ဒီကနေ့မနက်မှာ ဇနီးဖြစ်သူက သားလေးမွေးဖွားလို့ ပျော်နေတဲ့ မင်းရာဇာ

မင်းရာဇာရဲ့ ဇနီးချောလေးက ဒီနေ့(မတ်လ ၁၉)ရက်နေ့မနက်က ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။ သားယောက်ျားလေးလည်းဖြစ်တာကြောင့် မင်းရာဇာကတော့ အရမ်းကိုပျော်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးဖြစ်သူ မဖူးငုံပွင့် ကတော့ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက ဒုတိယမြောက်ရင် သွေးဖြစ်တဲ့ သားလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီလို့ မင်းရာဇာက Duwun Media ကိုပြောပြလာပါတယ်။ မိခင်ရောကလေးပါ ကျန်းမာပါတယ်တဲ့။ ‘’ သားကိုတော့ ဒီနေ့မနက် ၆ နာရီ ၁၃ မိနစ်မှာ မွေးတယ်။ ပေါင်ကတော့ ၇ ပေါင်နဲ့ ၆ အောင်စရှိတယ်။ Women Center မှာ မွေးတာပါ။ သားရော အမေရော နှစ်ယောက်စလုံးက ကျန်းကျန်းမာမာရှိကြပါတယ်။ သားလေးက ထွက်လာကတည်းက အသားလည်းဖြူတယ်။ အခုတော့ ချိုချိုစို့နေတယ်’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သားလေးကို...

ချစ်သူလေးရဲ့မွေးနေ့ကို မန္တလေးထိသွားရောက်ပီး Surprise လုပ်လိုက်တဲ့ ချီချီရဲ့ Video ဖိုင်လေး

ကိုယ်ပိုင်brandလေးတွေထုတ်လာပြီးပရိသတ်အားပေးမှုကလည်းအမြင့်ဆုံးမှာရှိနေပြီးအောင်မြင်နေတာကတော့ Beauty Blogger မလေးနေခြည်ဦးပဲဖြစ်ပါတယ်။သူမရဲ့productအသစ်လေးတွေအလှအပလမ်ညွှန်မှုတွေဆိုမိန်းကလေးပရိသတ်တွေမလွတ်တမ်းစောင့်ကြည့်နေတာပါ။သရုပ်ဆောင်ပိုင်းမှာလည်းကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုအတွင်းမှာအောင်မြင်လာပြီးပရိသတ်အားပေးမှုတွေနဲ့အောင်မြင်နေသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေမှာအောင်မြင်တဲ့အချိန်တွေပိုင်ဆိုင်ထားသာမကကြည်နူးပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတာပါ။သူမတို့အချစ်ရေးလေးကလည်းပရိသတ်တွေကြားမှာအားကျနေရတာပါ။တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြင်နာမှုပုံရိပ်လေးတွေကပရိသတ်တွေကိုအချစ်တွေပိုစေတာပါ။ ချီချီတို့ချစ်သူနှစ်ဦးကတော့နေထိုင်ရာအရပ်တွေမတူညီကြပေမယ့်နှစ်ယောက်သားတူတူအမြဲရှိနေကြတာပါ။ချီချီကလည်းသူ့ချစ်သူလေးရှိရာအရပ်ကိုသွားပြီးနွေးထွေးမှုတွေပေးတက်တဲ့ချစ်သူလေးပါ။ဒီနေ့လေးကတော့ ချီချီရဲ့အချစ်ရဆုံးသောချစ်သူလေး အောင်နွေးဦးရဲ့မွေးနေ့လေးပါ။ သူမရဲ့ချစ်သူမွေးနေ့ကိုအလုပ်တွေမအားတဲ့ကြားက မန်းလေးထိသွားရောက်ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချီချီရဲ့မွေးနေ့ဆုတောင်းပေးတဲ့ ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ Video ကြည့်ရန် Source- Nay Chi Oo Facebook Comments

ဇာတ်ကားတွေမှာအိုပယ်မလုပ်ကြပါနဲ့လို့တောင်းဆိုလာတဲ့အမေများအဖွဲ့ရဲ့ရင်တွင်းစကား ဗီဒီယို

အမေများအဖွဲ့ဟာ့အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်မကလျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတဲ့ ချစ်စရာကောင်းလွန်းတဲ့ အဖွဲ့လေးပါ။ နှစ်တိုင်းသင်္ကြန်ရောက်ပီဆိုရင်လည်း သူတို့အဖွဲ့မပါရင်ပွဲမစည်လောက်အောင်ပင် သင်္ကြန်ရဲ့မင်းသမီးကြီးများလည်း ဖြစ်ကြပါတယ်။ ဒီနှစ်သင်္ကြန်မှာလည်း အရင်နှစ်တွေလိုပဲ နယ်လှည့်ဖျော်ဖြေဖို့ရှိတယ်လို့လည်းသိရပါတယ်။ အမေများအဖွဲ့ဟာ မြန်မာ့ရိုးရာ အမွေအနှစ်ကိုထိန်းသိမ်းတဲ့အနေနဲ့မြန်မာအကကို ကရခြင်းဖြစ်ပါတယ်လို့လည်းပြောထားပါသေးတယ်။ အမေများအဖွဲ့ဟာအနုပညာတွေအတွက်ကြိုးစားယုံသာမကနောင်လာနောင်သာလေးအတွက်ပါရိုးရာယဉ်ကျေးမှုတွေကိုမပျောက်ပျက်အောင်လုပ်ဆောင်ပေးနေသူတွေပါ။ဗီဒီယိုဈေးကွက်ပျက်သွားခဲ့လို့ရိုက်ကူးမှုတွေမရှိတော့ပေမယ့်တက်နိုင်တဲ့ဘက်ကနေအနုပညာတွေနဲ့ပရိသတ်တွေကိုဖျော်ဖြေပေးသူတွေပါ။တစ်ဖက်ကဝမ်းဆာအတွက်အခက်ခဲတွေကြားထဲကသူတို့ရဲ့စကားသံလေးတွေကိုလည်းပရိသတ်တွေသိရှိဖို့အတွက်videoလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ Video ကြည့်ရန် Source – Myanmarload TV Facebook Comments

ချစ်ရသူနဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းထဲက မင်းသမီးလေး မေဧကရီထူး

“နှလုံးသားနှင့်အနီးဆုံး” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိပြသနေတဲ့ “ချစ်ခြင်းတရားတို့ရှိရာ” ဇာတ်လမ်းတွဲမှာလည်း ဂျူလီယာဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်နေတဲ့ မေဧကရီထူးကတော့ သူမရဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ဟန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မတ်လ ၁၆ ရက်နေ့မှာ သူမရဲ့ ချစ်ရသူနဲ့ စေ့စပ်သွားခဲ့ပြီဖြစ်ပါတယ်။ လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်လို့ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း မေဧကရီထူးအတွက် အရမ်းကို ဝမ်းသာနေကြတာဖြစ်ပါတယ်။ မေဧကရီထူးတို့ရဲ့ စေ့စပ်ပွဲနေ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ မေဧကရီထူးအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။ Source: May Akari Htoo, YH_photography Facebook Comments

ကလေးအမေတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေနဲ့ အပျိုတွေရှုံးစေတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်

ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်ဆယ်လီစုံတွဲတွေထဲမှာ ပိုင်ဇေရဲထွန်းနဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်တို့ စုံတွဲလေးကတော့ ရိုမန်တစ်အဆန်ဆုံးလို့ ဆိုရမှာပါပဲနော်..။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်နားလည်မှုလေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျအချစ်ပိုစေတဲ့ ပြည်သူ့အချစ်တော် သူတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားကြသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ဖြတ်သန်းနေတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားကျမှုတွေနဲ့အတူ နုပျိုလှပမှုတွေကတော့ ကလေးသုံးယောက်အမေလို့ မထင်ရအောင်ကို အပျိုလေးတွေရှုံးလောက်အောင် လှသွေးကြွယ်နေသူလည်းပဲ ဖြစ်ပါတယ်နော်..။ အခုတစ်ခါမှာလည်း တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိတဲ့ အလှတရားတွေနဲ့ ဝင့်ကြွားစွာလှသွေးကြွယ်နေပုံများ ခင်ပွန်းဖြစ်သူ ပိုင်ဇေရဲထွန်းတောင် စိတ်မချနိုင်လောက်အောင် အလှကြီးလှနေတာပါပဲနော်..။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးမှုလေးတွေနဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုမှန်ကန်ခဲ့ကြတဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေးဇင်သဲနိုင်တို့ကတော့ ရိုမန်တစ်ဆန်တဲ့ ချစ်ခြင်းပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို တစ်နေ့ထက် တစ်နေ့ အချစ်ပိုစေကြတဲ့ စုံတွဲလေးတစ်တွဲပါပဲ..။ ဒီကနေ့လေးမှာတော့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ရဲ့...

ကိုယ်တိုင်သီချင်းဆိုရင်း အကကိုပါသေချာကပြထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့် ရဲ့ဗီဒီယိုများ

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ဟိုးအရင် MTV တွေ ရိုက်ကူးရာကနေ ပရိသတ်တွေ လူသိများပြီး အများရဲ့ ချစ်ခင်မှုများစွာကို ရရှိလာခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ ယခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးလို့တောင် တင်စားထားရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်တဲ့ နေရာမှာသာမဟုတ်ဘဲ အဆိုရော အကမှာပါ ကျွမ်းကျွမ်းကျင်ကျင် သီဆိုကပြနိုင်တဲ့ သူလေးတစ်ယောက်ပါ။ အဆိုအကတွေမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုကပြပေးနိုင်ခဲ့တဲ့ ချင်းတိုင်းရင်းသူလေး သက်မွန်ရဲ့ သီချင်းလေးတွေကို မိုမိုလေးချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ တိုင်းရင်းသူလေး တစ်ယောက်ပေမို့ ချစ်စရာကောင်းတဲ့ စကားသံလေးနဲ့ အကောင်းဆုံးဖြစ်အောင် သီဆိုဖျော်ဖြေပေးထားခဲ့တဲ့ သက်မွန်ရဲ့ သီချင်းလေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော် ပရိသတ်ကြီးရေ။ သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ “ရည်းစားဦး” သီချင်းကို အပီအပြင် သီဆိုပေးထားခဲ့တဲ့ သက်မွန်မြင့်ရဲ့ Video သူငယ်ချင်း...

အတွင်းခံတောင် အထဲမှာ မဝတ်ထားကြတဲ့ အမျိုးသမီးတွေရဲ့ ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံအကြောင်း ပြောပြလာတဲ့ ခင်မို့မို့အေး

နာမည်ကျော် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောကြီး ခင်မို့မို့အေးကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တတ်တဲ့ အန်တီ ခင်မို့မို့အေးက လက်ရှိမှာ ” ချစ်ခြင်းအလင်္ကာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား ဟိန်းဝေယံ၊ မင်းသမီး ရတနာမိုင်တို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ခင်မို့မို့အေးက လက်ရှိမှာ ရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခင်မို့မို့အေးက ယနေ့ခေတ် ဝတ်စားဆင်ယင်ပုံတွေနဲ့ သူမမြင်တွေ့ရတဲ့ ခေတ်ပေါ် ဖက်ရှင်အလန်းစားတွေအကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ အတွင်းခံတောင် မြင်တွေ့နေရတဲ့ ဖက်ရှင်တွေနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြထားတာ ဖြစ်ပါတယ်။ ခင်မို့မို့အေးက “အမျိုးသမီးတွေက အင်္ကျီဝတ်တဲ့အခါ အထဲက အတွင်းခံတစ်ထပ်ဝတ်ရတယ်လေ အခုကျ အထဲအတွင်းခံတောင် ဝတ်မထားကြတာတွေ မြင်နေရတယ် ခေတ်ရေစီးကြောင်းအရ မိန်းခလေးတွေအဝတ်အစားဝတ်တဲ့...

ပရိသတ်တွေအူတတ်အောင်ခွီးနေရတဲ့ ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့ရဲ့ Live အခွီဗီဒီယိုလေး

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ အားပေးမှုတွေအခိုင်အမာနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင်မောင်နှမနှစ်ယောက်ဖြစ်ကြတဲ့ သရုပ်ဆောင်ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့ နှစ်ယောက်ကတော့ ပရိသတ်တွေကို အမြဲပျော်ရွှင်ရယ်မောစေကြသူလေးတွေပဲ ဖြစ်ပါတယ်နော်..။ ပျော်ပျော်နေတတ်ကြတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ကြတဲ့အတိုင်း ဆုံလိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အူတတ်နေအောင်ရယ်နေရမယ့် အခွီဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို စိတ်ပျော်ရွှင်အောင် လုပ်လိုက်ကြပြန်ပါတယ်နော်..။ ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်တဲ့ စိုးပြည့်လေးနဲ့ ကျော်ကျော်တို့နှစ်ယောက်ကတော့ လတ်တလောမှာ “လူးလူးစိန်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေကြတာဖြစ်ပြီး ရူတင်မှာ ရိုက်ကူးရေးနားချိန် Live လွှင့်ရင်း အချင်းချင်း မျက်နှာပြောင်ရင်း စနောက်နေကြတာ တွေ့ရပါတယ်နော်..။ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း အုပ်စုလိုက် စနောက်နေကြတဲ့ သူတို့တွေရဲ့ ဗီဒီယိုဖိုင်လေးထဲမှာတော့ ကျော်ကျော်တစ်ယောက် စိုးပြည့်လေးကို လိုက်နောက်ရင်း မိန်းမလျာပုံစံလေးနဲ့ နွဲ့နွဲ့ပြီး စကားပြောနေတဲ့ ပုံလေးတွေကလည်း ပရိသတ်တွေကို အူတတ်စေပါတယ်နော်..။ အနုပညာလောကမှာ လူချစ်လူခင်ပေါများလွန်းတဲ့ စိုးပြည့်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့အပြင် အခြားအနုပညာရှင်တွေလည်း ပါတာမို့...

ငွေဆောင်မှာ ရီဝေေ၀နဲ့ ဝေလသီချင်းကို အပြတ်ဟဲခဲ့ကြတဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်များ

ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်တစုကတော့ လက်ရှိမှာငွေဆောင် ကမ်းခြေသို့ မင်္ဂလာပွဲတစ်ခုကို ဖျော်ဖြေဖို့ ရောက်ရှိနေတာဖြစ်ပြီး သီချင်းသီဆိုရင်း လည်လည်းလည်၊ သီချင်းလည်းဆိုကာ အပြတ်ကဲ ခဲ့ကြတာဖြစ်ပါတယ်။ ညပိုင်း မင်္ဂလာ Dinner ပွဲအပြီးမှာတော့ အဆိုတော်သူငယ်ချင်းတွေဖြစ်ကြတဲ့ အဆိုတော် ဟဲလေး၊ ဂျူဝယ်၊ အောင်ထက်၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ နဲ့ ဇွဲ့ပြည့် တို့ သူငယ်ချင်း အားလုံးဟာ ၀ိုင်ခွက်ကိုယ်စီနဲ့ အတူတူသောက်ခဲ့ကြပြီး အနည်းငယ်ရီဝေေ၀လေးနဲ့ မူးနေကြပေမဲ့ အရမ်းကို ချစ်ဖို့ကောင်းအောင် သီချင်းအတူတူ အပြတ်ဟဲခဲ့ကြပါတယ်။ အဆိုတော် ဝေလရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” အနီးဆုံးရန်သူ ” ဆိုတဲ့ သီချင်းကို ခံစားချက် ပါပါ၊ ကိုယ်ပိုင် Performance အပြည့်နဲ့ သီ ဆိုခဲ့ကြပြီး သူတို့အတွက် အပျော်ဆရွှင်ဆုံးနဲ့ အမှတ်တရဖြစ်ခဲ့စေတဲ့ ညလေးတစ်ညလို့ ဆိုရမှာပါ။ သိပ်ကို ပျော်ရွှင်ဖို့ကောင်းတဲ့...

ပရိသတ်တွေက ဇေရဲထက် နဲ့ မှားနေကြတဲ့အပေါ်တစ်ခါတစ်လေ Feel အောက်တယ်ဆိုတဲ့ Fredy Linn

လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့ ဇေရဲထက်နဲ့ တူတယ်လို့ နာမည်ကြီးနေတဲ့ T9 Beauty Bar ပိုင်ရှင် Fredy Linn ပဲဖြစ်ပါတယ် ။ ဇေရဲထက် အရမ်းနာမည်ကြီးနေတဲ့အချိန် မှာ သူက နိုင်ငံခြားမှာ ရှိနေခဲ့တာဖြစ်ပြီး ပြန်လာတဲ့အချိန်မှာ လေယာဉ်ကွင်းမှာရော အပြင်သွားတဲ့အခါမှာရော ဇေရဲထက်ဆိုပြီ လူတွေ အုံအုံလာတာ ရှိတယ်လို့ သိရပါတယ် ။ သူအရမ်းအောင် မြင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာတာ ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာမှာရော ဇေရဲထက်နဲ့ တူတယ်ဆိုပြီး ရှယ် ကြ ပြောကြတယ်လို့ပြောပြခဲ့ပါတယ် ။ တစ်ခါတစ်လေ ဇေရဲထက်ကို အားနာမိသလို ဇေရဲထက် အစစ်မဟုတ်ဘဲ ရှောင်ရ ပတ်ပြေးရတဲ့အချိန်တွေ ရှိတော့ ပရိသတ်တွေက ဇေရဲထက်က မာနကြီးတယ် လို့ အပြောခံရတာတွေရှိတော့ အားနာရတယ်လို့လည်း ပြောပြခဲ့ပါတယ် ။ အခက်ခဲတော့မဖြစ်ပေမယ့် ဇေရဲထက်ထင်ပြီး ၀ိုင်အုံလာကြရင် တစ်ခါတစ်လေ...

error: Content is protected !!