Monthly Archive: July, 2019

ကိုယ်မွေးထားတဲ့ သားသမီးကို အစိမ်းဖြတ်ဖြတ်နိုင်တဲ့ မိဘဆိုတာ မရှိလို့ သမီးလေးနဲ့ ပြန်ဆုံနိုင်မယ့် တနေ့နေ့ကို မျှော်လင့်နေတဲ့ ထက်ထက်မိုးဦး

ဘဝမှာ ပူလောင်မှုတွေထဲက အဆိုးဝါးဆုံးပူလောင်မှုဟာလည်း ကိုယ်မွေးထားတဲ့ သားသမီးတွေနဲ့ တကွဲတပြား ရှင်သန်နေရတာပါပဲ။ ထက်ထက်မိုးဦးဟာ တချိန်က သူမနာမည်နဲ့ ခေတ်တစ်ခုကို အောင်မြင်အောင် ထူထောင်နိုင်ခဲ့ပေမယ့်လည်း သူမဘဝဖြတ်သန်းခဲ့ရမှုတစ်ချို့ကတော့ အခက်အခဲတွေနဲ့ပါ။ ထက်ထက်မိုးဦးဟာ သမီးလေး စစ်လွန်းဝတီကိုမွေးဖွားခဲ့ပေမယ့် ယနေ့အချိန်မှာတော့ သူမတစ်ဦးတည်း ဘဝကို ရပ်တည်ရှင်သန်နေရတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ကံတရားကြောင့်ဖြစ်လာတဲ့အရာတွေအပေါ်မှာ ဖြေသိမ့်ပြီးတော့ ရှင်သန်နေခဲ့ပါတယ်။ သူမ အသက် (၇) နှစ်အရွယ်မှာ မိထွေးနဲ့ နေထိုင်ခဲ့ရပြီးတော့ ယခု သမီးလေးကို မွေးဖွားပြီး (၇) နှစ်အကြာမှာလည်း သမီးလေးနဲ့ ဝေးခဲ့တာကြောင့် သူမရဲ့ ငယ်စဉ်ဘဝအချိန်တွေကို ပြန်လည်တွေးမိနေခဲ့တာဖြစ်ပါတယ်။ သူမဘဝအတွက်တော့ အဲ့ဒီအချိန်တွေဟာ မိသားစုအသိုက်အဝန်းနဲ့မဟုတ်ဘဲ တစ်ယောက်တည်း အပြင်လောကကို ဖြတ်သန်းရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ထက်ထက်ဟာ သူမသမီးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးဖွားထားတာဖြစ်တဲ့အတွက်ကြောင့် ဘယ်မိဘမှ ကိုယ်မွေးထားတဲ့ သားသမီးကို အစိမ်းဖြတ်မဖြတ်နိုင်ဘူးလို့ ဝမ်းနည်းစွာနဲ့ ဆိုပါသေးတယ်။ ဒါပေမယ့်လည်း ဖြစ်လာခဲ့တဲ့ ကံတရားကြောင့်...

ရွာမှာအလည်သွားရောက် ကျွဲကျောင်း နေတဲ့ လင်းအောင်ခေတ်

သရုပ်ဆောင် မင်းသား ကောင်းပြည့်ရဲ့ ညီတစ်ဝမ်းကွဲ တော်စပ်တဲ့ လင်းအောင်ခေတ် ဟာ ချောမောပြေပြစ်သောရုပ်ရည်နဲ့ ယောကျာင်္း ပီသ တဲ့ ခန္ဓာကိုယ် တို့ကြောင့်အမျိုးသမီးပရိသတ်ထုရဲ့ ဝန်းရံခြင်းကိုခံရသူဖြစ်ပါတယ်။ မကြာခဏ သူရဲ့ ပရိသတ်ပျော်ရွှင်အောင် ဟာသ Tik Tok Video လေးတွေတင်လေ့ရှိပြီး လက်ရှိ ဆိုင်ဖွင့်ပွဲများတက်ရောက်ခြင်း ၊ ကြော်ငြာရိုက်ကူးခြင်း ၊ MTV ရိုက်ကူး ခြင်းများ ပြုလုပ်နေပါတယ် ။ ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးခဲ့ပြီး “တခုလပ် ” ရုပ်ရှင်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိ အဆိုတော် ဝိုင်ဝိုင်း ရဲ့ သီချင်းအသစ်ဖြစ်တဲ့ ” မိုးတွေရွာတုန်း ” MTV ရိုက်ကူးထားပြီးမကြာခင် မြန်မာနိုင်ငံမှာရုံတင်ပြသတော့မဲ့ Line Walker (2) ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ရင်း မြန်မာတွေ မညံ့ကြောင်း သက်သေပြခဲ့သူလည်းဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း ရွာမှာအလည်သွားရောက်ပြီး ကျွဲကျောင်းနေတဲ့ လင်းအောင်ခေတ် ရဲ့...

ဗိုလ်အောင်ဒင် လေသံမျိုးပြောပြီး သရုပ်ဆောင်ထားတဲ့ ဖြိုးမြတ်အောင်ရဲ့ Tik Tok Video လေး

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် ရဲ့ Tik Tok video လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးမြတ်အောင်က နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံးရင်း ချစ်ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိနေတာပါ။ ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဖြိုးမြတ်အောင် က သူ့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် solo album အတွက် ရိုက်ကူးရေးတွေလည်း လုပ်နေတာတွေ့ရပါတယ်။ ဖြိုးမြတ်အောင်က ဗိုလ်အောင်ဒင် လေသံ မျိုးလေးလုပ်ပြီး Tik Tok ရိုက်ကူးထားပြီး...

ဗိုလ်တစ်ထောင်ဘုရား နှင့် ရွှေတိဂုံဘုရားကို အဆိုတော် ဟန်ထူးဈာန် နဲ့အတူ သွားရောက်ဖူးမျှော်ခဲ့ ဆွန်ဆွန်

မြန်မာပြည်ကပရိသတ်တွေက ချစ်သလို မြန်မာပြည်ကိုလဲ ချစ်တဲ့ ထိုင်းအလှမယ် ဆွန်ဆွန်ဟာ ယနေ့မှာတော့ ရန်ကုန်မြို့တွင်း ဘုရားတွေ လိုက်လံဖူးမျှော်နေပါတယ်။ သူဟာ ရန်ကုန်မြို့ရဲ့ ဗိုလ်တစ်ထောင်ဘုရားကို မြန်မာပြည်ရောက် တိုင်းလာရောက်ဖူး မျှော်လေ့ရှိပြီး သူက ဗိုလ်တစ်ထောင် ဘိုဘိုးကြီးဆီမှာ အမြဲ ဆုတောင်းတယ်လို့လဲ သိရပါတယ်။ သူက ဘိုးဘိုးကြီး ကို မြန်မာပြည်ကို အမြဲလာရပါစေဆိုပြီး ဆုတောင်းတာကြောင့် အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို ထပ်မံရောက်ရှိလာခဲ့တာဟာ ၂ကြိမ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဆွန်ဆွန်ဟာ မြန်မာပြည်ကို ရောက်ရှိခဲ့တာဟာ ယခုချိန်ထိဆိုရင် ၃ကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်ပါတယ်။ သူက ယခုအခါ ရောက်ရှိခဲ့တာ ကတော့ ရုပ်ရှင်ကားကြီးတစ်ကားအတွက် မြင့်မြတ်နဲ့ အတူရိုက်ကူးဖို့ေ၇ာက်လာခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။ သူဟာ ယနေ့မှတြော့ ရန်ကုန်မြို့တွင်းလည်ပတ်နေပြီး မကြာခင်မှာတော့ ကလောမြို့ကို ရိုက်ကူးရေးအတွက် သွားရောက်တော့မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။ ဟန်ထူးဈာန်ကတော့ ဆွန်ဆွန်ကို...

မွေးနေ့မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )နဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေဆန်း

နေဆန်းကတော့ မွန်တိုင်းရင်းသားလေး တစ်ဦးဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများလာတာပဲဖြစ်ပြီး ဟာသဗီဒီယိုလေးတွေအပြင် ပညာပေးဗီဒီယိုလေးတွေကိုလည်းတင် ဆက်ပေးလေ့ရှိသူပဲဖြစ်ပါတယ်။ သူ့ ရဲ့ ဗီဒီယို ဇာတ်လမ်းလေးတွေကို ပရိသတ်တွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်အားပေးရတဲ့အထိ ကြိုက်နှစ်သက်ကြတာပဲ ဖြစ်ပါတယ်။ နေဆန်းဟာ မကြာသေးမီက နေဆန်းဟာဆွမ်းကျွေးအလှူလေးလည်း ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူ အတန်းတွေလည်း မကြာခဏလုပ်လေ့ရှိသူဖြစ်ပါတယ်။ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့က Food Boxမှာ မုန့်တွေကိုသွားရောက်လှူ ဒါန်း ခဲ့သေးတာပဲ ဖြစ်ပြီး စကားပြောပွင့်လင်း ရိုးသားတဲ့သူ့ ကို မိန်းကလေးပရိသတ်တွေကလည်း အမှန်အကန်အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။ မိဘအပေါ်မှာလည်း သိတတ်ကာ အလုပ်အကျွေးပြုစုနေသူဖြစ်တဲ့နေဆန်းကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်မှာ စုဆောင်းထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )ကို သူ့ရဲ့မိဘနှစ်ပါးအား ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ” ဒီနေ့မွေးနေ့မှာ ဒီလစုထားတဲ့အနုပညာကြေး သိန်း ( ၁၀၀ )...

မြင့်မြတ် နဲ့ ရုပ်ရှင်ဇာတ်ကားအတူရိုက်ကူးရမှာမို့ အရမ်းဝမ်းသာပြီး စိတ်လှုပ်ရှားနေပါတယ်ဆိုတဲ့ Maeya Sun Sun

ထိုင်း Net Idol Maeya Sun Sun (ဆွန်ဆွန်) ဟာ သရုပ်ဆောင် မြင့်မြတ် နဲ့အတူ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားမယ် လို့ သိရပါတယ်။ လတ်တလောမှာတော့ Maeya Sun Sun ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ Maeya Sun Sun က “မြင့်မြတ် နဲ့ ကလောမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ရှိတယ်။ ကာရိုက်တာ ကိုတော့ မသိရသေးပါဘူး။ အခုလို ရိုက်ကူးခွင့် ရလို့ အရမ်း ၀မ်းသာတယ်။ စိတ်လည်း လှုပ်ရှားနေပါတယ်” လို့ ပြောပါတယ်။ ပရိသတ်ကြီးအတွက် မြင့်မြတ်နဲ့ Maeya Sun Sun တို့ရဲ့ အကြောင်း ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ Video လေးကြည့်ပြီး Share ပေးကြပါဦးနော်။ Video Source : MC

သူခိုးက ယောကျာ်းကို ပွဲခြင်းပီးဓားနဲ့ထိုး မိန်းမက ကလေးကိုဖက်လို့ ကျောကိုပေး အထိုးခံကာ ဓားဒဏ်ရာ ၈ချက်နဲ သွေးအိုင်ထဲ လောကအလယ် ဖခင်မဲ့ကာကျန်ခဲ့တဲ့ သားငယ်လေးရယ်

မင်္ဂလာတောင်ညွှန့်တွင် တိုက်ခန်း ၄ လွှာထိ သူခိုးဝင်ရောက်ပြီး ပစ္စည်းယူ၊ လူသတ်မှုဖြစ်ပွား မိမိနေအိမ်တိုက်ခန်း လုံခြုံရေး ဂရုစိုက်ကြပါ။ကျနော်တို့ တိုက် ၄ လွှာမှာ သူခိုးဝင်ပြီး လူသတ်သွားပါတယ်။ မနက် ၄ နာရီမှာ နောက်ဖေးပြတင်းပေါက်က ဝင်လာပြီး ယောက်ကျား ကို ဓားနဲ့ ထိုး အသေသတ်ပြီး မိန်းမ က ခု ဒဏ်ရာတွေ နဲ့ အရေးပေါ်မှာ ကလေးလေး ကျန်ခဲ့တယ် ။ပစ္စည်းတွေလည်းယူ လူလည်းသတ်သွားပါတယ်။ ရဲ က ဖြစ်ပြီးမှ လာမှာ။ ကိုယ့်အခန်းကို ဂရုစိုက် ပါ။လှေကားမှောင်နေရင် မီးထွန်းကြပါ။သခိုးက အမှောင်ကို အခွင့်ရေး ယူမယ်။မိသားစု ဘဝ တစ်ခု ပျက်စီးသွားပြီ။ခု အခန်းကို ချိတ်ပိတ်ထားပါတယ်။၁၁၈ လမ်းထိပ် တော်ဝင်ပလာဇာဘေးတိုက် မင်္ဂလာဈေး နား မှာပါ သူခိုးရယ် ရက်စက်လိုက်တာ …???? ၁၁၈လမ်း…တော်ဝင်ပလာဇာဘေး..တောင်ညွန့်မြို့နယ်...

အမေကို အရမ်းသိတဲ့ သားကြီးခိုင်ခန့်မောင်အကြောင်း ပြောလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ ပရိသတ်​​တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်​ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​ ​မိခင်​အဖြစ်​ခံယူပြီး ​မွေးစား​နေတာပဲ ဖြစ်​ပါတယ်​။ ဒီ​နေ့​လေးမှာ​တော့ ခိုင်​နှင်း​ဝေက သူမမွေးစားထားတဲ့ ကလေးတွေထဲက အကြီးဆုံးဖြစ်တဲ့ သားကြီး ခိုင်ခန့်မောင်အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အမေကို သိနေပြီဖြစ်တဲ့ ခိုင်နှင်းဝေရဲ့သားကြီးကတော့ တကယ့်ကို ချစ်စရာကောင်းလှပါတယ်နော်။ ချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ သားအကြီးအကြောင်း ကြည်နူးစွာ ပြောပြလာတဲ့ ခိုင်ခန့်မောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခိုင်နှင်းဝေကတော့ “ကျမရဲ့သားကြီးခိုင်ခန့်မောင် ❤❤❤ ဒီနေ့ကျမရိုက်ကူးရေးလုပ်တော့ သူ့ကိုချီထားတာလေ. အမေပြောသမျှကို မော့ကြည့်နေလိုက်တာ ကျမသားရဲ့မျက်လုံးလေးတွေက မေမေပြောနေတာတွေကိုနားလည်နေသလိုလို, မေမေဘယ်လောက်ပင်ပန်းသလဲဆိုတာစာနာသလိုလို, မေမေသားတို့အကြောင်းတွေပြောနေတယ်ဆိုတာသိနေသလိုလို,အင်တာဗျူးရိုက်နေတဲ့ မိနစ်၃၀လောက်ကို လုံးဝဂျီမကျပဲ,မအော်ပဲ,မငိုပဲ ငြိမ်ငြိမ်လေးနေပေးနေတာ ?ပုံမှန်ဆို အိပ်နေချိန်ကလွဲလို့ တချိန်လုံးဆော့နေတာလေ,...

အမြွှာနှစ်ဦးကို အသက်စွန့်ပြီး မွေးသွားသော မိခင် ဈာပနမှာ ကလေးတွေရဲ့ ဝန်းရံမှုကိုခံယူ

ထိုင်းနိုင်ငံက အမျိုးသမီးငယ်တစ်ယောက်ဟာ အမြွှာနှစ်ဦးကို ကိုယ်ဝန်အရွယ်မှာ ကိုးလလွယ် ဆယ်လဖွား၊ မိခင်ရဲ့တာဝန် ကျေပွန်နိုင်ခဲ့ပေမယ့်၊ ရှေ့ဆက်ပြီး အသက်နဲ့ခန္ဓာကိုယ်ကို ရင်းပြီး မစောင့်ရှောက်နိုင်ရှာတော့ပါဘူး။ သူမဟာ ကလေးနှစ်ဦးကို အောင်မြင်စွာမွေးပြီး မိနစ်အနည်းငယ်အကြာမှာပဲ သေသွားပါတော့တယ်။ မိခင်ဖြစ်သူ ဘာကြောင့် သေဆုံးရတယ်ဆိုတာကို သတင်းတွေမှာ တိတိကျကျ ရေးသားထားခြင်းမရှိပေမယ့်၊ သွေးအားနည်းပြီး နှလုံးခုံရပ်သွားပုံရတယ်လို့ ယူဆရပါတယ်။ မျက်မှောက်ခေတ်မှာ မီးတွင်း ကလေးမိခင်တွေ သေဆုံးခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲပါဘဲ။ အကြောင်းကတော့ ခေတ်မီဆေးဝါးပစ္စည်းတွေ၊ ဆေးကုသမှု အထောက်အကူပစ္စည်းတွေဟာ ကလေးနဲ့ မိခင်ကို အချိန်မီကယ်ဖို့ လုံလောက်ပါတယ်။ ရှေးယခင်တုန်းကတော့ အရပ်လက်သည်နဲ့ ဖြစ်သလိုမွေး၊ မေးခိုင်ပိုးကာကွယ်ဆေးမရှိ၊ အသားဝါ ကာကွယ်ဆေးမရှိ၊ ကိုယ်ဝန်ဆိပ် ကာကွယ်ဆေးမထိုး- ဖြစ်သလို မွေးခဲ့ရပေမယ့်၊ မျက်မှောက်ခေတ်မှာတော့ အတော်လေးကို ကံမကောင်း အကြောင်းမလှမှသာ သေဘေးနဲ့နီးတာမျိုးပါ။ ရှေးတုန်းကတော့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သင်္ချိုင်းကို တစ်နေ့မျက်စောင်းသုံးခါထိုးတယ်လို့ အဆိုရှိကြပါတယ်။ တကယ်လည်း...

ချောင်းသာမှာ ချစ်သူနှစ်ဦး Ro ဆန်ဆန်ပုံဆန်းလေးတွေ ဖန်တီးရိုက်ကူးခဲ့တဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အလှပဂေးလေး ဝါဆိုမိုးဦးက ချစ်သူ ဖြိုးလေး နဲ့ အတူချောင်းသာမှာ Ro ဆန်ဆန် ရိုက်ထားတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ သရုပ်ဆောင် ဝါဆိုမိုးဦး သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဝါဆိုမိုးဦးက ပရိသတ်တွေအတွက် သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။ သူမတို့ ချစ်သူစုံတွဲလေးကလည်း ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ စုံတွဲလေးပါ။ ဒီတစ်ခါမှာတော့ သရုပ်ဆောင် ဝါဆိုမိုးဦး က ချစ်သူနဲ့ အတူရိုက်ထားတဲ့ချောင်းသာမှာ ရိုက်ထားတဲ့ ရုပ်ပြောင်ပုံလေးတွေနဲ့အတူ ” ကိုယ်တွေ ဒီလိုပြောင်နောက်နေတတ်တာ ဘယ်သူမှမသိကြဘူးမလား?? ” လို့...

x