ချစ်သူလေးနဲ့အတူ လူကြီးမိဘတွေကို သွားရောက်ကန်တော့ခဲ့တာကြောင့် လက်ထပ်တော့မလားလို့ မေးခွန်းထုတ်ခြင်းခံနေရတဲ့ စည်ဖြိုး

လက်ရှိမှာတော့ ပြည်သူချစ် မင်းသားချောဖြစ်တဲ့ စည်ဖြိုးဟာ အလင်းနဲ့ လူ အက်ရှင်ဇာတ်လမ်းကို ရိုက်ကူးနေပြီး ဘုန်းကြီးလူထွက် လက်ဝှေ့သမားတစ်ဦး အဖြစ် သရုပ်ဆာင်မဲ့ဒီဇာတ်ရုပ်ကို ပီပြင်အောင် လနဲ့ ချီပြီး ကိုယ်ခံပညာနဲ့ လက်ဝှေ့ပညာကို သင်ယူခဲ့ပြီး အကောင်းဆုံး ကြိုးစားခဲ့ရပါတယ်။ လတ်တလောမှာ ညီအကို ချစ်ခင်ရတဲ့ မင်းသားချော မင်းသွေးကွယ်လွန်သွားခဲ့ရတာကြောင့် ယူကျုံးမရ ဖြစ်ခဲ့ရသလို စည်ဖြိုးအနေနဲ့ လည်း တတ်အားနိုင်သလောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးဖိုးဖွားအယောက် (၁၇၀) ကို လှူဒါန်းဖို့ အတွက် မင်းသားနေတိုးနဲ့ အတူ မတည်ငွေ တစ်ယောက် (၅) သိန်း စီပါဝင်ခဲ့ပြီး အခြားသော အနုပညာရှင်တွေ ဆီကနေလည်း ဦးဆောင်ကောက်ခံပေးခဲ့ပြီး အလှူငွေ (၄၅)သိန်း တိတိ ရရှိခဲ့ပါတယ်။ “မင်းသွေးနှင့်သူကိုချစ်သူများကောင်းမှု”ကနေ ရရှိခဲတဲ့ အလှူငွေ (၄၅)သိန်း တိတိ ကို မင်းသွေးအတွက် လှူဒါန်းပေးခဲ့ပြီး ကွယ်လွန်ခဲ့ပြီးဖြစ်တဲ့...

လင်းဇာနည်ဇော်ရဲ့ဖခင် ဒါရိုက်တာ ဦးခင်ဇော်တို့ ဇနီးမောင်နှံကိုသွားရောက် ကန်တော့ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

ပြည်သူ့အချစ်တော် တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသား၊ မင်းသမီးတွေပဲဖြစ်ကြပါတယ်။ သားလေးဖိုးတီနဲ့ သမီးလေး ပြေသုန္ဒြာတို့နဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလှတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကြပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကြပြီးတော့ နှစ်စဉ်နှစ်တိုင်း ပညာသင်ဆုတွေကိုစိစစ်ပြီး ထောက်ပံ့မှုတွေပြုလုပ်နေကြတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ ယခုအချိန်ထိ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာကိုရိုက်ကူးနေရပြီးတော့ ခရီးတွေထွက်နေရတာကြောင့် ဇနီးမောင်နှံ နှစ်ဦး အိမ်မှာ အတူရှိတဲ့အချိန်တောင် ရှားပါးလွန်းလှပါတယ်။ သို့ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်နေကြတဲ့ ပရိသတ်က အားကျဖို့ကောင်းလှတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာလည်း ပြေတီဦးတို့မိသားစုလေးပါပဲ။ ယနေ့မှာလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ဒါရိုက်​တာ မိုက်​တီး၊ သရုပ်​​ဆောင်​ ချစ်​ချစ်​​ဇော်​၊ လင်းဇာနည်​​ဇော်​ တို့ရဲ့ မိခင်​ နဲ့ ဖခင်​ ဒါရိုက်​တာ ဦးခင်​​ဇော်​တို့ကို သွား​ရောက်​ဂါရဝပြု ကန်​​တော့ခဲ့ကြပါတယ်။ ကျေးဇူးရှင်ဆရာတွေကို ယနေ့အချိန်ထိတိုင် ကျေးဇူးသိတတ်စွာနဲ့ သွားရောက်ကန်တော့ကြတဲ့ ပြေတီဦးတို့ဇနီးမောင်နှံရဲ့ ပုံရိပ်တွေဟာလည်း...

” မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပေါ်လာစေခဲ့တဲ့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော် ဗီဒီယိုဖိုင်

ရုံမတင်ရသေးခင်မှာတင် ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို အပြတ်အသတ် ရရှိထားတဲ့ ” မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်း၊ဇာတ်အိမ်ကောင်းကောင်းဖြင့် ထူးထူးခြားခြား ဖွဲ့စည်းပုံဖော်ထားတဲ့ ဒီဇာတ်ကားကြီးက ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်တွေရဲ့တန်ဖိုးကို ပြောင်မြောက်အောင် ဖော်ကျူးထားတဲ့ ဒီဇာတ်ကားကြီးက ဘာသာရေးဇာတ်ကားကောင်းတစ်ကားလို့လည်း ဆိုလို့ရပါတယ်။ လူတို့ရဲ့သဘာဝရအရ ချစ်စိတ်ကြီးလွန်းတဲ့အခါမှာ အချစ်စိတ်စွဲတတ်သလို အမုန်းစိတ်အားကြီးတဲ့အခါမှာလည်း မုန်းစွဲတတ်ကြောင်းကို သရုပ်ဆောင်တစ်ဦးချင်းစီက ပီပြင်စွာ ဖော်ပြသွားတာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နေတိုး၊မင်းသွေး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးသောင်းတို့က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကိုယ်တိုင် ဟောကြားပြသခဲ့တဲ့တရားတော်ကို မှီငြမ်းပြီး အကောင်းဆုံးရသတွေပေးစွမ်းထားတဲ့ ဒီဇာတ်ကားကြီးက လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းက ” မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနိုင်ဖို့အတွက် ဆရာတော်အရှင်ဆန္ဒာဓိက ဟောကြားခဲ့တဲ့ ဖြစ်ရပ်မှန်တရားတော်အကြောင်း...

ကျောက်ကပ်အစားထိုး ကုသခွင့်ရတော့မယ့် ကစ်ကစ်

ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာခံစားနေရတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ အရေးပေါ်အခြေအနေနဲ့ ဆေးရုံနှစ်ကြိမ်တင်ခဲ့ရပြီး ယခုထပ်မံ တင်ခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့ ကျောက်ကပ်ဟာ လုံးဝပျက်ဆီးနေခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့ အခြေအနေထိ ဖြစ်နေခဲ့ပါတယ်။ အဆိုပါ ကျောက်ကပ်ဆေးခြင်းဟာ တစ်ရက်နှစ်ရက်မဟုတ်ဘဲ ရာသက်ပန်ဆေးရမှာဖြစ်ပြီး အဲ့လိုမှ မဟုတ်ရင် ကျောက်ကပ်အစားထိုးကုသမှသာ အရှင်းပြန်လည်ပျောက်ကင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အစားထိုးကုသမှုတွေ၊ ရာသက်ပန် ကျောက်ကပ်ဆေးကြောဖို့တွေက သူမအတွက် ငွေကြေးအခက်အခဲဖြစ်နေတာကြောင့် တက်နိုင်တဲ့ဘက် ကူညီပေးလိုက်ကြပါဦးနော်။ လက်တလောနောက်ရရှိတဲ့သတင်းအရကတော့ အစားထိုးပေးမယ့် အလှူရှင်တွေရှိနေပြီး မကြာခင် အစားထိုးကုသခွင့်ရရှိနိုင်တော့မှာလဲ ဖြစ်ပါတယ်။ အဆိုပါ ကစ်ကစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုတင်ပေးနေသလို၊ကိုယ်တိုင်လည်း ပါဝင်ကူညီနေသလို တဲ့ တေးရေး မင်းကိုကတော့ အကြောင်းစုံကို ခုလိုဘဲ ပြောပြလာပါတယ်။ ” ကျွန်တော့်အနေနဲ့ မကစ်ကို အရေးပေါ်ဆေးရုံတင်ပေးရတာ နှစ်ကြိမ်ရှိသွားပါပြီ။ တင်ပေးတိုင်းလည်းအခက်ခဲလေးတွေ လိုအပ်ချက်လေးတွေ ရှိတာကြောင့်အကူညီတောင်းတဲ့ Postလေးတွေ အမြဲတင်ဖြစ်တယ်။ မကစ်ကစ်ရဲ့ခံစားနေရတဲ့ဝေဒနာကို မကြည့်ရက်တော့တာနဲ့...

ပရိသတ်တွေ ဒွိဟဖြစ်နေတဲ့ အချစ်ရေးအပေါ် အဖြေပေးလိုက်တဲ့ အေးနေဝင်း

ရွှေအိမ်စည်ဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးခဲ့ပါတယ်။ သူမရဲ့အချစ်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြိုင်ပွဲနီးလာပြီဖြစ်တဲ့အတွက်ကြောင့်သူမအနေနဲ့ အလုပ်ပေါ်မှာသာ တစိုက်မတ်မတ်အာရုံစိုက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ သို့သော်လည်း ရွှေအိမ်စည်အကိုဖြစ်သူက လမ်းခွဲမှုအပေါ် အားပေးအားမြောက်ပြုနေသူများအနေနဲ့ ရွှေအိမ်စည်ဟာ ထိုသို့ လမ်းခွဲစကားပြောပြီးနောက် ငိုနေကြောင်း နောက်ပြန်လှည့်လို့မရတဲ့ ဖိအားမျိုးတွေ မပေးသင့်ကြောင်း ပို့စ်တင်ရေးသားခဲ့တဲ့အတွက် ပရိသတ်တွေက ဝေခွဲမရဖြစ်လာခဲ့ပါတယ်။ ရွှေအိမ်စည်အနေနဲ့ စိတ်အခန့်မသင့်တဲ့အချိန်မှာ ယခုကဲ့သို့ လမ်းခွဲစကားပြောခဲ့တာလားလို့ ပရိသတ်တွေဘက်က ထင်ကြေးပေးလာခဲ့တာဖြစ်ပါတယ်။ အေးနေဝင်းအနေနဲ့ကတော့လက်ရှိမှာ အချစ်ရေးမှာတော့ ပျော်ရွှင်နေပါတယ်လို့ပြောဆိုထားပြီးတော့ ရွှေအိမ်စည်နဲ့တကယ်ပြတ်သွားပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ဒါသူ ပြောတာ ပိုကောင်းပါတယ်။ အကိုမပြောချင်ဘူး” လို့ ရွှေအိမ်စည်ကို ပြန်လည် မေးခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေက ယခုလိုမျိုးပြတ်ဆဲသွားခြင်းဟာလည်း ပြိုင်ပွဲနီးလာတဲ့အတွက်ကြောင့် ဟန်ပြပြတ်ဆဲတာပါဆိုပြီး မှတ်ချက်ပေးမှုတွေလည်း ထွက်ပေါ်နေတဲ့အပေါ် အေးနေဝင်းက “ရွှေအိမ်စည်ပြိုင်ပွဲသွားခါနီး ဟန်ပြပြတ်တယ်ဆိုတာ ထင်မြင်ချက်တွေ အများကြီးထဲက ထင်မြင်ချက်တစ်ခုပေါ့နော်။ အဲလိုထင်မြင်ချက်တွေ တစ်ခုချင်းစီကိုသာ လိုက်ရှင်းနေရမယ်ဆိုရင်လည်းပြီးမှာမဟုတ်တော့ဘူး။ အဲဒါကြောင့်အကိုက...

ငွေဆောင်သွားရင်း အဆိပ်ပြင်းမြွေတစ်ကောင်နဲ့ ပက်ပင်းတိုးခဲ့တဲ့ မေပန်းချီ

တစ်တုတ်လေးလို့ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မေပန်းချီတစ်ယောက် ငွေဆောင်ကမ်းခြေမှာ ဂျပ်မြွေကိုတွေ့ရှိတဲ့အကြောင်း Video လေး ရိုက်ပြီး ပရိသတ်တွေကို သတိထားဖို့အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုဂျပ်မြွေတွေဟာ ငွေဆောင်ကမ်းခြေမှာ အရမ်းပေါပြီး ကိုက်လိုက်ရင်လည်း အဆိပ်ပြင်းတာမို့ အသက်ဆုံးရှုံးတဲ့အထိပါဖြစ်နိုင်ပါတယ်။ ငွေဆောင်ကမ်းခြေကိုအပျော်ခရီးသွားမယ့် ပရိသတ်တွေလည်း သတိထားကြပါဦးနော်။ ဒီအကြောင်း လေးကို တစ်တုတ်ကတော့ သူမရဲ့လူမှုကွန်ယက်ကနေ သတိပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ် တော်လေးတစ်ယောက်ဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းခန္ဓာကိုယ်လေးကြောင့် ပရိသတ်တွေက တစ်တုတ်လို့ချစ်စနိုးခေါ်ဝေါ်ခဲ့ပြီး သူမကိုယ်တိုင်ကလည်း တစ်တုတ်ဆိုတဲ့နာမည်လေးကို အမြတ်တနိုးသုံးစွဲနေတာပဲဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေထက်က အဆိပ်ပြင်းမြွေတစ်ကောင် သွားလာနေတဲ့ပုံကို ” ငွေဆောင်ရောက်နေသူများ သတိပြုပါ ” ဆိုပြီး Video လေးနဲ့ သူမက သတိပေးလိုက်တာမို့ ပရိသတ်ကြီးလည်း သွားဖြစ်ရင် သတိထားပါဦးနော်။ Video ကြည့်ရန် Photo – May Panchee Facebook Comments

ပရိသတ်တွေကို သတင်းကောင်းတစ်ခုပေးလိုက်တဲ့ ကိုရီးယား MBC မှာသရုပ်ဆောင်နေတဲ့ မြန်မာမလေး လှယမင်းအိမ်

မြန်မာမလေး လှယမင်းအိမ်ကတော့ လက်ရှိ ကိုရီးယားနိုင်ငံရဲ့ MBC ရုပ်သံလိုင်းမှာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ သူမဟာကိုးရီးယားနိုင်ငံ ဒေဂူးမြို့ရှိ ဂယ်မြောင်တက္ကသိုလ်မှာ ကိုးရီးယားစာပေအထူးပြုကို သင်ယူနေရင်း MBC ရုပ်သံလိုင်းတွင် အနုပညာအလုပ်လုပ်ကိုင်ရန် လျှောက်ထားခဲ့ရာမှ သူမရဲ့ အနုပညာပါရမီကြောင့် MBC ရုပ်သံမှ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ သူမပါဝင်ထားတဲ့ ဇာတ်လမ်းတွဲကို ကိုရီးယားနိုင်ငံမှာ ကိုးရီးယားစံတော်ချိန် နံနက် ၁၁ နာရီတိုင်း ထုတ်လွှင့်ပြသလျှက်ရှိနေပါသည်။ လက်ရှိမှာလည်း နာမည်ကြီးကိုရီးယားသရုပ်ဆောင်များနဲ့အတူ တွဲဖက်သရုပ်ဆောင်ခွင့်ရရှိနေတဲ့ လှယမင်းအိမ်က ယနေ့မှာ ပရိသတ်တွေကို သတင်းကောင်းတစ်ခု ပေးလိုက်ပါတယ်။သူမ ပေးလိုက်တဲ့သတင်းကောင်းကတော့ “❤️ ချစ်ဆုံးလေးတို့အတွက် သတင်းကောင်း ❤️ 1.ကိုယ့်ရဲ့ အိပ်မက်ထဲက ကိုရီးယားမင်းသားကဘယ်သူလဲ 2.အဲ့မင်းသားကို ဘယ်ရုပ်ရှင်ကားမှာ ကြည့်ပြီး စကြိုက်သွားတာလဲ 3.အကယ်၍ နာမည်ကြီး ကိုရီးယားမင်းသားသာ မြန်မာပြည်လာပြီး မြန်မာရုပ်ရှင်ကားကြီးမှာ ပါဝင်ရိုက်ကူးဖို့ လက်ခံခဲ့မယ်ဆိုရင် အဲ့ရုပ်ရှင်ကားကြီး ရုံတင်ရင်...

ရွှေထူးကို ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တဲ့ ရွှေမှုံရတီ

မကြာခင်မှာ ချစ်သူရွှေထူးနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့မယ့် ရွှေမှုံရတီက ရွှေထူးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ မကြာခင်မှာ ချစ်သူရွှေထူးနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့မယ့် ရွှေမှုံရတီက ရွှေထူးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။ ရွှေထူးဟာ မင်္ဂလာပွဲမကျင်းပခင်မှာ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်တင်ပေးမယ်လို့ ပြောထားတဲ့အတိုင်း ပြီးခဲ့တဲ့ မိနစ်ပိုင်းက ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ သီချင်းအသစ်တစ်ပုဒ် တင်ပေးခဲ့ပါတယ်။ အဲ့ဒီသီချင်းနာမည်က “မင်းစိတ်နဲ့” လို့ နာမည်ပေးထားတာပါ။ ရွှေမှုံက အဲ့ဒီ သီချင်းနဲ့ ပတ်သက်ပြီး ရွှေထူးကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ရွှေထူးရဲ့ Music Video ကို သူမအကောင့်မှာ ပြန်ရှဲရင်းနဲ့ ယခုလို ပြောလိုက်တာပါ။ “ဝေဖန် ရမယ်ဆို ရင်တော့ဖြင့်ယောကျာ်း သီချင်းတွေ ကိုကြိုက်တယ်” ဆိုပြီး နိုဝင်ဘာ(၈)ရက်နေ့က ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ ရွှေထူးက သူ့သီချင်းနဲ့...

အနုပညာရှင်တို့ရဲ့ နာမည်ကျော်ဆယ်လီ ရင်သွေးလေး (၇)ဦး

ဒီကနေ့မှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တွေရဲ့ ဆယ်လီရင်သွေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့တွေက မိဘတွေရဲ့ အနုပညာသွေးတွေစီးဆင်းပြီး အနုပညာအလုပ်တွေကိုလည်း ဝါသနာပါကြတဲ့ သူတွေဖြစ်လို့ အချို့တွေကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူလေးတွေ ဖြစ်မှာပါ။ သူတို့လေးတွေထဲကမှ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာကို ပြောပြခဲ့ဦးနော်။ ၁။ ပန်းရောင်ခြယ် သူမကတော့ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ သူမဖခင် ဂရေဟမ်ရဲ့ သီချင်းဆိုစွမ်းရည်ကို ပိုင်ဆိုင်ပြီး မွေးဖွားလာတဲ့ သူတစ်ယောက်ပါ။ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းပြီး၊ ဖြူစင်လွန်းတဲ့ သူမရဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂။ ယွန်းဝတီလွင်မိုး မကြာသေးခင်ကမှ ချစ်သူနဲ့ ရွှေလက်တွဲသွားခဲ့တဲ့ ယွန်းဝတီလွင်မိုးကတော့ နာမည်ကျော်မင်းသားကြီး လွင်မိုးရဲ့ ချစ်သမီးလေးဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့ အမြဲ အထိအတွေ့ရှိတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။ ၃။...

မထင်မှတ်ထားတဲ့ ကံကောင်းခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ပြေတီဦး

ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်း မင်သားတစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ ယနေ့ချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ တီတီကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက် ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။အနုပညာအလုပ်မှာပါ ထူးချွန်အောင်မြင်ရုံမကပဲ အားကစားမှာပါ ထူးချွန်ထက်မြတ်တဲ့ ပြေတီဦးကတော့ ဂေါက်ရိုက်ပြိုင် ပွဲကြီးမှာ ဒုတိယဆုကြီးကို ဆွတ်ခူးရရှိကာ နောက်တစ်ဆင့်သို့တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ဆုရရှိလို့ပျော်ရွှင်နေတဲ့အကြောင်းလေးကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြေတီဦးတို့ မိသားစုလေးကို ပရိသတ်တွေက အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ကဲ….ချစ်ပရိတ်ကြီးတွက် ပြေတီဦးရဲ့ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Source:Pyay Ti Oo Facebook Comments

error: Content is protected !!