အနုပညာရှင်တို့ရဲ့ နာမည်ကျော်ဆယ်လီ ရင်သွေးလေး (၇)ဦး

ဒီကနေ့မှာတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တွေရဲ့ ဆယ်လီရင်သွေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့တွေက မိဘတွေရဲ့ အနုပညာသွေးတွေစီးဆင်းပြီး အနုပညာအလုပ်တွေကိုလည်း ဝါသနာပါကြတဲ့ သူတွေဖြစ်လို့ အချို့တွေကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားသူလေးတွေ ဖြစ်မှာပါ။ သူတို့လေးတွေထဲကမှ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုတာကို ပြောပြခဲ့ဦးနော်။ ၁။ ပန်းရောင်ခြယ် သူမကတော့ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ သူမဖခင် ဂရေဟမ်ရဲ့ သီချင်းဆိုစွမ်းရည်ကို ပိုင်ဆိုင်ပြီး မွေးဖွားလာတဲ့ သူတစ်ယောက်ပါ။ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းပြီး၊ ဖြူစင်လွန်းတဲ့ သူမရဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂။ ယွန်းဝတီလွင်မိုး မကြာသေးခင်ကမှ ချစ်သူနဲ့ ရွှေလက်တွဲသွားခဲ့တဲ့ ယွန်းဝတီလွင်မိုးကတော့ နာမည်ကျော်မင်းသားကြီး လွင်မိုးရဲ့ ချစ်သမီးလေးဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေနဲ့ အမြဲ အထိအတွေ့ရှိတဲ့ သူလေးတစ်ယောက်ဖြစ်ပါတယ်။ ၃။...

မထင်မှတ်ထားတဲ့ ကံကောင်းခြင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ပြေတီဦး

ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာ ထိပ်တန်း မင်သားတစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ ယနေ့ချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင် ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။ တီတီကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက် ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။အနုပညာအလုပ်မှာပါ ထူးချွန်အောင်မြင်ရုံမကပဲ အားကစားမှာပါ ထူးချွန်ထက်မြတ်တဲ့ ပြေတီဦးကတော့ ဂေါက်ရိုက်ပြိုင် ပွဲကြီးမှာ ဒုတိယဆုကြီးကို ဆွတ်ခူးရရှိကာ နောက်တစ်ဆင့်သို့တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ဆုရရှိလို့ပျော်ရွှင်နေတဲ့အကြောင်းလေးကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ ပြေတီဦးတို့ မိသားစုလေးကို ပရိသတ်တွေက အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ကဲ….ချစ်ပရိတ်ကြီးတွက် ပြေတီဦးရဲ့ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ Source:Pyay Ti Oo Facebook Comments

လမ်းပေါ်က ရင်နင့်ဖွယ်မြင်ကွင်းလေးကြောင့် ကိုယ့်ကိုယ်ကိုမင်းသမီးတစ်ယောက်ဆိုတာတောင် သတိလက်လွတ်ဖြစ်သွားခဲ့ရတဲ့ခိုင်နှင်းဝေ

ပရဟိတနယ်ပယ်မှာ တစ်ကိုယ်တော် လှုပ်ရှားမှုတွေနဲ့ အမြဲမြင်တွေ့ရတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ပရိသတ်တွေ အမြဲ လေးစားချီးကျူးနေရတဲ့ ပရဟိတစိတ်ထားကြွယ်ဝသူလေးပဲ ဖြစ်ပါတယ်။လောကဓံတရားတွေကိုခါးစည်းခံရတဲ့အဆင်မပြေသူပြည်သူတွေအတွက်တော့ တက်နိုင်တဲ့ဘက်ကတက်နိုင်တဲ့အလှူဒါနတွေထက်ကိုပိုတဲ့ စေတနာတရားလေးနဲ့ အမြဲအရောက်လာကာလှူဒါန်းပေးနေသူလေးပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း လမ်းပေါ်မှာ သနားစရာကောင်းတဲ့ မိသားစုလေးတစ်ခုရဲ့ ရင်နင့်ဖွယ် မြင်ကွင်းလေးတစ်ခုကြောင့် ဝမ်းနည်းမှုနဲ့ အတူသဒ္ဒါတရားလေးပါကပ်ပါလာပြီး လှူဒါန်းကူညီပေးခဲ့တဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဖွင့်ဟခဲ့ပါတယ်။ ဒီဖြစ်ရပ်မှန်အဖြစ်ပျက်လေးနဲ့ ပတ်သတ်ပြီး သူမရဲ့ လူမှုကွန်ယက်မှာတော့ ” 5ရက်နေ့ ညနေက မင်္ဂလာဆောင်လေးတခု သွားရင်း တော်ဝင်စင်တာ မီးပွိုင့်မှာ အမေနဲ့ ကလေး 4ယောက် နေပူကြီးထဲမှာ အိပ်နေကြတာ မြင်လိုက်တော့ ကျွန်မ ရင်ထဲ တော်တော်လှုပ်ခတ်သွားမိတယ်။အချိန်ကလဲကပ်နေ မီးပွိုင့်ကလည်း စိမ်းသွားတော့ ကျွန်မ စိတ်လေး သူတို့ဆီထားခဲ့ပြီး မင်္ဂလာဆောင် ဆီ ထွက်ခွာလာမိတယ်လေ မင်္ဂလာဆောင်ကနေ ပြန်လာတော့လဲ သူတို့အဲ့နေရာလေးမှာပဲအိပ်နေကြတုန်းပဲဒီမြင်ကွင်းမြင်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ဟိုးတလောတုန်းကပဲ ဆရာမကြီး...

ဖခင်ရဲ့ နူးညံ့စွာ ထွေးပွေ့မှုတွေကြားမှာ ချစ်ဖို့ကောင်းလောက်အောင် ပြုံးပျော်ရွှင်နေတဲ့ လီယျံလေး

ဖေဖေ့ရဲ့ လက်ထဲမှာ ချစ်မဝအောင်ဖြစ်နေတဲ့ လီယျံလေးကတော့ ဖခင်ကို အပီအပြင်ချွဲနေခဲ့ပါတယ်။ ဖခင်နဲ့ ရက်ပေါင်း (၅၀) လောက်ခွဲခွာခဲ့ရတဲ့ လီယျံလေးက ယနေ့မှာ ဖခင်ကို ပြန်လည်တွေ့ဆုံခဲ့ရတာပါ။ သြစတြေးလျကနေမြန်မာပြည်ကို ခဏပြန်လာခဲ့တာဖြစ်ပြီး ယွန်းဝတီလွင်မိုးတို့ သားအမိနှစ်ယောက်လုံးလည်း ပျော်ရွှင်နေခဲ့ကြပါတယ်။ လီယျံလေးရဲ့ဖခင် ထက်ဦးလှိုင်ဟာ ယနေ့မှ သြစတြေးလျကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီးတော့ ပြန်ရောက်ရောက်ချင်းမှာပဲ သားဖြစ်သူ လီယျံလေးဆီ ရောက်လာခဲ့တာဖြစ်ပါတယ်။ ရက်ပေါင်းများစွာခွဲခွာနေရတဲ့ သားဖြစ်သူကို လွမ်းဆွတ်သတိရမှုတွေနဲ့ ထွေးဖက်ထားတဲ့ လီယျံတို့သားအဖရဲ့ ဗီဒီယိုလေးဟာ ပီတိတွေအပြည့်နဲ့ပါပဲ။ ဖခင်ဖြစ်သူနဲ့ပြန်ဆုံရလို့ ပြုံးပျော်နေတဲ့ လီယျံလေးရဲ့ မျက်နှာလေးဟာ အင်မတန်မှ ချစ်ဖို့ကောင်းနေခဲ့ပါတယ်။ အသက် (၃) လသာရှိသေးပေမယ့် ဖခင်ဖြစ်သူကို ကြည့်နေတဲ့အကြည့်တွေကနားလည်မှုတွေအပြည့်ပါနေခဲ့ပါတယ်။မိခင်ဖြစ်သူ ယွန်းဝတီလွင်မိုးတစ်ယောက်လည်း မိသားစုစုံစုံညီညီဖြစ်နေတာမို့ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပါနော်။ ဖခင်ရဲ့ ထွေးပွေးမှုတွေကြားမှာ ပြုံးပျော်ရွှင်နေတဲ့ လီယျံလေး ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်နေတဲ့ယွန်းလေး Photos-Yunwaddy Source...

နန်းဆုနဲ့ G-Fatt တို့ ချစ်သူနှစ်ဦးရဲ့ ရိုက်ကွင်းပေါ်မှာကနေကြတဲ့ ချစ်စရာကောင်းတဲ့ အခွီဗီဒီယိုလေး

ပရိသတ်တွေအမြဲအားကျချစ်ခင်နေရတဲ့ Idol Couple လေးဖြစ်တဲ့ G-Fatt နဲ့ နန်းဆုတို့ချစ်သူစုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအချစ်ပိုအောင် လုပ်နိုင်လွန်းတဲ့ ဆယ်လီစုံတွဲလေးပါပဲ..။ ချစ်စရာကောင်းပြီး လိုက်ဖက်ညီလွန်းလှတဲ့ ဝါသနာတူသူတို့စုံတွဲလေးကတော့ လတ်တလောမှာလည်း ကြော်ငြာတွေအတူ ရိုက်ကူးဖြစ်နေသလို သီချင်းတွေလည်း အတူလုပ်နေကြတာ တွေ့ရပါတယ်နော်..။ အခုတစ်ခါမှာလည်း ကြော်ငြာအတူ ရိုက်ကူးရင်း ရိုက်ကွင်းပေါ်မှာ နှစ်ယောက်သား နောက်ပြောင်ရင်း စနောက်ကာ ကနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အသည်းယားအချစ်ပိုအောင် လုပ်လိုက်ပြန်ပါပြီ..။ နှစ်ယောက်သား စနောက်ရင်း ကနေကြတဲ့ ချစ်စရာကောင်းတဲ့ အခွီဗီဒီယိုလေးကိုလည်း နန်းဆုက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။ ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီစုံတွဲလေးကတော့ ဂီတအနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ဝါသနာတူ အနုပညာရှင်ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါတယ်..။ စုံတွဲပုံလေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိကြသလို အခုတစ်ခါမှာလည်း သူတို့နှစ်ယောက်ရဲ့ အခွီဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက်ထပ်မံ မျှဝေပေးလိုက်ပါတယ်နော်..။...

အားပေးထောက်ခံမှုတွေအပြည့်အဝရရှိနေတဲ့ ဘနားနားရဲ့ မမသီချင်းကို Jazz ပုံစံ Cover ပြန်ဆိုထားတဲ့ The Room

The Room အဖွဲ့ကတော့ ခြိမ့်ကေကိုရဲ့ မမရေလွမ်းလို့ သီချင်းကို ဗားရှင်းတစ်မျိုးနဲ့ပြောင်းပြီးသီဆိုထားတာဖြစ်ပါတယ်။ ဘနားနားလို့လူသိများလာတဲ့ ခြိမ့်ကေကိုဟာ မြန်မာအိုင်ဒေါဝင်ပြိုင်ရင်း မြန်မာပြည်သိန်းတန်က ကျွေးတဲ့ ငှက်ပျောသီးတစ်လုံးကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာရာကနေ သီချင်းတွေ စတင်သီဆိုလာခဲ့တာဖြစ်ပါတယ်။ ပထမဆုံးသီဆိုလိုက်တဲ့မမရေလွမ်းလို့ သီချင်းကို တေးရေး ကျော်မင်းဟန်ကရေးသားထားခဲ့ပြီးတော့ ဘနားနားက သီဆိုခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း ဘနားနားရဲ့ မမရေလွမ်းလို့ သီချင်းကို ကြိုက်နှစ်သက်ပြီး Cover ပြန်သီဆိုသူတွေ များခဲ့ပါတယ်။ ယခုတခေါက်မှာတော့ ဘနားနားရဲ့ မမရေလွမ်းလို့သီချင်းကို ဗားရှင်းပြောင်းပြီးတော့ Swing Jazz Type လေးနဲ့ The Room အဖွဲ့ က Cover ပြန်သီဆိုခဲ့တာဖြစ်ပါတယ်။ ပုံစံတစ်မျိုးလေးနဲ့ နားထောင်လို့ကောင်းနေတဲ့ မမရေလွမ်းလို့ Cover Song လေးက ပရိသတ်တွေကြားအားပေးမှုရရှိနေပါတယ်။ The Room အဖွဲ့က ပြန်လည်သီဆိုထားတဲ့ မမရေလွမ်းလို့ သီချင်းလေးနဲ့ သူတို့ရဲ့ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို...

သင်ဇာပါဝင် သရုပ်ဆောင်ထားတဲ့ နေရွှေသွေးအောင်ရဲ့ အမိုက်စား ဗီဒီယိုဖိုင်လေး

ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာတစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော် လူကြိုက်များခဲ့တာဖြစ်ပြီး ယနေ့တိုင်အောင်မြင်မှုကို ထိန်းထားနိုင်တာလည်း သူမရဲ့အရည်ချင်းတစ်ခုပဲဖြစ်ပါတယ်။သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်တဲ့ အလန်းစားဓာတ်ပုံလေးတွေကို ဖေ့ဘွတ်ပေါ်တွင်ဖော်ပြကာ ပရိတ်သတ်များ အများအပြားအားပေးကြတာတွေ့ရပါတယ်။ သင်ဇာကတော့ အမြဲတမ်း သူမရဲ့ အလှတရားတွေပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းတဲ့ ပုံရိပ်တွေကို လှုမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာဖြစ်ပြီး ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း နေရွှေသွေးအောင်ရဲ့ Tonight I’m loving you Cover Song လေးမှာ သူကိုယ်တိုင် ပါဝင်ကာ အလန်းစား ပါဝင်သရုပ်ဆောင်ထားတဲ့ အမိုက်စား ဗီဒီယိုလေးထွက်ရှိလို့လာပြီဖြစ်ပါတယ်။ အမိုက်စား ဗီဒီယိုတွေ အမြဲဖန်တီးတက်တဲ့ နေရွှေသွေးအောင်ကတော့ အခု ဗီဒီယိုလေးမှာလည်း မိနစ်ပိုင်းတွင်း လူကြည့်များနေတာဖြစ်ပါတယ်။ပရိသတ်ကြီးတွက် နေရွှေသွေးအောင်နဲ့ သင်ဇာတို့ရဲ့ အမိုက်စား MTV လေးကိုမျှဝေပေးလိုက်ပါတယ်။ video ကြည့်ရန် Source:Nay Shwe Thway...

နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေး ယောက်ကျားလေးလား မိန်းကလေးလားဆိုတာ Surprise လုပ်ပေးခဲ့ကြတဲ့ လွှမ်းပိုင်တို့အဖွဲ့

နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးက သားယောက်ျားလေးဆိုတာ သေချာသွားပြီလို့ ဆိုပါတယ်။ မျှော်လင့်နေခဲ့ရတဲ့ ရင်သွေးလေး ပိုင်ဆိုင်ခွင့်ရလာတာကြောင့်လည်း ပျော်ရွှင်မဆုံးဖြစ်လို့နေပါတယ်။သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ပထမဦးဆုံးလွယ်ထားရတဲ့ ရင်သွေးလေးကတော့ သားယောက်ျားလေး ဖြစ်တယ်လို့ သိရပါပြီ။ ဒီ့အတွက် လည်း သူမကိုယ်တိုင်က ပြောမပြတတ်အောင် ဝမ်းသာ ကြည်နူးနေတာကို တွေ့ရပါတယ်။ ဖခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ လိုချင်တဲ့ သား ယောက်ျားလေး ရလို့လည်း ပိုဝမ်းသာတယ်လို့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြထားပါတယ်။ ” ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့ gender reveal ချစ်တဲ့သူငယ်ချင်းတွေရှိတာဘဝကပေးတဲ့ဆုလဒ်ပါ။ ကျေးဇူးအများကြီး တင်ပါတယ်။ အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲမကြည့်ရဲဘူး။ ယောက်ျားနဲ့အဖေလိုချင်နေ တဲ့သားယောက်ျားလေး မွေးပေးချင်တာ ခုတော့ ဆန္ဒတွေလဲပြည့်ပြီ” ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊...

မုန်းစွဲကိုဖန်တီးခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်သန်းလွင် ယနေ့ မနက်ပိုင်းကွယ်လွန်

မုန်းစွဲဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးဟာလည်း အောက်တိုဘာလ ၃ ရက်နေ့မှာကွယ်လွန်သွားပြီးတော့ သူပါဝင်ထားတဲ့ မုန်းစွဲဇာတ်ကားကြီးကို ကြည့်ရှုခွင့်မရလိုက်ပါဘူး။ မုန်းစွဲဇာတ်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ရုံမတင်သေးခင်မှာပဲ ဝန်းရံအားပေးသူတွေတခဲနက်ရရှိထားတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသွေး ပါဝင်သရုပ်ဆောင်ထားပေမယ့် မကြည့်လိုက်ရဘဲ အားလုံးကို နှုတ်ဆက်ထွက်ခွာသွားတာကြောင့် ပရိသတ်တွေနဲ့ ဖန်တီးသူအနုပညာရှင်တွေက ဝမ်းနည်းမှုတွေနဲ့ဖြစ်နေခဲ့တဲ့အချိန်မှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ဖန်တီးသူတွေထဲက တစ်ဦးဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်သန်းလွင်ဟာ ယနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားတယ်လို့သိရပါတယ်။ ကိုကျော်သန်းလွင်ကွယ်လွန်သွားတဲ့အကြောင်းကို ဒါရိုက်တာ သြရသက သူ့ရဲ့အကောင့်ကနေ ယခုလိုပဲ စိတ်မကောင်းစွာ ရေးသားထားတာဖြစ်ပါတယ်။ ” မုန်းစွဲ ရုပ်ရှင်ကားကြီးမှာ cinematographer အဖြစ် အာကာတိုးနဲ့ တွဲဖက်ပြီးတာဝန်ယူခဲ့တဲ့ ကိုကျော်သန်းလွင် တစ်ယောက် ဒီမနက်ပဲ ကျနော်တို့အားလုံးကို စွန့်ခွါသွားခဲ့ပြန်ပြီ..။ မုန်းစွဲ ရုံတင်တော့မှာလေ အကိုရာ..။မနှစ်က ဒီအချိန် ကျနော်တို့ မုန်းစွဲကို အတူတူ ဖန်တီးခဲ့ကြတယ်လေ..။...

အလန်းစားရိုက်ချက်တွေကြောင့် နာရီပိုင်းအတွင်း ပရိသတ်တွေကြား တဟုန်ထိုးပျံ့နှံ့သွားတဲ့ နေရွှေသွေးအောင်ရဲ့ Cover Song

နေရွှေသွေးအောင်ကတော့ Cover Song တွေကို မကြာခဏသီဆိုလေ့ရှိသူတစ်ဦးပါ။ အရင်နှစ်တွေတုန်းက Cover Song တွေကို သီဆိုပြီးတော့သူ့ရဲ့ Cover Song တွေမှာလည်း နာမည်ကြီး မင်းသား၊ မင်းသမီးတွေနဲ့အတူတွဲဖက်သရုပ်ဆောင်ထားတာတွေကို တွေ့ရပြန်ပါတယ်။ အရင်ရက်တွေတုန်းက Taeser ကိုချပြခဲ့တဲ့ နေရွှေသွေးအောင်ကတော့ ယနေ့မှာ သူ့ရဲ့ Cover Song တစ်ပုဒ်လုံးကို ချပြလိုက်ပါပြီ။ အကြမ်းစားရိုက်ချက်တွေနဲ့ ဘယ်လို သရုပ်ဆောင်ထားမလဲဆိုတာတော့ ပရိသတ်တွေ သိချင်နေကြလောက်မယ်ထင်ပါတယ်။ မူရင်းသီချင်းကတော့ 2010 ကထွက်ရှိထားတဲ့ Enrique Lglesias ရဲ့သီချင်းဖြစ်ပြီးတော့ နေရွှေသွေးအောင်က ထိုသီချင်းမှာ သင်ဇာဝင့်ကျော်နဲ့အတူ ထိုင်းမင်းသမီးလေးဖြစ်တဲ့ Kaew Korravee ရယ်၊ မိုးဒီနဲ့အတူ ဖြိုးငွေစိုးတို့က ဧည့်သည်သရုပ်ဆောင် ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။We Love Cele အမိုက်စားရိုက်ချက်တွေကြောင့် ပရိသတ်တွေကြား နာရီပိုင်းအတွင်း ပျံ့နှံ့ နေရွှေသွေးအောင်ရဲ့ Cover Song Video Source-Nay...

error: Content is protected !!