Monthly Archive: June, 2019

နာကျင်နေသော ဖခင်တယောက်ရဲ့ ဖွင့်ဟချက်

ပြီးခဲ့သည့် မေလက နေပြည်တော်တွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖမ်းခံရမှု တခု ဖြစ်ပွားသွားခဲ့သည်။ ယင်း လိင်အကြမ်းဖက်ခံရမှု ဖြစ်စဉ်သည် လူမှုကွန်ရက် စာမျက်နှာမှ တဆင့် စတင်ပျံ့နှံ့လာပြီးနောက် သတင်း မီ ဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်လာပြီးနောက် ယင်းအမှုကို နောက်ပိုင်းတွင် မှုခင်းရဲတပ်ဖွဲ့ (CID) က လွှဲပြောင်း စစ်ဆေးခဲ့သည်။ CID ၏ စစ်ဆေး ပေါ်ပေါက်ချက်တွင် တရားခံ အစစ်အမှန်နှင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည့်ဆိုသည့် အဖြေကို အများပြည်သူက စိတ်ဝင်စားလျက်ရှိသော်လည်း အမှုမှာ တလခွဲခန့် ကြာမြင့်လာသည့်အထိ ရှင်းရှင်းလင်းလင်း မရှိသေး သေးသောကြောင့် ဝေဖန်စရာများလည်း ဖြစ်လာရသည်။ ယခုအမှုဖြစ်စဉ်၏ အခြေအနေကို အများပြည်သူ သိရှိနိုင်ရန် ဧရာဝတီက အမြဲ ကြိုးစားခဲ့သည်။ ကာယကံရှင်...

သမီးတယောက်ရဲ့ အမေအဖြစ်ရှိနေတဲ့ အူဝဲအတွက်တော့ အရမ်းခံစားရတယ် အမှုမှန် အမြန်ပေါ်ပေါက်ပါစေ ဆိုတဲ့ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံရဲ့ မိခင်တွေထဲကတယောက်မို့ သက်ငယ်မုဒိမ်းတရားဥပဒေစိုးမိုးစေရန် အကြီးအကဲများကိုတောင်းဆိုလိုက်တဲ့ အူဝဲ အူဝဲဟာမြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးပရိတ်သတ်အများဆုံးမင်းသမီးတလတ်ဖြစ်ပါတယ်။ထို့ အပြင်သူမဟာသမီးလေးတယောက်ပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံမှမိခင်တဦးဖြစ်ပါတယ်။ဒီကနေ့ မှာတော့သူမကသက်ငယ်မုဒိမ်းမှုတွေကိုပြင်းထန်စွာအပြစ်ပေးရန်လူမှုကွန်ရက်စာမျက်နှာမှာရေးသားလိုက်ပါတယ်။ အူဝဲရေးသားချက်ကတော့”သမီးတယောက်ရဲ့ အမေအဖြစ်ရှိနေတဲ့ အူဝဲအတွက်တော့ အရမ်းခံစားရတယ်အမှုမှန် အမြန်ပေါ်ပေါက်ပါစေမြန်မာပြည်မှာ တရားဥပဒေပိုမိုစိုးမိုးလာရန်ပြည်သူတွေတရားဥပဒေကိုပိုမိုယုံကြည်​ လေးစားလိုက်နာလာရန်တရားဥပဒေစိုးမိုးရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်နိုင်ငံတော်အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကနေပြည်တော်က ကလေးမုဒိမ်းမှု၏တရားခံအစစ် ကိုမပျက်မကွက်ဖော်ထုတ်ပေးပါရန်ပြည်သူများကလေးစားစွာတောင်းဆိုလိုက်ပါသည်။#JusticeForVictoriaဆိုပီးရေးသားထားပါတယ် ပရိတ်သတ်ကြီးလဲတူတူပူပေါင်းကူညီမယ်လို့ မျှော်လင့်ပါတယ် အမှုမှန်ပေါ်ပါစေ မြန်မာနိုင်ငံသူနိုင်ငံသားတွေအေးချမ်းပါစေ။ဖတ်ရှူပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။

သိန်းတစ်သောင်းခန့် တန်ဖိုးရှိ ရတနာတွေနဲ့ဖန်တီးထားတဲ့ သတို့သမီးဝတ်စုံ

မန္တလေးမြို့ ၊ “Shining Star” စိန်တိုက် ရဲ့ သတို့သမီးဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံဟာ သိန်းတစ်သောင်းခန့် တန်ဖိုးရှိ ရတနာများဖြင့် ဖန်တီးခဲ့တာဖြစ်ပြီး ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံ ဒီဇိုင်းရေးဆွဲ ချုပ်လုပ်ပေးခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။ မင်္ဂလာဝတ်စုံလေးကလှလိုက်တာနော် သတိုးသမီးလေးကံကောင်းလိုက်တာနော်

မိနစ်ပိုင်းအတွင်းမှာတင် ပေါက်သွားခဲ့တဲ့ ရဲရင့်အောင်ရဲ့ “စိတ်ရှည်သည်းခံ” သီချင်းအသစ်

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်ကတော့ ဂီတလောကမှာတော့ အောင်မြင်မှုတွေ များစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ ရဲရင့်အောင်က လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေကိုလည်း အမြဲတမ်း ဖန်တီးနေတာ ဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ သီချင်းတွေကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်တော်လေး အောင်မြင်ပြီး ပေါက်တာကို တွေ့ရပါတယ်။ ဒီကနေ့ ဇွန်လ(၃၀)ရက်နေ့မှာတော့ ရဲရင့်အောင်က သူ့ရဲ့ သီချင်းသစ်တစ်ပုဒ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ ထိုသီချင်းလေး နာမည်ကတော့ “စိတ်ရှည်သည်းခံ” လို့ အမည်ရပြီး ရဲရင့်အောင်နဲ့အတူတူ နေကလည်း ပါဝင်သီဆိုပေးထားပါသေးတယ်။ ထို ‘စိတ်ရှည်သည်းခံ’ သီချင်းလေးကတော့ ထွက်ရှိပြီး ၁၅ မိနစ်အတွင်းမှာတင် ကြည့်ရှုသူ ၁သိန်း၅သောင်းကျော်အထိ ရှိခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ရဲရင့်အောင်နဲ့ နေရဲ့ ‘စိတ်ရှည်သည်းခံ’ သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ YAIR YINT AUNG – SATE...

နေပြည်တော်ကသက်ငယ်မုဒိန်းအမှုအမြန်ပေါ်ပေါက်ရန် အမှန်တရားဘက်ကရပ်တည်ကြမည့် အနုပညာရှင်များ

ပရိသတ်ကြီးရေ ယနေ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သက်ငယ်မုဒိန်းအမှုပပျောက်ရေးနဲ့ပက်သက်ပြီး လူတိုင်းအင်တိုက်အားတိုက်ဆောင်ရွက်နေကြတာ မြင်ကြမှာပါနော်။ လူမဆန်သော လူတစ်ချို့ရဲ့လုပ်ရက်တွေကြောင့် ငယ်ရွယ်လွန်းတဲ့ကလေးငယ်တွေအရွယ်နဲ့မမျှအောင် ထိခိုက်ခံစားနေရတာပါ။ လတ်တလောတွင်လည်း နေပြည်တော်ရှိ မူကြိုကျောင်းတစ်ခုမှ အသက် ၃ နှစ်သာရှိသေးတဲ့ သမီးငယ်လေးကို အဓ္ဓမပြုကျင့်ခဲ့တာကြောင့် လူမှုကွန်ယက်စာမျက်နှာမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ရတာပါ။  ဒီကိစ္စနဲ့ပက်သက်ပြီး လူတိုင်းကအမှုမှန်ပေါ်ပေါက်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်များစွာကလည်း သမီးလေးအမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာများတွင် စာများရေးသားပြီး Profile Picture များပြောင်းကာ ရပ်တည်ခဲ့ကြတာပါ။ ” ကျွန်တော်တို့ နိုင်ငံမှာ ပိုက်ဆံရှိရင် အမှားကို အမှန်လို့ ပြောင်းလဲ သတ်မှတ်နိုင်တယ် …..မတရားဥပဒေ ရှက်ဖို့ကောင်းတယ် ကျွန်တော် ဘာမှတော့ နားမလည်ပါဘူး ဒါပေမယ့် လိုအပ်လာရင် ဒီကလေးအတွက် လမ်းလည်ခေါင်ထွက် ဆန္ဒပြဖို့ အဆင်သင့်ဘဲ ဒီလို မုဒိန်းကောင်တွေကြောင့် မိဘတွေ ဘယ်နစ်ယောက် သားသမီးတွေ ဆုံးရှုံးခဲ့ကြပြီလဲ ဒီတိုင်းကြည့်နေကြတော့မှာလားဗျာ ” ”...

အမြန်လမ်းတွင် နွားလှည်းနဲ့ Express တိုက် နွားလှည်းမှ မောင်နှမ နှစ်ဦးလုံး သေဆုံး

အမြန်လမ်းတွင် နွားလှည်းနဲ့ Express တိုက် နွားလှည်းမှ မောင်နှမ နှစ်ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံး ဇွန်လ(၃၀)ရက်​​နေ့ နံနက်(၀၅၃၀)နာရီအချိန်​ နေပြည်​​တော်​-မန္တလေး လမ်း မိုင်တိုင် ၂၇၂/၇ အနီး တွင် ယာဉ်​​မောင်းဦးမြင့်​​ကျော်​၊ (၅၀)နှစ်​၊ မောင်းနှင်လာသည့် ယာဉ်​အမှတ်​ MDY 5M/—-ကောင်းမြတ်​မန်း express ခရီးသည်​တင်​ယာဉ်​ သည်​ ယာဉ်​​မောင်းပါ ကျား(၃၆)ဦး၊ မ(၄)ဦး၊ ​ပေါင်း (၄၀)ဦး တင်​​ဆောင်​ကာ ​မောင်းနှင်​လာစဉ်​ လမ်းဖြတ်​ကူး​နေ​သော ဦးတင်​ထွန်း၊ (၄၀)နှစ်​၊ အိုင်​တို​ကျေးရွာ​နေသူ​မောင်းနှင်​လာ​သော နွားလည်းအား ၀င်​​ရောက်​တိုက်​မိပြီး နွားလှည်း​ပေါ်ပါရှိ​သော ဦးတင်​ထွန်းနှင့်​ ညီမ​တော်​စပ်​သူ ​ဒေါ်ညို​အေး၊ (၃၇)နှစ်​၊ အိုင်​တို​ကျေး ရွာ ​နေသူတို့မှာ အခင်းဖြစ်​​နေရာတွင်​ပင်​ ​သေဆုံးသွားခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့  ပေပင်လေး စခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူပြု အဖွဲ့ များ ကူညီ ဆောင်ရွက်လျက်...

x