မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့ သရုပ်ဆောင် ကျော်သူရဲ့ သားဖြစ်သူ ပြည်သိမ်းကျော်

သရုပ်ဆောင် ကျော်သူကတော့ အနုပညာလောကမှာ ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ တချိန်တုန်းက နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာအနားယူခဲ့တာဖြစ်ပါတယ်။ ကျော်သူကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးနေပြီးတော့ ၁၀ နှစ်ကျော်ကြာ အမြတ်တနိုးထားခဲ့တဲ့ ဆံပင်ရှည်ကြီးကိုလည်း သာသနာပြုဇာတ်လမ်းတွဲရိုက်ရန် ကတုံးတုံးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ကျော်သူဟာ အနုပညာအလုပ်တွေအပြင် ပရဟိတမင်းသားကြီးတစ်ဦးအဖြစ် ပရိသတ်တွေက အားကျအသိအမှတ်ပြုထားရတာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီးတော့ လူမျိုးဘာသာ သာသနာမရွေး နာရေးကူညီမှုတွေအတွက် အမြဲလိုလို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ယနေ့လေးမှာတော့ သရုပ်ဆောင် ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်)တို့ရဲ့ သားဖြစ်သူ ပြည်သိမ်းကျော်ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့လေးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ဖြစ်တဲ့ ယနေ့မှာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဦးကျော်သူရဲ့ သားဖြစ်သူ ပြည်သိမ်းကျော်ရဲ့ လက်မှတ်ထိုးပွဲပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။ Source : We Love Cele Photos-Kyaw Thu Facebook Comments

လူငယ်တွေကြားရေပန်းစားသွားတဲ့ လွှမ်းပိုင်နဲ့ Lil’z တို့ရဲ့ အချစ်သီချင်းအသစ်

လူငယ်ကြိုက်အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Lil’z တို့ဟာ Rap သီချင်းမိုက်မိုက်တွေကို သီဆိုကြသူတစ်ဦးပါ။ လွှမ်းပိုင်နဲ့ Lil’z တို့နှစ်ယောက်ပေါင်းပြီး သီချင်းတွေ ဖန်တီးတာကို ပရိသတ်တွေက လက်ခံအားပေးကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ The Whole Burma First သီချင်းကလဲ လူငယ်ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားခဲ့ပါတယ်။ လွှမ်းပိုင်နဲ့ Lil’z နှစ်ဦးစလုံးကို မိန်းကလေးပရိသတ်တွေ တော်တော်များများက သဘောကျကြိုက်နှစ်သက်ကြပြီး ယောကျာ်းလေးပရိသတ်တွေက အားပေးလက်ခံကြပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ အသီးသီး ရရှိထားသူတွေပါပဲ။ လွှမ်းပိုင်နဲ့ Lil’z တို့ရဲ့ သီချင်းအသစ်လေးကို မျှော်နေတဲ့ ပရိသတ်တွေအတွက် “ပြောပါရစေ”ဆိုတဲ့ သီချင်းအသစ် ထွက်ရှိလာပါပြီ။ ဒီသီချင်းလေးဟာ ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းလေးက လွှမ်းပိုင်နဲ့ Lil’z တို့ရဲ့ အရင်ထွက်ရှိထားတဲ့ သီချင်းတွေနဲ့မတူပဲ ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။ “ပြောပါရစေ”ဆိုတဲ့ သီချင်းလေးဟာ...

ပရိသတ်တွေကို အမှတ်တရအောင် VeVeမန်ကျည်းကြော်ငြာလေးကိုTik tok မှာအတူတူပြန်လည်သရုပ်ဆောင်ခဲ့ကြတဲ့ ထက်ထက်နဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

“queen of commercials” ( ကြော်ငြာဘုရင်မ) လို့ တင်စားရလောက်တဲ့ ထိ တစ်ချိန်က ကြော်ငြာလောကမှာ ပထမနေရာယူထားနိုင်ခဲ့တဲ့ ကြော်ငြာမင်းသမီးလေး ထက်ထက်မိုးဦးကတော့ ယနေ့တိုင် ကြော်ငြာနဲ့ သရုပ်ဆောင်မင်းသမီးအနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ယနေ့တိုင် အနုပညာစန်းမကျပဲ သူမကို ချစ်တဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုဖျတ်ဖျတ်လက်လက် သွက်သွက်လက်လက်နဲ့ လုပ်ဆောင်နေဆဲ ဖြစ်တဲ့ ထက်ထက်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့်မင်းသမီးတစ်ယောက် အဖြစ် ရပ်တည်နေဆဲလို့ ဆိုရမှာ ပါ။ အလှသတင်းကြီးလှတဲ့ အနုပညာရှင် မိုးကုတ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ထက်ထက်ဟာ “သမီးမိုက်(၂၀၀၁)” နဲ့ “ပန်းသခင်(၁၉၉၆)” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ခုနဲ့ အကယ်ဒမီဆု(၂) ဆု ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်က နေ ၂၀၀၆ ခုနှစ် ထိ ရုပ်ရှင်တွေ ဆက်တိုက်ဆိုသလိုရိုက်ကူးခဲ့ပါတယ်။ ထက်ထက်နဲ့ ရုပ်ဆင်းဆင်တူပြီး...

“မိန်းမိန်း .. ကျားကျားကို ချစ်တဲ့ အကြောင်း သီချင်းလေး ဆိုချင်တယ် ဆိုလို့”မိန်းမိန်း အတွက်အချစ်သီချင်းလေး ရေးပေးနေတယ်ဆို့တဲ့ ရွှေထူး

ရွှေထူးနဲ့ရွှေမှုံနဲ့ကတော့ အခုဆိုရင်သာယာလှပတဲ့အိမ်ထောင်သည်ဘဝလေးကိုလျှောက်လှမ်းနေကြပါပြီ။ ချစ်တဲ့သူနဲ့အတူတူနေရင်း ချစ်တဲ့ဝါသနာပါတဲ့အလုပ်တွေလုပ်ရင်းတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အကူအညီပေးချစ်မြတ်နိုးနေကြတဲ့သူတို့နှစ်ယောက်ဟာ စိတ်ချမ်းသာနေကြပုံပါပဲ။ ရွှေထူးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ရွှေမှုံဆိုထားတဲ့ သီချင်းအောင်မြင်သွားတာနဲ့ပတ်သက်ပြီးတော့ရော သီချင်းအသစ်ရေးပေးနေတယ်ဆိုတဲ့အကြောင်းတွေပါ ပြောပြသွားခဲ့ပါတယ်။ ရွှေထူးက ရွှေမှုံဆိုတဲ့အမှားသီချင်းအောင်မြင်သွားတာနဲ့ပတ်သက်ပြီး “ခုနစ်နာရီရှစ်နာရီလောက်ကို သူမထိုင်ဘူး သူကြိုးစားတယ်။ မိုက်ရှေ့မှာရပ်ပြီးတော့ ကျားကျား ပြန်သွင်းချင်တယ် ပြန်သွင်းချင်တယ်နဲ့။ အဲ့တော့ အိုကေ သွင်းဆိုပြီးတော့ သူ့စိတ်တိုင်းကျ သူ့စိတ်ကြိုက်၊ဒီဟာတော့အဆင်မပြေသေးဘူးမိန်းမရယ် မကောင်းဘူးဆိုပြီး အဲ့လိုမျိုး သူကြိုးစားတာပေါ့။ အဓိကကတော့ သူကြိုးစားမှုကြောင့်ပါ ကျွန်တော်နဲ့မဆိုင်ပါဘူး”လို့ ကိုယ်ချစ်တဲ့မိန်းကလေးကို အသားပေးပြီး ချီးကျူးထားတာတွေ့ရပါတယ်။ အမှား သီချင်းရေးဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီးတော့လည်း “ရည်းစားဘဝတုန်းက အဲဒီသီချင်းက ရှစ်ဘားလောက်ပဲပြီးသေးတယ်။ ကျွန်တော်က ငါလို့ ဒီမှာရေးထားတာ အထာတစ်ချက်ရှိုးလိုက်ဆိုပြီး ကိုယ်တွေက စကားပြောရင် ဘော်ဒါတွေလိုပဲပြောတာကိုး။ သူကလည်း သူ့အထာနဲ့သူရှိတော့။ နောက်လည်းကျရော သူဆိုကြည့်ချင်တယ်ဆိုတော့ သူဆိုချင်ရင်ဆက်ရေးပေးမယ်လို့”ဆိုပြီးလည်း ပြောပြထားပါသေးတယ်။ ရွှေထူးက ရွှေမှုံကိုအမြဲလိုလို ဘယ်လိုအထောက်အပံ့ပြုရမလဲ ဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲပဲတွေးနေမိတာဖြစ်ကြောင်း “ကျွန်တော်ကတော့ သူဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းပေးချင်တာ။...

ထိပ်ထားလေးရဲ့ စိတ်ဆိုးတဲ့လေသံနဲ့မပြောနဲ့ဆိုတဲ့ tiktokလေးကို မျက်ရည်အဝိုင်းသားနဲ့ ဆော့ခဲ့တဲ့ ယဉ်လက်

ယဉ်လက်ကတော့ ချစ်စရာ ကောင်းတဲ့အပြုံးလေးတွေ ယဉ်ယဉ်လေးနဲ့လှပတဲ့ အလှတရားတွေကြောင့် ချစ်ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယဉ်လက်ကတော့ တတ်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမဲ့လဲ သူမရဲ့ ချစ်စရာကာင်းလွန်းတဲ့ အလှတရားကြောင့် ချစ်ပရိသတ်တွေကို ရရှိနေသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ယဉ်လက်တစ်ယောက် လူမှုကွန်ယက်မှာရေပန်းစားလျက်ရှိနေတဲ့ tiktokလေးကို ချစ်စရာကကောင်းလွန်းတဲ့ ပုံစံလေးနဲ့ ဆော့ခဲ့ပါတယ်။ ထိပ်ထားလေးရဲ့ စိတ်ဆိုးတဲ့လေသံနဲ့မပြောနဲ့ဆိုတဲ့ tiktokလေးကို မျက်ရည်အဝိုင်းသားနဲ့ ဆော့ခဲ့ပြီး ကြည်ရူသူ ချစ်ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ယဉ်လက်တစ်ယောက် ထိပ်ထားလေးရဲ့ စိတ်ဆိုးတဲ့လေသံနဲ့မပြောနဲ့ဆိုတဲ tiktokလေးကို မျက်ရည်အဝိုင်းသားနဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပြီး အဆိုပါtiktokဗီဒီယိုလေးကို အောက်မှာဖော်ပြပေးထားပါတယ်။ Video ကြည့်ရန် source: Yin Let Facebook Comments

မွေးနေ့လေးမှာ စိတ်မကောင်းစွာပဲ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ထွန်းထွန်း

အဆိုတော် ထွန်းထွန်းက သူ့ရဲ့ မွေးနေ့မှာ သူ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်း ပရိသတ်တွေကို ပြောပြလိုက်ပါတယ်။အဆိုတော် ထွန်းထွန်းက သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေ မထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ပြောပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူနဲ့ သူ့ကောင်မလေး သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းပါ။ “ကျွန်တော့် မွေးနေ့မှာ အခုလိုတွေပြောပြရတော့ စိတ်မကောင်းပါဘူးဗျာ။ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး သဘောထားချင်းမတိုက်ဆိုင်တော့လမ်းခွဲလိုက်ကြပါပြီ။” ဆိုပြီး ဒီဇင်ဘာ(၂၄) ရက်နေ့ မနက်(၁၀)နာရီခွဲဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေ ဘာမှ မမေးဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။“အင်တာဗျူးဆရာ/ဆရာမများလည်း ကျွန်တော့်အချစ်ရေးကို ဘာမှ မမေးဖို့ တောင်းဆိုပါတယ်ဗျာ” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။ သူ့ရဲ့ အချစ်ရေးက သာသာယာယာရှိလှတာကြောင့် ပရိသတ်တွေက ဒီကိစ္စကို မယုံကြပါဘူး။ဒါပေမယ့် ထွန်းထွန်းရဲ့ ကောင်မလေး ဆုစန္ဒီဦးရဲ့ ဖေ့စ်ဘွတ်မှာလည်း ထွန်းထွန်းနဲ့...

အသစ်ထွက်ရှိလာတဲ့ နေရွှေသွေးအောင်နဲ့ ရွှေမှုန်ရတီတို့ရဲ့ အကြမ်းစား Cover Song ဗီဒီယိုဖိုင်

နိုင်ငံခြားရဲ့နာမည်ကြီးသီချင်းတွေကိုပြန်လည်သီဆိုရိုက်ကူးရင်းနဲ့ပရိသတ်အခိုင်အမာရထားတာကတော့အဆိုတော်နေရွှေသွေးအောင်ပဲဖြစ်ပါတယ်။သူ့ရဲ့coverသီချင်းတွေနဲ့အမိုက်စားMTVတွေကြောင့်ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတာပါ။ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်းအမိုက်စားcoversongလေးတစ်ပုဒ်ကိုသီဆိုခဲ့ပြီးသင်ဇာဝင့်ကျော်တို့နဲ့တူတူအမိုက်စားMTVလေးကြောင့်ကြည့်ရှုသူပေါင်းအမြောက်အများရှိခဲ့တာပါ။ ခုမှာလည်းနမူနာသီချင်းMTVလေးနဲ့ပရိသတ်တွေကိုရင်ခုန်စိတ်လှုပ်ရှားအောင်လုပ်လိုက်ပြန်ပါပြီ။နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့EnriqueIglesiasရဲ့”Hero”သီချင်းကိုcoverပြန်ဆိုခဲ့တာဖြစ်ပါတယ်။ဒီသီချင်းလေးရဲ့MTVမှာတော့နာမည်ကြီးသရုပ်ဆောင်မင်းသမီးလေးဖြစ်တဲ့ပရိသတ်အချစ်တော်ရွှေမှုန်ရတီနဲ့တူတူပါဝင်တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့နမူနာလေးကိုဒီနေ့မှာချပြခဲ့ပြီးခဏလေးအတွင်းမှာပင်ကြည့်ရှုသူပေါင်းအမြောက်အများရှိခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းသီချင်းလေးရဲ့MTVလေးကိုအရမ်းတွေကြည့်ချင်နေကြမှာကျိန်းသေပါတယ်။ရင်ခုန်စရာအပြည့်နဲ့ရိုက်ကူးထားတဲ့အမိုက်စားပုံရိပ်Videoအချို့ကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။ Video ကြည့်ရန် SOURCE:Nay Shwe Thway Aung Facebook Comments

နေရွှေသွေးအောင်ရဲ့ Cover Song မှာ အမိုက်စားပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမှုန်ရတီ ( ရုပ်/သံ )

Cover Song တွေ အမြဲသီဆိုလေ့ရှိတဲ့ နေရွှေသွေးအောင်ကတော့ သူ့ရဲ့ Cover Song MTV တွေကို နာမည်ကြီးမင်းသမီးတွေနဲ့ အမိုက်စားဖန်တီးလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ နာမည်ကြီးသီချင်းတွေ တော်တော်များများကို ပြန်လည်သီဆိုတတ်တဲ့ နေရွှေသွေးအောင်က သင်ဇာဝင့်ကျော်နဲ့ အကြမ်းစား Cover Song MTV တစ်ခုကိုလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ Enrique Iglesias ရဲ့ Hero သီချင်းကို Cover Song အဖြစ် ပြန်လည်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလေးမှာတော့ နာမည်ကျော် သရုပ်ဆောင် ရွှေမှုန်ရတီ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဟန်းနီးမွန်းခရီးစဉ်ကပြန်လာပြီးချိန်မှာ ပုဂံမှာသွားရောက်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ယခုတင်ပေးလိုက်တဲ့ Cover Song MTV ဟာ Treaser ဖြစ်ပြီးတော့ Official ကိုတော့ သိပ်မကြာခင်မှာ တင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အမြဲအသစ်အဆန်းတွေနဲ့ အမိုက်စားတွေကိုပဲ ဖန်တီးလေ့ရှိတဲ့ ဒီသီချင်းလေးမှာလည်း ရွှေမှုန်နဲ့အတူ ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာ ပရိသတ်ကြီး အမြည်း...

Beauty Blogger အဖြစ် ပရိသတ်တွေရှေ့ရောက်ရှိလာတော့မယ့် ဝတ်မှုန်ရွှေရည် ညီမလေး နဒီရွှေရည်

ပရိသတ်​ကြီး ချစ်​တဲ့ မင်းသမီး​ချော​လေး ​ဝတ်​မှုံ​ရွှေရည်​ဟာ သူမရဲ့ အနုပညာသက်​တမ်းတစ်​​လျှောက်​မှာ ​အောင်​မြင်​မှုများစွာကို ဆွတ်​ခူးနိုင်​ခဲ့သူတစ်​ဦးဖြစ်​ပါတယ်​။ ဝတ်​မှုံ​ရွှေရည်​ရဲ့ သရုပ်​​ဆောင်​မှု​တွေဟာ ဇာတ်​လမ်းဇာတ်​ကွက်​​နဲ့ အံဝင်​ကွင်​ကျဖြစ်​ပြီး ​အထူး​ကောင်းမွန်​တာပဲဖြစ်​ပါတယ်​။ အဲ့ဒါ​ကြောင့်​လဲ ဝတ်​မှုံ​ရွှေရည်​က ပရိသတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​အဝ ရရှိထားပြီး မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်းမင်းသမီးအဖြစ်​ ရပ်​တည်​​နေနိုင်​တာပဲဖြစ်​ပါတယ်​။ ဝတ်​မှုံ​ရွှေရည်​က အခုဆိုရင်​ အသက်​အရွယ်​တစ်​ခုကို ​ရောက်​ရှိ​နေပြီဖြစ်​ပြီး အိမ်​​ထောင်​မပြု​သေးပဲ အနုပညာလုပ်​ငန်း​တွေကို ဆက်​လက်​လုပ်​ကိုင်​​နေပါတယ်​။ ဝတ်​မှုံ​ရွှေရည်​က သူမရဲ့ မိသားစု​တွေနဲ့အတူတူ ဘဝကို ရိုးရှင်းစွာ ဖြတ်​သန်းလျက်​ရှိပါတယ်​။ ဝတ်​မှုံ​ရွှေရည်​ရဲ့ ညီမ​လေးဖြစ်​သူ နဒီ​ရွှေရည်​ဟာလဲ အစ်​မဖြစ်​သူနဲ့အတူတူ ​ကြော်​ငြာအနည်းငယ်​ကို ရိုက်​ကူးခဲ့​ပါတယ်​။ အခါဆိုရင်​ ဝတ်​မှုံ​ရွှေရည်​ရဲ့ညီမ နဒီ​ရွှေရည်​ဟာ အလှအပ​ရေးရာနဲ့ မိတ်​ကပ်​လိမ်းခြယ်​မှု​တွေကို ​ဖေ့စ်​ဘုတ်​က​နေ မျှ​ဝေပြီး Beauty Blogger အဖြစ်​ ရပ်​တည်​​တော့မှာဖြစ်​ပါတယ်​။ ဝတ်​မှုံ​ရွှေရည်​ရဲ့ညီမ နဒီ​ရွှေရည်​ဟာ အစ်​မဖြစ်​သူ​လောက်​ အနုပညာလုပ်​ငန်း​တွေကို မလုပ်​ကိုင်​​ပေမယ့်​ မိတ်​ကပ်​ပြင်​ဆင်​ခြယ်​သမှု​တွေကို​တော့ နာမည်​ကြီးအလှကုန်​ကုမ္ပဏီ​တွေနဲ့ တွဲဖက်​ပြီးရိုက်​ကူး​လေ့ရှိပါတယ်​။...

ဝတ်မှုန်ရွှေရည်က တစ်ကိုယ်လုံး လှပါတယ်ဆိုတဲ့ ဒေါင်း

မိန်းကလေး ပရိသတ်တွေကြား တစ်ဒေါင်းတည်း ဒေါင်းပြီး အရူးအမူး နှစ်သက်နေတဲ့ မင်းသားဒေါင်းကတော့ တည်ငြိမ်သူ တစ်ယောက် ဖြစ်ပါတယ်။ အင်တာဗျူးတွေ ဖြေတိုင်း တည်ငြိမ်သူကြီးက တစ်စုံတစ်ယောက်နဲ့ တွေ့ချိန်မှာတော့ လှုပ်လှုပ်ခတ်ခတ် ပုံစံမျိုး ဖြစ်သွားပါတယ်။ အဲ့ဒီ တစ်စုံတစ်ယောက်ကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ မင်းသမီး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ လိပ်ပြာစံအိမ်မှာ ပထမဆုံးအကြိမ် တူတူတွဲဖက် သရုပ်ဆောင်ဖူးတဲ့ သူတို့နှစ်ဦးကို အင်တာဗျူးချိန်မှာတော့ ခုလိုလေးတွေ ဖြေကြားသွားပါတယ်။ နှစ်ဦးသား ပထမဆုံးစတွေ့ဖူးတဲ့ အချိန်ကိုတော့ ကိုဒေါင်းက ခုလိုမှတ်မိနေပါတယ်။ ဒေါင်း – “ကျွန်တော် မှတ်မိတာကတော့ ဆန်းဒေး cover တစ်ခေါက် ရိုက်သေးတယ်။ အောင်မင်းခန့်ရယ် ကျွန်တော်ရယ် နေဝင်းရယ် ကစ်ရယ် အဲ့ဒါ ပထမဆုံးပဲ။ အဲ့တုန်းကတော့ မကစ်က သတိမထားမိသေးဘူး။ သရဖူ wellnessမှာ ရိုက်မှ ခင်သွားတာ။ ကျွန်တော်...

error: Content is protected !!