(၄)ယောက်မြောက် ချစ်သူရသွားပြီဖြစ်တဲ့ အရပ်(၃)ပေသာရှိတဲ့ ဖိလစ်ပိုင်မင်းသမီး

ဖိလစ်ပိုင်ဟာသဇာတ်လမ်းတွေမှာ ပရိသတ်ရဲ့အချစ်တော်ကို ရရှိခဲ့တဲ့ Mahal (သို့မဟုတ်) Noemi Tesorero အမည်ရ ဟာသသရုပ်ဆောင်မင်းသမီးဟာ သူမရဲ့ချစ်သူအသစ် Sam Jacinto နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခဲ့ရာ ပရိသတ်တွေ သဘောကျခဲ့ရပါတယ်။ Mahal ဟာ အရပ်(၃)ပေသာ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး၊  Anak ni Janice (၁၉၉၁)၊ Kokey (၁၉၉၇) နဲ့ Id’Nal (Mapusok) (၂၀၁၂)ဇာတ်ကားတွေမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိခဲ့တဲ့ မင်းသမီးပါ။ Mahal ဟာ အချစ်ရေးမှာတော့ ကံကောင်းကံဆိုး ဒွန်တွဲခဲ့သူဖြစ်ပြီး၊ အခု Sam က သူမရဲ့ အချစ်ဦး မဟုတ်သေးပါဘူး။ သူမဟာ မင်းသားချော Jimboy နဲ့လည်း အချိန်တော်တော်ကြာတဲ့အထိ ရွှေလက်တွဲခဲ့ကြသေးပြီး၊ Jimboy နဲ့ ပြတ်ဆဲပြီးနောက်မှာတော့ အဆိုတော် Aries Navarro နဲ့ တွဲခုတ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာတော့ Aries နဲ့ လမ်းခွဲပြီးနောက် ၂၀၁၅ ခုနှစ်မှာ Jobbie...

ပျောက်ဆုံးနေတဲ့ မူကြိုဆရာမလေးကို ကြိုးကွင်းစွပ်အသတ်ခံရသည့် အနေထားဖြင့် ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမလေးအား (၁၀)ရက်အကြာ၌ ကြိုးကွင်းစွပ် အသတ်ခံရသည့်အနေထားဖြင့် ပြန်လည်တွေ့ရှိ။ မုဒုံမြို့နယ် ကော့ခပုံကျေးရွာမှ (၆.၇.၂၀၁၉)ရက်နေ့ညနေ၌ ပျောက်ဆုံးနေသော မူကြိုကျောင်းဆရာမအား ( ၁၅.၇.၁၉)ရက်နေ့ ညနေ၃ နာရီချိန်ခန့်၌ ကွမ်တာကျေးရွာ ဆည်းမြောင်အနီးရှိ ချောင်းအတွင်းတွင် ဂုံနီအိတ်အပြာရောင်ဖြင့် ထုတ်ထားသော အထုတ်တစ်ထုတ်အတွင်း၌ ပျောက်ဆုံးနေသူအား လည်ပင်ကြိုးကွင်းစွပ်လျက် အသတ်ခံရသည့် အနေထားဖြင့် အနီးနားပါတ်ဝန်းကျင်မှ တွေ့ရှိခဲ့၍ မုဒုံမြို့မရဲစခန်းသို့အကြောင်းကြားသောကြောင့် မုဒုံမြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့သည် အခင်းဖြစ်ရာသို့သွားရောက်ပြီးမှတ်တမ်းဓာတ်ပုံများရယူခြင်း၊ မုဒုံအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စေတနာအလင်းရောင် နာကူ အဖွဲ့တို့မှ သေဆုံးသူ၏ ရုပ်အလောင်းအားဆယ်ယူ၍ မုဒုံမြို့နယ်ဆေးရုံ ရင်ခွဲရုံးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ မုဒုံမြို့မရဲစခန်း သေမှုသေခင်းဖွင့်လျက် အသေးစိပ်စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်း သတင်းရရှိသည်။ #အမွှာညီနောင်

၁၈၇မိုင်ဝေးတဲ့ ဆေးရုံကို အမေနဲ့ ညီတင်ပြီး စက်ဘီးဖြင့်လိုက်ပို့ပေးတဲ့ အသက် ၁၃နှစ်အရွယ်ကောင်လေး

အသက် ၁၃နှစ်အရွယ် Quyet Chien ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ညီဖြစ်သူ ၂လသားအရွယ်ကလေး ဆေးရုံတင်ရမယ်လို့ သိတဲ့အခါ အမေနဲ့ ညီလေးကို စက်ဘီးနဲ့တင်ပြီး Hanoi မှာရှိတဲ့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။ ထိုအချိန်မှာ အဖေဖြစ်သူကလည်း အလုပ်ဖြင့်ခရီးသွားတာ ပြန်မရောက်တဲ့အပြင် ဆေးရုံနဲ့ Chien တို့သားမိနေတဲ့ Son La မြို့ဟာ ၁၈၇မိုင်လောင် ဝေးကွာပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတာကြောင့် Chien ဟာ သူ့ရဲ့ ကျောင်းသွားရင်းစီးတဲ့ စက်ဘီးကို ဘရိတ်တွေ၊ လေတွေအကုန်စစ်ပြီး ညီဖြစ်သူနေပြန်ကောင်းဖို့ဇောနဲ့ ပြီးခဲ့တဲ့ ၂၆ရက်နေက အလွန်ဝေးကွာတဲ့ Hanoi မြို့ကို စက်ဘီးဖြင့် ခရီးနှင်ခဲ့ပါတယ်။ Chien ဟာ မရပ်မနားဘဲ လမ်းတစ်လျှောက် နင်းလာတာ ၅နာရီလောက်ကြာတဲ့အခါမှာတော့ မိုင် ၆၀လောက်ဝေးတဲ့ Hoa Binh မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ကလေးဖြစ်တဲ့အပြင်...

သူမရဲ့ဖြူဥနေတဲ့ အတွင်းသားအလှတရားတွေပေါ်လွင်အောင် အောက်စလွတ်နေတဲ့ အမိုက်စားပုံလေးတွေတင်လိုက်တဲ့ နွယ်နွယ်ထွန်း

နွယ်နွယ်ထွန်းကတော့ သာမန်model လေးတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲဝင်ရောက်လာခဲ့ပေမယ့် သူမရဲ့ကြိုးစားမှုတွေကြောင့် အခုအချိန်မှာတော့ အားပေးသူပရိသတ်အခိုင်အမာရရှိလာတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။သူမဟာ ပြုံးလိုက်တိုင်းလှတဲ့ မိန်းမလှလေးတစ်ဦးလည်းဖြစ်တာကြောင့် နွယ်နွယ်ထွန်းဆိုတဲ့အသံကြားတာနဲ့ အားပေးဖို့အသင့်ဖြစ်နေတဲ့ ပရိသတ်တွေလည်းများစွာရှိနေတာတွေ့ရပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် အများဆုံးတင်လေ့ရှိတာတွေ့ရပါတယ်။သူမကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးတွေ ဆက်တိုက်ထွက်နေတာလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း သူမရဲ့ အတွင်းသားအလှတရားတွေပေါ်လွင်စေတဲ့ အမိုက်စားအလှပုံရိပ်တွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံတွေကတော့ တကယ်ကို ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စရာကောင်းလွန်းတာမို့ ပုရိသတွေကြွေစေမှာ အမှန်ပါပဲ။ သူမရဲ့ မရိုးနိုင်တဲ့ အမိုက်စား ခန္ဓာကိုယ်အလှကတော့ မြင်သူတိုင်း ငေးလောက်အောင်ကို ညို့ယူဖမ်းစားနေတာဖြစ်ပြီး အခုနောက်ပိုင်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင်လည်း ရေပန်းစားနေတာဖြစ်ပြီး Sexy ကျကျ အမိုက်စားပုံရိပ်တွေကို ဖေ့ဘွတ်ပေါ်တွင် မကြာခဏဖော်ပြတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်နွယ်ထွန်းရဲ့ အမိုက်စားပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။ Source:Nwe Nwe Htun

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများမှ ဗစ်တိုးဒီးယားလေးအတွက် စတင်လှုပ်ရှားတော့မည်

Victoria လေးရဲ့ အမှုအတွက် အမှန်တရား ဖော်ထုတ်ရေး စတင်လှုပ်ရှားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာလွတ်လပ်သော ရှေ့နေများအသင်းချုပ် ထုတ်ပြန် ….. သတင်းထုတ်ပြန်ချက်၎/၂၀၁၉ ၁-နိုင်ငံတဝှန်းလုံးတွင်သမီးငယ်လေး Victoria ၏အမှု၊ အမှန်တရားပေါ်ပေါက်ရေးအတွက် စိုးရိမ်စိတ်များ အကြီးအကျယ်မြင့်တက်လျက်ရှိသည်။ ၂-ယင်းအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေငြာချက်များသည် အမှုအားစစ်ဆေးကြားနာမည့် တရားရုံးအပေါ်မလိုလားအပ်သော သြဇာသက်ရောက်မှု၊ စကားဦးသန်းမှုဖြစ်စေသည်ဟု ယူဆဖွယ်ရှိနေပါသည်။ ၃-အပြည်ပြည်ဆိုင်ရာ လူမှုရေးနှင့်နိုင်ငံရေးသဘောတူ စာချုပ် (International Covenant on Civil and Political Rights-ICCPR)က နှင်းအပ်ထားသောစွပ်စွဲခံရသူ၏ အခွင့်အရေးများကို ထိခိုက်နိုင်သည်ဟုလည်းယူဆနိုင်ပါသည်။ ၄-မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM)သည် ညီနောင်ရှေ့နေအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရှေ့နေအသင်း (MLA)၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်(MLN) မြန်မာနိုင်ငံ မီဒီယာရှေ့နေများကွန်ရက် (MMLN)၊ ပြည်ထောင်စု ရှေ့နေများအသင်းတို့နှင့်အတူ ဤအမှု၏ဖြစ်စဉ်တိုင်းကို သတိကြီးစွာ စောင့်ကြည့်သွားမည်ဖြစ်ပါသည်။ ၅-DNA ကိစ္စနှင့်ပတ်သက်၍ အမေရိကန်ရှေ့နေအသင်း (ဥပဒေစိုးမိုးရေး) (American Bar...

Victoria လေးအမှုမှာ CID ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ဒဲ့ပြောလိုက်တဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တဦးကို အဓမ္မ ပြုကျင့်မှုနဲ့ တရား ရုံးက ပြန်လည်လွတ်ပေးခဲ့သူ သံသယ တရားခံ အောင်ကြီးကို ရဲတပ်ဖွဲ့ကတော့ နောက်တကြိမ်ဖမ်းဆီးပြီး မုဒိမ်းမှု ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ပြည်သူလူထု ဘက်ကလည်း ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်လုပ်ကိုင်ပုံတွေအပေါ် ဝေဖန်ပြော ဆိုမှု တွေ ပြုလုပ်ခဲ့ကြသလို စစ်မှန်တဲ့ တရားခံ ဖမ်းဆီးနိုင်ဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုတာတွေလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော အခြေအနေတွေမှာ ရဲတပ်ဖွဲ့ရဲ့ အမှုကိုင်တွယ် တရားရုံးတင်မှုတွေ၊ ဝေဖန်သူတွေအပေါ် တရားစွဲ မှုတွေ၊ အားနည်းချက်တွေအပေါ် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုအနေနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦး ဖြစ်သလို ထောင်မှူးကြီးဟောင်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို ဧရာဝတီသတင်းဌာန သတင်းထောက်...

သူ့ရဲ့အမိုက်စားဇိမ်ခံကားကြီးကိုထုတ်ပြလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Video

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို ဆယ်စုနှစ်ကျော်တိုင်အောင်ဆွဲယူဖမ်းစားထားနိုင်သူကတော့ စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုအနုပညာတိုင်းကို လူတိုင်းကမချီးကျူးပဲ မနေနိုင်အောင်ကိုဖြစ်ရတာပါ။ သရုပ်ဆောင်၊အဆိုတော်သာဖြစ်ရုံသာမကပဲ ဝတ္ထုများကိုရေးသားတဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းဟာ အနုပညာမျိုးရိုးရှိသူမဟုတ်ပဲ ကိုယ့်ဒူးကိုယ်ချွန်ကာ အောင်မြင်မှုရရှိအောင်ကြိုးစားခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတိုင်းဟာကိုလည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာပါ။ ဒါ့အပြင် ကိုယ်ပိုင်Production ထောင်ကာ တက်သစ်စအဆိုတော်များကိုလည်း မြေတောင်မြှောက်ပေးသူတစ်ယောက်လည် ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူ့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံရန် မန္တလေးရွှေမြို့တော်ကြီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူရဲ့လူမှုကွန်ယက်မှာတော့ အမိုက်စား ကားကြီးကိုထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီကားကြီးဟာ ဇိမ်ခံကားပုံစံမျိုးပဲ ဖြစ်ပြီး ကားထဲမှာ တီဗီပါထည့်သွင်းထားတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ Insgtagram myday လေးမှာတော့ ကားပေါ်မှာ ဂိမ်းဆော့ကာအပန်းဖြေနေတဲ့ ဗီဒီယိုလေးကို ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက်ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ Source – Sai Sai Kham Leng

အားပေးကြမ်းတဲ့ ရေစကြိုပရိသတ်တွေကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဝတ်မှုံရွှေရည်

စာရေးဆရာမကြီး ခင်ခင်ထူးရဲ့အအောင်မြင်ဆုံး ဝတ္တုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္တုကိုတော့ ဒါရိုက်တာ မီးပွားက ရုပ်ရှင်အဖြစ် အသက်သွင်းတော့မှာမို့ ပရိသတ်တွေအားလုံးက ရင်ခုန်စွာ စောင့်မျှော်နေကြရတာပါ။ အဆိုပါ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်တွေကလည်း တကယ့် ဒိတ်ဒိတ်ကြဲတွေမို့ ခင်နှောင်းနဲ့ ကိုကျီးညိုဇာတ်ရုပ်ကို ဘယ်လိုအမိုက်စား ပုံဖော်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ရိုက်ဖို့ ရေစကြိုသို့ ရောက်ရှိနေပြီဖြစ်ပြီး အားပေးကြမ်းလှတဲ့ နယ်ခံပရိသတ်တွေကြောင့် အံ့အားသင့်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ချစ်ပရိသတ်တွေအတွက် မင်းသမီးကို ချစ်ပြီး အားပေးကြမ်းလှတဲ့ ရေစကြိုပရိသတ်တွေရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ချစ်ဖို့ကောင်းတဲ့ ရေစကြိုက နယ်ခံပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ကို ကားကြီးထဲအထိ တိုးပြီး အားပေးကြမ်းခဲ့ကြတာပါ။ အဆိုပါ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုကျီးညိုအဖြစ် သရုပ်ဆောင်ဖို့အတွက် မင်းသား ဒေါင်းက ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာ...

မိုးထဲလေထဲ ဦးဇော်ကြီးကို ကိုယ်တိုင်သွားရောက်ကူညီခဲ့တဲ့ ချစ်သူလေးဘေဘီမောင်ကို ချီးကျူးစရာဆိုလိုက်တဲ့ သားဂန်း

ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ အဆိုတော်သားဂန်းနဲ့ မင်းသမီးချောလေး ဘေဘီမောင်တို့ကလည်း အပါအဝင်ပါပဲ..။ အောင်မြင်နယတဲ့ ပြည်သူချစ်အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသလို ပရိသတ်တွေကိုယ်စီရရှိထားကြတဲ့ သူတို့စုံတွဲလေးကတော့ အမြဲတမ်း ကြည်နူးမှုအပြည့်ပါပဲနော်..။ အခုတစ်ခါမှာလည်း သားဂန်းတစ်ယောက် စိတ်လှပြီး ချစ်စရာကောင်းတဲ့ သူ့ရဲ့ချစ်သူလေး ဘေဘီမောင်ကို ချီးကျူးစကားလေး ဆိုလိုက်ပါတယ်နော်..။ ကျူးကျော်တဲမှာ နေထိုင်ပြီး အခက်အခဲဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးရဲ့ နေအိမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး ငွေကြေးထောက်ပံ့ခဲ့တဲ့ စိတ်လှချစ်သူလေးကို ချီးကျူးစကားဆိုလိုက်တာပါ..။ ဦးဇော်ကြီးရဲ့ နေအိမ်ကို အတူသွားရောက်ခဲ့ကြတဲ့ ပျော်စရာအမှတ်ပုံရိပ်လေးတွေနဲ့အတူ “လူရော စိတ်ထားရောလှတဲ့သူမ အေးချမ်းပါစေ သူမနားမှာနေခွင့်ရတဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်ဗျာ..” ဆိုပြီး ချီးကျူးစကားလေးဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။ အလှူအတန်းတွေကို ဝမ်းသာအားရလုပ်တတ်တဲ့ မင်းသမီးချောလေး ဘေဘီမောင်ကလည်း “ဒီနေ့ ဦးဇော်ကြီးဆီသွားရောက် ပီးတတ်နိုင်သလောက်လေး ကူညီခဲ့ပါတယ် ဝမ်းသာပီတိမျက်ရည်ကျရပါတယ် ️ဦးဇော်ကြီးလည်း အခက်ခဲတွေကြားမှာ အမြန်ဆုံးအဆင်ပြေပါစေ” ဆိုပြီး...

Victoria လေးအမှုမှ တရားစွဲ ဖမ်းဆီးခံရသူ အောင်ကြီးအား ဒီကနေ့ရုံးထုတ်ပြီး ဇူလိုင် ၂၄ ရက်သို့ ရုံးချိန်း ပြန်လည်ချိန်းဆို

နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုတွင်​ သုံးနှစ်အရွယ်​ မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဒ်မ ၃၇၆ ဖြင့်​ တရားစွဲတင်ခံရသူ ​ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်း ​အောင်ကျော်မျိုး (ခ) ​အောင်ကြီးအား ယနေ့(ဇူလိုင်​ ၁၅ ရက်)တွင် ​နေပြည်တော်​ ဒက္ခိဏခရိုင်တရားရုံးတွင်​ စတင်​ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။ ယနေ့ (ဇူလိုင် ၁၅ ရက်) ရုံးချိန်းတွင် မည်သူ့ကိုမျှ စစ်ဆေးခြင်းမပြုခဲ့သည်ကို တွေ့ရသည်။ ဇူလိုင်​ ၁၅ ရက်​ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင်လည်း ​​ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ​နေထိုင်သူများက Justice for Victoria စတစ်ကာပါ အင်္ကျီများ ၀တ်ဆင်၍ လာရောက်ဝန်းရံခဲ့ကြပြီး ယင်းအမှုကို စိတ်ဝင်စားသည့် ပြည်သူ အများအပြားလည်း လာရောက်​ကြည့်ရှုခဲ့သည်ကို တွေ့ရသည်။ Source : Eleven media

x