Monthly Archive: October, 2019

ရေဝေးကိုဇာတ်ကားရိုက်ဖို့ အကြိမ်ကြိမ်ရောက်ဖူးပေမယ့် ဒီကနေ့ အဖေ့ကိုလိုက်ပို့ရတဲ့အချိန်မှာတော့ တွေးမိတိုင်းမျက်ရည်ကျမိတယ်ဆိုတဲ့ ဇင်မျိုး

ဇာတ်ပို့ ဇာတ်ရံတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဇင်မျိုးကတော့ ပရိသတ်တွေအားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ဝင်ခန်းတွေမှာဇာတ်ရုပ်ကို ပိုမိုပီပြင်အောင် ထောက်ပံ့ပေးနိုင်တာကြောင့်လည်း ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ သူဟာရုပ်ရှင်လောကထဲက ဇာတ်ပို့ဇာတ်ရံများစွာထဲမှာ ဇာတ်ကားများစွာမှာ ပါဝင်ခွင့်ရသူဖြစ်ပြီးတော့ အထူးသဖြင့် မင်းသားရဲ့ သူငယ်ချင်း အဖြစ် သရုပ်ဆောင်ဇာတ်ရုပ်ကပိုမို၍များပြားတာကိုလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီးတော့ ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့ဖခင်ကွယ်လွန်သွားတာကြောင့် စိတ်သောက ခံစားနေရတာကိုလည်း တွေ့ရပါတယ်။ သူဟာဆိုရင် ရေဝေးသုသာန်ကို ရိုက်ကူးရေးအတွက် အကြိမ်ပေါင်းများစွာ ရောက်ဖူးပေမယ့် အခုအခါကတော့ ဖခင်ကို လိုက်ပို့ရတာမို့ ပိုလို့ဝမ်းနည်းတယ်လို့ သူက ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ သူ၏ဖခင်အသက်ဟာ ၇၄ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ မိသားစုထဲက အစောဆုံး နှုတ်ဆက်သွားတာပါလို့ သရုပ်ဆောင် ဇင်မျိုးက ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။ သရုပ်ဆောင် ဇင်မျိုးဟာ ယခင်ကတည်းက မိဘနှစ်ပါးကို ထောက်ပံ့လုပ်ကျွေးနေသူဖြစ်ပြီးတော့ အခုတော့...

စာရင်းကိုင်သင်တန်းတက်နေသူ အမျိုးသမီးအား ရည်းစားဖြစ်သူမှ ဓားဖြင့်ဝင်ရောက်ထိုးခဲ့သည့်အမှုနဲ့ပတ်သက်ပြီး သေဆုံးသူ၏ အကိုမှ အနူးအညွတ်တောင်းဆို

မူးယစ်ဆေးဝါးလည်းသုံးထားတယ်။ ကြိုတင်ကြံစည်မှုလည်းသိသာနေတယ်။ သေစေလိုတဲ့ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိဓားနဲ့ထိုးသွင်းပြီး ကျွန်တော့်ညီမလေးကို သတ်သွားတဲ့ လူတယောက်လို့မခေါ်ထိုက်တဲ့သက်ရှိဝတ္တုတခုအတွက် ကျေအေးခြင်းကလုံးဝမရှိပါဘူး။ ဘာသာတရားအဆုံးအမတွေက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ အချင်းချင်းချစ်ကြဖို့သွန်သင်နေပေမယ့် ဒီအမှုကိုနောက်ဆုတ်ဖို့အတွက် ကျွန်တော် သူတော်စင်တပါးမဟုတ်ဘူး။ ဒီအရာဝတ္တုကိုလွှတ်ပေးလိုက်လို့ ကျွန်တော့်ညီမလေးလို နောက်ထပ်ဘယ်နှစ်ယောက်ထပ်ပြီးစတေးခံရမလဲ။ ဘယ်သူမှမသိနိုင်ဘူး။ ဒီလိုအဖြစ်မျိုးနောက်ထပ်မဖြစ်စေရပါဘူးလို့ အာမခံနိုင်တဲ့သူကလည်း ရွာသာကြီး(စိတ်ကျန်းမာရေးဆေးရုံ) ကအတွင်းလူနာတယောက်ပဲဖြစ်မှာ တထစ်ချယုံကြည်တယ်။ ကျွန်တော့်ညီမလေးလို နောက်ထပ်အပြစ်မရှိသူတွေမဆုံးရှုံးရအောင် တရားဥပဒေက မှန်မှန်ကန်ကန်စီရင်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်။ မိသားစုဝင်အားလုံးစိတ်သက်သာရဖို့ဆိုတာထက် အမှန်တရားကိုချစ်မြတ်နိုးတဲ့ပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်။ (ကျွန်တော်က မန္တလေးLCCI သင်တန်းကျောင်းမှာဓားထိုးခံရပြီးသေသွားတဲ့ကျောင်းသူ မအေးမွန်သန့်ရဲ့အကိုဖြစ်ပါတယ်။) ဖြစ်စဉ်မှာ – မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၇၈ လမ်း နှင့် ၃၄ လမ်းထောင့် Sky Wall shopping mall (၃) လွှာရှိ LCCI စာရင်းကိုင်သင်တန်းတွင် အောက်တိုဘာလ (၂၃) ရက် နေ့ ညနေ ၆...

သားလေးရှေ့ရေးအတွက် ထိုင်းမှာပဲ အခြေချတော့မယ်ဆိုတဲ့ ဘောလုံးသမား အောင်သူ

နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မတူပေမယ့် အောင်မြင်ကျော်ကြားတဲ့ သူနှစ်ယောက် ဖြစ်လို့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေက ချစ်ခင်ကြတာဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ်မတ်လ လောက်က မင်္ဂလာပွဲဆင်နွှဲခဲ့ကြပြီး အခုဆိုရင်ချစ်စရာကောင်းတဲ့ သားလေးကို နဲ့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီ ။ အောက်တိုဘာလ (၃၀) ရက်နေ့ကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားလေး သွင်ဦးဟန်နဲ့ ရက် ၁၀၀ ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ် ။ သားလေးက အငိုနည်းသလို စကားတွေလဲအရမ်းများပြီး မိဘကို ဂျီကျတဲ့ကလေးမျိုးမဟုတ်ဘူးလို့လဲ သိရပါတယ် ။ သားလေးကို အဖေက ဘောလုံးသမားမို့ ဘောလုံးသမားဖြစ်ရမယ်ဆိုတာမျိုးလည်း မရှိသလို အမေက အနုပညာရှင်မို့ အနုပညာရှင်ဖြစ်ရမယ်လို့လည်း မသတ်မှတ်ထားပါဘူးတဲ့ ။ သားလေးဖြစ်ချင်တဲ့ လမ်းကြောင်းကိုပဲ အကောင်းဆုံး ပံ့ပိုးကူညီသွားမယ်လို့...

မီးနီရပ်စောင့်နေတဲ့ လူနှစ်ဦး ပြိုင်ကားနဲ့တိုက်ခံရတဲ့အမှုက တရားခံကို ထောင် (၉) နှစ်အမိန့်ချ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်း နှင့် ၂၆ လမ်းထောင့် ကျုံးဘေးတွင် ပြိုင်ကားနှင့် တိုက်မိကာ လူငယ် (၂) ဦး သေဆုံးသည့်အမှုတွင် ကားမောင်းသူအား ထောင်ဒဏ် (၉) နှစ် ကျခံရန် အောင်မြေသာစံမြို့နယ်တရားသူကြီး က အမိန့်ချခဲ့သည် ။ ယင်းအမှုတွင် အပြီးသတ်လျှောက်လဲချက်တင်ပြီးဖြစ်သည့်အတွက် ယာဉ်မောင်းဖြစ်သူ သန်းထက်အောင် အား အောက်တိုဘာလ ၃၁ ရက်နေ့က အောင်မြေသာစံမြို့နယ် တရားရုံးတွင် အမိန့်ချခဲ့ခြင်းဖြစ်သည် ။ယင်းအမှုတွင် အမှုအမှတ် ၁၆၉၅/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် လည်းကောင်း၊ အမှုအမှတ် ၁၆၉၆/၂၀၁၈ တွင် ရာဇသတ်ကြီးပုဒ်မ – ၂၇၉ ဖြင့် လည်းကောင်း စွဲချက်တင်ထားပြီးဖြစ်သည် ။ အမိန့်ချရာတွင် ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က) ဖြင့် စွဲချက်တင်ထားသည့် အမှုအမှတ်...

ဘုရားဖူးကအပြန် လူ ၁၉ ဦး သေဆုံးတဲ့ ဖြစ်စဉ်မှာ မသေခင် နောက်ဆုံးရိုက်ခဲ့ကြတဲ့ ရင်နင့်စရာ ပုံလေးတွေ

နေ့မြင်-ညပျောက် ဆိုတဲ့ ဘိုးဘွားများ လက်ဆင့်ကမ်းခဲ့တဲ့ သတိပေးစကားလေးလိုပါပဲ။ လောကဓံဟာ မျက်စိတမှိတ် လျှပ်တစ်ပြတ်အတွင်းမှာပဲ လူ့တွေကို လှည့်စားနိုင်တယ် မဟုတ်လားနော်။ ဒီနေ့ စိတ်မကောင်းစရာ သတင်းတစ်ခုမျှဝေချင်ပါတယ်။ ဒီသတင်းကတော့ ဘုရားဖူးပြန်လာတဲ့ ယာဉ်ဟာ ပေ ၂၀၀၀ ကျော် ချောက်ထဲ ထိုးကျသွားခဲ့တဲ့ အဖြစ်ပဲဖြစ်ပါတယ်။ ဒီလူတွေ သေမယ်ဆိုတာ ဘယ်သူများယုံကြမလဲ။သူတို့တွေဟာ ကားချောက်ထဲ မကျခင် အချိန်ပိုင်းလေးအတွင်းမှာပဲ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါသေးတယ်။ ဖြစ်တာကတော့ ၂၈ ရက်နေ့ ညပိုင်းမှာ ဖြစ်တာပါ။ ရွာငံမြို့ ယုန်တောင် ကျေးရွာမှာ ဖြစ်သွားတာပါ။ ကားမှာ စုစုပေါင်း ၂၆ ယောက်ပါပြီးတော့ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်နေကြပါတယ်။အမျိုးသား ၊ အမျိုးသမီး ၊ ကလေး စုစုပေါင်း ၁၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ပြီးတော့ ကျန်တဲ့ အလောင်းများကိုတော့ သယ်ယူနေဆဲပဲလို့ သိရပါတယ်။ ဘုရားဖူးကားကတော့...

လုပ်အားခလေးတွေစုပြီး မိခင်ဖြစ်သူကို သိန်း (၈၀) တန် အိတ်နဲ့ ကန်တော့ခဲ့တဲ့ အုပ်စိုးခန့်

လူငယ်ဆန်တဲ့ ပုံစံလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ သူချစ်ရတဲ့ ဂီတအပေါ် စိတ်နှစ်ပြီး အကောင်းဆုံး ကြိုးစားနေသူတစ်ဦးပါ။ မိဘကို စိတ်ချမ်းသာအောင်ထားတဲ့ သားလိမ္မာလေး အုပ်စိုးခန့်ကတော့ လတ်တလောမှာလည်း သူ့ရဲ့လုပ်အားခ ချွေးနှဲစာလေးနဲ့ မိခင်ဖြစ်သူကို သိန်း ၈၀ တန်ဖိုးရှိတဲ့ Chanel အိတ်တစ်လုံး လက်ဆောင်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဒီနေ့ခေတ်လူငယ်တွေ မေ့လျော့နေတတ်ကြတဲ့ မိဘအပေါ် သိတတ်ခြင်းဆိုတာ ဘာလဲလို့ သေချာပြသလိုက်တဲ့ အုပ်စိုးခန့်ကတော့ တကယ့်ကို လိမ္မာတဲ့ သားလေးပါပဲနော်။ ချစ်ပရိသတ်တွေအတွက် မိခင်ဖြစ်သူရဲ့မွေးနေ့အတွက် သိန်း ၈၀ တန် အိတ်လှလှလေးတစ်လုံး လက်ဆောင်ဝယ်ပေးခဲ့တဲ့ အုပ်စိုးခန့်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ အုပ်စိုးခန့်ကတော့ ‘Late birthday present for mommy ❤️I love you mom ❤️”...

သူမအချစ်ရဆုံး သားချောလေး သုံးယောက်ကို ထုတ်ပြလိုက်တဲ့ ရတနာခင်

လွန်ခဲ့တဲ့ နှစ်တွေက အရမ်းကိုလှတဲ့ မင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေ အရမ်းချစ်ခဲ့ကြတဲ့ ရတနာခင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားထားပြီး ချစ်ရတဲ့ မိသားစုကို အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ သားချောလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ရတနာခင်ကတော့ မကြာခဏဆိုသလို မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ရတနာခင်က သူမအရမ်းချစ်ရတဲ့ သားချောလေး သုံးယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရတနာခင်ရဲ့သားလေးတွေကတော့ အဖေအမေနဲ့တူလို့ အရမ်းကို ချောကြတဲ့ ကလေးတွေပါပဲနော်။ ချစ်ပရိသတ်တွေအတွက် သားချောလေးတွေကို ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူနေတဲ့ မေမေ ရတနာခင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ရတနာခင်ကတော့ “ကျွန်မရဲ့ အချစ်ရဆုံးလေးများ🥰😍😘” ဆိုပြီး ချစ်ရတဲ့ သားလေးတွေရဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ရွှေရောင် မြန်မာဝတ်စုံလေးတွေ ကိုယ်စီဝတ်ထားတဲ့ ရတနာခင်ရဲ့သားလေးတွေကတော့ တကယ့်ကို လိမ္မာပြီး ယဉ်ကျေးတဲ့ ကလေးတွေဆိုတာ ကြည့်ရင်သိနိုင်ပါတယ်နော်။ ဘာသာရေးကို...

” မကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကိုချပြလာတဲ့ မေကဗျာ “

တစ်ခေတ်တစ်ခါကတည်းကနေ ယနေ့အချိန်အထိ အနုပညာလောကတွင် ပရိသတ်ရဲ့အာပေးချစ်ခင်မှုအခိုင်အမာဖြင့် ရပ်တည်နေတဲ့ မေကဗျာကတော့ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသနေတဲ့ ” Dancing with the Star Myanmar” အစီအစဉ်မှာပါဝင် ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကို “ဒဏ်ရာများနှင့် Dancing မှတ်ပလား မန်းလေးသွားတဲ့သူတောင်ရောက်တော့မယ် ကိုယ်တွေခုထိမအိပ်ရ လန်းလန်းရေ “လို့ သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ မေကဗျာကတော့ Dancing with the stars ပြိုင်ပွဲမှာတော့ တွဲဖက်ဖြစ်တဲ့ Dake Dake နဲ့အတူ နိုင်ငံကျော်အဆိုတော် လေဒီဂါဂါရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Pocker Face” သီချင်းကို Tango အကဖြင့်ကပြ ယှဉ်ပြိုင်ခဲ့ပါတယ်။ဒီပွဲမှာတော့ စတားတွေဖြစ်တဲ့ ဟန်တီ၊မျိုးကိုကိုစန်း၊ဆုအိမ့်စံ၊သဇင်နွယ်ဝင်း၊နန်းချစ်နဒီဇော် တို့ရဲ့အကောင်းဆုံးယှဉ်ပြိုင်မှုတွေကိုလည်းတွေ့ခဲ့ရမှာပါ။ အဖေ ဖြစ်သူနဲ့ သမီးဖြစ်သူကြားက တင်းမာနေတဲ့...

သိန်းပေါင်း(၁၅၀၀၀) ကျော်တန်ဖိုးရှိ ဗိမာန်တော်ကြီးလှူဒါန်းတဲ့ပွဲမှာ ကျက်သရေအဖြာဖြာပြည့်စုံနေတဲ့ ရတနာခင်တို့မိသားစု

အရမ်းကိုလှတဲ့ မင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေ အရမ်းချစ်ခဲ့ကြတဲ့ ရတနာခင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားထားပြီး ချစ်ရတဲ့ မိသားစုကို အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ သားချောလေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ရတနာခင်ကတော့ မကြာခဏဆိုသလို မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ရတနာခင် တို့ မိသားစု ရဲ့ မြင့်ထွန်းဦးကျောက်စိမ်းကျောက်မျက်ရတနာ သာသနာ့ဓမ္မဗိမာန်တော် အလှူကို ၂၅.၁၀.၂၀၁၉ရက်နေ့မှာ ပြုလုပ်လှူဒါန်ခဲ့တာပဲ ဖြစ်ပါတယ်။ ရတနာခင် က သူမတို့အလှူတုန်းက ရိုက်ထားတဲ့ သူမတို့ ဇနီးမောင်နှံနဲ့ မိသားစုတို့ရဲ့ ကျက်သရေရှိလှတဲ့ ပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။ အရမ်းကို လိုက်ဖက်ညီလှတဲ့ ရတနာခင် တို့ဇနီးမောင်နှံ ကျက်သရေရှိလိုက်တာ သရုပ်ဆောင် ရတနာခင် တို့ဇနီးမောင်နှံ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Credit-မိုမိုလေးမီဒီယာ

အောင်မြင်သလောက် ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ ကိုရန်လေးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေက သူမလေးစားအားကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရန်လေး သရုပ်ဆောင်ရန်အောင်ကို သီတင်းကျွတ်အခါသမယမှာ သွားရောက်ဂါရဝပြု ကန်တော့ခဲ့ပါတယ်တဲ့။ ခိုင်နှင်းဝေက သူမရဲ့ ဖေ့ဘုတ်မှာ “ကျမ လေးစား အားကျရသော အနုပညာ အကို ကိုရန်လေး ကို သီတင်းကျွတ်အခါသမယ မှာ သွားရောက် ဂါရဝ ပြုခဲ့ပါတယ်ရှင် ❤ ၊ ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ဖူး ဆိုသလိုပဲ အောင်မြင်ကျော်ကြားမှု မှာ ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ အကိုက လူတိုင်းကို မေတ္တာထားတတ်တယ် လူချစ်လူခင် ပေါအောင်လည်း ကျင့်ကြံနေထိုင်တတ်တယ် အကိုနဲ့ စကားပြောတိုင်း ကုန်သွားတဲ့ အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေခဲ့တယ် မိခင် ဖြစ်သူကို ဦးထိပ်ထားလွန်းတဲ့ အကို့ရဲ့ ဂါရဝတရား နဲ့ အလုပ်အပေါ် လုပ်ပေါ်ကိုင်ဖော်အပေါ် မှာ စေတနာ အမြဲထား သင်ပြပေးတတ်တဲ့ အပြုအမူတွေ ကိုလည်း အမြဲ...

x