ရွှေဘိုမြို့ရဲ့ အစဉ်လာမပျက် ဝါတွင်းကာလ ဆွမ်းပေါင်းပွဲတော် ရွှေတန်ဆာ ဘုရားဆွမ်းပေါင်းပွဲ ပုံရိပ်များ

ရွှေဘိုမြို့ဂုဏ်ဆောင်ဝါတွင်းဘုရားစဉ်ဆွမ်းလောင်းပွဲကို ၁၁၇၆ ခုနှစ် ဘိုးတော်ဦးဝိုင်းအမရပူရ၌စိုးစံနေစဉ်အချိန်မှစတင်လောင်းလှူပူဇော် ခဲ့ရာ ယခု နှစ်ဆိုလျှင် နှစ်ပေါင်း(၂၀၅)နှစ်ပင်ရှိခဲ့လေပြီ။ထိုစဉ်ကတည်းက လောင်းလှူပူဇော်ခဲ့သော ဆွမ်းလောင်းပွဲကို ယခုနောင်လာနောင်သား ရွှေဘိုသူ/သား များမှ ဆက်လက်လောင်းလှူလျှက်ရှိပါသည်။ရွှေဘိုမြို့ဝါတွင်းဘုရားစဉ်ဆွမ်းလောင်းပွဲဘုရားစဉ်များမှာ ၁။လမ်းလည်ဘုရား=နယုန်လကွယ်နေ့ ၂။ဇဗ္ဗူ့ဆီမီးဘုရား=ဝါဆိုလဆန်း ၈ ရက်နေ့ ၃။ရွှေတန်ဆာဘုရား=ဝါဆိုလပြည့်နေ့ ၄။ရွှေခြင်္သေ့ဘုရား=ဝါဆိုလဆုတ် ၈ ရက်နေ့ ၅။နေရဗာန်ဘုရား=ဝါဆိုလကွယ်နေ့ ၆။ဆုတောင်းးပြည့်ဘုရား=ဝါခေါင်လဆန်း ၈ ရက် ၇။ရွှေကူကြီးဘုရား=ဝါခေါင်လပြည့်နေ့ ၈။သက်တော်ရှည်/ရဘုရား=ဝါခေါင်လဆုတ်၈ရက် ၉။ရွှေပေါ်ကျွန်းဘုရား=ဝါခေါင်လကွယ်နေ့ ၁၀။ရွှေသိမ်တော်ဘုရား=တော်သလင်းလဆန်း၈ ရက်နေ့ ၁၁။ရွှေချက်သိုလ်ဘုရား=တော်သလင်းလပြည့်နေ့ ၁၂။ဖောင်တော်ဦးဘုရား=တော်သလင်းလဆုတ် ၈ ရက်နေ့ ၁၃။မြို့ထောင့်စေတီဘုရား=တော်သလင်းလကွယ် ၁၄။ပုခန်းဘုရား=သီတင်းကျွတ်လဆန်း ၈ ရက်နေ့ ၁၅။လောကမာရဇိန်ဘုရား=သီတင်းကျွတ်လပြည့် ၁၆။ရွှေကြက်တောင်ဘုရား=သီတင်းကျွတ်လဆုတ် ၈ ရက်နေ့ ၁၇။စိန်ဘုရား=သီတင်းကျွတ်လကွယ်နေ့ ၁၈။ဗိုလ်မောင်ဘုရား=တန်ဆောင်မုန်းလဆန်း၈ရက် ၁၉။ချမ်းသာကြီး/ရဘုရား=တန်ဆောင်မုန်းလပြည့် ၂၀။အောင်မြေဘုရား=တပို့တွဲလပြည့်နေ့ ၂၁။အနောက်လောကမာရဇိန်ဘုရား=တပေါင်းလ ပြည့်နေ့ ၂၂။ညောင်ရေသွန်းပွဲ=ကဆုန်လပြည့်နေ့ စသည့် ဝါကြို ဝါတွင်း ဝါပြင် ဆွမ်းလောင်းပွဲ များကို နှစ်ပတ်လည်လောင်းလှူလျှက်ရှိပါသည်။ ရွှေဘိုမြို့ဂုဏ်ဆောင်ဘုရားစဉ်ဆွမ်းလောင်းပွဲကို ရွှေဘိုသူ/သား များမှ...

ရေစကြိုသားတွေနဲ့အပြိုင် ခြင်းခတ်ရင်း ပညာစွမ်းပြခဲ့တဲ့ ဒေါင်းရဲ့ ဗီဒီယို

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ဒေါင်းက အခုချိန်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ပုဂံမြို့သူ” ၊ “လိပ်ပြာစံအိမ်” စတဲ့ ဇာတ်လမ်းတွေ ပြသပြီးတဲ့နောက်မှာတော့ ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဒေါင်းက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။ ဒေါင်းက လက်ရှိမှာတော့ ရေစကြိုမြို့နယ်​ ဖြုံဘူးရွာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ သူသရုပ်ဆောင်ရတော့မယ့် “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အခုကတည်းက ဖြုံဘူးရွာလေးမှာ နေထိုင်ရင်း ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ရွာသူရွာသားတွေရဲ့ နေထိုင်ပုံ ဓလေ့စရိုက်တွေကို လေ့လာရင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒေါင်းက အားလပ်ချိန်မှာတော့ ရေစကြိုမြို့သားတွေနဲ့အတူတူ ခြင်းလုံးခပ်ရင်း ပညာစွမ်းပြခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဒေါင်းရဲ့ ခြင်းလုံးစွမ်းရည်ကို ဗီဒီယိုလေးနဲ့တကွ...

လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ နီလန်း ရဲ့”ရူးတော့မယ်”MV

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် နီလန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ပြိုင်ပွဲဝင်ခဲ့ စဉ်က သူမ ရဲ့ကောင်းလွန်းလှတဲ့ အသံပါဝါနဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားပြီပဲဖြစ်ပါတယ်။ သူမက ပြိုင်ပွဲပြီးဆုံချိန်မှစပြီး နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ နီလန်းရဲ့သီချင်း Video လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ နီလန်းက ” ပျော်ပါတော့ ” ဆိုတဲ့ သီချင်း MV လေးကို ထွက်ရှိထားတာ ဖြစ်ပြီး သူမရဲ့အသဲကွဲ သီချင်းလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။ဒီတစ်ခါမှာလည်း လောကကြီးကထွက်ခွါသွားတဲ့ ချစ်သူနဲ့ သူမ အကြောင်းပုံဖော်ထားတဲ့ ” ရူးတော့မယ် ” MV လေးကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။ နီလန်းက ”...

ရေစကြိုတစ်ဖက်ကမ်းက ပခန်းမင်းရဲ့ နတ်နန်းကို သွားရောက်ဦးတိုက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ကျရာဇာတ်ရုပ်အတိုင်း သူမကိုယ်သူမ ပြောင်းလဲပြီး သရုပ်ဆောင်တိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ ထူးခြားတဲ့ အနုပညာပါရမီကြောင့် နိုင်ငံတကာက အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး ရုပ်ရှင်တွေ ရိုက်ကူးနိုင်သလို ပြည်တွင်းမှာလည်း ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ဒေါင်း၊ အေးဝတ်ရည်သောင်းတို့နဲ့အတူတူ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ရေစကြိုမြို့နယ်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နံနက်မှာတော့ ဝတ်မှုံရွှေရည်က ရေစကြိုတစ်ဖက်ကမ်းမှာရှိတဲ့ ပခန်းမင်းကိုကြီးကျော်ရဲ့ နတ်နန်းမှာ ဖြုံဘူးရွာသူ မခင်နှောင်းအဖြစ် သရုပ်ဆောင်ဖို့ သွားရောက်ခွင့်တောင်း ဦးတိုက်ခဲ့တယ်လို့ သိရပါတယ်။ စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထို့လို့ကြိုမယ်” ဝတ္ထုကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ကိုကျီးညိုအဖြစ် ဒေါင်း၊ ခင်နှောင်းအဖြစ် ဝတ်မှုံရွှေရည်၊ ဖူးငုံအဖြစ် အေးဝတ်ရည်သောင်း၊ အမောင်လေးအဖြစ် ထူးအောင်တို့က သရုပ်ဆောင်ကြမှာ...

သမီးလေး Victoria အမှုမှာ စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းတစ်ခု ကိုပြောပြလာတဲ့ စိုင်းစိုင်း နဲ့ ချစ်သုဝေ

ပြည်သူလူထုတွေကြားမှာ အရမ်းကို ဟစ်ဖြစ်နေတဲ့ ဗစ်တိုးရီးယားလေးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်များစွာက ၀န်းရံခဲ့ကြပါတယ်။ ဒီလိုဝန်းရံကြတဲ့ နေရာမှာ ချစ်သုဝေ နဲ့ လင်းလင်းတို့ ကတော့ အစွမ်းကုန်ကူညီခဲ့ကြသူတွေပါ။ ယနေ့မှာတော့ သမီးလေးနဲ့ ပတ်သက် တဲ့ သတိထားရမယ့် အကြောင်းအရာတွေကို ပြောထားတဲ့ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်လည်မျှဝေရင်း စောင့်ထိန်းအပ်တဲ့ လူမှုစည်းကမ်းဘဲ ဆိုကာ အဆိုတော်၊သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နဲ့ ချစ်သုဝေတို့က ရေးသားဖော်ပြခဲ့ပါတယ်။ မေတ္တာရပ်ခံပန်ကြားချက် ထဲမှာတော့ သမီးတို့မိသားစုဟာ တရားရုံးကို လာရောက်ထွက်ဆိုဖို့ရှိတာကြောင့် အဲ့ဒီအချိန်မှာ သမီးလေး အပါအ၀င် မိသားစုတွေရဲ့ ဓါတ်ပုံကို ရိုက်ကူးခြင်း၊ မျှဝေခြင်းတွေ လုံးဝမလုပ်ကိုင်ဖို့ တောင်းပန်ထားပါတယ်။ သူတို့ရဲ့ မေတ္တာရပ်ခံချက် အပြည့်အစုံကတော့ “သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို...

သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို ပညာသားပါပါနဲ့ ချစ်စရာကောင်းအောင် တုံ့ပြန်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုမက အားပေးခဲ့ရတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံက အအောင်မြင်ဆုံး အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အားပေးသူပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း လူပျိုကြီးအဖြစ် တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိမှာလည်း သီချင်းတွေဆိုရင်း ပရိသတ်တွေကို ပျော်ပျော်ကြီး ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ စကားပြောတတ်လွန်းပြီး အနေတတ်လွန်းလို့ လို့ ပရိသတ်တွေ ချစ်ရတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီတစ်ခေါက်မှာလည်း သူလုပ်ခဲ့တဲ့ အပြုအမူတစ်ခုကြောင့် ပရိသတ်တွေ သဘောကျပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကတော့ စိုင်းစိုင်းခမ်းလှိုင်တင်ထားတဲ့ ပိုစ့်အောက်မှာ ဈေးလာရောင်းတဲ့ ပရိသတ်တစ်ဦးကို စိုင်းစိုင်းက မထင်မှတ်ထားတဲ့ စကားပြောပြီး စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ပို့စ်အောက်မှာ ဈေးလာရောင်းသူကို “ကျွန်တော့ ပို့စ်မှာဝင်ကြော်ငြာရင် ၂၀၀၀ ကျပ် ကျပါတယ်။” ဆိုပြီး ပြန်လည်စနောက်ခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းကတော့...

လူတိုင်းလူတိုင်း နီလန်းလိုဖြစ်ရပ်မျိုးလေးမကြုံရပါစေနဲ့လို့ ဝမ်းနည်းစရာသီချင်းလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ နီလန်း

အချစ်က ဘဝတစ်ခုလို့ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အချစ်ရှိလို့ ဘဝမှာ နေရတာပျော်ရွှင်ပြီး အဓိပ္ပါယ်ရှိလာခဲ့သူတွေလည်း အများကြီးပါ။ အချစ်ကြောင့် ဘဝကြီးကို စတေးပစ်ရလောက်အောင်အထိ အချစ်ကြီးတတ်သူတွေလည်း ဒီလောကကြီးမှာ တွေ့မြင်ကြားသိနေကြရတာမို့ အချစ်ရဲ့ အခန်းကဏ္ဍက ဘဝမှာ ဘယ်လောက်အရေးပါလဲဆိုတာ တွေးမိကြမှာပါ။ မြန်မာအိုင်ဒေါ Season-3 ကတဆင့် လူသိများထင်ရှားလာတဲ့ နီလန်းဟာလည်း အချစ်ရဲ့ ထိုးနှက်မှုဒဏ်တချို့ကို ခံစားခဲ့ရပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာ ချစ်သူရဲ့ ကွယ်လွန်သွားမှုသတင်းဟာ နီလန်းလို လူငယ်အရွယ်လေးအတွက်တော့ ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ တောင်တစ်ခုဖြစ်နေခဲ့ပါတယ်။ သို့ပေမယ့် သူမကိုချစ်တဲ့ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် မြန်မာအိုင်ဒေါရဲ့ 2nd Runner Up အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ နီလန်းဟာ နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ ချစ်ရသူလေးကို ချင်းပြည်ပြန်တိုင်း သတိတရနဲ့ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ ချစ်သူနဲ့အတူ ရှိခဲ့တဲ့အချိန်တွေကိုလည်း အမြဲတမ်း သတိတရရှိနေတဲ့ သူမရဲ့ လွမ်းဆွတ်မှုအတိုင်းအတာတွေကိုလည်း မကြာခဏ တွေ့မြန်ရပြန်ပါသေးတယ်။ နီလန်းကတော့ ဒီနေ့လေးမှာ သူမချစ်သူကိုရည်ရွယ်ပြီးတော့ ရေးသားထားတဲ့ ဝမ်းနည်းဖွယ်သီချင်းလေးကို ပရိသတ်တွေဆီအရောက်ပေးပို့ခဲ့ပါတယ်။ ပြီးတော့ သူမလိုအဖြစ်မျိုး လူတိုင်းမကြုံတွေ့ရပါစေနဲ့လို့လည်း ဆုတောင်းပေးထားပြန်ပါသေးတယ်။ ဒီသီချင်းလေးထဲမှာတော့ နီလန်းက...

ကားအသစ်ဝယ်မလို့စုထားတဲ့ပိုက်ဆံလေးနဲ့ အဖေနဲ့အမေကို ကွန်ဒိုတိုက်ခန်းဝယ်ပေးပြီး Surprise လုပ်လိုက်တဲ့ တိုင်ရွန်

သရုပ်ဆောင်နဲ့ မော်ဒယ် တိုင်ရွန်ဟာ စွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မိန်းကလေူပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။ တိုင်ရွန်က လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ တိုင်ရွန်က အခုလက်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ သမာအာဇီဝအလုပ်နဲ့ အလုပ်လုပ်ကိုင်ရင်း မိဘကို ရှာကျွေးနေတဲ့ သားလိမ္မာလေး တိုင်ရွန်က ဒီတစ်ခေါက်မှာတော့ ဖေဖေနဲ့ မေမေ ပျော်အောင်လို့ Surprise အကြီးကြီး လုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ တိုင်ရွန်က သူစုဆောင်းထားတဲ့ ပိုက်ဆံတွေနဲ့ အဖေနဲ့အမေကို ကွန်ဒိုတိုက်ခန်းကြီးတစ်ခန်း လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ တိုင်ရွန်က သူ့ရဲ့အပျော်လေးကို အခုလိုပဲ မျှဝေထားပါတယ်။ “ဘဝမှာ အပျော်ဆုံးနေ့ ကျွန်တော် အိမ်မက်တွေ တကယ်ဖြစ်ခဲ့ပါပြီ ကျွန်တော် အဖေနဲ့ အမေ အပေါ် ငယ်ငယ်ကဆိုးခဲ့တယ်။ ပညာရေးဆုံးခမ်းမတိုင်ခဲ့ဘူး။ သူတို့ ဖြစ်စေချင်တဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး။ ကျွန်တော့် မှာ ငယ်ငယ်ကတည်းက...

အိမ်ရှင်မတစ်ယောက်အနေနဲ့ ကြောက်စရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သက်မွန်မြင့်

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က ဒီတစ်ခေါက်မှာတော့ အိမ်ရှင်မတွေကို သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ သတိပေးထားတာကို တွေ့ရပါတယ်။ သက်မွန်မြင့်က “မိခင်တစ်ယောက်အနေနဲ့ မျှဝေခြင်းပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့စိတ်မရှိပါဘူးရှင်။ သတိထားရအောင်လို့ပါနော်။ အားချစ်လေးက စားချင်တယ်ဆိုလို့ ဝယ်ပေးမယ် ယူလိုက်ဆိုတော့ ယူလာတယ်။ ဒီတိုင်းမထည့်ပဲ စစ်မိလို့ပေါ့..မှိုဖြစ်နေပြီ အသီးက ပုံထဲကဟာက သပ်သပ်.. ယူလာတဲ့ဟာက မှိုရှိရုံ.. လန့်ပြီး တခြားဟာရှာမိတော့ ပိုဆိုး.. ပုံထဲကဟာဆို မှိုတောင် တော်တော်ရှည်နေပြီ!???” “အရမ်းစိတ်ပူသွားတယ်။ ဒါ မရောင်းသင့်တော့ဘူးလေ။ ဒါ အန္တရာယ် ဖြစ်နေပြီ။ အသီးလေးတွေ ရွေးခွင့်ပေးတဲ့ နေရာတွေရှိတယ်။ နေရာကွာခြားမှုပေါ်မူတည်ပြီး အသီးလတ်တာ သိပ်ကွာတာပဲ.. စိတ်တောင်မကောင်းဘူး??? ကလေးအမေဖြစ်ပြီးနောက်ပိုင်း ဈေးတအားဝယ်ဖြစ်တော့...

ရုပ်ရှင်ရိုက်ဖို့အတွက် ဒေါင်းရှိရာ ရေစကြိုမြို့သို့ ရောက်ရှိနေပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးပြီးတဲ့နောက် အတွဲညီလို့ ပရိသတ်တွေ သဘောကျခဲ့ကြတဲ့ မင်းသားချော ဒေါင်းနဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို တွဲဖက်ပြီး လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး “ဒဏ္ဍာရီမိုး” ကလည်း လတ်တလော ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ တတိယမြောက် တွဲဖက်ပြီး ရိုက်ကူးမယ့် “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အခုဆိုရင် စတင်ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ဒေါင်းက “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာ ဇာတ်ကောင်စရိုက်ပီပြင်ဖို့ သွားရောက် နေထိုင်နေလျက်ရှိပါတယ်။ မနေ့က ဇူလိုင်လ(၁၄) ရက်နေ့မှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကလည်း ဒေါင်းနဲ့အတူတူ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့ ရေစကြိုမြို့နယ် ဖြုံဘူးရွာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဆရာမ...

x