အသက် (၃၄)နှစ်ပြည့် မွေးနေ့မှာ သာသနာ့ဘောင်ဝင်သွားတဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်
သူမအပေါ်ရက်စက်ခဲ့တဲ့ အမျိုးသားနဲ့ ယောက္ခမအေကြာင်းကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ မျိုးစန္ဒီကျော်
Zawgyi ဖြင့်ဖတ်ရန် မျိုးစန္ဒီကျော်ရဲ့ အိမ်ထောင်ရေးကွာရှင်းတဲ့ သတင်းကြောင့် ကြားထဲကမြေဇာပင် တစ်ပင်လိုဖြစ်ခဲ့ရတဲ့ သမီးလေးအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေရတာပါ။ မျိုးစန္ဒီကျော်ကတော့ ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးကာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာ ပြတ်ပြတ်ဆဲဆဲကွာရှင်းလက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။ ယခုလို ကွာရှင်းတာကို သူငယ်ချင်းဖြစ်သူ ဂျူလှိုင်မိုးက စိတ်မကောင်းဖြစ်စွာနဲ့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ချစ်စကြင်စအချိန်လေးတွေကို ပြန်လည်ပြောပြပြီး တရားရုံးမှာ သူတို့ကွာရှင်းနေတာကို ကြည့်ပြီး ကြားထဲကနေစိတ်မကောင်းဖြစ်နေရတယ်လို့ Post တစ်ခုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Post အောက်မှာတော့ မျိုးစန္ဒီကျော်တို့ ဇနီးမောင်နှံရဲ့ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုချက်တွေပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကို မျိုးစန္ဒီကျော်က အဲဒီ Post အောက်မှာ သူတို့နှစ်ယောက်ကွာရှင်းရတာကို အကြောင်းစုံမသိသေးတဲ့သူတွေအတွက် သိအောင်နည်းနည်းလေးပြောပြခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ “ငါ့စိတ်ထားဖြူစင်တာ ရိုးသားတာ ငါနဲ့အနီးကပ်ပေါင်းတဲ့သူတိုင်းသိတယ် အလုပ်မရှိတဲ့ယောက်ကျားနဲ့သူ့အမေ သူ့အစ်မ သူ့တူ သူ့တူမတွေကို ငါ့ပိုက်ဆံနဲ့ငှားထားတဲ့အိမ်မှာ ၄နှစ်ကျော် ငါရှာကျွေးခဲ့...
ရွှေထူးကို သိန်းထောင်ကျော်တန်ကား၊ လက်ဝတ်လက်စား၊ ရွှေကွပ်ထားတဲ့ကိတ်တို့နဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုံရတီ
Zawgyi ဖြင့်ဖတ်ရန် နိုင်ငံကျော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်နဲ့ ချစ်လွန်းလို့ ပရိသတ်တွေက အားကျနေရတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်လမ်းခရီးလေးကအစပိုင်းမှာ အခက်အခဲတွေများစွာရှိပေမယ့် အခုချိန်မှာတော့ နှစ်ယောက်လုံးရဲ့ အချစ်ပန်းတိုင်ခရီးမှာ အပျော်ရွှင်ဆုံးဖြစ်နေရပါပြီ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့ကတော့ ရွှေထူးရဲ့ အသက်(၂၇)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ မွေးနေ့မှာ ဇနီးချောလေး ရွှေမှုံရတီက ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲကြီးကို တိတ်တဆိတ် ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ရွှေမှုံရတီနဲ့ ရွှေထူးက မွေးနေ့လေးကို ဟိုတယ်တစ်ခုမှာ ညစာစားရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် တန်ဖိုးကြီးမွေးနေ့လက်ဆောင်တွေကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက ရွှေထူးကို...
Eternal Gosh ရဲ့ “ဝဋ်ကြွေး” သီချင်းကို ဟန်နေတာနဲ့အတူတူ တွဲဖက်သီဆိုခဲ့တဲ့ ခင်ဝင့်ဝါ
Zawgyi ဖြင့်ဖတ်ရန် Eternal Gosh ရဲ့ အဆိုတော့ ဟန်နေတာက အနုပညာပါရမီရှိရုံသာမက ရုပ်ရည်လေးကလည်း ချောမောတာကြောင့် ယောကျာ်းလေး၊ မိန်းကလေးမရွေး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ခင်ဝင့်ဝါကလည်း သူမရဲ့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဟန်နေတာက ပြီးခဲ့တဲ့ရက်ပိုင်းက ခင်ဝင့်ဝါကို မွေးနေ့လက်ဆောင် ပန်းချီကားကြီးကို Surprise လုပ်ပြီး ပေးခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ခင်ဝင့်ဝါရဲ့ မွေးနေ့ပွဲမှာ ဟန်နေတာကို တွေ့ရပါတယ်၊ ဟန်နေတာက ဂစ်တာလေးတီးပေးရင်း ခင်ဝင့်ဝါက သီချင်းဆိုခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ ခင်ဝင့်ဝါ့ ဟန်နေတာရဲ့ ဖျော်ဖြေမှု ခင်ဝင့်ဝါကတော့ Eternal Gosh ရဲ့ Fan girl လေးပီသစွာနဲ့ “ဝဋ်ကြွေး” သီချင်းကို ဆိုပြသွားတာ...
မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် အပြောင်းလဲကြီးပြောင်းလဲသွားကြတဲ့ ပြည်တွင်းက အနုပညာရှင်များ
Zawgyi ဖြင့်ဖတ်ရန် ကိုရီးယားနိုင်ငံရဲ့ရုပ်ရှင်ကားတွေ၊ ကိုရီးယားအနုပညာရှင်တွေဆီကနေ ဆင်းသက်လာခဲ့တဲ့ ပင်ကိုယ်ရှိပြီးသား မျက်နှာအလှကို ပိုမိုလှပအောင် ပြုပြင်ကြတယ်ဆိုတဲ့ ခေတ်ရေစီးကြောင်းတစ်ခုဟာ မြန်မာနိုင်ငံကအနုပညာ ရှင်တွေကြားထဲမှာ ရေပန်းစားခဲ့ပြီး တစ်ချို့အနုပညာရှင်တွေက သူတို့ရဲ့ အားနည်းချက်ရှိတဲ့ အစိတ်အပိုင်း တွေကိုပြုပြင်ခဲ့ကြပါတယ်။ အဲ့လို ပြုပြင်ခဲ့တဲ့နေရာမှာ နှာခေါင်းအလှကို ခဲ့စိတ်ပြုပြင်ခဲ့တာပိုမိုများပြားပြီး တစ်ချို့ကမျက်ရစ်ဖော်ခြင်း မျက်နှာ Vရှိတ်ပြုပြင်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီလိုပြုပြင်ခဲ့ကြတဲ့ အနုပညာတွေကတော့ ကျော်ကျော်ဗို ၊ ထွန်းကိုကို၊ ဇေရဲထက်၊ နန်းခင်ဇေယျာ၊ ရတနာဗို၊ နေခြည်ဦး ပိုးမီ၊ နန်မြတ်ဖြိုးသင်း၊ ၀ိုင်းစုခိုင်သိန်း ၊ညီညီမောင်၊ ဆုပန်ထွာ နဲ့ ဟန်တီ တို့က ခွဲ စိတ်ပြုပြင်ခဲ့ကြတယ်လို့လဲ သိရပါတယ်။ အခြားသော အနုပညာရှင်တွေ၊ မိတ်ကပ်ပညာရှင်တွေ၊ မော်ဒယ်တွေအပြင် ငွေကြေးတက်နိုင်တဲ့ အလှအပကိုကြိုက် နှစ်သက်တဲ့ ပရိသတ်တွေ လဲ ပြုပြင်ပြောင်းလဲ ခဲ့ကြတာတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် ကိုရီးယားနိုင်ငံမှ...
ယုံကြည်ချင်မိပါတယ် မြန်မာပြည်ရဲ့ ဆေးလောကရယ် ခုတော့ သားငယ်လေး ဘန်ကောက်ရောက်ပြီး ၄ နာရီအတွင်း တိကျသေချာတဲ့ ရောဂါအဖြေထွက်တယ်
Zawgyi ဖြင့်ဖတ်ရန် ယုံကြည်ချင်မိတယ် မြန်မာပြည်၏ ဆေးလောက 😢 ခုတော့ သားငယ်လေး အားလုံးကောင်းသွားပါပြီ ဘန်ကောက်ရောက်ပြီး ၄ နာရီအတွင်း တိကျသေချာတဲ့ ရောဂါ အဖြေထွက်တယ် ဘယ်လို treatment ပေးမယ်ဆိုတာ ရှင်းပြတယ် ဘယ်နှစ်ရက်လောက်ဆို ကောင်းမယ် ခု မနက်ဖြန်ဆိုရင်တော့ ဆေးရုံကဆင်းလို့ရပြီ 😊 အသေးစိတ်ဖြစ်ခဲ့တာတွေကတော့…ပထမ မွေးမွေးချင်း ဆေးရုံမှာ CRP ပိုးတွေ့တယ်ဆိုပြီး ပိုးသတ်ဆေးထိုးတယ် (Cannula ကို မထိုးတက်လို့ ၅ချက်ထိုးတယ်, လက်မှာထိုးမရလို့ ခြေထောက်မှာထိုးတယ်တဲ့ အပ်ကဘေးချော်ထွက်နေရော)ဆေးရုံနာမည်တော့ မရေးတော့ပါဘူး nurse တွေရဲ့ ကလေးမကျွမ်းကျင်မှုတွေအျားကြီး ရှိသေး… ( ပိုးသတ်ဆေးမစမ်းပဲ ထိုးတာ ပိုးသတ်ဆေးကို အမြန်သွင်းလို့ ဖြေးဖြေးသွင်းဖို့ပြောရတာ အများကြီး မှ အများကြီး ) ကိုယ့်အခန်းကလေးပြန်ရောက်လာတော့ ဒေါသဖြစ်တာ ဆိုတာလေ… ဆေးရုံကို အဲ့လိုဆို လုံးဝ မဖြစ်သင့်ကြောင်း...
ဖိုးဖိုးလွင်မိုးနဲ့အတူ ကမ်းခြေမှာဆော့ကစားရင်းပျော်နေတဲ့ Liam လေးရဲ့Video လေး
သီချင်းဆို​နေတုန်း ​ရုတ်​တရက်​ ​ကျောင်းသူ​အုပ်​စုလိုက်​ကြီးရဲ့ ​ပြေးဖက်ခြင်း​ကို ခံလိုက်​ရတဲ့ G Fatt ရဲ့ဗီဒီယို
Zawgyi ဖြင့်ဖတ်ရန် ဘာလုပ်​လုပ်​ ပရိသတ်​ကို ​ရှေ့တန်းတင်​ပြီး လုပ်​​လေ့ရှိတဲ့ အဆို​တော်​ G Fatt က​တော့ အနုပညာနဲ့ပတ်​သတ်​ပြီး သူ့ရဲ့ ဖန်​တီးမှုစွမ်းရည်​​ကြောင့်​ လူငယ်​ပရိသတ်​​တွေရဲ့ သဲသဲလှုပ်​အား​ပေးခြင်းကို ရရှိထားသူတစ်ဦးပါ။ လတ်​တ​လောမှာ​တော့ G Fatt က ​နေပြည်​​တော်​က အထက်​တန်း​ကျောင်းတစ်​ခုမှာ ​ဖျော်​​ဖြေ​ရေးအတွက်​သွားရင်း ​ကျောင်းသူ​လေး​တွေအုပ်​စုလိုက်​ကြီးရဲ့ အား​ပေးခြင်းကို ရရှိခဲ့တဲ့ ဗီဒီယို​လေးကို လူမှုကွန်ယက်မှာ ​ဝေမျှ​​ပေးထားတာ ​တွေ့ရပါတယ်​။ သီချင်းဆို​နေတုန်း G Fatt ကို စင်​​ပေါ်အထိ တက်ပြီး ​ပြေးဖက်​ခဲ့ကြတဲ့ ​ကျောင်းသူ​လေး​တွေက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းပါတယ်​​နော်​။ ချစ်ပရိသတ်တွေအတွက် အထက်​တန်း​ကျောင်းသူ​လေး ​တွေရဲ့ သည်းသည်းလှုပ်​ ဝန်းရံခြင်းကို ခံလိုက်​ရတဲ့ G Fatt ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။ G fatt က​တော့ “နေပြည်တော်က မဟာပညာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဒီနေ့သွားဆိုတယ်နောက်ဆုံးအပုဒ်နဲ့လဲနှုတ်ဆက်ရော အားလုံးပြေးဖက်ကြပါလေရော 🤣😍အရမ်းပျော်ခဲ့ရတယ် .. အခုလို...
ဦးနှောက်ရဲ့ ညာဘက်အခြမ်းမှာ သွေးခဲပြီး အမာရွတ်ဖြစ်ကာ လေဖြတ်ခဲ့တဲ့ ဇာတ်မင်းသားဟန်ဇာမိုးဝင်း
Zawgyi ဖြင့်ဖတ်ရန် အနုပညာလောကမှာ မြန်မာ့ဇာတ်သဘင်ပညာကတော့ ယနေ့အချိန်အထိအောင်မြင်နေတဲ့ ပညာရပ်တစ်ခုပါ။တစ်ခေတ်တစ်ခါက မြန်မာဇာတ်သဘင်လောကမှာအောင်မြင်နေတဲ့ မင်းသားတွေများစွာရှိပေမယ့် မင်းသားကြီး စိန်မာဒင်နဲ့ မြေးဖြစ်သူ မင်းသားကြီး ဦးမိုးမင်း၊မင်းသားကြီး မိုးဝင်း တို့က မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်မှုထိပ်တန်းကို ရောက်ရှိခဲ့တဲ့ မင်းသားကြီးတွေပဲဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အဆိုပါမင်းသားကြီးတွေရဲ့ အမွေကို ဆက်ခံနိုင်တဲ့ မင်းသားတစ်ဦးကတော့ ပေါ်ထွက်ခဲ့ပါပြီ။ သူကတော့ မင်းသားကြီး စိန်မာဒင်ရဲ့ မြေး၊ မင်းသားကြီး ဦးမိုးမင်းရဲ့ တူဖြစ်ပြီး ဖခင်ဖြစ်သူ မင်းသားကြီး မိုးဝင်းတို့ရဲ့ သား ဟန်ဇာမိုးဝင်းပဲ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းကလည်း မိဘဘိုးဘွားတွေရဲ့ ခြေရာကို အပြည့်နင်းနိုင်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ မင်းသားဟန်ဇာမိုးဝင်ကို (၁၉၈၄) ခုနှစ် စက်တင်ဘာ (၇)ရက်မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီလမှာကျရောက်တဲ့ သူရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လွန်ခဲ့တဲ့ (၈) နှစ်က လေဖြတ်သွားခဲ့တဲ့ အကြောင်းကို ပြန်လည်ပြောပြရင်း စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တွေအတွက်...
နေ့ခင်းကြောင်တောင် နေအိမ်မှာ အနုကြမ်းစီးခံလိုက်ရတဲ့ အဆိုတော် လင်းလက်မြင့်မိုရ်
တေးသံရှင် လင်းလက်မြင့်မိုရ်က “ကိုအာလူး” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပြီး ပရိသတ်တွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ တေးသံရှင် လင်းလက်မြင့်မိုရ်က သူမရဲ့ နေအိမ်မှာ နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရတာနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ သတိထားနိုင်အောင် အခုလိုပဲ မျှဝေပြောပြထားပါတယ်။ “ကိုယ့်အိမ်ထဲကိုယ်နေတာတောင် စိတ်မချရတော့တဲ့ဘဝပါ။ ဒီနေ့မနက်၁၀နာရီဝန်းကျင်က ဖြစ်သွားတာပါ။ အနုကြမ်းစီးတာလား ဓားပြတိုက်တာလားမသိတော့ပါ။ ကျမအသက်မသေလို့ပဲကံကောင်းတယ်မှတ်ရမယ်။ ဖြစ်စဉ်လေးပြောပြပါမယ်။” ” ဖြစ်တာက အင်းစိန်ပေါက်တောဝမုဒိတာအိမ်ရာ၂ပါ ကျမအခန်းက၈လွှာအပေါ်ဆုံးထပ်ပါ။ အပေါ်မှာမျက်နှာကျက်ပဲရှိပါတော့တယ်။ မနက်၁၀နာရီဝန်းကျင်ပါ။ ကျမအခန်းထဲမှာအိပ်နေတုန်း ကျမအိပ်ခန်းရဲ့အရှေ့ဘက်မှာအခန်းလွတ်တစ်ခုရှိပါသေးတယ်။ အဲ့အခန်းမျက်နှာကျက်ကိုဖောက်ပြီး လူဝင်တာပါ။” ” အဲ့ကဝင်ပြီးကျမအိပ်ခန်းထဲကိုဝင်လာပါတယ်။ အိပ်နေရင်းခြေသံကြားလို့ ခေါင်းရင်းမှာရှိတဲ့ဓားကိုလှမ်းအဆွဲ မျက်နှာအောက်ပိုင်း တစ်ဝက်အဝတ်စနဲ့စည်းထားတဲ့အဲ့သူခိုးက သူအသင့်ကိုင်လာတဲ့ဓားနဲ့ပြေးထောက်ပါတယ်။ ခုခံဖို့ကြိုးစားရင်သတ်ပစ်မည်ဟုခြိမ်းခြောက်တယ်။ ကိုယ့်လက်ကဓားက ဓားအိမ်နဲ့ဆိုတော့ သူကအရင်လက်ဦးသွားပါတယ်။ ကိုယ်ဓားချလိုက်ရတယ်။” “ကျမတစ်ယောက်တည်းနဲ့ အဲ့သူခိုးနဲ့ပါ မျက်နှာကျက်အပေါ်မှာ သူ့အဖွဲ့ပါသေးတယ်ပြောတယ်။ အော်ရင်သတ်ပစ်မယ် ခုခံရင်သတ်ပစ်မယ်ဆိုတော့ မိန်းမတစ်ယောက်အားနဲ့ မနိုင်ပါဘူး။ ရှိတာတွေပေးဖို့ထုတ်ခိုင်းပါတယ်။...
x