မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ တရားရုံးပြောင်းလျှောက်တာနဲ့ ပတ်သက်ပြီး အနိုင်ရရှိသွားတဲ့ နှင်းအိရွှေရည်

အခုတစ်လောမှာ ပရိသတ်တွေအားလုံးက စိတ်ဝင်စားစောင့်ကြည့်နေရတဲ့အမှုကတော့ မော်ဒယ် နှင်းအိရွှေရည်နဲ့ သရုပ်ဆောင် မင်းထက်တို့ဇနီးမောင်နှံရဲ့ သုံးပွင့်ဆိုင်အမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် မင်းထက်က အခုလက်ရှိမှာ မင်းသမီး စိုးနန္ဒာကျော်နဲ့အတူ တရားဝင်လက်ထပ်ပြီး ပေါင်းသင်းနေထိုင်တာဖြစ်ပေမယ့် မင်းထက်ရဲ့တစ်ချိန်က ဇနီးဟောင်းမှ သမီးလေးနဲ့ပတ်သက်ပြီး ဖခင်ဖြစ်ပေးရန် တောင်းဆိုရာကနေ အမှုအခင်းတွေအထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ သူတို့ရဲ့အရှုပ်တော်ပုံကတော့ တစ်စတစ်စကြီးထွားခဲ့ရာ အခုဆိုရင် တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မနှင်းအိရွှေရည်အနေနဲ့ မင်းထက်ရဲ့သမီးလေးအတွက် ဖခင်အဖြစ် အမည်ခံပေးရန် တောင်းဆိုမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းထက်ကတော့ သူ့အနေနဲ့ ကလေးစရိတ်သာပေးနိုင်မယ်ဆိုပြီး ပြတ်ပြတ်သားသားပြောဆိုခဲ့ကာ မနှင်းအိရွှေရည်ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းထက်နဲ့စိုးနန္ဒာကျော်တို့ ဇနီးမောင်နှံက လက်ရှိတရားရင်ဆိုင်နေတဲ့ တရားရုံးအစား ပုသိမ်မြို့နယ်ရှိ တရားရုံးမှာရင်ဆိုင်ဖို့ လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တရားရုံးပြောင်းလဲလျှောက်ထားမှုနဲ့ ပတ်သတ်ပြီး အခုဆိုရင်တော့ မနှင်းအိရွှေရည်ဘက်က...

အခင်းဖြစ်ပွားချိန်မှာ ပါဝါမျက်​မှန်​ မတပ်လာတာကြောင့် ဝိုင်းဝန်းထိုးကြိတ်​သူတွေကိုမမြင်​ခဲ့ဟု အောင်ရဲထွေးရည်းစားက တရားရုံးမှာ ထွက်ဆို

အောင်​ရဲ​ထွေးနဲ့အတူရှိနေခဲ့တဲ့ အောင်ရဲထွေးရည်းစားဆိုသူက အခင်းဖြစ်ပွားချိန်မှာ ပါဝါမျက်​မှန်​ မတက်လာတာကြောင့် ဝိုင်းဝန်းထိုးကြိတ်​သူတွေကိုမမြင်​ခဲ့ဟု တရားရုံးမှာ ထွက်ဆို ဖေ့စ်​ဘုတ်​ဆယ်​လီ ​အောင်​ရဲ​ထွေး(ခ)​ရဲ​ထွေး​အောင်​​သေဆုံးမှုနဲ့ပတ်​သက်ပြီး သန်းထွဋ်​​အောင်​(ခ)သားကြီးပါ ၃ဦးကို ဒီနေ့ နေ့လည်​ပိုင်းမှာ ရန်​ကုန်​အ​ရှေ့ပို​င်းခရိုင်​တရားရုံးမှာ ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်။ဒီရုံးချိန်းမှာ တရားလိုပြသက်​​​သေ၃ဦးဖြစ်​တဲ့ ဦးထိန်းမင်း(ခ)ကိုငယ်​၊ကို​နေမျိုး​အောင်​နဲ့ ​​သေဆုံးသူရဲ့ချစ်​သူဖြစ်​သူ မပွင့်​​ကေခိုင်​(ခ)ပိုးပိုးကိုစစ်​​ဆေးခဲ့ပါတယ်။ ရုံးတော်မှာ မပွင့်​​ကေခိုင်​(ခ)ပိုးပိုးကို အခင်းဖြစ်​စဉ်​နဲ့ ပတ်​သက်ပြီးမေးမြန်းရာ အခင်းဖြစ်​​တဲ့​နေ့မှာ နှစ်​ကူးပါတီပွဲကျင်းပတဲ့ The One Entertainment Parkအတွင်းပြုလုပ်​နေတဲ့ Space partyကို ​အောင်​ရဲ​ထွေးနဲ့အတူသွား​ရောက်​ခဲ့​ပေမဲ့ သူဟာ အ​ဝေးမှုန်​မျက်​မှန်​သမားဖြစ်​​ပြီး ပါဝါ၅၀၀အထိတက်​ရ​ကြောင်း၊ အခင်းဖြစ်​​နေ့တွင်​ EDMပွဲတွေမှာ တပ်​စင်​ထားတဲ့ မီးတွေ မျက်​စိကိုထိခိုက်​နိုင်​သည့်​အတွက်​ ပါဝါမျက်​မှန်​တပ်​ခဲ့ခြင်းမရှိဘဲ ​နေကာမျက်​မှန်​သာတပ်​ထား​ကြောင်း၊ အခင်းဖြစ်​စဉ်​မှာ သူမကိုနောက်မှ တွန်းခံရပြီး အောင်​ရဲ​ထွေးထိုးကြိတ်​ခံရသည့်​ ​နေရာနှဲ့၁၀​ပေ ၁၂​ပေခန့်​​ရောက်​သွား​သော​ကြောင့်​ မည်​သည့်​အ​ကြောင်းကိုမှ မသိရှိခဲ့ဘူးလို့ထွက်ဆိုခဲ့ပါတယ်။ အဲဒီထွက်​ဆိုချက်​ဟာ ရဲတွင်​ထွက်​ဆိုထားတဲ့ စစ်​​ချက်​တွေနဲ့ ကွဲလွဲ​နေသည့်​အတွက်​ သက်​​သေခံအက်​ဥပ​ဒေပုဒ်​မ ၁၄၅၊ရာဇဝတ်​ကျင့်​ထုံးဥပ​ဒေပုဒ်​မ ၁၆၂အရတိုက်​ဆိုင်​စစ်​​ဆေးခွင့်​တင်​ခဲ့ပြီး တရားရုံးမှ ရာဇတ်​ကျင့်​ထုံးဥပ​ဒေပုဒ်​မ...

ချစ်သူသက်တမ်း ၁နှစ်နဲ့ ၄လပြည့်မှာ ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောလိုက်တဲ့ ထွန်းထွန်း

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းကတော့ အမြဲလိုလို အကောင်းဆုံးသောအနုပညာတွေကို ချပြလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ ထွန်းထွန်းကတော့ ဒီနေ့လေးမှာ သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်း ၁နှစ်နဲ့ ၄လပြည့်ခဲ့တာမို့ ချစ်သူအတွက် အမှတ်တရစကားလေး ဆိုခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ ထွန်းထွန်းတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်သူလေးပေးတဲ့ ဆင်တူအကျီင်္လေးနဲ့ဆိုတဲ့ ထွန်းထွန်း ထွန်းထွန်းကတော့ “♥️Happy 1 year & 4 months Anniversary♥️ အတူတူရှိကြတာ ရက်ပေါင်း ၄၈၉ ရက်ပြည့်ပြီ။ အစစအရာရာအခုထက်ပိုပြီးဂရုတစိုက်ချစ်ပါ့မယ်။ အလိုလိုက်ပါ့မယ်။ အခုကစပြီးနောက်ထပ်ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာကို အတူတူကျော်ဖြတ်ကြမယ်နော်။ တခါတခါမှာ နားလည်မှုလွဲလို့အငြင်းအခုန်တွေဖြစ်ပြီးစကားတွေများကြရင်လည်း ချစ်တဲ့စိတ်နဲ့ပဲဖြေရှင်းကြမယ်။ အရမ်းးးးးချစ်တယ်သဲပိစိလေးရေ 1year_and_4months” ဆိုပြီး ချစ်သူလေးကို ဘယ်လောက်ချစ်ကြောင်းနဲ့ သူတို့နှစ်ဦးရဲ့အမှတ်တရပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ထွန်းထွန်းကတော့ သူ့ရဲ့အင်စတာဂရမ်မှာလည်း...

ကြည်နူးစရာကောင်းသလို အူတတ်အောင်လည်းရယ်ရမယ့် Challenge လေး တစ်ခုဆော့ပြလိုက်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ဗီဒီယို

အားကျပျော်ရွှင်စရာ အချစ်လေးကို ပိုင်ဆိုင်ထားကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးကတော့ အမြဲရိုမန်တစ်ဆန်မှုလေးတွေနဲ့ ပြည်သူပရိသတ်တွေကို အမြဲအားကျချစ်ခင်စေတဲ့ စုံတွဲလေးပါပဲ..။ အမြဲလိုက်ဖက်ညီချစ်စရာကောင်းနေတဲ့ နာမည်ကျော်သူတို့စုံတွဲလေးကတော့ အခုတစ်ခါမှာလည်း Challenge လေးတစ်ခု ဆော့ပြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပြုလုပ်လိုက်ပါပြီနော်..။ သူတို့ ဆော့ကစားပြလိုက်တဲ့ “What’s in your mouth? ပါးစပ်ထဲမှာ ဘာရှိလဲ?..” ဆိုတဲ့ Challenge လေးကို ဆော့ကစားပြလိုက်တာ ဖြစ်ပြီး ကြည်နူးစရာကောင်းသလို အူတတ်အောင်လည်း ရယ်နေရတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။ ပျော်စရာကောင်းလှတဲ့ သူတို့ရဲ့ကစားခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဗီဒီယိုလေးနဲ့အတူ ပြန်လည်မျှဝေထားပြီး “ဒီကစားနည်းလေးကို ကြည့်ပြီးပရိသတ်တွေ ပျော်ရွှင်ကြပါစေဗျာ..” ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်လိုက်ပါပဲနော်..။ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း “ကိုယ်နဲ့ Challenge လုပ်မယ့် ချစ်သူ သူငယ်ချင်းတွေကို Mention ခေါ်လိုက်တော့နော်..”...

မြေးလေး Liam နဲ့ ချွတ်စွပ်တူတဲ့ သားလေးရဲ့ငယ်ဘဝပုံကို ထုတ်ပြလိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမ

ခေးလေး ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ဟာယနေ့နိုဝင်ဘာလ (၆) ရက်နေ့မှာတော့ (၃) လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့တုန်းက သြစတြေးလျနိုင်ငံမှာ အောင်မြင်စွာမွေးဖွားသန့်စင်နိုင်ခဲ့တာဖြစ်ပြီးတော့ ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလမှာ သြစတြေးလျမှာ ကျောင်းပြန်သွားမတက်ခင်အချိန်လေးမှာ ယွန်းဝတီလွင်မိုးဟာ သားလေး Liam လေးကို ဂရုတစိုက်အချိန်တွေပေးနေခဲ့တာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမဖြစ်သူတွေကလည်း မြေးဖြစ်သူ Liam လေးကို မကြာခဏဆိုသလို လာရောက်ကြည့်ရှုတတ်ပြီးတော့ အသည်းတယားယားနဲ့ အချစ်တွေကိုရယူနေတာလည်းဖြစ်ပါတယ်။ ယနေ့ လီယျံလေးရဲ့ သုံးလပြည့်မွေးနေ့လေးမှာတော့ ဘွားဘွားဖြစ်သူက ဖခင် ထက်ဦးလှိုင်နဲ့ချွတ်စွပ်တူတဲ့အကြောင်းလေးကို ဓာတ်ပုံလေးတစ်ပုံနဲ့ သက်သေပြလိုက်ပါတယ်။ လီယျံလေးရဲ့ ပုံ သားဖြစ်သူ ထက်ဦးလှိုင်ရဲ့ ငယ်ဘဝပုံရိပ် လီယျံလေးရဲ့ ငယ်ရုပ်ဟာ ဖခင်ထက်ဦးလှိုင်ရဲ့ ငယ်စဉ်တုန်းကပုံလေးနဲ့ တစ်ပုံစံတည်းတူနေတာဖြစ်ပြီးတော့ သားနဲ့ ချွတ်စွပ်တူတဲ့ မြေးလေးကို ရရှိထားတာကြောင့် အချစ်ပိုနေခဲ့ရတာဖြစ်ပါတယ်။ ယွန်းလေးရဲ့ ယောက္ခမဖြစ်သူကတော့ ” ဖိုးသားလေးနဲ့ဖေဖေထက်...

သားလေးမက်မွန်သီးအတွက် တစ်နှစ်ပြည့် မွေးနေ့အလှူ ပြုလုပ်ပေးနေတဲ့ သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့ ကျရောက်မယ့် သားလေးရဲ့ မွေးနေ့အတွက် ဒီနေ့ကတည်းက မွေးနေ့အလှူတွေ လုပ်ပေးနေတာတွေ့ရပါတယ်။သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက နိုဝင်ဘာ(၇) ရက်နေ့ ကျရောက်မယ့် သားလေးရဲ့ မွေးနေ့အတွက် ဒီနေ့ကတည်းက မွေးနေ့အလှူတွေ လုပ်ပေးနေတာတွေ့ရပါတယ်။ ဒီနေ့(နိုဝင်ဘာ၆ရက်)မှာ သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ သံဃာများကို လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းပြီးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ သားလေးရဲ့ မွေးနေ့အလှူနဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။”မနက်ဖြန် ကြရောက်မဲ့သားလေးတစ်နှစ်ပြည့် မွေးနေ့အတွက် ဆွမ်းကပ် အလှူကို ဒီနေ့မှာလုပ်ဖြစ်ပါတယ်” ဆိုပြီး နိုဝင်ဘာ(၆) ရက်နေ့က ရေးသားထားတာပါ။ သဉ္ဇာနွယ်ဝင်းဟာ သားလေး ကျော်မျိုးမြင့်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့က သဘာဝအတိုင်း မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာ(၆) ရက်နေ့မှာ တစ်နှစ်ပြည့်တော့မယ့် သားလေးဟာ ပရိသတ်တွေရဲ့ အချစ်တော်...

ချစ်သူ ကောင်းပြည့်ကို မွေးနေ့နဲ့ ချစ်သက်တမ်းနှစ်ပတ်လည်နေ့မှာ Suprise လုပ်ပေးခဲ့တဲ့ သန္တာဗိုလ်

အနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်အားကျရတဲ့စုံတွဲလေးကတော့ မင်းသားချော ကောင်းပြည့်နဲ့ မင်းသမီးချော သန္တာဗိုလ်တို့ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုပိုရှိပြီး အချိန်အတော်ကြာအောင် လက်တွဲနိုင်ကြတာလည်း ဖြစ်ပါတယ်။ အခုလို လူတိုင်းက အားကျချစ်ခင်ရတဲ့ သူတို့စုံတွဲလေးက အရမ်းချစ်ကြတဲ့ သံယောဇဉ်တွေကြောင့် သစ္စာမပျက် ခိုင်မြဲနေကြတာပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ထဲက ချစ်သူတွေဖြစ်ခဲ့တဲ့ သူတို့စုံတွဲလေးက အခုဆိုရင်တော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက ၆ နှစ်ကျော် ၇နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ နားလည်မှုအပြည့်၊ ယုံကြည့်မှုအပြည့်နဲ့ ရှေ့ဆက်နေတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေရဲ့ Idol Couple လေးပဲ ဖြစ်ပါတယ်။ အခုလည်း သန္တာဗိုလ်က ချစ်သူကောင်းပြည့်ရဲ့ မွေးနေ့နဲ့ ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့မှာ အမှတ်တရ Suprise ပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း သန္တာဗိုလ်က သူမတို့ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့လေးက ပုံရိပ်လေးတွေကို “Happy Belated Birthday...

ခြောက်ကြိုးကဝေ ချစ်စမ်းမောင်ရဲ့ ဂစ်တာကို တီးခွင့်ရခဲ့တဲ့ မြင်းခြံက ဂီတညီအစ်ကိုနှစ်ဦး

မြင်းခြံကဂီတညီအစ်ကိုနှစ်ဦးဟာ သူတို့လေးတွေရဲ့ ငယ်ရွယ်ပြီးကျွမ်းကျင်လှတဲ့ဂီတပညာရပ်တွေကြောင့် နာမည်ကြီးလာခဲ့သူတွေဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ဦးလုံးဟာ အသက်ငယ်ငယ်လေးနဲ့ တူရိယာတစ်မျိုးစီကျွမ်းကျင်စွာတီးခတ်နိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့တီးခတ် သီဆိုထားတဲ့ ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေက အံ့သြချီးကျူးကြရလောက်အောင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးရဲ့ သြချလောက်စရာ ကျွမ်းကျင်မှုတွေကြောင့် ဂီတအနုပညာရှင်အချို့နဲ့ ဆုံတွေ့ခွင့်ရရှိကြပြီးတော့ ယနေ့မှာတော့ မြန်မာနိုင်ငံရဲ့ Pro Guitarist တစ်ဦးဖြစ်သူ ချစ်စမ်းမောင်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ချစ်စမ်းမောင်ဟာ Iron Cross Band မှ လိဒ်ဂစ်တာသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဂစ်တာပညာရပ်ကို ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူလို့ တင်စားခေါ်ဝေါ်ရလောက်အောင်ကို ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။ မြင်းခြံက ညီအစ်ကိုနှစ်ဦးဟာ ချစ်စမ်းမောင်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပြီးတဲ့အပြင် ဆရာချစ်စမ်းမောင်ရဲ့ ဂစ်တာကိုပါ တီးခွင့်ရရှိခဲ့ပါတယ်။ဆရာချစ်စမ်းမောင်က အကိုဖြစ်သူကို အမြတ်တနိုးတန်ဖိုးထားရတဲ့သူ့ရဲ့ ဂစ်တာလေးတစ်လက်ကို လက်မှတ်ထိုးပြီး လက်ဆောင်ပေးခဲ့တဲ့အပြင် ညီဖြစ်သူရဲ့ ဒရမ်တီးခတ်မှုကိုပါ နားဆင်ခဲ့ကြတာဖြစ်ပါတယ်။ မြင်းခြံက ဂီတညီအစ်ကိုနှစ်ယောက်ရဲ့ ရည်မှန်းချက်တွေဟာ တဖြေးဖြေးပန်းတိုင်ဆီသို့ ချီတက်လာနေခဲ့ပါပြီ။ ဂီတလောကမှာ အောင်မြင်တဲ့...

ချစ်သူသက်တမ်း(၉) နှစ်ရှိပြီး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တော့မယ့် အဆိုတော် ဝန

” နတ်သမီးလေး “၊ “အရှုံးနဲ့ လူ” ၊ “အမုန်းနဲ့ပဲ ထိုက်တန်တယ် “ဆိုတဲ့ သီချင်းတွေဟာ လူငယ်ပရိတ်သတ်တွေကြားအရမ်းကို ရေပန်းစားခဲ့သလို ဝန ရဲ့ “အသင့်ဖြစ်ထားတယ် ” သီချင်းAlbumတစ်ခုလုံးဟာ သိပ်ကို အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ မိန်းကလေးသာမက ယောက်ျားလေးပရိတ်သတ်တွေပါ သည်းသည်းလှုပ် သဘောကျ ရော်ကာကြီး ကိုဝန ရဲ့ စတိုင်လ်ကတော့ တကယ်ကို ကြွေလောက်စရာဖြစ်ပါတယ်။အရပ်မြင့်မြင့်၊ နှာတံမျက်ခုံးကောင်းကောင်းနဲ့ ရော်ခ့်ဂီတကို  လုံးဝ ရူးသွပ်သူမို့ ဝနဟာ ဆံပင်အရှည်ထားထားပါတယ်။ အဆိုတော် ဝန ကတော့ တကယ်ကို ရိုးရှင်းတာကို ကြိုက်တာကြောင့် Mediaတွေနဲ့ စိတ်ရှူပ်မခံသလို  interviewတွေလည်း ဖြေတာနည်းပါတယ်။ Facebook အကောင့်ကို followers တွေနဲ့ မသုံးပဲ အေးအေးဆေးဆေး personal Account တစ်ခုတည်းသာ Friend onlyနဲ့ သုံးပါတယ်။ အဆိုတော် ဝန...

ပညာသင်ထောက်ပံ့ကြေးပေးမယ့် ကျောင်းသား(၁၂) ဦးကို စိစစ်ရွေးချယ်နေကြတဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ

မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ သူတို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို လွန်ခဲ့တဲ့ ၉နှစ်ခန့်က တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေတဲ့ ကျောင်းသား/သူလေးတွေကို နှစ်စဉ်နှစ်တိုင်း ကျောင်းထားပေးနေခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်းကတော့ ဒီနှစ်မှာလည်း ထောက်ပံ့ကြေးလျှောက်ထားတဲ့ ကျောင်းသား/သူ လေးတွေကို ကိုယ်တိုင်ရွေးချယ်နေကြတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေအတွက် အနာဂါတ်မျိုးဆက်သစ်လေးတွေကို အထောက်အပံ့ပေးဖို့ အင်တိုက်အားတိုက် ကြိုးစားနေတဲ့ ပြေတီဦးတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပြေတီဦးကတော့ “ကျွန်တော်တို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်ကြီးကို ကျေးဇူးဆပ်သောအားဖြင့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပညာသင်ကြားရေးအတွက်အခက်အခဲ ရှိနေသော ကျောင်းသား/သူ များကို ကျောင်းထားပေးခဲ့တာ အခုလာမည့် နိုဝင်ဘာ ၃၀ ရက်နေ့ဆိုရင် ကိုးနှစ်တိုင်တိုင် ရှိပြီဖြစ်ပါတယ်…ဒီလောက်နှစ်ကာလကိုအောင် အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် ပျော်ရွှင် ဂုဏ်ယူမိသလို ချစ်လှစွာသော ပရိသတ်ကြီးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်… ဒီနေ့...

error: Content is protected !!