နောင်ဘဝဆက်တိုင်းဆက်တိုင်း မသူတော်ဆရာဝန်များနဲ့ မကြုံရပါစေနဲ့ ကလေးရယ်

သွေးလွန်တုပ်ကွေးမှန်းသိရက်နဲ့ဘယ့်နယ့်ညနေ ၃ နာရီကအပြင်ဆေးခန်းကိုတင်ခိုင်းပီး တင်ခိုင်းတဲ့ဆရာဝန်မကြီးမနက်ထိမလာပါ။ဘာပုလင်းမှလဲလာမချိတ်ကိုယ်တွေနားမလည်တဲ့သူတောင် သွေးလွန်တုတ်ကွေးဖြစ်ပီးဆိုရင် ဆေးပုလင်း ၆ လုံးချိတ်ရမှာ။ လုံးဝလာမစမ်း။ မြေးမကတကိုယ်လုံးအေးစက်နေတော့ အပြင်ကအစောင့်တွေထွက်ပြရတယ်လေ။ အယ့်ကျမှဆရာဝန်မကြီးကိုလှမ်းခေါ်ပေးတော့ ဆရာဝန်မကြီးကလာတော့သွေးလွန်နေဘီတဲ့။ အဲ့ဒိတော့ကုတင် ၃၀၀ သွားမလား ၅၅၀ သွားမလားတဲ့။ ပထမဆုံးဒီဆရာဝန်မကြီးဘာလုပ်နေလဲသူကြောင့် ပြောင်းလိုက်တဲ့ဆေးရုံရောက်ပြန်တော့ ခါကြီးရက်ကြီးမို့ဆရာဝန်ကြီးတွေတယောက်မှမရှိပါတဲ့။ ရှိတဲ့ဆရာဝန်တွေဆရာမတွေကလဲဘာတွေလုပ်မှန်းမသိဆေးချိတ်တော့အဖွားကပြောတယ်။ မြန်နေတယ်ဆရာမဆိုတော့ မမြန်ဘူးတဲ့ အယ့်ဒီမှာအသည်းကကြီးလာပါလေရော အသည်းကကြီးလို့အောက်စီဂျင်ပေးပြန်ရော ပေးပြန်တော့နှလုံးခုန်တွေမြန်လာပါရော။ သွေးကြောရှာမရလို့တဲ့မမြင်ရက်စရာ ဆီးမသွားလို့ဆီးပိုက်ထိုးပြန်ရော။ ဒီကလေးဘယ်ခံနိုင်တော့မလဲ နီးစပ်တဲ့ကလေးဆရာဝန်ကြီးတွေနဲ့လှမ်းဆက်သွယ်တော့ ICU တော့ပြောင်းလိုက်ရပါဘီ ဒါပေမဲ့သူတို့လက်တည့်စမ်းတာမှသတိမရှိတော့တဲ့။ ကလေးကိုဆီးပိုက်ထပ်ထိုးတယ် ကလေးကမလှုပ်တော့ဘူး ဒါကိုမလှုပ်နိုင်တဲ့ကလေးကို ဂန်းနဲ့ဒူးဂေါင်းရိုး လက်ရိုးလေးတွေထပ်ဖောက်တယ် ချင်းဆီစမ်းဖို့တဲ့ အဲဒီမှာကလေးကကျေ ာက်ကပ်ပါပျက်စီးသွားဘီ အာ့ဒါကိုကျေ ာက်ကပ်ဆေးအုံးမလို့တဲ့ အံ့ရော အံ့ရော အံ့ရော သနားစရာအကောင်းဆုံးကသတိမရတချက်ရတချက်ကို သူ့အမေမျက်နှာလးကြည့်ပီးဘာလုပ်ပြသလဲ သူ့အမေကိုအိမ်ပြန်ချင်တဲ့အရိပ်အယောင်လေးပြတော့ အေးအိမ်ပြန်မယ်ဆိုပီးပြောတော့ ကလေးအဖွားလဲမြင်ရော မျက်ရည်လေးတဖက်ကျပီးဆုံးသွားရှာတယ် ၁၁ လမြေးမလေးရေ ဘဝဆက်တိုင်းဆက်တိုင်း ဒီအဖြစ်တွေမကြံ ုရပါစေနဲ့ ဆရာဝန်တိုင်းလူနာအသက်တချေ ာင်း...

ယနေ့ည 9နာရီ 54 မိနစ်တွင် လှုပ်ခတ်သွားသော ငလျှင်ကြောင့် ရန်ကုန်မြို့တာမွေအသောကလမ်းရှိတိုက်နှစ်ခု ပူးကပ်သည်ထိဖြစ်သွားခဲ့

ယနေ့ည 9နာရီ 54 မိနစ်တွင် လှုပ်ခတ်သွားသော ငလျှင်ကြောင့် ရန်ကုန်မြို့တာမွေအသောကလမ်းရှိတိုက်နှစ်ခု ပူးကပ်သည်ထိဖြစ်ပွားသွားခဲ့ ယနေ့ ည စံတော်ချိန် ၉ နာရီ ၅၄ မိနစ်မှာ ရန်ကုန်မှာ ရစ်ချက်တာစတေး ၄.၁ အဆင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ကမ္ဘာအေး မြေငလျင်စခန်းမှ အတည်ပြုထုတ်ပြန်ပါတယ်။ ငလျင်ကြောင့် ကျောက်မြောင်း အသောက လမ်းတွင် ရှိတဲ့ တိုက်အိမ်နှစ်လုံး ယိမ်းထိုးထိစပ်သွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပေါ်နေလူတွေကတော့ ကြောက်လန့်တကြား ပြေးဆင်းခဲ့ကြလို့ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှတော့ တိုက်ပေါ်ကို ဘယ်သူမှ တက်မနေရဲပဲဖြစ်ပါတယ်။ source : Myanmar New Network

နိဗ္ဗာန်ဈေးပွဲမှာဆင်နွှဲရင်း ပျော်ပျော်ပါးပါးလျှောက်လည်နေကြတဲ့ လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်

သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်းအတော်ကြာရှိနေပြီဖြစ်တဲ့ လင်းဇာနည်ဇော်က အခုချိန်အထိ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လင်းဇာနည်ဇော်က မိသားစုနဲ့အတူ ရွှေခေါက်ဆွဲလုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပကာသနကင်းပြီး ဟန်ဆောင်မှုမရှိဘဲနေတတ်တဲ့ လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က အခုလည်း နိဗ္ဗာန်ဈေးပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လင်းဇာနည်ဇော်က သူငယ်ချင်းခေါ်လို့ နိဗ္ဗာန်ဈေးပွဲကို ပထမဆုံးအနေနဲ့လည်ဖြစ်ခဲ့ကြောင်း ပရိသတ်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်က ကလေးတွေလိုပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ လင်းဇာနည်ဇော်က အစ်မဖြစ်သူနဲ့အတူ နိဗ္ဗာန်ဈေးပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲရင်း လျှောက်လည်နေကြတာပဲ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်က ” နိဗ္ဗာန်ဈေးပွဲကိုခုချိန်ထိတစ်ခါမှ မလည်ဖူးဘူး ဒီနေ့တော့သူငယ်ချင်းခေါ်လို့ ပထမဆုံးအနေနဲ့နယ်ကျော်နွှဲဖြစ်သွားတယ်..တကယ်ပျော်စရာအရမ်းကောင်း” ဆိုပြီး ပုံလေးတွေကိုတင်ပေးထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Photo Credit – Lin Zarni...

သမီးလေးရဲ့ မွေးနေ့ကို သမီးလေးဖခင်နဲ့အတူ ပျော်ရွှင်စွာ ကျင်းပပေးခဲ့တဲ့ မျိုးစန္ဒီကျော်

သရုပ်ဆောင်မျိုးစန္ဒီကျော်ဟာ သူမသမီးလေး Jewel ရဲ့ မွေးနေ့ပွဲလေးကို ဒီနှစ်မှာတော့ သမီးလေးရဲ့ ဖခင်နဲ့အတူ ကျင်းပပေးခဲ့တာကို တွေ့ရပါတယ်။ မျိုးစန္ဒီကျော်ဟာ သူမခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်နဲ့ မကြာသေးခင်ကမှ အပြီးသတ် ကွာရှင်းခွင့် ရရှိခဲ့တာဖြစ်ပြီး သူမဘက်က သမီးလေးနဲ့ တွေ့ဆုံခွင့်တွေကို ကွာရှင်းခွင့်ရဖို့ ပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။ မျိုးစန္ဒီကျော်အနေနဲ့ သမီးဖြစ်သူ Jewel လေးကို အုပ်ထိန်းခွင့်ရရှိထားသူဖြစ်ပြီး ဒီနှစ်မွေးနေ့လေးမှာတော့ ကွာရှင်းထားတဲ့ ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်နဲ့ အတူ သမီးလေးရဲ့ မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ပဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဖြိုးကျော်ကျော်မြတ်ကလည်း သမီးလေးရဲ့ မွေးနေ့မှာ အတူဖြတ်သန်းခွင့်ရတဲ့အတွက် ပျော်ရွှင်နေခဲ့တာကို ဗီဒီယိုလေးထဲမှာ မြင်တွေ့ရပြီး သမီးလေး Jewel ကလည်း သူမရဲ့ မွေးနေ့မှာ အခုလို မိခင်ရော ဖခင်ပါ အတူရှိနေတဲ့အတွက် ပျော်ရွှင်နေပုံကို တွေ့မြင်ရပါတယ်။ ဟက်ပီးဘတ်ဒေးပါ Jewel လေးရေ၊ နောက်နှစ်နောက်နှစ်မွေးနေ့တွေမှာလည်း...

“ကိုရေ ဘာတွေလဲ” MTVမှာ အနမ်းအစစ်တွေနဲ့ အပေးအယူမျှခဲ့တယ်ဆိုတဲ့ မင်းဟိဏ်းနဲ့ ရှုမငြီး

ယခုရက်ပိုင်းအတွင်း ပရိသတ်တွေကြားမှာနာမည်ကြီးနေတဲ့အချစ်သီချင်း ကြမ်းကြမ်းလေးနဲ့ကလေးငယ်ကြည့်ရှု့လို့မသင့်တော်တဲ့သရုပ် ဆောင်ချက် တွေကိုထည့်သွင်းရိုက်ကူးထားတဲ့အဆိုတော် ရှု့မငြီးရဲ့သူမကိုယ်တိုင်ဒါရိုက်တာလုပ်ကာရိုက်ကူးထားတဲ့သီချင်း mtvဟာပရိသတ်တွေကြားမှာအရမ်းကိုနာမည်ကြီးနေပါတယ်။ ထိုသီချင်း MTV နဲ့ ပတ်သက်ပြီး “များများစားစား ပြောစရာမလိုပါဘူး။ အစ်မနဲ့သူနဲ့က အပေးအယူမျှပါတယ်” ဆိုတဲ့ တေးသံရှင် ရှုမငြီး နဲ့ “ရိုက်ကူးတဲ့အခါမှာ ကိုယ့် Feeling တစ်ခု၊ ကိုယ့် Mood တစ်ခုကို ကိုယ်အပြင်မှာ ခံစားရသလို ခံစားပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်” ဆိုတဲ့ သရုပ်ဆောင် မင်းဟိဏ်း တို့ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ Video ကြည့်ရန် Video Credit : Akonthi

ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းဖွင့်ပြောပြလာတဲ့ အဆိုတော် ဇွဲပြည့်

အဆိုတော် ဇွဲပြည့်ကတော့ ၃ နှစ်ကြာလက်တွဲလာတဲ့ ချစ်သူလေးဇာလီမိုးနဲ့ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဂီတအလုပ်တွေကိုလည်း အရမ်းနားလည်ပေးတဲ့သူပါလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ ‘’ သူကတော့ မယူခင်တုန်းကရော၊ ယူပြီးတဲ့အချိန်မှာရော အစ်ကို့ အလုပ်နဲ့ပတ်သက်ပြီး အရမ်းနားလည်ပေးပါတယ်။ အိမ်ထောင်ရေးကလည်း အရမ်းသာယာနေပါတယ်။ အခုက အိမ်ထောင်ရေးမှာ ဘာမှပြောင်းလဲသွားတာမျိုးတော့မရှိဘူး။ အဓိက ကတော့ အရင်တုန်းကလိုမျိုး ဖုန်းတွေပြောပြီးထိုင်လွမ်းရတာ၊ ဆွေးရတာတွေတော့ ပျောက်ပြီပေါ့’’ လို့ ဆိုပါတယ်။ ဇွဲပြည့်ကတော့ ရင်သွေးလေး ဘယ်တော့ ယူမှာလဲဆိုတဲ့ မေးခွန်းအပေါ် ပြန်ဖြေလာတဲ့ အဖြေလေးကတော့ အရမ်းကို Romantic ဆန်လှပါတယ်။ ချစ်ဇနီးချောကို ချစ်လို့တောင် မဝသေးပါဘူးလို့ ပြောပါတယ်။ ‘’ အခုက စီးပွားရေးတစ်ခုလည်း စလုပ်နေပြီဆိုတော့ စီးပွားရေးဘက်ကို လှည့်မယ်ပေါ့နော်။ ရင်သွေးယူဖို့ကတော့ နည်းနည်းလိုသေးတယ်။ အခုမှချစ်လို့တောင် မဝသေးဘူး။ ကလေးကို မချစ်နိုင်သေးဘူး။ သူနဲ့...

ကေတုမတီ (တောင်ငူ) မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်မှာ ပါဝင်ခဲ့တဲ့ ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်

နှုတ်ခမ်းနီမလေးတွေ ဝိုင်းဝိုင်းလည်နေရတဲ့ မင်းသားချောလေး ဟိန်းဝေယံဟာဆိုရင် တစ်ခေတ်မှာ ဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ငြာတွေ အများအပြားရိုက်ကူးခဲ့ပြီး ပရိသတ်ရင်ထဲကို ရောက်ရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဟိန်းဝေယံက ခန့်ညားချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး အသားအရည်လေးကအစ ဝင်းဝါစိုပြေနေတာပဲဖြစ်ပါတယ်။ နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင်လဲ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီတစ်ခါမှှာတော့ စိုးပြည့်သဇင် နဲ့ ဟိန်းဝေယံတို့ဟာ ကေတုမတီ တောင်ငူမြို့ရဲ့ ၅၀၉နှစ် ပြည့်ပွဲတော်မှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇါ်နဲ့ ဟိန်းဝေယံတို့ရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဒီကနေ့မှာ တန်ဆောင်တိုင် ချစ်တီး ထမင်း စတုဒီသာ လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် နေမင်း

သရုပ်ဆောင် နေမင်း ရဲ့ တန်ဆောင်တိုင်၊ စတုဒီသာ ချစ်တီး ထမင်း လှူဒါန်းမှုကို ဒီကနေ့ နိုဝင်ဘာလ (၁၂) ရက်နေ့က (၃၅) လမ်း၊ အထက်ဘလောက်၊ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ Myanmar Celebrity TV #MyanmarActor #NayMin

လက်ထပ်စာချုပ်လေးနှစ်စောင်ကိုကိုင်ထားပြီး တရားရုံးမှာ ချစ်စရာအပြုံးနဲ့ ပျော်ရွှင်နေတဲ့ မအေးသောင်း

ပရိသတ်ကြီးရေ အနုပညာအသိုင်းအဝိုင်းနဲ့ ချစ်မိတ်ဆွေတွေက ပေါက်စီလို့ ချစ်စနိုးခေါ်ဝေါ်ရတဲ့ အေးဝတ်ရည်သောင်းကတော့ အခုချိန်မှာဆိုရင် အပျိုကြီးမမတစ်ယောက်ပဲဖြစ်ပါတယ်နော်။‌မအေးသောင်းကတော့ ယနေ့အချိန်ထိတိုင် နုပျိုလှပနေပြီး လူငယ်လေးတွေလို လန်းဆန်းတက်ကြွနေဆဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်ပြန်လည်လုပ်ဆောင်နေတဲ့ မအေးသောင်းကို ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြပြီး သူမရဲ့အနုပညာအရည်အသွေးတွေကို ကြိုက်နှစ်သက်ကြဆဲပဲဖြစ်ပါတယ်။မအေးသောင်းက စိတ်ထားလေးလည်း ဖြူစင်ရိုးသားပြီး သဘောမနောကောင်းလို့ လူချစ်လူခင်ပေါများပါတယ်နော်။ မအေးသောင်းကို ချစ်ရတဲ့ပရိသတ်ကြီးကတော့ အပျိုကြီးမမရဲ့မင်္ဂလာသတင်းလေးကို နားစွင့်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ အပျိုကြီးမမ အေးဝတ်ရည်သောင်းကတော့ လက်ထပ်စာချုပ်လေးနှစ်စောင်ကို ကိုင်ထားပြီး တရားရုံးချုပ်ကြီးကို‌နောက်ခံထားကာ ရိုက်ထားတဲ့ဓာတ်ပုံလေးကို ပရိသတ်တွေအတွက်မျှဝေလာတာဖြစ်လို့ ပရိသတ်တွေရဲ့အချစ်တော်လေး မအေးသောင်းက‌ ပဟေဠိလေးထုတ်လိုက်တာဖြစ်ပါတယ်နော်။ Photo Credit:Aye Thaung’s Facebook

လတ်တလော နာမည်ကြီးနေတဲ့ “ကိုရေ ဘာတွေလဲ” သီချင်းကို ထိထိမိမိ ဝေဖန်လိုက်တဲ့ ဦးကောင်းကျော်

ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဉီးကောင်းကျော်ကတော့ သူကျင်လည်ခဲ့တဲ့ အနုပညာလောကကို အကောင်းဆုံးဖြစ်စေချင်သူ တစ်ဉီးပါ။ လတ်တလောမှာတော့ ဉီးကောင်းကျော်က လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကိုရေ ဘာတွေလဲ ဆိုတဲ့သီချင်းဗီဒီယိုကို ထိရောက်စွာ ဝေဖန်လိုက်တာ တွေ့ရပါတယ်။ စကားပြောရင် အရမ်းထိမိတဲ့ ဉီးကောင်းကျော်ကတော့ ခပ်ကြမ်းကြမ်း အချစ်ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့ အဆိုပါသီချင်းဗီဒီယိုကို ပညာသားပါပါနဲ့ ထိထိမိမိ ဝေဖန်လိုက်တာပါနော်။ ချစ်ပရိသတ်တွေအတွက် ခပ်ကြမ်းကြမ်း သရုပ်ဆောင်မှုတွေပါဝင်နေတဲ့ သီချင်းဗီဒီယိုအပေါ် ဝေဖန်လိုက်တဲ့ ဉီးကောင်းကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကောင်းကျော်ကတော့ “ကို ရေ ဘာတွေလဲ ????? facebook ပေါ်မှာ မြင်လိုက်ရတဲ့ ဤကဲ့သို့ အမြင်မတင့်သည့် ပုံများကိုတွေ့လိုက်ရတော့ ဘာတြွေဖစ်ကြတာပါလိမ့်ပေါ့ နော် ?????ထင်လိုက်တာက လက်စွမ်းထက်လှတဲ့မြန်မာချောင်းရိုက် ကင်မရာမင်းများရဲ့လက်စွမ်းပြကွက်တွေထဲ ထိုသူတော့မိသွားပြီ မှတ်လိုက်တာ ပေါ့ ????မိတ်ဆွေတစ်ယောက်က cbကနေ သီချင်းဖိုင်လေး ပို့ပေးလို့ ဘာပါလိမ့်...

x