ကာရိုက်တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ခင်ဝင့်ဝါ

“ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရမယ့် ခင်ဝင့်ဝါအနေနဲ့ ပေးလာတဲ့ ကာရိုက်တာအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီး အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ အဓိဇာတ်ဆောင်မင်းသမီးနေရာဖြစ်တဲ့ ရွှေမှုံရတီနေရာမှာ သရုပ်ဆောင် ခင်ဝင့်ဝါကို အစားထိုး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားမှာ ပါဝင်ရမယ့် ခင်ဝင့်ဝါအနေနဲ့လည်း ပေးလာတဲ့ ကာရိုက်တာအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။”ဒီဇာတ်ကားအတွက်ကတော့ စိန်ခေါ်မှုဆိုတာထက်ကိုအနေနဲ့ ဒီကာရိုက်တာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်သွား မှာပါ။ လူတိုင်းကတော့ ဘယ် Perfect ဖြစ်မလဲနော်။ အမှားနည်းအောင် ကြိုးစားပြီး ပြင်ဆင်ထားပါတယ်” လို့ နိုဝင်ဘာ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Honor 8X ဖုန်းအသစ်မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။ ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါကို အစားထိုး ရိုက်ကူးခြင်းနဲ့...

စတိုင်အသစ်လေးတွေနဲ့ ရှိုးထုတ်နေတတ်ပြီဖြစ်တဲ့ ဖေဖေမြင့်မြတ်ရဲ့သားလေး ဂျူနီယာမြင့်မြတ်

ပရိသတ်တိုင်းက ချစ်ခင်ရတဲ့အနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြင့်မြတ်ကတော့ သူရဲ့ထူးချွန်နဲ့သရုပ်ဆောင်မှုတွေနဲ့ ရိုးသားတဲ့စိတ်ရင်းတို့ကြောင့် အောင်မြင်မှုရနေတာ ဖြစ်ပါတယ်။ လူငယ်ဘဝထဲက အနုပညာလောကကို အခြေချဝင်ရောက်ခဲ့တဲ့ မြင့်မြတ်က အခုဆိုရင် အကယ်ဒမီဆုကြီးကိုပါ ရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ပကာသနတွေကင်းကင်းနဲ့ ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ မြင့်မြတ်က ပျော်ရွှင်အေးချမ်းတဲ့မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အခုဆိုရင် မြင့်မြတ်က အရမ်းချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ သူနဲ့တစ်ထေရာတည်းတူတဲ့ သားလေးနဲ့ ကြည်နူးစရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကတော့ ဖေဖေ့မြင့်မြတ်ရဲ့မွေးနေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဒ်လေးပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဂျူနီယာမြင့်မြတ်လေးက လက်ရှိမှာတော့ အသက် (၄) လပြည့်တော့မှာ ဖြစ်ပါတယ်။ ဖေဖေ့ခြေရာကို တစ်ထေရာတည်းနင်းမယ့် ဂျင်းကောင်ပေါက်စလေးက အခုကတည်းက မျက်စိတစ်ဖက်မှိတ်တဲ့ အိုက်တင်လေးတွေပါ လုပ်တတ်နေပြီ ဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတဲ့ သားလေးက...

အသက်အရမ်းမကွာဘူးထင်ပြီး ရွေးချယ်ခဲ့တယ်ဆိုတဲ့ မင်းဦးရဲ့ချစ်ဇနီးလေး

မင်းဦးနဲ့သူ့ရဲ့ချစ်ဇနီးလေးက အသက်အရွယ်ကွာဟမှုကြောင့် ” ဦးနဲ့သမီး ” ဆိုတဲ့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် တကယ်ကိုချစ်ကျွမ်းဝင်ခဲ့ပြီး ရွှေလက်တွဲခဲ့တာပဲဖြစ်ပါတယ်။ မင်းဦးရဲ့ချစ်ဇနီးလေး ခိုင်ဝေသူက မင်းဦးကို အသက်အရမ်းမကွာဘူးအထင်နဲ့ ချစ်သူအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပြီး ချစ်ကြိုက်ပြီးမှ တကယ့်အသက်အမှန်ကိုသိခဲ့ရတယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ရွေးချယ်ခဲ့ကြတာဖြစ်ပြီး လက်ရှိအိမ်ထောင်ရေးဟာလည်း အဆင်ပြေသာယာနေတယ်လို့ဆိုပါတယ်။ ယခင်က အနုပညာအလုပ်တွေလုပ်ရင် သဝန်တိုတာတွေရှိပေမယ့် အခုနောက်ပိုင်းမှာတော့ နားလည်ပေးပြီးသဝန်တိုတာတွေလျော့လိုက်ပြီလို့ဆိုပါတယ်။ အင်တာဗျူးဖြေနေစဉ်မှာ ချစ်ဇနီးလေးကိုပဲ တစိုက်မတ်မတ်ကြည့်နေတဲ့ မင်းဦးရဲ့မျက်ဝန်းတွေက အချစ်ရောင်စဉ်တွေဖြာလို့နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည်ခွင့်လွှတ်ပြီး နားလည်ပေးဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။ နှစ်ယောက်သားခေါ်တဲ့နာမ်စားလေး တွေကိုမေးတဲ့အခါမှာတော့ မင်းဦးရဲ့ချစ်ဇနီးလေးက ရှက်လို့နေပါသေးတယ်။ ကောလဟာလတွေကိုအပြောခံရပေမယ့် ဇနီးဖြစ်သူက နားလည်ပေးတယ်လို့လည်းဆိုပါတယ်။ ကံပါရင်တော့ကလေးယူမယ်လို့လည်းဆိုပါတယ်။ Exclusively by Myanmarload Facebook Comments

သမီးလေးကို နာကျင်မှုတွေနဲ့ မကြီးပြင်းစေရဘူးဆိုတဲ့ အေသင်ချိုဆွေ

ဟန်ဆောင်မှုတွေများလွန်းတဲ့ ပတ်ဝန်းကျင်မှာ သမီးလေးကို သူမလိုပဲ နာကျင်မှုတွေနဲ့ မကြီးပြင်းစေရဘူးလို့ဆို ပါတယ်။Single Mother တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အေသင်ချိုဆွေဟာ လက်ရှိမှာ ဆွဲတင်မယ့် လူထက် မသိမသာလေးနဲ့ ဆွဲချနေတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဟန်ဆောင်မှုတွေများလွန်းတဲ့ ပတ်ဝန်းကျင်မှာ သမီးလေးကို သူမလိုပဲ နာကျင်မှုတွေနဲ့ မကြီးပြင်း စေရဘူးလို့လည်း ပြောထားတာတွေ့ရပါတယ်။ “emotional သမား တယောက်အတွက် Single mother တစ်ယောက် ဖြစ်နေလို့ လူတိုင်းရဲ့ အချစ်တွေ အားပေးနှစ့်သိမ်မှု တွေရနေတယ် မထင်ပါနဲ့ တချို့(အများစု) သော လူတွေရဲ့ မျက်လုံးတွေ စကားတွေ အပြုအမှုတွေကို ကောင်းကောင်းကြီးသိတာပေါ့။ မသိချင်ယောင်ဆောင် နေတာ ဘဲရှိတယ်။ စိတ်ချပါ။ ကျွန်မသမီးကို မူယာမာယာတွေများပြီး ဟန်ဆောင်မှုတွေများလွန်းတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မလိုဘဲ နာကျင်မှု တွေနဲ့ မကြီးပြင်းစေရဘူး။ ကျွန်မ ကြိုးစားသွားမှာ(အနုပညာနဲ့လည်းဖြစ်ချင်မှဖြစ်မယ်)၊ကျွန်မ မလုပ်နိုင်တာဘာမှမရှိဘူး၊...

သူမစကားကို တစ်သွေမသိမ်းလိုက်နားထောင်တဲ့ တူလေးကြောင့် အချစ်တွေပိုခဲ့ရတဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်ဟာ ယခုဆိုရင်တော့ အန်တီနေရာကိုပါရရှိနေပြီဖြစ်ပါတယ်။ ညီမဖြစ်သူနဒီရွှေရည်ဟာ မနှစ်က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီးတော့ ခုဆိုရင်တော့ မိသားစုဝင်အသစ်လေးဖြစ်တဲ့ တူလေးကို မွေးဖွားသန့်စင်ပေးခဲ့ပါတယ်။ ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်ဖို့ကောင်းလှတဲ့ တူလေးကို ဝတ်မှုန်ရွှေရည်တစ်ယောက် သည်းသည်းလှုပ်ချစ်တာလည်းတွေ့ရပါတယ်။ တူလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲလိုလိုတင်ပြီး အသည်းတယားယားဖြစ်နေခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ဒီနေ့မှာ တူလေးရဲ့ နာခံတတ်မှုကြောင့် အချစ်တွေပိုခဲ့ရပါတယ်။ ပြင်သစ်မှာရိုက်ကူးထားတဲ့ လက်ကျန်ပုံလေးတွေကို ပြလိုက်တဲ့ ဝတ်မှုန်ရွှေရည် ဝတ်မှုန်ရွှေရည်နဲ့ ချစ်စရာကောင်းတဲ့တူလေးရဲ့ပုံရိပ်တွေ ဝတ်မှုန်ရွှေရည်က တူလေးကို လက်ခုပ်တီးပြခိုင်းတာဖြစ်ပြီးတော့ အဲ့အတိုင်းကိုလည်း တူလေးက လိုက်လုပ်ဆောင်ထားတာကြောင့် ဝတ်မှုန်ရွှေရည်တစ်ယောက် အသည်းတွေယားအောင် ဖြစ်ခဲ့ရပါတယ်။ Video ကြည့်ရန် ဝတ်မှုန်ရွှေရည်ကတော့ ပထမဦးဆုံးရရှိလာတဲ့ တူလေးကိုသည်းသည်းလှုပ်ချစ်နေတာတွေ့ရပြီးတော့ အမြဲလိုလိုသူမရဲ့ Story မှာနေရာဦးထားတာကလည်း တူလေးရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ သူမရဲ့စကားကိုလည်း နားထောင်တတ်တဲ့ တူလေးဖြစ်သူကို ဘယ်လောက်တောင် ချစ်နေမလဲဆိုတာတော့ တွေးသာကြည့်လိုက်တော့နော်….We Love Cele Video Source-Wutt Hmone Shwe...

သိန်း ၅ ထောင်ထီပေါက်သော်လည်း ထီလက်မှတ်တစစီပြဲခဲ့တဲ့ ကံထူးရှင်ရဲ့ နောက်ဆက်တွဲသတင်း

အောင်ဘာလေ အကြိမ် (၂၀) မြောက် ထီဖွင့်ပွဲမှာ သိန်း (၅၀၀၀) ဆုနှစ်ဆုမှ တစ်ဆုကံထူးခဲ့တဲ့ ကံထူးနံပါတ် ကဌ-၁၇၉၉၅၆ နဲ့ကံထူးခဲ့သူ ကိုကိုလေးဟာ ထီလက်မှတ်ကို အမှတ်တမဲ့ထားမိရာမှ တူလေးဖြစ်သူက ကတ်ကြေးနဲ့ယူညှပ်ဆော့ထားပြီး တပိုင်းတစစီဖြစ်နေခဲ့တာကြောင့်ကံထူးပေမယ့်လည်း လွဲချော်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်လေးကို ကြည့်ပြီးဆင်ခြင်သတိထားနိုင်ဖို့ Han Htun ဖေ့ဘုတ်အကောင့်မှ တင်ပေးခဲ့သော်လည်း မယုံကြည်သူများရှိနေခဲ့ကြတဲ့အတွက် ကာယကံရှင်မိသားစုရဲ့Live ဗီဒီယိုကိုထုတ်လွှင့်ပေးခဲ့ပါတယ်။ ပေးကားပေးသော်လည်း မရတဲ့အဖြစ်နဲ့ကြုံတွေ့ခဲ့ရတဲ့ ကိုကိုလေးရဲ့ဖြစ်စဉ်ဟာ မနေ့ညနေမှစကာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့ပြီးတော့ ကြားရသူ အပေါင်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ထိုဖြစ်စဉ်ပျံ့နှံ့ပြီးနောက်မှာတော့ ကိုကိုလေးကို မိုးယံထီဆိုင်မှ ယနေ့ ၅ ရက်နေ့ မနက် ၈:၄၅ မိနစ်မှာ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။ “ထီပေါက်ဖြတ်ပိုင်းပျောက်သတင်း နောက်ဆက်တွဲ ကျွန်တော်တင်ပြသောထီဖြတ်ပိုင်း ပျောက်ကြောင်းလိုင်း ပေါ်တင်တော့မိုးယံကသိတယ် မိုးယံသိတော့ကိုကိုလေးကိုဆက်သွယ်ပြီ ဒီလိုနဲ့ ယနေ့ ၅ ရက်နေ့နံနက် ၈နာရီ ၄၅မိနစ်မှာမိုးယံ ရုံးချုပ်ကကိုကိုလေး ဖုန်းကိုဆက်ပြီးပြတ်သွားသောအပိုင်းလေးဆက်ရှာရန်နှင့်ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း...

ယနေ့ နာမည်ကြီးနေတဲ့….တိုက်ဆိုင်မှုတွေရှိနေပြန်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ

တိုက်ဆိုင်မှု ယနေ့ နာမည်ကြီးနေတဲ့ ရွှေထူး နဲ့ ရွှေမှုံတို့ရဲ့ လက်ထပ်ပွဲ နေ့ရက် တိုက်ဆိုင်မှု နိုင်ငံကျော် ဆယ်လီ ၂ ယောက် စေ့စပ်လက်ထပ်မှုဟာ လူမှုကွန်ယက်မှာ လူပြောများ ဝေဖန်မှုများလျှက်ရှိပါတယ်။ သူတို့ ၂ ယောက်ရဲ့ စေ့စပ်ပွဲကို တိုးတိတ်စွာနဲ့ အောက်တိုဘာလ ၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ကြပါတယ်။ လက်ထပ်ပွဲကိုတော့ ရန်ကုန် Inya Lake hotel မှာ ကျင်းပကြမှာဖြစ်ပြီး လက်ထပ်ရက်ကို နိုဝင်ဘာ ၁၁ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဒီနိုဝင်ဘာ ၁၁ ဟာ ရွှေထူးအတွက် တိုက်ဆိုင်မှု ၁ ခု ရှိနေပါတယ်။ ရွှေထူးဟာ ၆ နှစ်လောက် လက်တွဲခဲ့ပြီး လွန်ခဲ့တဲ့ ၂ လလောက်က ပြတ်ဆဲခဲ့တဲ့ ချစ်သူဟောင်းနဲ့ အချစ်သက်သေ ချစ်သူဖြစ်ခဲ့ကြတာ နိုဝင်ဘာ ၁၁...

ချွေးနဲစာလေးနဲ့ အလှူပွဲလာဧည့်သည်တွေကို ရွှေဆွဲပြားများနဲ့ စိန်နားကပ်တရံ ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ရတနာမိုင်

နိုင်ငံကျော်အဆိုတော် မိုင်ရဲ့ တစ်ဦးတည်းသော အနုပညာမျိုးဆက်လေးဖြစ်တဲ့ ရတနာမိုင် ( မိုင်လေး ) ကတော့ဂီတလောကမှာ နာမည်ရပြီးပရိသတ်ချစ်ခင်မှုတွေ ရရှိထားပြီးသား အဆိုတော်တစ်ယောက်ဖြစ်ပါတယ် ။ နိုဝင်ဘာလ ၄ ရက်နေ့က မိဘအပေါ်သိတတ်ပြီး လိမ္မာတဲ့ အဆိုတော် မင်းသမီးချောလေး မိုင်လေးတစ်ယောက်သူမရဲ့ ချွေးနှဲစာလေးနဲ့ မွန်မြတ်တဲ့အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။ မော်လမြိုင်မြို့ မင်္ဂလာဂန္ဓာရုံ ချမ်းမြေ့ ရိပ်သာ ကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ အနန္တမေတ္တာ မဟာမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီးအားမိုင်လေးရဲ့ မိဘနှစ်ပါး နဲ့မိုင်လေးကိုအားပေးတဲ့ပရိသတ်များအားအမှူးထားပြီးလှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ် ။ ထူးခြားမှု တစ်ခုကတော့ ပရိသတ်တွေ အားပေးလို့ရလာတဲ့ ချွေးနဲစာနဲ့ အလှူပွဲလာ ဧည့်သည် တွေကို ရွှေဆွဲပြား ၅ ခုနဲ့ စိန်နားကပ် တရံအား ကံစမ်းမဲဖောက်ပေးခဲ့တာဘဲ ဖြစ်ပါတယ် ။ သူမရဲ့အလှူပုံရိပ်တွေကို ကြည့်ခြင်းအားဖြင့် ပရိသတ်တွေရော သူမရော ပျော်ရွှင်နေကြတာ တကယ်ကို...

ရွှေမှုံရတီနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းလဲရိုက်ကူးမယ့် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်

ရွှေမှုန်ရတီဟာ အနုပညာလောကမှာ နေရာတစ်နေရာရရှိထားပြီး အောင်မြင်မှုတွေကို သိမ်းပိုက်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကမှ Relationship တစ်ခုကို ပရိသတ်ကြီးထံ ချပြပြီးနောက် ရုတ်တရက်ဆိုသလို နေပြည်တော် Park Royal Hotel မှာ စေ့စပ်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဦးလုံး အနုပညာရှင်တွေဖြစ်တဲ့အလျှောက် ရွှေမှုန်ရတီနဲ့ ရွှေထူးတို့ဟာလည်း ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားမှာပဲ ပထမဆုံးသရုပ်ဆောင်ရင်းတွေ့ခဲ့ကြတာလည်းဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာညွန့်မြန်မာညီညီအောင်က တပည့်ဖြစ်တဲ့ ရွှေမှုန်ရတီနဲ့ နောင်ဘယ်တော့မှ ဇာတ်ကားတွေ မရိုက်ကူးတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေမှုန်ရတီနဲ့ ရိုက်ကူးနေတဲ့ ငါမုန်းတဲ့ အက္ခရာဇာတ်ကားမှာလည်းရွှေမှုန်ရတီအစား ခင်ဝင့်ဝါကို ပြောင်းလဲပြီးရိုက်ကူးသွားမယ်လို့သိရပါတယ်။ “ကျနော် အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး မဖြေချင်လို့ စိတ်မရှိပါနဲ့နော်။ အခြားသတင်းနဲ့ ပတ်သက်လို့မေးရင် ဖြေပေးပါမယ့်။ ကျနော်က အသက်ကြီးတဲ့သူဆိုတော့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်ဖို့ဆိုတာကလည်း စဉ်းစားရမယ့် ကိစ္စတွေပါ။ အခုရိုက်မယ့် “ငါမုန်းတဲ့အက္ခရာ” ဇာတ်ကားမှာတော့ ရွှေမှုံရတီနေရာမှာ...

သင်ဇာရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့တူတူ အမိုက်စား MTVလေးတစ်ခုကိုထုတ်ပြလိုက်တဲ့ နေရွှေသွေးအောင်

MTVCoverSongလေးတွေတစ်ပုဒ်ပြီးတစ်ပုဒ်ဖန်တီးနေတဲ့နေရွှေသွေးအောင်ကတော့coversongလေးတွေကိုအကောင်းဆုံးပရိတ်သတ်တွေအတွက်ဖန်တီးပေးနေတာဖြစ်ပါတယ်။ခုမှာလည်းအမိုက်စားရိုက်ချက်တွေနဲ့coversongအချို့ရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်နမူဟာတင်ပေးလိုက်တာပါ။ ဒီနမူဟာvideoလေးကလည်းအမိုက်စားပုံရိပ်တွေကိုအများကြီးတွေ့ရမှာပါ.နိုင်ငံခြားmtvလေးအတိုင်းအကောင်းဆုံးရိုက်ချက်တွေနဲ့ကြိုးစားပြီးရိုက်ကူးထားတာကလည်းပရိတ်သတ်တွေအတွက်အနုပညာအလုပ်တွေကိုအကောင်းဆုံးကြိုးစားထားတဲ့သီချင်းလေးပါ။Tonightဆိုတဲ့သီချင်းလေးကိုကိုယ်တိုင်ပြန်ဆိုပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီMTVလေးမှာတော့နေရွှေသွေးအောင်နဲ့တူတူနာမည်ကြီးမင်းသမီးလေးဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ ထိုင်းမင်းသမီးလေးKaew Korravee တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီသီချင်းလေးကတော့ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့Enrique Iglesias ဆိုထားတာကိုပြန်ဆိုထားတာဖြစ်ပါတယ်။အမိုက်စားရိုက်ချက်တွေနဲ့တူတူပရိတ်သတ်တွေအတွက်ကြိုးစားထားတဲ့ နေရွှေသွေးအောင်ရဲ့နမူနာ videoလေးကိုလည်းတင်ပေးလိုက်ပါဦးနော်။ Video ကြည့်ရန် SOURCE:Nay Shwe Thway Aung Facebook Comments

error: Content is protected !!