Monthly Archive: August, 2019
လက်နက်ကြီးထိပြီး ကွယ်လွန်သွားတဲ့ လာရှိုးလူငယ်ဥက္ကဠအတွက် ကျော်သူရဲ့ ဝမ်းနည်းမှတ်တမ်း
” မြေဇာမြက်ခင်းလူသားများ။” မြေဇာမြက်ခင်းလေးတွေက ပါတ်ဝန်းကျင်ရှုခင်းကို စိမ်းလန်းစေသည်။ ငြိမ်းချမ်းစေသည်။ လှပစေသည်။ သာယာစေ၏။ မြက်ခင်းစိမ်းလေးများပေါ်တွင် ကလေးငယ်များ ဆော့ကစားကြသလို လူကြိးများအတွက်ကျန်းမာရေးအရ သက်တောင့်သက်သာလမ်းလျှောက်ခွင့်ပေးသည်။ အားကစားလုပ်ခွင့်ပေးသည်။ပြေးလွှားခွင့်ပေး၏။” “သို့သော် သူတို့၏ အနင်းကို ခံရသည်။ အဖိခံအနင်းခံ ရသည့်ဘ၀နှင့် ရပ်တည်နေရသလို ခြေချော်လဲခြင်း၊မှောက်ယက်လဲခြင်း၊မူးမေ့လဲခြင်းဖြစ်ပါကလည်း လူသားတို့ထိခိုက်အနာတရမဖြစ်အောင်ဖေးမပေးနေသည့် မြေဇာမြက်ခင်းကလေးများပင်ဖြစ်တော့သည်။ယခုတော့ အနင်းခံ၊အဖိခံ ရယုံတင်မက တူးဆွ ကော်ထုတ် လွှတ်ပစ်ဖယ်ရှားခြင်းကိုပါခံခဲ့ရတော့သည်။” “မြေဇာမြက်ခင်းလေးများနှင့် ဘ၀တူများဖြစ်ကြသည့် ကျွန်တော်တို့ ပရဟိတသမားများသည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲခြားဘဲ ဒုက္ခရောက်သူအားလုံးတို့အား ကူညီဖေးမ၊အသက်ကယ်တင်ပေးနေရသော်လည်း အနင်းခံ၊အဖိခံရယုံတင်မက တူးဆွဖယ်ရှားလွှတ်ပစ်ခြင်းကို ယနေ့နံနက်တွင် ခံခဲ့ရလေပြီ။” “ယနေ့နံနက်တွင် ညီနောင် ပရဟိတအဖွဲ့ဖြစ်သော”လားရှိုးလူငယ် လူနာတင်ကား” အား လက်နတ်ကြီးထိမှန်၍ လားရှိုးလူငယ်ဥက္ကဌ ဦးထွန်းမြင့် ဆုံးပါးခဲ့ပြီး ကျန်သုံးဦးဒဏ်ရာရရှိခဲ့ရလေပြီ။ ကြေကွဲဝမ်းနည်းမိပါသည် ဦးထွန်းမြင့်ခင်ဗျာ။ လေးစား ဦးညွှတ်ပါသည် ဦးထွန်းမြင့်။” “မည်သို့ဖြစ်စေ ကျွန်ုပ်တို့ မြေဇာမြက်ကလေးများကတော့...
တာဝန်ကျရာကျောင်းက တပ်မိသားစုဝင်ကလေးများရဲ့ ယနေ့ကြုံတွေ့ခဲ့ရသော စိတ်မခိုင်စရာမြင်ကွင်းလေး
ကျွန်တော်တာဝန်ကျရာကျောင်းသည်တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းကစိတ်မခိုင်လျှင်မျက်ရည်ကျမိမည်။ ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့်ကျောင်းသို့သူတို့၏သားသမီးကလေးများအားလာရောက်နှုတ်ဆက်ကြရာကျွန်တော့်၏G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။ “သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက်စစ်ယူနီဖောင်းအပြည့်အစုံနဲ့သူတို့၏ဖခင်ကိုဖက်၍ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်းမျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင်းဆရာပါလိုက်ကြိုပေးမှာ။ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ။KG/G1/G2/G3/G-5ကလေးများသည်အသိအမြင်ရှိနေကြဘီလေ။ရှေ့တန်းစစ်မြေပြင်ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။ကျောင်းပေါက်ဝကနေပြန်ထွက်သွားနေတဲ့သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက “ဖေဖေရေရှေ့တန်းကမြန်မြန်ပြန်လာခဲ့နော်တဲ့” ကျွန်တော်လဲကလေးတွေဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကိုကလေးတွေမသိအောင်သုတ်နေမိလေရဲ့😢😢😢ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကိုကျွန်တော်ထပ်တူထပ်မျှခံစားရမိပါတယ်။မည်သည့်ကလေးမှသူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကိုမလိုလားကြတော့။ပြန်မလာမှာကိုမလိုလားကြတော့ပါ။ အင်းးးးးးးး စစ်ပွဲတွေအေးငြိမ်းပါစေ။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။ Credit-W.Y.M.H
တောက်ပတဲ့အပြုံးတွေနဲ့ အပျိုလေးတွေ လိုက်မမှီအောင် အလှကြီးလှနေတဲ့ ချစ်သုဝေ
ပရိသတ်တွေ ချစ်ကြတဲ့ ခေတ်နဲ့သစ်တို့ရဲ့ မေမေ ချစ်သုဝေကတော့ တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားလေးနဲ့ တစ်ထပ်တည်းကျသူ ဖြစ်ပါတယ်။ အရင်ကထက် အလှကြီးလှတဲ့ ချစ်သုဝေကို တော်ရုံတန်ရုံ အပျိုလေးတွေတောင် လိုက်လို့ မမှီနိုင်ပါဘူး။ ပရိသတ်တွေကလည်း ချစ်သုဝေရဲ့ မျက်နှာလေးတင်မကပဲ သူမရဲ့ သီချင်းတွေနဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြိုက်နှစ်သက် အားပေးကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက သူမရဲ့ လူငယ်ဆန်ဆန် ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားပါတယ်။ ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်သုဝေကတော့ (၃၆)နှစ်အရွယ် ကလေးမေမေလို့ မထင်ရလောက်အောင် အင်မတန် နုပျိုလှပနေတာပဲဖြစ်ပါတယ်။ချစ်သုဝေ ဝတ်ဆင်ထားတဲ့ ပန်းရောင်တောက်တောက် ဝတ်စုံလေးကလည်း သူမနဲ့ လိုက်ဖက်လွန်းစွာ လှနေတာကိုတွေ့ရပါတယ်။ ချစ်သုဝေကတော့ လက်ရှိမှာတော့ မိသားစုလေးကို အချိန်ပေးရင်း ကြော်ငြာတွေ၊ ပွဲတက်တွေကို သင့်တင့်မျှတစွာ လုပ်ကိုင်နေလျက်ရှိပါတယ်။ ဘယ်လိုတွေတောင် လှနေတာလဲ ကလေးမေမေရယ်😍
ချစ်သူလက်မောင်းကိုချိတ် မင်္ဂလာပွဲဆင်နွှဲနေချိန်တုန်းက သူတို့အပြုံးတွေကြည်လင်လို့ဘယ်လောက်ပျော်နေလိမ့်မလဲ ချစ်သူနဲ့ခွဲရှေ့တန်းသွားတဲ့အချိန်ကျန်ခဲ့တဲ့သူတို့ရင်ထဲဘယ်လောက်တောင် စိတ်ပူရှာခဲ့မလဲ ချစ်သူကတိုင်းပြည်အတွက်အသက်စွန့်ခဲ့ပြီ ဗိုက်ထဲကလူမမယ်ကလေးလေး လူ့လောကမရောက်ခင်ထဲက ဖခင်မဲ့ရပြီ သူတို့အတွက်လည်း ကောင်းကင်ပြိုခဲ့ပြီ သူတို့ငိုနေမလား စိတ်နာနေမလား ရင်ကွဲပက်လက်ခံစားနေရမလား သူတို့ရင်ဘက်ထဲဝင်မခံစားရဲဘူး ပါရမီဖြည့်ဖက်မို့ဂုဏ်ယူလိုက်ပါဆိုတဲ့စကားသံ သူတို့ခံနိုင်ရည်ရှိပါ့မလား မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေးအတွက် မိသားစုတွေ ဘဝတွေ လောင်းကြေးထပ် နှလုံးသားတွေချခင်းခဲ့ရပြန်တယ် Credit to ရွှေလျှံဝင်း Video ကြည့်ရန် အောက်တွင်ဖော်ပြပေးလိုက်ပါတယ် Video Source; Yeyint Thitsar Unicode ဖြင့်ဖတ်ရန် မိသားစုတွေ ဘဝတွေ လောင်းကြေးထပ် နှလုံးသားတွေချခင်းခဲ့ရပြန်တယ် ချစ်သူလက်မောင်းကိုရှိတ် မင်္ဂလာပွဲဆင်နွှဲနေချိန်တုန်းက သူတို့အပြုံးတွေကြည်လင်လို့ဘယ်လောက်ပျော်နေလိမ့်မလဲ ချစ်သူနဲ့ခွဲရှေ့တန်းသွားတဲ့အချိန်ကျန်ခဲ့တဲ့သူတို့ရင်ထဲဘယ်လောက်တောင် စိတ်ပူရှာခဲ့မလဲ ချစ်သူကတိုင်းပြည်အတွက်အသက်စွန့်ခဲ့ပြီ ဗိုက်ထဲကလူမမယ်ကလေးလေး လူ့လောကမရောက်ခင်ထဲက ဖခင်မဲ့ရပြီ သူတို့အတွက်လည်း ကောင်းကင်ပြိုခဲ့ပြီ သူတို့ငိုနေမလား စိတ်နာနေမလား ရင်ကွဲပက်လက်ခံစားနေရမလား သူတို့ရင်ဘက်ထဲဝင်မခံစားရဲဘူး ပါရမီဖြည့်ဖက်မို့ဂုဏ်ယူလိုက်ပါဆိုတဲ့စကားသံ သူတို့ခံနိုင်ရည်ရှိပါ့မလား မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းရေးအတွက် မိသားစုတွေ ဘဝတွေ...
အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ကူညီကြပါခင်ဗျာ 🙏🙏🙏
လူအား၊ ငွေအားတင်မကဘဲ အသက်ပါပေးပြီး ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ ဦးထွန်းမြင့်ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များ
ဒီနေ့ လားရှိုး စစ်ပွဲထဲ ပိတ်မိနေသူတွေ့ကို ကယ်ထုတ်ဖို့ လူနာတင်ယာဉ် ကိုယ်တိုင်မောင်း သွားကူရင်း ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့သူ ဟာဂျီမွတ်စ်သဖားဘိုင်(ခ)ဦးထွန်းမြင့် အသက် ၅၇နှစ်မှာ မိခင်အိုနဲ့ ဇနီး၊ သားသမီးတွေ ကျန်ရစ်ခဲ့တယ်။ ဟာဂျီဆပ်ကို ဒီနေ့ ညနေ အဆွရ်ဆွလားသ်အပြီးမှာ မြေချ (ဒဖနာ)မယ်လို့ မိသားစုက ဆုံးဖြတ်ထားတယ်။ လားရှိုးအနီးဝန်းကျင်မှာ ပစ်ခတ်မူတွေ ရှိနေပေမဲ့ ကိုထွန်းမြင့် နောက်ဆုံးခရီးကို လားရှိုးမြို့ ခံတွေ အင်တိုက်အားတိုက် လိုက်ပါပို့ ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီခေတ်မှာ ပရဟိတ လူတိုင်းနီးပါးလုပ်တယ်။ တချို့က ငွေပေးပြီး ပရဟိတလုပ်တယ်။တချို့က ချွေးပေးပြီး လုပ်အားနဲ့ ပရဟိတလုပ်တယ်။ တချို့က အချိန်ပေးပြီး ပရဟိတလုပ်တယ်။ ဒီနေ့ ကွယ်လွန်သွားတဲ့ ဦးထွန်းမြင့်ကတော့သူပရဟိတလုပ်တဲ့ တလျှောက်လုံး ငွေအားကော လုပ်အားကောပေးပြီး အချိန်ထုတ် ကူညီခဲ့ယုံမက အသက်ပါပေးပြီး လုပ်ပြခဲ့တယ်။ အရှင်မြတ်သခင် ကွယ်လွန်သူ...
နိုင်ငံတော်အတွက် အသက်ပေးလှူသွားသော ဗိုလ်ကြီး ကျော်ရဲဝင်းနှင့် ကျဆုံးစစ်​သည်​များ၏ ဈာပန
နိုင်ငံတော်အတွက် အသက်ပေးလှူသွားသောဗိုလ်ကြီး ကျော်ရဲဝင်း DSA- 50 အပါအဝင်​ ကျဆုံးစစ်​သည်​များ၏ ဈာပန 😞 ၁၇.၈.၂၀၁၉၊RIP😢😢😢ကောင်းရာဘုံဘဝရောက်ကြပါစေ🙏🙏🙏🙏 ဖြစ်စဉ်သတင်းTNLAနှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတစ်ဦး အပါအ၀င် စစ်သည်၊ ရဲ နှင့်အရပ်သား ၁၄ ဦးသေဆုံး ၊ ရဲ ၄ ဦး ပျောက်ဆုံးနေပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တွင် ပလောင်TNLA နှင့် မဟာမိတ်များ၏ ယနေ့ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ ဗိုလ်ကြီး ၁ ဦး အပါအ၀င် စစ်သည် ၉၊ ဦး၊ ရဲ ၃ ဦး ၊ အရပ်သား ၂ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။ ပြင်ဦးလွင်ရှိ DSTA ကျောင်း တိုက်ခိုက်ခံရမှုတွင် အရပ်သား၁ ဦး သေဆုံးခဲ့ကြောင်း၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊...
နောင်​ချိုဂိတ်​မှာတိုင်းပြည်​တာဝန်​ထမ်း​ဆောင်းရင်းကျဆုံးသွားတဲ့ ရဲတပ်​သား ​ဇော်​ထက်​ဦးရဲ့ ​နောက်​ဆုံးခရီး
သြဂုတ်လ ၁၅ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်တဲ့အတွက် တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။တပ်မတော်ဘက်က တိုက်ခိုက်မှုတွေရပ်ပေးဖို့ မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တိုက်ခိုက်မှုတွေဖြစ်လာတာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ် (AA) တို့က မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာ ၅ ခုကို တပြိုင်တည်း အလစ်အငိုက် ဝင်တိုက်ခဲ့သဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲဝင်နှင့် အရပ်သား စုစုပေါင်း ၁၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ နောင်​ချိုဂိတ်​မှာတိုင်းပြည်​တာဝန်​ထမ်း​ဆောင်းရင်းကျဆုံးသွားတဲ့ ရဲတပ်​သားတွေထဲမှာ ရဲဘော်​ဇော်​ထက်​ဦး တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ နောင်​ချိုဂိတ်​မှာတိုင်းပြည်​တာဝန်​ထမ်း​ဆောင်းရင်းကျဆုံးသွားတဲ့ ရဲတပ်​သား ​ဇော်​ထက်​ဦးရဲ့ ​နောက်​ဆုံးခရီး ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ တာဝန်ကျေပါတယ် ရဲဘော်။
ရေ​ဘေးအတွက်​ တကယ်​လိုအပ်​တဲ့ စားနပ်​ရိက္ခာတွေ ကားတစ်​စီးအပြည့်​တင်​ပြီး သွား​ရောက်​လှူဒါန်း​​နေတဲ့ ခိုင်​နှင်း​ဝေ
ဝါရင့်​မင်းသမီးတစ်​ဦးဖြစ်​တဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတနဲ့ပတ်​သတ်​ပြီး စိတ်​အားထက်​သန်​လွန်းသူတစ်​ဦးမို့ ပရိသတ်​​တွေက ပရဟိတမင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြရသူတစ်​ဦးပါ။ အခက်​အခဲဖြစ်​​နေတဲ့ ဘယ်​​နေရာမဆို ပါဝင်​ကူညီတဲ့ ခိုင်​နှင်း​ဝေက​တော့ လတ်​တ​လောမှာလည်း မွန်​ပြည်​နယ်​ ​ရေ​ဘေးအတွက်​ တကယ်​လိုအပ်​မယ်​ထင်​တဲ့ စားနပ်​ရိက္ခာ​တွေကို ကားတစ်​စီးအပြည့်​တင်​ပြီး သွား​ရောက်​လှူဒါန်း​နေတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ချစ်ပရိသတ်တွေအတွက် ​ရေ​ဘေးအတွက်​ တကယ်​လိုအပ်​မယ့်​ စားနပ်​ရိက္ခာ​တွေ ကားတစ်​စီးအပြည့်​ သွား​ရောက်​လှူဒါန်း​နေတဲ့ ခိုင်​နှင်း​ဝေရဲ့ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​​။ ခိုင်​နှင်း​ဝေက​တော့ “မနက်ဖန်ရေဘေးအလှူသွားဖို့ ဒီနေ့ညနေ ပစ္စည်းကားကိုအရင်လွှတ်လိုက်ပါပြီရှင်…ကားကဌားလို့မရ, အလှူရှင်တွေရဲ့လှူမယ့်ပစ္စည်းတွေစောင့်ရနဲ့ ညနေကမှ ပစ္စည်းကားထွက်နိုင်တယ်…၇ရက်သား,သမီး အလှူရှင်များရဲ့ ကိုယ်စား ကျမကိုယ်တိုင်သွားရောက်ပြီး ရေဘေးကြောင့်အခက်အခဲဖြစ်နေသော မိသားစုများထံသို့တိုက်ရိုက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်.ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကို ရေဘေးကြောင့်အခက်ခဲကြုံတွေ့နေရသောပြည်သူများကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ်” ဆိုပြီး သူမရဲ့အလှူအ​ကြောင်း မ​နေ့ညက ​ရေးသားထားတာပါ။ အဆင်​သင့်​ ​ဖောက်​စားလို့ရမယ့်​ ငါး​သေတ္တာဗူး ​တွေ…။ ဟင်းချက်​ဖို့အတွက်​ ဆန်​​တွေ၊ ဆီ​တွေကလည်း ကားထဲ အပြည့်​ပဲ​နော်​…။ အဆင်​သင့်​ စားလို့ရမယ့်​ ငပိ​ဘူး​တွေ၊...
အမေကိုသတ်ပြီး အာမခံငွေနဲ့ အချုပ်ကျနေတဲ့ချစ်သူကို ကယ်ဖို့ကြိုးစားခဲ့တဲ့ ကောင်မလေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ BuengKum ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ် Kanchana Srisung အမည်ရ ကောင်မလေးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့သြဂုတ်လ (၁၀)ရက် စနေနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ မိခင်ရဲ့ အသက်အာမခံငွေတွေကို ထုတ်ယူဖို့ ကြိုးစားခဲ့လို့ပါ။ ဒါတင်မကသေးဘဲ Kanchana ဟာ လူသတ်သမားငှားပြီ၊ မိခင်ကို သတ်ခိုင်းခဲ့ပါသေးတယ်။ မိခင်သေသွားရင် သူမက အာမခံပိုက်ဆံတွေနဲ့ အချုပ်ကျနေတဲ့ ချစ်သူအမျိုးသားကို ကယ်ဖို့ဖြစ်ပါတယ်။ အဲဒီအမျိုးသားကလည်း အာမခံကြေး ပေးသွင်းရုံနဲ့ အချုပ်က လွတ်နိုင်တဲ့ အခြေအနေပါ။ Kanchana ဟာ ကြေးစားလူသတ်သမား (၂)ယောက်ကို ပိုက်ဆံပေးငှားရမ်းခဲ့ပါတယ်။ အဲဒီလူနှစ်ယောက်သာ မိခင်ကို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တယ်ဆိုရင် သူမက မိခင်ရဲ့ တစ်သက်တာအာမခံငွေတွေကို ထုတ်ယူမှာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူအမည်မှာ Ueamduean Srisung ဖြစ်ပြီး အသက်(၅၅)ပါ။ Srisung ဟာ...
error: Content is protected !!