မျှော်လင့်သလိုဖြစ်လာတဲ့ ရင်သွေးလေးကြောင့် အပျော်ကြီးပျော်ခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်အဆိုတော်နန်းမြတ်တစ်ယောက် ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပြီး သားယောကျာ်လေး လိုချင်တဲ့ ဆန္ဒလေးဟာလည်း ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုပြည့်မြောက်သွားခဲ့တာကြောင့် နန်းမြတ်ရဲ့ချစ်ခင်ရတဲ့သူငယ်ချင်းတွေက gender reveal ပွဲလေးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ ပွဲလေးတစ်ခုပါပဲ။ ဖခင်ဖြစ်သူနဲ့ခင်ပွန်းဖြစ်သူဟာ သားယောကျာ်းလေးလိုချင်ခဲ့တာမို့ သားယောကျာ်းလေးမွေးဖွားပေးချင်တဲ့ သူမရဲ့ဆန္ဒဟာလည်း ဒီအချိန်မှာပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်နန်းမြတ်ရေ။ သူငယ်ချင်းတွေက ဝိုင်းဖွဲ့ပြီးသူမကို ပျော်ရွှင်အောင်လုပ်ပေးတော့ နန်းမြတ်တစ်ယောက် ပါးစပ်မစေ့ နိုင်လောက်အောင်ကို ပျော်နေတာပဲဖြစ်ပါတယ်။ သူမရဲ့အပျော်လေးတွေကို ” ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့gender reveal ချစ်တဲ့သူငယ်ချင်းတွေရှိတာဘဝကပေးတဲ့ဆုလဒ်ပါ ကျေးဇူးအများကြီးတင်ပါတယ် အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲမကြည့်ရဲဘူး ယောက်ျားနဲ့အဖေလိုချင်နေတဲ့သားယောက်ျားလေးမွေးပေးချင်တာ ခုတော့ဆန္ဒတွေလဲပြည့်ပီ I want to shout out loud “IT’S A BOY” Yayyyy ” ဆိုပြီး လူမှုကွန်ယက်မှာ Video လေးနဲ့အတူ ပရိသတ်တွေဆီကို ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။ Video ကြည့်ရန် Photo – Nann Myat...

“18+တော့မဟုတ်ပါဘူး ဝါးထားပါတယ်”လို့ နေရွှေသွေးအောင်ရဲ့ Cover Songမှာ သရုပ်ဆောင်မှုကိုပြောပြလာတဲ့ သင်ဇာ

သင်ဇာလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ ပုရိသပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ မင်းသမီးချောတစ်ဦးပါပဲ..။ သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းစကားပြောဟန်၊ အချိုးအစားကျပြီး ဆွဲအားပြင်းလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှနဲ့ မြင်သူတကာငေးရတဲ့ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေသူလေးပါ..။ သင်ဇာဝင့်ကျော်ကတော့ နေရွှေသွေးအောင်ရဲ့ Cover Song မှာ ထိုင်းမင်းသမီးလေးဖြစ်တဲ့ Kaew Korravee ရယ်၊ မိုးဒီနဲ့အတူ ဖြိုးငွေစိုးတို့က ဧည့်သည်သရုပ်ဆောင် ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ ဒီနမူဟာvideoလေးကလည်းအမိုက်စားပုံရိပ်တွေကိုအများကြီးတွေ့ရမှာပါ.နိုင်ငံခြားmtvလေးအတိုင်းအကောင်းဆုံးရိုက်ချက်တွေနဲ့ကြိုးစားပြီးရိုက်ကူးထားတာကလည်းပရိတ်သတ်တွေအတွက်အနုပညာအလုပ်တွေကိုအကောင်းဆုံးကြိုးစားထားတဲ့သီချင်းလေးပါ။Tonightဆိုတဲ့သီချင်းလေးကိုကိုယ်တိုင်ပြန်ဆိုပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်မှုနှင့်ပတ်သက်ပြီးသင်ဇာဝင့်ကျော်ကတော့ “အနုပညာကို အနုပညာလိုပဲကြည့်ပေါ့နော်၊ တစ်ဖြတ်တစ်ကဒ်ပဲဆိုပေမဲ့ အဲဒီဟာကို ဘယ်နှစ်ကြိမ်လောက်လေ့ကျင့်ပီး လုပ်လိုက်ရတယ်ဆိုတာမသိဘူး။ အားလုံးကို အနုပညာမျက်လုံးနဲ့ ကြည့်စေချင်တယ်” လို့ နေရွှေသွေးအောင် ရဲ့ Cover Song မှာ ပါဝင်သရုပ်ဆောင်မှု အပေါ် ပြောပြလာခဲ့ပါတယ်။ Video ကြည့်ရန် နေရွှေသွေးအောင်ရဲ့ Cover Song နမူနာ Video...

သရုပ်ဆောင် ခင်သဇင် မျက်ရည်တွေကျပြီး ပြောပြခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ရောဂါ အခြေအနေ

ဒီနေ့မနက်မှာ ကျောက်ကပ်နဲ့အထူးကုဆရာဝန်ကြီး ပြောပြချက်အရ ကျောက်ကပ်ခွဲစိတ်လို့ရပြီဖြစ်ပေမယ့် ကျောက်ကပ်အလှူရှင်လိုအပ်နေပါသေးတယ် ။ အသက် ၂၅ ကနေ ၄၀ ကြားမှာရှိတဲ့ သွေးအမျိုးစား B ဖြစ်တဲ့ ကျောက်ကပ်အလှူရှင် အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာခွဲစိတ်ရင် သိန်း ၂၀၀ အထက်ကုန်ကျမှာဖြစ်ပြီး နိုင်ငံခြားမှာခွဲစိတ်ရင်တော့ သိန်း၃၀၀ နဲ့ ၅၀၀ ကြားကုန်ကျမှာဖြစ်လို့ လက်ရှိအလှူငွေစုစုပေါင်းက သိန်း ၅၀ကျော်လေးသာ ရထားတာကြောင့် မကစ်ကိုချစ်တဲ့ ပရိသတ်တွေ လည်း တစ်တပ်တအားကူညီပေးကြဖို့ သရုပ်ဆောင်ခင်သဇင်က ပရိသတ်တွေကို တောင်းဆိုလိုက်တာပါ ။ ဒီနေ့မနက် ခင်သဇင်ဆေးရုံသွားတဲ့အချိန်မှာတော့ မကစ်က သူ့မျက်လုံးတွေ ဘာမှမမြင်ရတော့ဘူး လို့ ပြောလို့ သဇင်အမြန်ဆုံးခွဲစိတ်ပေးချင်တယ်လို့ မျက်ရည်တွေကျပြီး ပြောခဲ့တာဖြစ်ပါတယ် ။ သမီးလေး တစ်ယောက်နဲ့ ဆွေမျိုးသားချင်းမရှိတဲ့ မုဆိုးမတစ်ယောက်ဖြစ်လို့ လူလူချင်းကြည့်မယ်ဆိုရင်တောင် ကူညီသင့်တဲ့လူနာထဲမှာပါတယ်လို့ ခင်သဇင်ကပြောပြခဲ့ပါတယ် ။ ဆေးရုံမတက်ခင်က လက်ယားလို့လက်ကုတ်ရင် လက်ကအရည်တွေထွက်ပီးဆီးတွေပါ...

ခန္ဓာကိုယ်အလှကို အကောင်းဆုံးထိန်းသိမ်းထားနိုင်ကြတဲ့ မင်းသမီး (၁၀) ဦး

လူတစ်ကိုယ် အလှတစ်မျိုးစီနဲ့ အလှချင်းပြိုင်နေကြတဲ့ အနုပညာလောကဟာလည်း အလှပေါင်းစုံ စုဝေးရာ ပန်းခင်းလေးတစ်ခုလိုပါပဲ။ ဆွဲဆောင်မှုကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အနုပညာရှင် မင်းသမီးတွေထဲမှာ နှစ်အတော်ကြာအောင် ခန္ဓာကိုယ်အလှတွေကို မပြောင်းလဲဘဲ ဆွဲဆောင်မှုရှိရှိ ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေရှိကြပါတယ်။ လှပပြီးအချိုးအစားကျတဲ့ ခန္ဓာကိုယ်တစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့ မလွယ်ကူသလိုပဲ ပြေပြစ်လှပနေတဲ့ ခန္ဓာကိုယ်တစ်ခုကိုလည်း နှစ်အတော်ကြာ မပြောင်းလဲသွားအောင် ထိန်းသိမ်းထားနိုင်ဖို့ဆိုတာလည်း အင်မတန်မှ ခက်ခဲလှပါတယ်။ သို့ပေမယ့်လည်း ယခုဖော်ပြပေးမယ့် မင်းသမီးတွေကတော့ နှစ်အတော်ကြာသည့်တိုင် ပြေပြစ်လှပနေဆဲ ခန္ဓာကိုယ်တွေကိုပိုင်ဆိုင်ထားကြတဲ့ မင်းသမီး (၁၀) ဦးဖြစ်ပါတယ်။ မိုးဟေကို အေးမြတ်သူ သင်ဇာဝင့်ကျော် ဝတ်မှုန်ရွှေရည် ဖွေးဖွေး ရွှေမှုန်ရတီ အေးဝတ်ရည်သောင်း ဝါဆိုမိုးဦး လုလုအောင် ဆုအိမ့်စံ ယခုဖော်ပြထားတဲ့ ခန္ဓာကိုယ်လှပမှုကို အချိန်အတော်ကြာအောင်ထိန်းထားနိုင်တဲ့ မင်းသမီးတွေကတော့ Admin သိသလောက် ဖော်ပြထားတာဖြစ်ပြီးတော့ ပရိသတ်တွေသိတဲ့ အချိန်အတော်ကြာ ခန္ဓာကိုယ်လှပအောင် ထိန်းထားနိုင်တဲ့ မင်းသမီးတွေရှိရင်လည်း ပြောပြခဲ့ပေးဖို့ မေတ္တာရပ်ခံပါရစေနော်။We...

ငါမုန်းတဲ့အက္ခရာဇာတ်ကားမှာ မရိုက်ဖြစ်တော့တာနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ပြန်လည်ဖြေရှင်းလိုက်တဲ့ ရွှေမှုံရတီ

မကြာခင်မှာ လက်ထပ်တော့မယ့် မင်းသမီးချောလေး ရွှေမှုံရတီကတော့ “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မရိုက်ကူးဖြစ်တော့ပဲ သူမရဲ့ ခေါင်းဆောင်မင်းသမီးနေရာ ပြောင်းလဲရိုက်ကူးလိုက်ရတာကြောင့် ဝေဖန်မှုတွေကြုံတွေ့နေရပါတယ်..။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ခေါင်းဆောင်မင်းသမီးနေရာ အစားထိုးလိုက်ရတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပရိသတ်တွေကြား အမျိုးမျိုးသော ဝေဖန်မှုတွေ ထွက်ပေါ်နေတာဖြစ်ပြီး ရွှေမှုံရတီကတော့ ဒီနေ့လေးမှာပဲ ပထမဆုံးအနေနဲ့ တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်..။ ရိုက်ကူးရေးကို သူမဘက်က ဖျက်တာမဟုတ်ပဲ ရိုက်ရက်ပြန်ပေးပြီး အဆင်ပြေအောင် ညှိပေမယ့် တစ်ဖက်က မရိုက်ကူးတော့တာ ဖြစ်တဲ့အကြောင်းကို ရွှေမှုံက ပြောပြထားတာ ဖြစ်ပါတယ်..။ ရိုက်ကူးရေးအတွက် ကုန်ကျစရိတ် သိန်း(၁၀၀)ကျော်ကိုလည်း ဘာပြဿနာမှ မရှာပဲ တောင်းသလောက် ပြန်လျော်ပေးလိုက်တယ်ဆိုပြီးတော့လည်း ရွှေမှုံက ပြောပြပြီး ပြန်လည်ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်..။ မကြာခင်ကမှ ကန်တော့ပွဲလုပ်ပြီး စတင်ရိုက်ကူးနေတဲ့ “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ အောင်ရဲလင်း ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာနဲ့ ရွှေမှုန်ရတီတို့က...

မြင့်မြတ်ဆီက နာမည်ကျော် တန်ဖိုးကြီးလှတဲ့ လက်ဆောင်တစ်ခုကို ရလိုက်တဲ့ ဒိန်းဒေါင်

လူရွှင်တော် ဒိန်းဒေါင်ကတော့ယနေ့မှာ အပျော်ကြီးပျော်လို့နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက အနုပညာလောကမှာ အတူတူရုန်းကန်ခဲ့ကြဖူးတဲ့ အနုပညာညီအစ်ကိုတစ်ဦးဖြစ်တဲ့မြင့်မြတ်ဆီက တန်ဖိုးကြီးလက်ဆောင်လေးရရှိခဲ့လို့ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ယခုအချိန်မှာ သာယာတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီးယနေ့ဟာလည်း မြင့်မြတ်နဲ့ ဂျူနီယာမြင့်မြတ်လေးတို့ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ တနေ့တခြား ပိုပိုပြီးချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် မိသားစုတစ်ခုလုံးရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားတဲ့ ဂျူနီယာမြင့်မြတ်လေးက သိပ်ကိုကံကောင်းတဲ့သားလေးတစ်ဦးဖြစ်နေပါတယ်။ မြင့်မြတ်ကတော့ ယခုအချိန်မှာ ပရိသတ်ပေးတဲ့အကယ်ဒမီဆုကြီးကိုပါရရှိထားပြီးပါပြီ။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရုန်းကန်ခဲ့ကြဖူးတဲ့ စီနီယာဖြစ်သူ ကိုဒိန်းဒေါင်ကို မြင့်မြတ်ကတော့ တန်ဖိုးကြီးလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။ မြင့်မြတ်ပေးလိုက်တဲ့ ဒိန်းဒေါင်အတွက်လက်ဆောင်ကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV အမှတ်တံဆိပ် ခါးပတ်ပဲဖြစ်ပါတယ်။ ယခုလိုမျိုးကမ္ဘာကျော်အမှတ်တံဆိပ်ကို လက်ဆောင်ရလိုက်လို့ ဒိန်းဒေါင်တစ်ယောက် ဝမ်းသာပျော်ရွှင်နေတဲ့အပြင် အနုပညာညီအကိုတစ်ဦးဖြစ်တဲ့ မြင့်မြတ်ဆီက ရရှိခဲ့လို့ ပိုပြီးပီတိတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်အတွက် မြင့်မြတ်ပေးလိုက်တဲ့ လက်ဆောင်ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ Source : We Love Cele Photos-Dain Daung...

နှုတ်ခမ်းနီမလေးတွေကို အသည်းယားအောင်လုပ်လိုက်တဲ့ အောင်မင်းခန့်ရဲ့ ဗီဒီယိုဖိုင်

MRTV-4 ရဲ့ မြန်မာ ရုပ်သံဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ ထာဝရမန္တလေး၊ ဝိဉာဉ် ရှိုက်သံ၊ မနေ့က ဖြစ်သည် ၂ စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ စမတ်ကျပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ကိုကိုတစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ပြီးဆုံးသွားတဲ့ မနေ့က ဖြစ်သည် ၂ ဇာတ်လမ်းတွဲ မှာ လူသတ်သမား အဖြစ်သရုပ်ဆောင်ထားပင့်မယ့် အောင်မင်းခန့်ကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားရှိလို နေပါတယ်။ ပရိတ်သတ် မခိုင်အမာနဲ့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်နေပြီ ဖြစ်တဲ့ အောင်မင်းခန့်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမြဲတမ်း စမတ်ကျကျ ဒီဇိုင်းလေးတွေနဲ့ တွေ့ရတတ်တဲ့ အောင်မင်းခန့်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအောင်လုပ်လိုက်ပြန်ပါပြီ။ ပျော်ပျော်နေတတ်တဲ့ အောင်မင်းခန့်ရဲ့ ပုံစံလေးကို...

ပြောချင်တာတွေ ပြောလိုက်ရလို့ ကျေနပ်နေတဲ့ ရတနာဖြူဖြူအောင် ရဲ့ဗီဒီယိုဖိုင်

ရတနာဖြူဖြူအောင်ကတော့ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်သလိုဖြစ်နေခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ချစ်စရာမျက်နှာပေါက်လေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေ ရိုးသားတဲ့အကြည့်လေးတွေက သူမရဲ့ Trademark လို့ ခေါ်ဆိုရမှာပါ။ ရတနာဖြူဖြူအောင်တစ်ယောက် ပရိသတ်တွေနဲ့ ဝေးကွာနေတာမှန်ပေမယ့် သူမအမြဲသုံးနေတဲ့ ပေ့ခ်ျလေးမှာတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲလိုလိုတင်နေပါသေးတယ်။ နင်မရှိပဲငါမနေတတ်တော့ဘူးလေ…. ဆိုတဲ့တေးသီချင်းစာသားလေးနဲ့အတူ ရိုးသားတဲ့ ကျောင်းသူဘဝပုံရိပ်လေးတွေနဲ့ ပရိသတ်တွေ ရင်ထဲအရောက်ဝင်လာခဲ့သူလေးပါ။ အနုပညာအလုပ်တွေကိုတော့ အဆက်မပြတ်အောင်လုပ်ကိုင်နေပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာသလိုဖြစ်နေတဲ့ရတနာဖြူဖြူအောင်ကိုပရိသတ်ကြီးက မေ့မသွားအောင် သူမ တင်ထားခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်နော်။ ထို ဗီဒီယိုလေးမှာဆိုရင် သူမဟာချစ်စဖွယ်အမူအရာလေးနဲ့ သူမ ပြောချင်နေတာတွေကို ပြောလိုက်ရလို့ ကျေနပ်သွားတဲ့ပုံလေးကို ကလေးလေးတစ်ယောက်လို သရုပ်ဆောင်ပြထားတာဖြစ်ပါတယ်။ သူမပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်တင်ပေးဖို့ တောင်းဆိုနေကြတာလည်းတွေ့ရပါတယ်။ ယခုလိုမျိုးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ရတနာဖြူဖြူအောင်တစ်ယောက် သူမကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲတင်ပေးနိုင်ပါစေလို့ ဒါ့အပြင် သူမကို သတိရနေတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့...

ဝင့်ယမုံနိုင်ကို အနားမှာ တစိမ့်စိမ့်ကြည့်ရင်းအကြင်နာတွေပိုနေတဲ့ ကျော်ဆု

မြန်မာနိုင်ငံရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ ”The Sign Of Love” ဆိုတဲ့ အချစ်ဇာတ်လမ်းလေးမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့ကတော့ အခုဆိုရင် အနုပညာလောမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေတစ်ဆင့် လူသိများအောင်မြင်လာခဲ့တဲ့ သူတို့နှစ်ယောက်က အခုဆိုရင် ကြော်ငြာနဲ့ ဇာတ်ကားတွေများစွာ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သူတို့နှစ်ယောက်ကို အခုလည်း စုံတွဲလေးအဖြစ် တစ်ဖန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယမုံက ”ကျွန်မကမဟေသီ” ဆိုတဲ့ဇာတ်ကားလေးမှာ စံမြန်းဆိုတဲ့ကောင်မလေးအဖြစ် ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောက်က လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ကြည်နူးပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကျော်ဆုတစ်ယောက် ယမုံလေးကို ဘေးကနေတစ်ချိန်လုံး တစိမ့်စိမ့်ကြည့်ရင်း အကြင်နာပိုနေတဲ့ပုံရိပ်လေးတွေကို သူရဲ့ Facebook မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကိုတော့ သူငယ်ချင်း ဘုန်းရှိန်ထက်နဲ့ ကျော်ထက်ဇော်တို့က ရိုက်ကူးပေးထားတာ...

အနုပညာထက် စီးပွားရေးဘက်ပဲ ခြေဦးလှည့်ဖြစ်နေတဲ့ အနုပညာရှင်များ

အနုပညာလောကက အခုအချိန် မှာ အရာရာအားလုံး ပြောင်းလဲလို့ လာခဲ့ပါပြီ။ ခေတ်ရဲ့ပြောင်းလဲ မှုတွေနဲ့အတူ နည်းပညာတိုးတက် မှုတွေကအစ ပြောင်းလဲလို့လာခဲ့ တာပါ။ ဒါ့အပြင်အရင်တုန်းက သရုပ်ဆောင်တွေကတော့ အနုပညာ ကလွဲရင် တခြားစီးပွားရေးဘက်ကို မလှည့်ကြတာများပေမယ့် အခု ခေတ်မှာတော့ အနုပညာရှင်တော် တော်များများက အနုပညာအလုပ် အပြင် သူတို့ဝါသနာပါတဲ့ စီးပွား ရေးတွေကိုလည်း တစ်ဖက်တစ်လမ်း ကနေ လုပ်ဆောင်နေကြပါပြီ။တချို့ကလည်း ပိုးထည်ဆိုင်တွေဖွင့်၊ တချို့ကလည်းဖက်ရှင်ဆိုင်တွေဖွင့် ၊ တချို့ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး တွေ တည်ထောင်ပြီး ကိုယ်ဝါသနာ ပါရာ စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်ထားကြပါတယ်။အနုပ ညာလောကမှာ သိပ်မတွေ့ရ တော့တဲ့ အနုပညာရှင်တွေဆိုရင် လည်း စီးပွားရေးတွေဘက်မှာ အခြေ ချလုပ်ကိုင်နေကြတာ အောင်မြင်တဲ့စီးပွားရေးသမားတွေတောင် ဖြစ်လို့ နေကြပါပြီ။ ဇာတ်ကားတွေသိပ်မ ရိုက်ကူးဖြစ်တာကြာပြီဖြစ်တဲ့ သရုပ် ဆောင်နေယံဆိုရင်လည်း ဖက်ရှင် ဆိုင်တွေဖွင့်လှစ်ထားပြီး နောက်ပိုင်း မှာ...

error: Content is protected !!