ပုရိသပရိသတ်တွေကို ဖျားသွားစေမယ့် တုနှိုင်းမရတဲ့ အလှပုံရိပ်လေးတွေနဲ့ နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ မိုးဟေကို

မိုးလို့ ပရိသတ်တွေအမြဲချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မိုးဟေကိုကတော့ ဆွဲဆောင်မှုရှိတဲ့ အလှပုံရိပ်လေးတွေနဲ့ ပြည်သူတွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ အနုပညာရှင်မင်းသမီးချောလေးပါပဲ..။ ညို့အားပြင်းတဲ့ ဆွဲမက်စရာ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သူမကတော့ သွက်လက်ပြီးချစ်စရာကောင်းဟန်ပန်အမူအရာလေးတွေအပြင် အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတွေကြောက့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံချစ်ခင်မှုတွေကို ရရှိထားတဲ့ မိုးကတော့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း အခမ်းအနားပွဲတော်တော်များများတော့ တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။ အခုတစ်ခါမှာလည်း နိုင်ငံတကာရုပ်ရှင် အမွေအနှစ်ပွဲတော်ကို အနက်ရောင် မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ တုနှိုင်းမရတဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေနဲ့ တက်ရောက်လာတာမို့ အလှကြီးလှနေတဲ့ မိုးကိုတော့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြရပြန်ပါပြီနော်..။ ယုံကြည်မှုရှိရှိပွဲတက်လာတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကိုတော့ မိုးကလည်း သူမရဲ့ချစ်တဲ့ ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။ အနက်ရောင် မြန်မာဝတ်စုံဖက်ရှင်လေးကို ဝတ်ဆင်ပြီး ပွဲတက်လာတဲ့ မိုးရဲ့ တုနှိုင်းမရတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို...

ဇနီးနဲ့ပက်သက်တဲ့အကြီးစားအမှတ်တရကို တက်တူးထိုးလိုက်တဲ့ ရွှေထူး

မနက်ဖြန်မှာ မင်္ဂလာပွဲကိုဆင်နွှဲတော့မယ့် ပူပူနွေးနွေးကြင်စဦးဇနီးမောင်နှံဖြစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ယောက်ကတော့ အရမ်းကိုပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ ရွှေထူးဟာဆိုရင် အမြဲလိုလို ဖန်စီတက်တူးလေးတွေထိုးနေကျဖြစ်ပြီး သူထိုးတဲ့တက်တူးလေးတွေဟာလည်း လူငယ်တွေကြား မှာ အတော်လေးရေပန်းစားလူကြိုက်များခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးတစ်ယောက် ဘဝရဲ့အမှတ်တရအကြီးစားတစ်ခုဖြစ်တဲ့ နှစ်ယောက်သားရဲ့ ဖိတ်စာထက်က သတို့သားနဲ့သတို့သမီးပုံလေးကို အမှတ်တရတက်တူးထိုးလိုက်တာပဲ ဖြစ်ပါတယ်။ ညာဖက်လက်မောင်းရင်းမှာ ကျကျနန လှလှပပနေရာယူထားတဲ့ ဒီတက်တူးလေး ကတော့ ပြန်ကြည့်တိုင်းကြည်နူးရမယ့်အမှတ်တရတစ်ခုဖြစ်မှာအသေအချာပါပဲ။ နှစ်ယောက်သားရဲ့ရွှေလက်တွဲတဲ့ပွဲလေးကို ရိုးရိုးရှင်းရှင်းလေးဖန်တီးသွားမယ်လို့လည်းဆိုပါတယ်။ ခင်ပွန်းဖြစ်သူ တက်တူးထိုးနေတဲ့ပုံလေးကို ဘေးကနေလက်ကလေးကိုင်ပြီး ခပ်ပြုံးပြုံးကြည့်နေတဲ့ သဲရဲ့ ပုံလေးဟာ ရင်ထဲကအချစ်တွေကို အတိုင်းသားမြင်နေရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Photo – Ka Gee (Tattoo Artist) Facebook Comments

လူစုံတက်စုံနဲ့ Live လွှင့်ပြီး ပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးလိုက်တဲ့ မုန်းစွဲအဖွဲ့သားများရဲ့ ဗီဒီယိုဖိုင်

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံမတင်ခင်ကတည်းက အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ် ။ ဖြစ်ရပ်မှန်တရားတော်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို ဖော်ကျူးထားတဲ့ ဘာသာရေးဇာတ်ကားကောင်းလို့လည်း ဆိုလို့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊မင်းသွေး၊ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးသောင်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ရုပ်ရှင်အထူးပြသပွဲကိုတော့ မနေ့ နိုဝင်ဘာလ ၉ ရက်နေ့က ”Junction City” မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ မုန်းစွဲအဖွဲ့သားများသာမက အနုပညာရှင်၊ ပရိသတ်များစွာက ရုံပြည်ရုံလျှံတဲ့အထိ တက်ရောက်အားပေးခဲ့ကြပါတယ်။ အထူးအစီစဉ်အနေနဲ့လည်း ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးနဲ့ ကင်မရာမင်း ကိုကျော်သန်းအောင်တို့အတွက် တစ်မိနစ်စာ ငြိမ်သက်ပြီး ဆုတောင်းပေးတဲ့အစီအစဉ်လည်း ပြုလုပ်ခဲ့ပါတယ်။ အခုလည်း ဒီနေ့နေ့လည်ခင်းမှာ မုန်းစွဲအဖွဲ့သားများက လူစုံတက်စုံနဲ့ Meeting ပြုလုပ်ဖို့ ပြင်ဆင်နေကြတာကို ဖွေးက Fb ကနေ Live လွှင့်ပေးခဲ့ပါတယ်။ ဒီ...

ဝမ်းနည်းမျက်ရည်များစွာနဲ့ ပြုလုပ်ခဲ့ရတဲ့ မန္တလေးယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရတဲ့ ညီကိုနှစ်ဦးရဲ့ ဈာပန

လက်တလောပရိသတ်တွေကြား မှာရေပန်စားနေတဲ့ မန္တလေးမြို့မှာ ညီအကိုနှစ်ယောက်ရဲ့ ယာဉ်တိုက်မှုသတင်းကတော့ စိတ်မကောင်းစရာကြားသိခဲ့ရမယ်ထင်ပါတယ်။ အဆိုပါ ယာဉ်တိုက်မှု ကတော့ ရုပ်ရှင်မင်းသားမြင့်မြတ်မောင်းနှင်ခဲ့ဖူးတဲ့ ပြိုင်ကားတစ်စီးဖြစ်ပြီး စည်းကမ်းမဲ့မောင်နှင်မှုကြောင့် အဖိုးတန်ရတနာနှစ်ယောက် ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ကား အတိုက်ခံရတဲ့ ညီအကိုနှစ်ယောက်ကတော့ စတုတ္ထနှစ်အင်ဂျင်နီယာ (BE Mechanical) MMU B.S.M Shipping ကျောင်းသား မောင်ကျော်ဇင်သက်နှင့် ပဉ္စမနှစ် Law ကျောင်းသား မောင်လွင်မင်းသန့်တို့ပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်သလို လိမ္မာသိတက်တဲ့ သားကောင်းနှစ်ယောက်ကို ဆုံးရူံးခဲ့တဲ့ မိဘတွေရဲ့ ဝမ်းနည်းမှုကို အားလုံးလည်း နားလည်ကြမယ်ထက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ကတော့ အဆိုပါကလေးငယ်တွေရဲ့ဈာပနပွဲကိုပြုလုပ်ခဲ့ပြီး ဝမ်းနည်းမျက်ရည်များစွာနဲ့ ကျင်းပခဲ့ကြရတာတွေ့ရပါတယ်။ကြွေလွင့်သွားတဲ့ သားအကြီးက ၁၀တန်းမှာ All Dနဲ့အောင်ထားတာဖြစ်ပြီး လက်ရှိမိဘကိုပြန်လည်လုပ်ကြွေးနေသူတစ်ယောက်လည်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကားမောင်းလာသူက ကားပိုင်ရှင်မဟုတ်ကားကရုပ်ရှင်ရိုက်ဖို့ဌားထားတာဖြစ်တယ်လို့သိရပါတယ်။ စိတ်မကောင်းစရာ ဈာပနတစ်ခုဖြစ်ခဲ့တဲ့အဆိုပါ ညီအကိုနှစ်ယောက်ရဲ့ မြင်ကွင်းကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။ Photo.crd…....

မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ခဲ့တဲ့ ဖွေးစိန်လေးရဲ့ ချစ်စရာ ပုံရိပ်များ

ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဖွေးစိန်လေးကိုတော့ ပရိတ်သတ်တွေ ချစ်ကြမယ်ထင်ပါတယ်။ဖွေးစိန်လေးကတော့ မုန်းသူမရှိလောက်အောင်ကို လူတိုင်းက ချစ်ခင်အားပေးကြတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ကိုရီးမလေးလား ထင်မှတ်လောက်အောင် ချစ်စရာကောင်းပြီး ဖက်ရှင်ပိုင်းမှာလည်း အမြဲအသစ်သစ်တွေ ချပြကာ အားကျစရာကောင်းအောင် ချောမောလှပသူလေးမို့ မိန်းကလေးပရိတ်သတ်တွေ အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ ဖွေးစိန်လေးကတော့ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူလေးဖြစ်တာကြောင့် အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်။သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးကြတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း “မုန်းစွဲ” ရုပ် ရှင်ဇာတ်ကားကြီး အထူးပြပွဲကိုတက်ရောက်ခဲ့တဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေမှာ ဖွေးစိတ်လေးဟာ အရမ်းကို ကျက်သရေရှိလှနေတာလည်းဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင် ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေအားပေးကြည့်ရူ့ရန်စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်း ကြီးဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ဖွေးစိန်လေးရဲ့ ပုံလေးတွေကိုမျှဝေပေးရင် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးလိုက်ပါအုံးနော်….. ။ Source: Nay Min Tun Photo credit Facebook Comments

ပရိသတ်တွေ ဝယ်ပေးထားတဲ့ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေထံ ခွင့်ပြုချက်တောင်းလိုက်တဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါ ပြိုင်ပွဲ Season 3 ရဲ့ ဝင်းနားဆုရှင်ဖြစ်လာခဲ့တဲ့ ဖြိုးမြတ်အောင်ဟာ ယခုဆိုရင်တော့ ဂီတလောကမှာ နေရာတစ်နေရာ ရရှိနေပြီဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးပြီးနောက် အနုပညာလုပ်ငန်းတွေ များစွာလုပ်ကိုင်လာရတဲ့ ဖြိုးမြတ်အောင်ဟာ ကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ရှိုးပွဲတွေလည်း လက်ခံသီဆိုလျက်ရှိနေပြီးတော့ ပရိသတ်တွေရဲ့အားပေးမှုတွေလည်းအပြည့်အဝရရှိထားခဲ့တာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ လက်ရှိမှာ ပုသိမ်ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ကြောက်ခမန်းလိလိအားပေးမှုကိုရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးဆုံးပြီးနောက်မှာ တော့ ပရိသတ်တွေဆီကလက်ဆောင်အဖြစ် မော်တော်ကားတစ်စီးကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့၊ အားပေးတဲ့ အနုပညာရှင်ကို ယခုလိုမျိုးဝန်းရံအားပေးမှုတွေရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ အင်မတန်မှ ကံကောင်းတဲ့အနုပညာရှင်လေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေဝယ်ပေးထားတဲ့ ကားနဲ့ နယ်လှည့်ခရီးသွားပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ဖြိုးမြတ်အောင်ကတော့ အခက်အခဲတစ်ခုနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ထိုအခက်အခဲကတော့ ကားလေးက သေးငယ်နေတဲ့အတွက်ကြောင့် ခရီးသွားတဲ့အခါမှာ အိပ်လို့အဆင်မပြေ၊ အနုပညာရှင်ဖြစ်တာကြောင့် အဝတ်အစားတွေခဏခဏ လဲလှယ်ဝတ်ဆင်တဲ့အခါမှာ အဆင်မပြေမှုတွေရှိနေတာကြောင့် ကားလေးကို လဲချင်နေတယ်လို့ သိရပါတယ်။ သို့သော်လည်း ပရိသတ်တွေက စုပြီးဝယ်ပေးထားတဲ့ လက်ဆောင်ဖြစ်တာကြောင့် ပရိသတ်တွေ...

ဇာတ်ကားထဲမှာ သုံးဖို့ ငှားလိုက်တဲ့ ပြိုင်ကားပိုင်ရှင်ရဲ့ စိတ်မကောင်းဖွယ်ရင်ဖွင့်စကား

မန္တလေးကျုံးထောင့်က…အပြစ်မဲ့လူငယ်နှစ်ဦးသေဆုံးအောင်မီးနီဖြတ်မောင်းတဲ့ကား မောင်းသူကသူ့ရဲ့ကိုယ်ပိုင်ကားမဟုတ်ပါရုပ်ရှင်ရှုတင်ရှိလို့ဆိုပြီးသူငယ်ချင်းဆီကကားကိုငှားပြီးရှုတင်ပြီးသွားပေမဲ့ပြန်မအပ်သေးဘဲကိုယ်ပိုင်ကားလိုကြွားဝါချင်လို့လျှောက်မောင်းသွားလာနေတာလို့သတင်းများကြားသိရပါတယ် ကားပိုင်ရှင်ရဲ့ Post ပါ ရှုတင်မှာ ဒီကားပေါ်မှာ အကယ်ဒမီမြင့်မြတ် . . . ကားတန်ဖိုးကတော့သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ LEXUS အမိုးဖွင့်ပြိုင်ကားလေးဖြစ်ပါတယ်ကားပိုင်ရှင်ကတော့ကြေကွဲနေပါတယ် မိမိပိုင်တန်ဖိုးကြီးမားပစ္စည်းများကိုဘယ်လောက်ဘဲခင်မင်ရင်းနှီးပါစေငှားရမ်းခြင်းမပြုကြဖို့သင်ခန်းစာပါ လူအများစုဟာ…သူတပါးဆီမှငှားရမ်းသုံးစွဲကြလျှင်မိမိပစ္စည်းလိုဂရုမစိုက်ကြဘဲဖြစ်ချင်ရာဖြစ်ဆိုပြီးအသုံးပြုတတ်ကြပါတယ် ပြသာနာတက်ပြီဆိုရင်လဲတာဝန်မယူတတ်ကြပါဘူးမိတ်ဆွေတို့အားလုံး သင်ခန်းစာယူတတ်ကြပါစေ😤😢 Credit မူရင်း Unicode မန္တလေးကျုံးထောင့်က…အပြစ်မဲ့လူငယ်နှစ်ဦးသေဆုံးအောင်မီးနီဖြတ်မောင်းတဲ့ကား မောင်းသူကသူ့ရဲ့ကိုယ်ပိုင်ကားမဟုတ်ပါရုပ်ရှင်ရှုတင်ရှိလို့ဆိုပြီးသူငယ်ချင်းဆီကကားကိုငှားပြီးရှုတင်ပြီးသွားပေမဲ့ပြန်မအပ်သေးဘဲကိုယ်ပိုင်ကားလိုကြွားဝါချင်လို့လျှောက်မောင်းသွားလာနေတာလို့သတင်းများကြားသိရပါတယ် ကားတန်ဖိုးကတော့သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ LEXUS အမိုးဖွင့်ပြိုင်ကားလေးဖြစ်ပါတယ်ကားပိုင်ရှင်ကတော့ကြေကွဲနေပါတယ် မိမိပိုင်တန်ဖိုးကြီးမားပစ္စည်းများကိုဘယ်လောက်ဘဲခင်မင်ရင်းနှီးပါစေငှားရမ်းခြင်းမပြုကြဖို့သင်ခန်းစာပါ လူအများစုဟာ…သူတပါးဆီမှငှားရမ်းသုံးစွဲကြလျှင်မိမိပစ္စည်းလိုဂရုမစိုက်ကြဘဲဖြစ်ချင်ရာဖြစ်ဆိုပြီးအသုံးပြုတတ်ကြပါတယ် ပြသာနာတက်ပြီဆိုရင်လဲတာဝန်မယူတတ်ကြပါဘူးမိတ်ဆွေတို့အားလုံး သင်ခန်းစာယူတတ်ကြပါစေ😤😢 Facebook Comments

ရွှေမှုံရတီရဲ့ ငယ်ကျိုးငယ်နာဖော်နေတာမဟုတ်ဘူးဆိုတဲ့ ဂျွန်လွင်

ပရိသတ်တွေကို ရုတ်တရက် surprise ဖြစ်သွားစေခဲ့တဲ့ ရွှေမှုံရတီရဲ့မင်္ဂလာပွဲဟာ မနက်ဖြန် (11.10.2018)ဆိုရင်ပဲ အင်းလျားလိတ်မှာကြီးကျယ်ခမ်းနားစွာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ပွဲကြီးကြီးမားမားစီစဉ်ရင်ပြဿနာလေးတွေကတော့ ရှိစမြဲဖြစ်တဲ့အတိုင်းအခုလည်း မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ ဂယက်တွေပြဿနာတွေကတော့ တက်လာပြန်ပါပြီ။အဲဒါကတော့ ရွှေမှုံက မင်္ဂလာပွဲအတွက် Bella ရဲ့ မဝေသစ်လွင်ကို စပွန်ဆာတောင်းခဲ့တယ်ဆိုတဲ့သတင်းနဲ့ နောက်ပိုင်းမှ စပွန်ဆာမယူဖြစ်တဲ့ကိစ္စကို ရွှေမှုံက မီဒီယာတွေကိုဖြေကြားရာမှာ စပွန်ဆာတွေကအတင်းလိုက်ပေးပေမယ့် မယူဘူးလို့ပြောမိသွားတဲ့အတွက် မဝေသစ်လွင်က ဂျွန်လွင်ကနေတစ်ဆင့် Chat Screenshots တွေနဲ့ ရွှေမှုံကစပြီးစပွန်ဆာတောင်းတဲ့အတွက်ပြန်ဖြေရှင်းထားခဲ့ပါတယ်။ အဲဒီအကြောင်းကို ဂျွန်လွင်က MC နဲ့ Interview မှာဖြေကြားထားခဲ့ပါတယ်။ ဂျွန်လွင်က ရွှေမှုံ စပွန်ဆာတောင်းတာမကောင်းတဲ့အလုပ်လုပ်တာမဟုတ်လို့ စပွန်ဆာမယူဖြစ်တဲ့အကြောင်းတင်တာဟာလည်း အထုပ်ဖြည်တာမဟုတ်ကြောင်း “စပွန်ဆာတောင်းတယ်ဆိုတာဘာမှလည်းမကောင်းတာလုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ အထုပ်ဖြည်စရာလည်းမလိုဘူးလေ။ သူတို့ စပွန်ဆာမယူဘူးဆိုတာ မယူတဲ့အကြောင်းကိုပဲ ကျွန်တော်တို့သက်သေပြတာလေ။ ဒီဟာကြီးအထုပ်ဖြည်ရအောင် ရွှေမှုံရတီရဲ့မကောင်းတဲ့အချက်တွေကိုလည်းကျွန်တော်တို့ရှင်းပြတာမဟုတ်ဘူး”လို့ပြောထားပြီး ရွှေမှုံရဲ့ ငယ်ကျိုးငယ်နာဖော်တာမဟုတ်ကြောင်း အောက်ဖဲလှန်တာမဟုတ်ကြောင်းကိုလည်း “ရွှေမှုံရတီက ဘာတွေလုပ်ခဲ့ပါတယ် ဘာတွေဘယ်လိုနေထိုင်ခဲ့ပါတယ် ကျွန်တော်တို့အထုပ်ဖြည်တာလည်းမဟုတ်ဘူး။အဲဒါနဲ့ပတ်သက်ပြီးပြောရအောင်လည်းဘာမှလည်း သူ့ရဲ့...

တရုတ်မင်းသမီးလေးလို ချောမောလှပတဲ့ ကောင်မလေးနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မောင်မောင်အေး

နာမည်ကြီး Presenter တစ်ဦးဖြစ်တဲ့ မောင်မောင်အေးကတော့ သူရဲ့ထူးခြားတဲ့တင်ဆက်မှုတွေကြောင့် မသိသူမရှိလောက်အောင် ကျော်ကြားအောင်မြင်နေသူ ဖြစ်ပါတယ်။ တီဗွီအစီအစဉ်၊ ပွဲအခမ်းအနားတွေနဲ့ ကြော်ငြာတွေများစွာကို ပါဝင်ရိုက်ကူးတင်ဆက်နေသူလည်း ဖြစ်ပါတယ်။ လူပျိုကြီးတစ်ဦးဖြစ်တဲ့ မောင်မောင်အေးက အခုတော့ အင်မတန်ချောမောလှပတဲ့ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ဒီနေ့မှာပဲ ကြေညာမောင်းခတ်လိုက်ပါတယ်။ မောင်မောင်အေးက သူရဲ့ facebookမှာ သတို့သမီးလောင်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကိုတင်ပြီး အားလုံးကိုအသိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကိုတော့ လာမည့်ဒီဇင်ဘာလ ၅ ရက်နေ့ညနေမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ လူပျိုကြီးတစ်ယောက် စွံသွားပြီဖြစ်တာကြောင့် သူ့မိတ်ဆွေအပေါင်းအသင်းအားလုံးက အံ့သြမှုတွေနဲ့အတူ ဂုဏ်ပြုစကားတွေ ပြောကြားနေတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် မောင်မောင်အေးက ”ချစ်ခင်ရပါသောမိတ်ဆွေများအား ဖိတ်ကြားခြင်းအမှုများကိုလည်း များမကြာမီ စတင်နိုင်ဖို့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဖိတ်ကြားရန်ကျန်ရှိနေမှာစိုးသည့်အတွက် မတ်စိတွင် ” ဟဲ့ အကောင်.. ငါ့ဖိတ်ဖို့မေ့နေဦးမယ်နော်… ကျန်ခဲ့လို့ကတော့ နင့်အမွှေးအကုန် စမုံတုံးပြီသာမှတ် ” လို့ ရေးပို့ပေးကြပါကုန်...

ဆံနွယ်ရှည်တွေကို ညှပ်ချလိုက်ပြီး ပရိသတ်တွေကို နှမြောတသဖြစ်စေခဲ့တဲ့ ရတနာမိုင်

ရတနာမိုင်ကတော့ ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ မိခင်ဖြစ်သူ မိုင်ရဲ့ အနုပညာအမွေကိုဆက်ခံရရှိခဲ့တဲ့ ရတနာမိုင်ဟာ တစ်ကိုယ်တော်ခွေတွေနဲ့ သီချင်းပေါင်းများစွာကို သီဆိုပြီး ပရိသတ်တွေကြား အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကမှ မော်လမြိုင်ကအလှူတစ်ခုမှာ ရွှေဆွဲပြား (၅) ခုနဲ့ စိန်နားကပ်တစ်ရံတို့ကို ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ရတနာမိုင်ဟာအလှူအတန်းမှာလည်း ရက်ရောလွန်းလှတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေပြန်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှနဲ့ ဆံနွယ်ရှည်လေးတွေက သူမကို ပိုမိုသတိထားမိစေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ သူမရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ ဆံနွယ်ရှည်ရှည်လေးတွေကို ညှပ်ချလိုက်တာကြောင့် သူမရဲ့ပရိသတ်တွေက နှမြောတသဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။ ဆံနွယ်ရှည်တွေကို ညှပ်ချလိုက်ပြီး ဆံပင်တိုတိုလေးနဲ့လည်း တမျိုးလှနေခဲ့ပြန်ပါတယ်။သူမရဲ့ ပရိသတ်တွေကတော့ ဆံပင်ရှည်ထားလည်းချစ်တယ် ဆံပင်တိုထားလည်းကြိုက်တယ်ဆိုပြီး သူမကိုအားပေးမှုတွေ တွေ့နေရပါတယ်။ ဆံနွယ်တိုလေးတွေနဲ့ လှနေတဲ့ မိုင်လေးရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ Source : We Love Cele Facebook Comments

error: Content is protected !!