ဖန်သားပြင်ထက်ကနေပျောက်ကွယ်နေခဲ့တဲ့ ပရိသတ်တို့ရဲ့အချစ်တော် ကျန်ကျောင်း (သို့မဟုတ်) Kenny Ho

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်တုန်းက မြ၀တီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသခဲ့တဲ့ တရုတ်ဇာတ်လမ်းတွဲတစ်ခုရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကတော့ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင် အချိန်ကာလမှာ မွေးဖွားခဲ့ကြတဲ့သူတွေအတွက် ဒီနေ့အချိန်ထိမေ့မရနိုင်သေးတဲ့ “ပြည်သူ့တရားရှင်” (ခ) ပေါင်ချိန် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ပညာရှိသုခမိန် ပေါင်ချိန်၊ ဆရာ ကုန်းစွန်း၊ ကိုယ်ရံတော် ကျန်ကျောင်း၊ ၀မ်ချောင်၊ မာဟန့်၊ ကျန်းလုံး၊ ကျောက်ဟူ အစရှိတဲ့ ဇာတ်ကောင်ရဲ့ နာမည်ဟာဆိုရင်လည်း ဒီနေ့အထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေဆဲပါ။ ပရိသတ်တို့ရဲ့ ပါးစပ်ဖျားမှာ စွဲနေတာက ဇာတ်ကောင်တွေရဲ့ နာမည်တွေတင်ပဲ မဟုတ်ပါဘူး။ ခိုင်ဖုန်းတရားရုံး၊ ခွေးခေါင်းဓားစက်၊ နဂါးခေါင်းဓားစက် အစရှိတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ တရားစီရင်ရာမှာ မျှမျှတတနဲ့ မည်သူကိုမှ ဘက်လိုက်မှုမရှိပဲ စီရင်ဆုံးဖြတ်တတ်တဲ့ ပညာရှိသုခမိန် ပေါင်လူကြီးမင်း (သို့မဟုတ်) ပေါင်ချိန်ဟာ ထိုအချိန်တုန်းက ကလေးတွေရဲ့ အချစ်တော်ဇာတ်ကောင်တစ်ခုဖြစ်ခဲ့သလို ပေါင်ချိန်ရဲ့...

အိမ်ထောင်ပြုသွားတဲ့ သူထူးစံအတွက် ဂုဏ်ယူကျေနပ်နေတဲ့ ခွန်းဆင့်နေခြည်

‘မှော်ဝင်သမန်းကျား’ ဇာတ်ကားတွင် တွဲဖက်သရုပ် ဆောင်ခဲ့သည့် သူငယ်ချင်း သူထူးစံအိမ်ထောင်ပြုသွားသဖြင့် ဂုဏ်ယူကြောင်း သရုပ်ဆောင်ခွန်းဆင့် နေခြည်က ပြောသည်။ ‘‘သူက အဲဒီကလေးမနဲ့ ကြိုက်တာ ခြောက်နှစ်လောက်ရှိ ပြီ။ သူတို့လည်း ဖူးစာပါလို့ ညား တာပေါ့။ သူလည်း အိမ်ထောင်ပြု သင့်တဲ့အရွယ်ကို ကျော်နေပြီဆို တော့ အိမ်ထောင်ပြုသွားတဲ့အ တွက် မခွန်းဆင့်က ကျေနပ်တယ်။ ကိုယ့်ရဲ့သူငယ်ချင်း လူပျိုကြီးတစ် ယောက် လူပျိုကြီးဘ၀ကို စွန့် လွှတ်သွားပြီ။ အရင်က သူ့ဘ၀ က ဇဝေဇ၀ါဖြစ်နေတာ။ အခုက Stable ဖြစ်သွားပြီဆိုတော့ မခွန်း ဆင့်ကျေနပ်တယ်’’ဟု ၎င်းက ပြောသည်။ ၎င်းနှင့် သူထူးစံသည် ငယ် သူငယ်ချင်းများကဲ့သို့ ရင်းနှီးပြီး သူထူးစံသည် ရိုးသားသူတစ် ဦးဖြစ်ကြောင်း ၎င်းကပြောသည်။ ‘‘သူက ရိုးရိုးကြီး။ မသိရင် ဖိုက်တာလိုလိုနဲ့ ရိုးတယ်။ သဘော...

ရီလွန်းအားကြီးလို့ သူငယ်ချင်းတွေရဲ့ရေသန့်ဘူးနဲ့ ဝိုင်းရိုက်တာခံလိုက်ရတဲ့ ဝိုင်းလေးရဲ့အခွီဗီဒီယိုလေး

ဝိုင်းလေးက အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့အနုပ ညာရှင်တစ်ယောက်ဖြစ် ပါတယ် ။ သူမရဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်လက်ခံအား ပေးလာ တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက် လည်းဖြစ်ပါတယ် ။ယခုမှာတော့ ဝိုင်းလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။ ဝိုင်းလေးကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ ချိုသာလွန်းတဲ့ အပြုံးလေးတွေကြောင့် ချစ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနေတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ဝိုင်းလေးတစ်ယောက် ချစ်စရာကောင်းလွန်းတဲ့ အခွီဗီဒီယိုလေးကို လူမူကွန်ယက်ပေါ်တင်ပေးခဲ့ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။ ယနေ့မှာတော့ ဝိုင်းလေးတစ်ယောက် ရီလွန်းအားကြီးလို့ သူငယ်ချင်းတွေရဲ့ရေသန့်ဘူးနဲ့ ဝိုင်းရိုက်တာခံလိုက်ရတဲ့ အခွီဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ် တင်ပေးခဲ့ပါတယ်။ အဆိုပါဗီဒီယိုလေးဟာ ကြည့်ရူသူပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခြဲ့ပီး အချစ်တွေလဲ ပိုစေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Video ကြည့်ရန် SOURCE: WYNE LAY Facebook Comments

ဝက်​သက်​​ပေါက်​တာကို ငွေကျပ် ဆယ့်လေးသိန်းကုန်ပြီးကုသလိုက်ရတဲ့ ပုဂ္ဂလိက​​ဆေးရုံတစ်ခုအ​ကြောင်း ဖွင့်ဟလိုက်တဲ့ အလှမယ် ထားထက်ထက်

2013 ခုနှစ်ရဲ့ Miss Grand Myanmar အလှမယ် ထားထက်ထက်ကတော့ ဒီရက်ပိုင်းတွေမှာ ဆေးရုံတက်နေခဲ့ရတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတချို့နဲ့အတူ သူမရဲ့ Surprise အစီအစဉ်လေးကလည်း ထားထက်ထက်ကို ပရိသတ်တွေသိစေနိုင်မယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။ အလှမယ်ထားထက်ထက်ဟာ 2013 ခုနှစ်ရဲ့ Miss Grand Myanmar ဆုရှင်ဖြစ်ခဲ့ပြီးတော့ ပရဟိတအလုပ်တွေကိုပါ အဖွဲ့စည်းတွေနဲ့ပေါင်းပြီးလုပ်ကိုင်ခဲ့သူတစ်ဦးပါ။ သူမကတော့ ဆေးရုံတက်နေခဲ့ရတာ ရက်အတော်ကြာနေပြီဖြစ်ပါတယ်။ ဆေးရုံတက်စဉ်အချိန်မှာအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းတွေနဲ့ သူမဝက်သက်ပေါက်နေခဲ့တာကို နောက်ဆုံးကျမှ သိရှိခဲ့ရပြီး ငွေကျပ် ဆယ့်လေးသိန်းကုန်ကျခဲ့တာတွေကြောင့် သူမတက်ခဲ့တဲ့ ဆေးရုံအကြောင်းကိုဖွင့်ဟပြောဆိုလိုက်တာဖြစ်ပါတယ်။ “7.12.2018 ညဘက်ထဲက နေမကောင်းဖြစ်ချင်သလိုဖြစ်နေလို့ဆိုပြီး ဆေးကြိုသောက်ပြီး အိပ်ခဲ့ပေမယ့် နောက်နေ့မနက်မှာ တော်တော်လေး နေမကောင်းဖြစ်လို့ အလုပ်တောင်သွားနေရင်း မလုပ်နိုင်တော့လို့ကားပေါ်မှာပဲ အိပ်နေရတယ်။ တနေကုန်လဲ ဆေးသောက်ပြီးနားနေပေမယ့် အခြေအနေက မသက်သာပဲ တော်တော်လေးဆိုး မထနိုင်ဖြစ်လာတာနဲ့ ဆေးခန်းသွားမှဖြစ်တော့မယ်ဆိုပြီး ကိုယ်ရှိနေတဲ့နေရာနဲ့ အနီးဆုံးဆေးရုံကိုပဲ အမြန်ရောက်ချင်နေတာနဲ့ လူကလဲ ဘယ်လိုမှတောင့်မခံနိုင်တော့တာနဲ့ ရွှေဂုံတိုင်ဆေးရုံကို...

ဖြိုးမြတ်အောင်နဲ့ စုံတွဲမသီဆိုနိုင်တဲ့အပေါ် အထင်လွဲမှုတွေကို ဖြေရှင်းလိုက်တဲ့ တင်ဇာမော်

ရွှေအက်ဖ်အမ်နှစ်ပတ် လည်ပွဲတွင် ဖြိုးမြတ်အောင်နှင့် စုံတွဲသီဆိုထားသည့် သီချင်းတွင် မပါဝင်သည့်အပေါ် ပရိသတ် အထင်လွဲနေသောကြောင့် စိတ်မ ကောင်းဖြစ်ရကြောင်း တင်ဇာ မော်က ပြောသည်။‘‘အစ်မလည်း ပရိသတ်ဘက်ကို နားလည်ပါတယ်။ အခု အစ်မ မြင်နေရတာက အစ်မဘက်က ပရိသတ်နဲ့ ဒီကလေး (ဖြိုးမြတ် အောင်)ဘက်က ပရိသတ်ပြောဆို နေကြတာ စိတ်မကောင်းဘူး။ မဖြစ်စေချင်ဘူး။ အစ်မတို့ အနု ပညာရှင်တွေအားလုံးက သိတဲ့ အတိုင်းပဲ။ တစ်ယောက်နဲ့ တစ် ယောက် ဆေးစက်ကျရာ အရုပ် ထင်အောင် ကကြတာပဲ’’ဟု တင် ဇာမော်က ပြောသည်။ ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ် သော ရွှေအက်ဖ်အမ်နှစ်ပတ် လည်ဖျော်ဖြေပွဲတွင် Myanmar Idol Season 3 မှ Finalist ပြိုင်ပွဲ ဝင်များနှင့် နာမည်ကြီးအဆိုတော် များ စုံတွဲသီဆိုဖျော်ဖြေသည့်...

အဖြေပေးပြီး ချစ်သူဖြစ်တဲ့နေ့ ၆ ရက်နေ့လေးမှာ အမှားသီချင်းလေးတင်ဖြစ်သွားတယ်ဆိုတဲ့ ရွှေမှုန်ရတီ

ရွှေမှုန်ရတီရဲ့ အမှား သီချင်းကတော့ ပရိသတ်တွေကြား အင်မတန်ပေါက်ပြီးရေပန်းစားသွားတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ Joox Application ရဲ့ မြန်မာသီချင်းတွေထဲမှာလည်း နံပါတ် တစ် နေရာကို ချိတ်ခဲ့တဲ့ အမှား သီချင်းလေးကို ခင်ပွန်းသည်ဖြစ်တဲ့ ရွှေထူးက ချစ်သူဘဝတည်းက ရေးပေးခဲ့တာလို့ သိရပါတယ်။ သရုပ်ဆောင်ပိုင်းမှာတင်မကဘဲ အသံပိုင်းဆိုင်ရာမှပါ မခေသူတစ်ယောက်ဖြစ်တဲ့ရွှေမှုံရတီကတော့ သီချင်းထဲမှာပါလာတဲ့အသံဟာ ပြင်ဆင်ထားတဲ့အသံမျိုးမဟုတ်ဘဲ သီချင်းဆိုလိုက်လို့ မိုက်ထဲရောက်သွားရင် သူမအသံဟာ သေးသွားတာဖြစ်တယ်လို့ဆိုပါတယ်။ “ဒီသီချင်းလေးကို ဘယ်တုန်းက ရေးပေးထားတာလဲဆိုတော့ ကြိုက်ပြီး တစ်လလောက်မှာ သူရေးတယ် ရေးပြီးတော့ သူTrainတယ်ပေါ့နော် ဘယ်လောက်အထိ Trainလည်းဆိုရင် ရေချိုးလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့ အိမ်သာသွားလည်း အဲ့သီချင်းပဲ အော်ဆိုရမယ်တဲ့ လမ်းလျှောက်လည်း အဲ့သီချင်းပဲဆိုတော့ အဲ့တာကိုပဲ တော်တော်ကြာကြာ Train လိုက်ပြီးတော့ စတူဒီယိုထဲမှာ သွင်းခိုင်းတယ် Ready ဖြစ်ပြီဆိုတော့မှ သွင်းခိုင်းတော့ အဲ့တစ်နေ့ထဲမှာ မနက်မိုးလင်းထဲက သွင်းလိုက်တာ အချိန်အားလုံးပေါင်း...

ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေး စိုးပြည့်သဇင်

အနုပညာအသိုင်းဝိုင်းကြီးက ဆင်းသက်လာသူလေး စိုးပြည့်သဇင်ကတော့ အနုပညာနဲ့ပတ်သတ်ရင်ပါင်းစုံမှာ ထူးချွန်လှတဲ့သူလေးလို့ဆိုရပါမယ်။သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေအားလုံးသိတဲ့ အနုပညာစွမ်းရည်တွေနဲ့ ပြည့်ဝသူလေးဖြစ်သလို အဆိုဂီတဘက်မှာလည်းသူမတူတဲ့စွမ်းရည်မျိုးတွေနဲ့ သီဆိုနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။အေးချမ်းတည်ငြိမ်လှတဲ့ အပြုံးလေးတွေနဲ့ အပြစ်ကင်းစင်တဲ့ သူမရဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေအားလုံးအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ဝန်းရံမှုတွေကို အပြည့်အဝအခိုင်အမာရရှိထားသလို သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကိုလည်း ဆွတ်ခူးပိုင်ဆိုင်ထားတာပါ..။ စိုးပြည့်လေးကတော့ ဒီဇင်ဘာ… 22ရက်နေ့မှာ…. သီချင်းလေးတစ်ပုဒ်ကို ချစ်တဲ့သူတွေ နားဆင်ဖို့ကြိုးစားနေပါတယ် 😍 ဆိုပါတယ်။ ပရိသတ်ကြီးအတွက် စိုးပြည့်သဇင်ရဲ့ ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ စိုးပြည့်ကိုချစ်ရင် Share သွားဖို့မမေ့နဲ့နော် Facebook Comments

အမိုက်စားခန္ဓာကိုယ်ကြီးကိုပိုင်ဆိုင်ထားတဲ့ ခင်ရတနာလွှမ်းမိုးရဲ့ ချစ်စရာ Tik Tok ဗီဒီယို

ခင်ရတနာလွှမ်းမိုးကတော့ အနုပညာလောကထဲက သရုပ်ဆောင် စည်ဖြိုးရဲ့ ချစ်သူလေးပါ။ ချစ်စဖွယ်မျက်နှာထားလေးနဲ့အတူ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ သိပ်မကြာခင်မှာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးနေရတဲ့ ခင်ရတနာလွှမ်းမိုးဟာ အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာခဲ့သူလေးပါ။ ဖိုတိုမော်ဒယ်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ သူမက ယခုချိန်မှာတော့ ဒုတိယအကြိမ် အနုပညာလောကထဲကို သရုပ်ဆောင်အဖြစ် ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ ခင်ရတနာလွှမ်းမိုးကိုတော့ ပရိသတ်တွေက သရုပ်ဆောင်စည်ဖြိုးရဲ့ သီတင်းကျွတ်ကန်တော့တဲ့ပုံရိပ်တွေမှာ စတင်သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ သူမကို ပိုမိုပြီး သတိထားမိစေတဲ့အချက်ကလည်း သူမရဲ့ ခန္ဓာကိုယ်အလှကြောင့်ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင် ခင်လွှမ်းကတော့ ချစ်ဖို့ကောင်းတဲ့ Tik Tok ဗီဒီယိုလေးကို ဆော့ထားတာဖြစ်ပါတယ်။ Tik Tok ဟာယနေ့ လူမှုကွန်ယက်တွေပေါ်မှာ ရေပန်းစားနေတဲ့ ချစ်စရာဗီဒီယိုအသွင်လေးတွေဖြစ်ပြီးတော့ ခင်လွှမ်းကလည်း ဘယ်လို ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားလဲဆိုတာ ပရိသတ်ကြီးက ကြည့်ရှုကြည့်ပါဦးနော်။ Video ကြည့်ရန် Source : We Love Cele...

မတော်တဆမှုတစ်ခုကြောင့် ပုရိသတွေစိတ်ပူရအောင်လုပ်လိုက်တဲ့ သင်ဇာဝင့်ကျော်

ပုရိသတွေရဲ့ ဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အမိုက်စား Sexy ဒီဇိုင်းတွေနဲ့ ပရိတ်သတ်တွေကို တစ်နေ့တစ်မျိုးမရိုးအောင်အလှတရားတွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ သူတစ်ယောက်ဆိုတာတော့ ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။ ဘယ်အရာကို ဖြစ်ဖြစ် အပြုံးလေးနဲ့ပဲ ရင်ဆိုင်တတ်တဲ သင်ဇာက ပရိတ်သတ်အခိုင်အမာနဲ့ ယခုချိန်ထိအောင်မြင်နေဆဲ ဖြစ်တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ International ဆန်တဲ့ ဒီဇိုင်းတွေကြောင့် အများနဲ့ မတူပဲ ထူးခြားနေပြီး မြန်မာယဉ်ကျေးမှုအရ အနည်းငယ်သွေးဖယ်နေတာကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကိုခံနေရတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဝေဖန်မှုတွေရှိရှိ သင်ဇာကတော့ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်အောင် အတိုက်အခံတွေကြားကနေ အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလည်း မတော်တဆမှုတစ်ခုကြောင့် ခါးကို ဆေးစည်းခဲ့ရတဲ့ သင်ဇာက သူရဲ့ အဖြစ်ကို ” အသွားမတော်တလှမ်းတဲ့…ကမြင်းကြောထမိတာ…ခုတော့ဆေးစည်းရပြီ ” ဆိုတဲ့ စာလေးနဲ့ အတူ ပရိတ်သတ်တွေကို...

စီစဉ်သူမအေးအေးဝင်းနဲ့ ရုပ်ရှင်လောကကို တိုင်တည်ပြီး မိုးအောင်ရင်ရဲ့ မွေးစားဖခင်ရေးလိုက်တဲ့ပေးစာ

မကြာသေးခင်က ထောင်ဒဏ်နှစ်ရည် ချမှတ်ခံလိုက်ရတဲ့ မိုးအောင်ရင် ရဲ့ ဖြစ်ရပ်ဟာ ရုပ်ရှင်လောက တစ်ခုလုံး ကို ခြောက်ခြားစေခဲ့ပါတယ်။ မိုးအောင်ရင် အခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိနေတဲ့အတွက် မိုးအောင်ရင် ရဲ့ မိသားစုဝင်တွေကတော့ အထူးအယူခံဝင်မယ် လို့ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မိုးအောင်ရင် ရဲ့ မွေးစားဖခင်သဖွယ်ဖြစ်တဲ့ ဦးအုန်းက နိုင်ငံကျော် စီစဉ်သူ မအေးအေးဝင်း နဲ့ ရုပ်ရှင်လောကသားတွေကို တိုင်တည်ပြီး ပေးစာတစ်စောင်ရေးသားလိုက်ပါတယ်။ မိုးအောင်ရင်အတွက် အခုလိုရေးသားလိုက်တဲ့ပေးစာမှာ မိုးအောင်ရင် ရဲ့ အနစ်နာခံမှု ၊ ရိုးသားဖြူစင်မှု နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရစဉ်က ဖြစ်ရပ်တစ်ချို့ကို ထည့်သွင်းရေးသားထားပါတယ်။ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်မိုးအောင်ရင် အပြစ်ပေးခံရတာကို အလေးပေးပြောဆိုထားတာမဟုတ်ပဲမိုးအောင်ရင်တစ်ယောက် မူးယစ်ရောင်းဝယ်ဖြန့်ချိသူတွေကို အရေးယူတဲ့ ပုဒ်မ ၁၉ (က) အရ အပြစ်ပေးခံရတဲ့အပေါ်တိုင်တည်ရေးသားထားတာဖြစ်ပါတယ်။ အဆိုပါ ပေးစာကို ရုပ်ရှင်လောကသားတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ နေမင်း ၊...

error: Content is protected !!