သဇင်ထူးမြင့်လေးကဆယ်ကျော်သက်အရွယ် ယောက်ျားလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ သဇင်ထူးမြင့်က သီချင်းဗီဒီယိုလေးတွေနဲ့ ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မိဘစကားကို နားထောင်ပြီး အရမ်းကိုလိမ္မာတဲ့ သမီးလေး သဇင်ထူးမြင့်က မကြာသေးခင်ကလည်း “Star Academy” ရဲ့ “29th Convocation Ceremony” ပွဲမှာ ဘွဲ့တစ်ခုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က သူမခံယူထားတဲ့ စိတ်သဘောထားလေးကို ပြောပြလာခဲ့ပါတယ်။ သဇင်ထူးမြင့်က ” ရိုးရှင်းပြီး ဖြူစင်တဲ့သူတစ်ယောက်ဖြစ်အောင်နေတယ်…..ကိုယ့်ကိုပိုင်ဆိုင်မယ့်သူက ကံကောင်းတယ်ဆိုတာမျိုးပဲ ကြားချင်တယ် ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။...

အလွမ်းဓါတ်ခံရှိသူတွေ Feel လို့ကောင်းမယ့် ဝေကြီးရဲ့သီချင်းအသစ်

အလွမ်းအဆွေးသီချင်းတွေကို ခံစားချက်အပြည့်နဲ့ ပုံဖော်တတ်တဲ့ တေးရေး၊ တေးဆို ဝေကြီးကတော့ ရေးသမျှသီချင်းတိုင်း ပေါက်တာမို့ ရွှေလက်ပိုင်ရှင်လို့တောင် ပရိသတ်တွေက တင်စားရသူတစ်ဦးပါ။ အရည်အချင်းရှိလွန်းတဲ့ တေးရေး ဝေကြီးရဲ့သီချင်းတွေကိုတော့ အဆိုတော်တွေကလည်း အရမ်းကို ကြိုက်နှစ်သက်စွာ သီဆိုလေ့ရှိပါတယ်။ လတ်တလောမှာတော့ တေးရေး ဝေကြီးက သူကိုယ်တိုင် သီဆိုထားတဲ့ “Line ပေါ်မတင်ပါနဲ့” သီချင်းလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တေးရေးဝေကြီးရဲ့ထုံးစံအတိုင်း သူ့ရဲ့သီချင်းသစ်လေးကတော့ အရမ်းကို Feel လို့ကောင်းလှပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် အလွမ်းဓါတ်ခံရှိသူတွေ ခံစားလို့ကောင်းမယ့် တေးရေး ဝေကြီးရဲ့သီချင်းအသစ်လေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ တေးရေး ဝေကြီးရဲ့သီချင်းသစ်လေး ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းကလည်း စောင့်မျှော်နေကြတဲ့ တေးရေး ဝေကြီးရဲ့သီချင်းသစ်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ ချစ်ပရိသတ်တွေလည်း အောင်မြင်နေတဲ့ သီချင်းတွေရဲ့နောက်က ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ တေးရေးဝေကြီးကိုယ်တိုင် သီဆိုထားတဲ့ “လိုင်းပေါ်မတင်ပါနဲ့”...

လက်ထိပ်နဲ့အဖမ်းခံရတာတောင် အပြုံးမပျက်လိုက်သွားခဲ့တဲ့ ကျော်ဆု

ပျိုပျိုမေတို့ကြွေတဲ့ ကိုကိုတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျော်ဆုတစ်ယောက် ဝင်္ကပါရှင်းတမ်းဇာတ်လမ်းတွဲရိုက်ကူးတုန်းက ရိုက်ကွင်း အမှတ်တရပုံရိပ်တွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင် ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ အသွင်အပြင်နဲ့ တည်ကြည်ခန့်ညားလွန်းတဲ့ အပြုံးတွေက နှုတ်ခမ်းနီမ လေးတွေကို အပြတ်အသတ်ကြွေစေတဲ့ အဓိကအကြောင်းအရင်းပါပဲ။ ညီဖြစ်သူ လွှမ်းပိုင်ကလည်း ဂီတလောကမှာ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားသူတစ်ယောက်ပါပဲ။ ညီကိုနှစ်ယောက်လုံး သက်ဆိုင်ရာလမ်းကြောင်းပေါ်မှာ အသီးသီးအောင်မြင်နေကြသူဖြစ်ပြီး လွှမ်းပိုင်အနေနဲ့ လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားခဲ့ပါသေးတယ်။ ညီကိုနှစ်ယောက်လုံးက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေပါပဲ။ ဒီနေ့မှာတော့ ကျော်ဆုတစ်ယောက် ဝင်္ကပါရှင်းတမ်းရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူး စဉ်က မှတ်တမ်းတင်ခဲ့တဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ကို လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ လက်ထိပ်နဲ့အဖမ်းခံရတဲ့ဇာတ်ဝင်ခန်းပုံရိပ်တွေမှာ နက္ခတ် တစ်ယောက် ကျော်ဆုကို ဆံပင်ပွဲနေလို့ သပ်တင်ပေးနေတဲ့ ပုံရိပ်လေးကိုတောင် ပရိသတ်တွေက စနောက်ခဲ့ကြပါသေးတယ်။ Photo – Kyaw Su

မြင်သူတကာ အသက်ရှုမှားသွားအောင် လှရက်လွန်းတဲ့ သက်မွန်မြင့်ရဲ့ပွဲတက်ပုံရိပ်တွေ

ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ မဟာဆန်တဲ့ အလှတရားကြောင့်သာမက သရုပ်ဆောင်ပိုင်မှာလည်း ပီပြင်လွန်းတာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သက်မွန်မြင့်က မြင်သူတကာ အသက်ရှုမှားသွားအောင် လှရက်လွန်းတဲ့ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ International ဆန်လွန်းတဲ့ အသွင်အပြင်နဲ့ အရမ်းကိုလန်းနေတဲ့ သက်​မွန်​မြင့့်ရဲ့ပုံရိပ်တွေက အရမ်းကို မိုက်နေတာပါနော်။ ချစ်ပရိသတ်တွေအတွက် ဒီဇိုင်နာ မပုံ့ရဲ့ အရမ်းကို ခမ်းနားလှပတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ သက်မွန်မြင့်ကတော့ “မနေ့က တက်ဖြစ်ခဲ့တဲ့ ပွဲလေး!Thanks a lot to all of u! U guys made me a gorgeous Lady😜🙈ပုံတွေ ယူလို့ ရပါတယ်နော်😜မျက်စိမှိတ်နေတဲ့ပုံ မလှမပပုံတွေ ထက်စာရင် ဒါလေးတွေနဲ့ သတင်းမှာ ဖော်ပြပေးရင်...

မြန်မာနိုင်ငံရဲ့အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းရုပ်ရှင်မင်းသမီး (၃) ယောက်

ဖွေးဖွေး ရွှေကြာ ၊ လက်ပံ နဲ့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီး (၃) ကား နဲ့ လက်ရှိမှာ အကယ်ဒမီ ဆုကြီး (၃) ဆု ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဖွေးဖွေးကတော့ လက်ရှိမှာ အသက်(၃၀) ကျော်ရှိပြီး လာမဲ့ သြဂုဏ်လမှာ (၃၁) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အနုပညာလောကမှာ ပရိသတ်အများဆုံး အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်သလို (၂၀၁၈) ခုနှစ်အတွင်း အကယ်ဒမီစာရင်းဝင် ရုပ်ရှင် စုစုပေါင်း(၆) ကား ၀င်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၀တ်မှုန်ရွှေရည် ( ကစ်ကစ်) ၀တ်မှုန်ရွှေရည် ခေါ် ကစ်ကစ်လို့ အသိများကြတဲ့ မင်းသမီးလေး ဖွေးဖွေးရဲ့ တ၀မ်းကွဲ ညီအမဖြစ်သူ ရွှေကစ်လေးဟာ ဖွေးနဲ့ မွေးနေ့ ၊ မွေးရက် (၁) သာခြားပြီး လာမဲ့ သြဂုဏ်လမှာ အသက်(၃၁) နှစ်ပြည့်မှာဖြစ်သလို လက်ရှိမှာ အကယ်ဒမီ ဆုကြီး...

အလုပ်ပြောင်းရင်ကောင်းမလားလို့ ပရိသတ်ကို စနောက်လိုက်တဲ့ ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်က ကိုယ်တိုင်ပန်းရံအလုပ်လုပ်ရင်း အုတ်ချပ်တွေကို တညီတညာတည်းဖြစ်အောင် စီနေတာ တွေ့ရပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့ စနောက်ခဲ့ကြပါသေးတယ်။ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မ နှစ်ယောက်ကတော့ တက်တက်ကြွကြွနဲ့ ပန်းရံအလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့လည်း စနောက်ပြောပြလာပါသေးတယ်။ ‘’အလုပ်ပြောင်းကြရင် ကောင်းမလားလို့။ ခေါက်ဆွဲချက်သည်၊ ပန်းရံလုပ်သည်၊ အိမ်ဆေးသုတ်သည်၊ ထမင်းချက်သည်၊ ဟင်းချက်သည်၊ မုန့်အစုံလုပ်သည်၊ အသုတ်စုံသုတ်သည်။ ပြောကြည့်ကြပါ ။ ကြိုက်ရာမှ’’ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေ တို့ကို အချိုးကျကျရောစပ်ပြီး အုတ်ချပ်တွေကို ညီညီညာညာ စီထားတာ တွေ့ရပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတို့ ညီအစ်မ နှစ်ယောက်ကိုတော့ ပရိသတ်များစွာတို့က Comment ကနေတဆင့် အချစ်ပိုနေခဲ့ကြတာ ဖြစ်ပါတယ်။...

အနုပညာလောကကနေ (၂)နှစ်တာထွက်ခွာပြီး စစ်မှုထမ်းရတော့မဲ့ ချစ်ရက်စွဲ(၁၀၀) မင်းသားလေး

ချစ်ရက်စွဲ(၁၀၀)လို့ မြန်မာပရိသတ်တွေ အသိများကာ ကြည့်ရှူခဲ့ရတဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်း လေးဖြစ်တဲ့ 100 Days My Prince ထဲက အဓိက ဇာတ်ဆောင်မင်းသားဖြစ်တဲ့ မင်းသားချောလေးရဲ့ နာမည်ကတော့ Do Kyung Soo ဖြစ်ပြီး လက်ရှိမှာ အသက်(၂၆) နှစ် သာရှိသေးတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသားတစ်ယောက် ဖြစ်သလို တောင်ကိုရီးယားနိုင်ငံရဲ့ ပရိသတ်အများဆုံး K-pop ယောက်ျားလေးအဖွဲတစ်ခုဖြစ်တဲ့ EXO ရဲ့အဆိုတော် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး မင်းသား Do Kyung Sooကို D.O လို့ အသိများကြပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်း ဥပဒေ အတိုင်း မင်းသား Kyung Soo ဟာ မကြာခင်မှာ စစ်မှုထမ်းရတော့မှာ ဖြစ်ပြီး သတ်မှတ်ထမ်းဆောင်ရမဲ့ ကာလကတော့ (၂) နှစ်ဖြစ်ပါတယ်။ မင်းသား Kyung Soo ရဲ့ အေဂျင်စီဖြစ်တဲ့...

Lady Boy ဇာတ်ရုပ်ကို သရုပ်ဆောင်တာ ပီပြင်လွန်းလို့ ခင်ပွန်းကို စနောက်လိုက်တဲ့ အိန္ဒြာကျော်ဇင်

တစ်ဦးနဲ့တစ်ဦး စစနောက်နောက်နဲ့ ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့အချစ်တွေကို တိုးတိုးပြီးရနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိန္ဒြာကျော်ဇင်က Lady Boy ရုပ်ရှင်မှာ သရုပ်ဆောင်ပီပြင်လွန်းတဲ့ ခင်ပွန်းကို စနောက်နေတာကြောင့် ပရိသတ်တွေလည်း သဘောကျနေကြတာပါ။ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ ကြည်နူးပျော်ရွှင်မှုတွေပြည့်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ပီပြင်လွန်းတဲ့ ခင်ပွန်းကို စနောက်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ အိန္ဒြာကျော်ဇင်ကတော့ “ယောက်ျားရယ်… တစ်ကားထက်တစ်ကား ပိုပိုပီပြင်လာသလိုပဲ😂 ကိုတိုးကြီးနဲ့တော့ တွေ့တော့မယ်🤨” ဆိုပြီး စစနောက်နောက်နဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ Lady Boy ရုပ်ရှင်ထဲမှာတော့ ပြေတီဦးနဲ့ ခင်လှိုင်တို့ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကို အဓိကတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပြေတီဦး သရုပ်ဆောင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့်...

လင်ယောင်္ကျားရဲ့ ရက်စက်ယုတ်မာမှုကြောင့် မရှုမလှ အလှပျက်ခဲ့ရတဲ့ မိန်းမလှလေး

လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ သမီးရည်းစားဘဝတုန်းက ချစ်လှပါပြီ ၊ ကြိုက်လှပါပြီဆိုတဲ့အမျိုးသားတွေက တကယ့်တကယ်တန်း လက်ထပ်ပြီးသွားတဲ့အခါမှာ ဇနီးမယားတွေကို အကြောင်းအမျိုးနဲ့ နှိပ်စက်နေပုံတွေကို တွေ့မြင်နေရပါတယ်။ သမီးရည်းစားဘဝတုန်းမှာတော့ အရာရာအလိုလိုက် အကြိုက်ဆောင်ပြီး ယူပြီးမှာ ပြောင်းလဲသွားတတ်တဲ့ လင်ယောင်္ကျားတချို့ကြောင့်လည်း ဇနီးမယားတွေဟာ ဒူးရဲ့မျက်ရည်သုတ်ပြီး ဒုက္ခတွေခံစားနေကြရတာကလည်း ပရိသတ်တွေရဲ့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို မြင်တွေ့ကြားသိနေရမယ်လို့ ထင်ပါတယ်။ လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း လက်ထပ်ပြီး လပိုင်းအနည်းငယ်အကြာမှာ လင်ယောင်္ကျားရဲ့ အက်စစ်နဲ့တိုက်ခိုက်မှုကြောင့် မရှုမလှဝေဒနာတွေ ခံစားခဲ့ရတဲ့ အမျိုးသမီးလေးတစ်ဦးရဲ့ ပုံရိပ်တွေမှာ လူအများကြားမှာ ဝေမျှစရာတစ်ခုဖြစ်နေတာတွေ့ရပါတယ်။ ၎င်းပုံရိပ်လေးတွေထဲမှာဆိုရင်လည်း အမျိုးသမီးလေးရဲ့ မျက်နှာမှာ ချုပ်ရိုးကြောင်းကြီးတွေ အထင်းသားပေါ်လွင်နေပြီး အက်စစ်နဲ့ တိုက်ခိုက်ခံထားရတာကြောင့် နဂိုလှပတဲ့ ရုပ်ရည်လေးကနေ ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်နေတာတွေ့ရပါတယ်။ ဒါ့အပြင် သူမရဲ့ ခြေထောက်တွေ လက်တွေမှာဆိုရင်လည်း အက်စစ်နဲ့တိုက်ခိုက်ခံထားရမှုတွေကြောင့် ကြောက်စရာကောင်းတဲ့ ဒဏ်ရာအနာတရတွေ များစွာဖြစ်ပေါ်နေတာကြီးက ကြည့်နေရတာနဲ့တင် အသည်းယားစရာကောင်းလှပါတယ်။ ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီး လက်ထပ်ပြီးကာမှ အခုလို...

error: Content is protected !!